ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


“ရင်ထဲမှာ သံယောဇဉ်ထားတတ်သူတိုင်းအတွက် သံယောဇဉ်ဖတ်စာ” 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဝန်ဇင်းစာချစ်သူများ စောင့်မျှော်နေတဲ့ ဝန်ဇင်းရဲ့ အစီအစဉ်ကောင်းတစ်ခု လာပါပြီခင်ဗျာ။ အဲ့ဒါကတော့ အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်ပေးနေတဲ့ “ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ” ကဏ္ဍလေးပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီလို ကဏ္ဍမှာ ဝန်ဇင်းမှ အခမဲ့ရယူဖတ်ရှုနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ကို ရွေးချယ်တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ယနေ့အတွက် *အခမဲ့* ဖတ်ရှုလို့ရမယ့် စာအုပ်ကတော့ စာရေးဆရာ ဝေမှူးသွင်ရဲ့ “သံယောဇဉ်ဖတ်စာ” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်ခင်ဗျ။ 

အခုလို မိုးဦးကျကာလ အေးအေးချမ်းချမ်းဇွန်လလေးမှာ ဇွန်လနောက်ခံလည်းဖြစ်၊ တက္ကသိုလ်အငွေ့အသက် အပြည့်ပါပြီး သံယောဇဉ်ထုထည်ကြီးမားခဲ့ကြသူနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို မိုးအေးအေးမှာ အရသာရှိရှိ အသည်းတနွေးနွေးနဲ့ သံယောဇဉ်ဖတ်စာကို ရင်ခုန်စွာ ဖတ်ရှုခံစားကြရမှာပါ။
 
ကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပြီး မိဘအမွေအနှစ်များစွာ ပိုင်ဆိုင်ထားတဲ့ သမိုင်းမေဂျာကျောင်းသူ ခင်မေကျော် … “ကိုကို တကယ်တမ်းရထိုက်တဲ့ အမွေတွေက ဘဏ်စာရင်းထဲမှာကိုပဲ သိန်း ၁,၀၀၀ လောက်ကျန်သေးတာ” … “ဘာလဲ နင်က ငါကြွားတယ်ထင်နေလို့လား” ( ဖတ်စာ - ၄ မှ ) 

“ဥက္ကာ၊ ငါတို့ ဒီယုန်လေးကို ဘယ်လိုနာမည်ပေးရမလဲဟင်” … “နင်ကရော ဘယ်လိုစဉ်းစာထားလဲ” … “ပူစီ” … “ဟာ…” ( ဖတ်စာ - ၅ မှ ) 

ပုသိမ်တက္ကသိုလ်ကနေ ပထမနှစ်ကျပြီး ဒဂုံတက္ကသိုလ်ကို ပထမနှစ်အဖြစ်နဲ့ပဲ ကျောင်းပြောင်းလာသူ၊ ဆံပင်ရှည်ထားခြင်းကို အထူးနှစ်သက်သူ ဒဿနိကဗေဒကျောင်းသား ဥက္ကာ … “ခင်မေကျော်ဆိုသည့် မိန်းမသည် ကျွန်တော့်အတွက် ဖတ်စာအုပ်တစ်အုပ် ဖြစ်လာ၏။” ( သံယောဇဉ်ဖတ်စာ - ၄ မှ )
 
တက္ကသိုလ်ကျောင်းပြန်ဖွင့်စ နေ့ရက်အချို့မှာ ထင်မှတ်မထားတဲ့ လွဲချော်တစ်ခုကြောင့် သူတို့နှစ်ယောက်တွေ့ဆုံ ရင်းနှီးခဲ့ကြရာက သံယောဇဉ်ဖတ်စာဟာ နိဒါန်းပျိုးလာခဲ့ပါတော့တယ်။ စာရေးဆရာ ဝေမှူးသွင်က သံယောဇဉ်ဖတ်စာကို အခန်းခွဲများနဲ့ သေသပ်လှပစွာ ရေးဖွဲ့ထားတာကို မြင်တွေ့ရမှာပါ။ သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ဆက်ဆံရေးစည်းအတွင်းကို ‘သဇင်ထွန်း’ ဆိုတဲ့ အမျိုးသမီး ဝင်ရောက်လာတဲ့အခါမှာတော့။ 
…….
ဒီစာအုပ်ထဲမှ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းရင်း မကြုံစဖူး သာမန်ထက် ထူးခြားတဲ့ ဆုံတွေ့ခြင်းမျိုးနဲ့ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြရတယ်။ အချစ်ရဲ့အစကို ဖြူစင်ခြင်းသက်သက်နဲ့ ဖော်ပြထားပြီး ဇာတ်လမ်းကို စာရေးဆရာ ဝေမှူးသွင်က ကျွမ်းကျင်ပိုင်နိုင်စွာ တစ်ခန်းချင်းစီ အရှိန်မြှင့်ရေးသားထားလို့ အားလပ်ရက်မှာ မိုးအေးအေးနဲ့ အခန်းအောင်းရင်း ဝတ္ထုထဲ စီးမျောခံစားသွားရမှာ အမှန်ပါပဲ။ 

ပေါ့ပေါ့ပါးပါးနဲ့ နှလုံးသားလည်း အမောပြေ၊ အလုပ် စိတ်ဖိစီးမှုတွေကနေ ခဏလောက်ဖြစ်ဖြစ် ဝေးကွားသွားချင်တယ်ဆိုရင်တော့ သံယောဇဉ်ဖတ်စာလေးဖတ်ပြီး အနားယူသင့်ပါတယ်။ စာရေးသူက ဝတ္ထုဇာတ်လမ်းကို ရုပ်ရှင်ကြည့်နေရသလို အခန်းစဉ်ခွဲထားပြီး ထိမိတဲ့စိတ်ခံစားမှု ပေါ်လွင်အောင် ရေးဖွဲ့ထားတာကြောင့် လူငယ်စာဖတ်ပရိသတ် အကြိုက်တွေ့စေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်လို့ ညွှန်းဆိုလိုက်ပါရစေခင်ဗျာ။ 

ကဲ … ဒီတော့၊ ဝန်ဇင်းစာချစ်သူတို့လည်း “သံယောဇဉ်ဖတ်စာ” ကို ဖတ်ရှုခံစားမယ်ဆိုရင် ဒီပို့စ်မှာပါတဲ့ *ဝယ်မည်* ကိုနှိပ်၊ ဝန်ဇင်းမှာ *အခမဲ့* ရယူဖတ်ရှုနိုင်ပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 
…….
ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကို ဝန်ဇင်းမှာ *အခမဲ့* ဖတ်ရှုလို့လည်းရ၊ ကိုယ်နဲ့မကွာရှိနေတဲ့ ဖုန်းထဲမှတဆင့် အလွယ်တကူ ဖတ်ရှုလို့လည်းရဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို ဘယ်နည်းနဲ့မှ လက်လွှတ်မခံဘဲ ခုမိတ်ဆက်ခဲ့တဲ့ စာအုပ်ကို ခုပဲ ဝန်ဇင်းမှာ ခုပဲ *အခမဲ့* ရယူ ဖတ်ရှုလိုက်ရအောင်လားခင်ဗျာ။ ဖတ်ရှုလိုတဲ့ သူငယ်ချင်းများရှိနေမှာမို့ ဒီစာအုပ်မိတ်ဆက်ပို့စ်လေးကို အချင်းချင်း ပြန်လည်မျှဝေလိုက်ပါဦးခင်ဗျ။
…………..
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကို ဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျ”
…….
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။
 

Related Posts