ရုံးပိတ်ရက်မှာ အခမဲ့ဖတ်စရာ


ဝန်ဇင်း စာချစ်ပရိသတ်ကြီး မင်္ဂလာပါ ။

ဝန်ဇင်းစာချစ်ပရိသတ်တွေအတွက် ရုံးပိတ်ရက်မှာ အေးအေးအနားယူရင်း ၊ အခမဲ့ ဖတ်ဖို့ စာ​ရေးဆရာမ ပန်းသီခိုင်​ရဲ့ လုံးချင်းဝတ္ထုသစ်​ဖြစ်​​သော "တစ်​ချိန်​က ​မောင်​" ဆိုတဲ့ စာအုပ်​ပါပဲခင်​ဗျ။

ငယ်​စဉ်မှာပင်​ မိဘ​များကွယ်​လွန်​သွားပြီး ကန်​ထရိုက်​တိုက်​​ဟောင်း ရှစ်​လွှာမှာ​ သူမ သိပ်​ခင်​တွယ်​ရ​သော ကြီး​မေဖြစ်​သူနဲ့ အတူ​နေရတဲ့ "ရွက်​သစ်​နီ"၊ သူမဟာ အင်​တာနက်​က​ဖေးဆိုင်​တစ်​ခုမှာ လခစားအဖြစ်​ အလုပ်​ဝင်​လုပ်​ရင်း တက္ကသိုလ်​တက်​​နေတဲ့ ရူပကာလှသူ ပထမနှစ်​​ကျောင်းသူတစ်​​ယောက်​ ...။

မိခင်​ဖြစ်​သူနဲ့ အတူ​နေထိုင်​တဲ့ ဖတဆိုးက​လေး သူ​ဌေးသား "ဧဒင်​" ဟာ "ရွက်​သစ်​နီ" ရဲ့ ချစ်​သူ ​​ဘော်​ဒီ​တောင့်​​တောင့်​ ရုပ်​​ဖြောင့်​​ဖြောင့်​နဲ့ ​မောင်​ ...။

သူတို့နှစ်​ဦးဟာ တစ်​ဖက်​​ ​ကောင်​​​လေးမိဘ​တွေ အလွယ်​တကူ သ​ဘောမတူနိုင်​တဲ့ ​ငွေ​ကြေး အဆင့်​အတန်း၊ ပညာ၊ အစစအရာရာ ​ဝေးကွာလွန်းသူ​တွေ။ ဒါ​ပေမယ့်​ ရွက်​သစ်​နီဟာ သူမကိုယ်​တိုင်​က နားကပ်​တစ်​ရံ​တောင်​ မဆင်​နိုင်​​ပေမယ့်​ ​မောင့် ဆီက ဘာကိုမှမ​တောင်းဆိုဘဲ မာနရှိ​သူ၊ ​မောင့်​ကို အရမ်းချစ်​ပြီး ဘဝအဆင့်​ မတူညီမှုအ​ပေါ် စိုးရိမ်​​သူတစ်​​ယောက်​ အဖြစ်​ စာ​ရေးသူက ပုံ​ဖော်​ထားတယ်​။ ​မောင်​ ဖြစ်​သူ ဧဒင်​ဟာလည်း ဒီလို ဘဝချင်းမတူညီတာကို နားလည်​ရင်း ချစ်​ရသူ ရွက်​သစ်​ဘက်​ကို ကြည့်​​လေ့ရှိပြီး သနားစိတ်​နဲ့ အကြင်​နာယိုစိမ့်​သူ။

ဒါဟာ ဒီလို အချစ်​ဝတ္ထု​တွေမှာ မြင်​​တွေ့ရ​လေ့ရှိတဲ့ ဇာတ်​​ကောင်​နှစ်​ဦးရဲ့ စရိုက်​နဲ့ အ​ခြေခံ character တည်​​ဆောက်​မှု​တွေပါပဲ။ ဒါ​ပေမယ့်​ စာ​ရေးသူ ပန်းသီခိုင်​က သူ့ဝတ္ထုကို မြင်​​နေကြ ချစ်​ဇာတ်​လမ်းနဲ့ ကွဲပြားမှုရှိ​အောင်​ တည်​​ဆောက်​ထားပါတယ်​။

" ဥစ္စာဓနက အချစ်​ကို ဖြိုဖျက်ပစ်​နိုင်​သည်​။ ဆင်းရဲမှာကို လူသားဆန်​စွာ ​မောင်​လည်း​ကြောက်​မှာပါပဲ...ဝန်​​လေးမှာပဲ။ ရုန်းကန်​ကြိုးစားပြီး သတ္တိရှိရှိ လက်​တွဲဖို့ဆိုတာ တစ်​​ယောက်​ကိုတစ်​​ယောက်​ အင်​မတန်​ မြတ်​နိုးတန်​ဖိုးထားမှ ဖြစ်​မှာမဟုတ်​လား။ " ( ရွက်​သစ်​နီ )

ဧဒင့်​ကို အရမ်းချစ်​ပြီး စိတ်​ကူးယဉ်​ဆန်​တဲ့ ဘဝတစ်​ခုကို နှစ်​ဦးသား ချစ်​ခြင်းတရားနဲ့ တည်​​ဆောက်​သွားလိုသူ ရွက်​သစ်​ဟာ ငယ်​ရွယ်​ကတည်းက ​လောကဓံကို ရင်​ဆိုင်​ခဲ့သူပီပီ ​လောကတရားကို နားလည်​ထားသူလည်း ဖြစ်​တယ်​။

" အချစ်​မှာ ဂုဏ်​ပကာသန​ ​ငွေ​ကြေး​တွေ မလိုဘူးဆို​ပေမယ့်​ လက်​ထပ်​ဖို့အတွက်​​တော့ အဲ့ဒါ​တွေက အ​ရေးကြီးပါသည်​။ သူလည်း ​ခေါင်းမာလို့မရ။ ​ငွေတို့ အသိုင်းအဝိုင်းတို့ ပညာတို့ဟာ မရှိမဖြစ်​ အ​ရေးကြီးတာ အမှန်​ဖြစ်​သည်​။ " ( ဧဒင်​ )

မျိုးရိုးစဉ်​ဆက်​ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက ဆင်းသက်​လာသူပီပီ ​ဓနဥစ္စာရဲ့ အသုံးဝင်​ အ​ရေးပါမှုကို နားလည်​သူတစ်​​ယောက်​ဖြစ်​တဲ့ ဧဒင်​၊ ချစ်​သူကို သိပ်​ချစ်​ရ​သော်​လည်း မျက်​ကန်းနှလုံးသားရှိသူတစ်​​ယောက်​မဟုတ်​။

ဒီလို ဦး​နှောက်​နဲ့ နှလုံးသားကို ချိန်​ခွင်​​ပေါ်တင်​ပြီး ချစ်​လိုသူ ​မောင်​နဲ့ ချစ်​ရသူဆီက အချစ်​မှလွဲပြီး အခြားမ​တောင့်​တသူ မာနရှင်​က​လေး ရွက်​သစ်​တို့ဟာ သူတို့အချစ်​အိပ်​မက်​ကို ​ချော​ချော​မွေ့​မွေ့ အ​ကောင်​အထည်​​ဖော်​နိုင်​ပါ့မလား။

ဧဒင်​ရဲ့ အ​မေဟာ သူမသူငယ်​ချင်းရဲ့ သမီးဖြစ်​သူ၊ ဘန်​​ကောက်​မှာ ​ကျောင်းသွားတတ်​​နေတဲ့ ​ကောင်​မ​လေးနဲ့သာ တစ်​ဦးတည်း​သောသားကို ​နေရာချ​ပေးချင်​တယ်​။ ရွက်​သစ်​နီ ရှိ​နေမှန်းသိလိုက်​ရ​တော့ အ​မေဖြစ်​သူက သ​ဘောမကျ​ပေမယ့်​ လူချင်း​တွေ့ဆုံဖို့ ဧဒင်​ကကြိုးစားတာကို လက်​ခံလိုက်​တယ်​။

ယောက္ခမဖြစ်​လာမယ့်​သူနဲ့ ​ချွေးမ​လောင်းတို့ဟာ နှစ်​ဦးသား မ​တွေ့ဆုံခင်​ ... တစ်​ရက်​မှာ​ပဲ ရွက်​သစ်​နီရဲ့ အကျင့်​စရိုက်​​ကို လက်​မခံနိုင်​စွာပဲ ​ယောက္ခမ​လောင်းကြီးက တိုက်​ဆိုင်​စွာ ​တွေ့ရှိသွားပါ​တော့တယ်​။

ဒီအဖြစ်​အပျက်​ကို ​ဧဒင်​ကလည်း သိရှိပြီး အ​မေ့ဘက်​မှရပ်​ကာ ရွက်​သစ်​အ​ပေါ် လမ်းခွဲစကားဆိုရမယ့်​ အ​ခြေအ​နေ ​ရောက်​ရှိလာပါ​တော့တယ်​။

ကဲ .... ပြစ်​မျိုးမှဲ့မထင်​ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ ဥစ္စာ​ပေါရုပ်​​ချော ​ကောင်​​လေးတစ်​ယောက်​တို့ရဲ့ မိဘသ​ဘောမတူ၊ ကွဲကြ၊ လွမ်းကြ၊ ​ဆွေးကြ .. ဝတ္ထုမျိုး​တွေ ဖတ်​ရတာ ငြီး​ငွေ့​နေတယ်​ဆိုရင်​ အခုဝတ္ထု​လေးကို အ​ပျော်​ပဲဖြစ်​ဖြစ်​ အတည်​ပဲဖြစ်​ဖြစ်​ ဖတ်​ကြည့်​ကြပါ။ မိမိမထင်​မှတ်​ထားတဲ့ ဇာတ်​​ကောင်​စရိုက်​​တွေကို စာ​ရေးသူ ပန်းသီခိုင်​က ​ဖော်​ထုတ်​သွားတယ်​။ ဝတ္ထုထဲမှာ မာနအခံရှိပြီးသား အ​ခြေခံလူတန်းစားသက်​သက်​ဖြစ်​တဲ့ ရွက်​သစ်​ဟာ ဧဒင်​ရဲ့ ငြင်းပယ်​မှုကို ဘယ်​လိုတုံ့ပြန်​မှာလဲ ? သားလိမ္မာ ဧဒင်​က​ရော ရွက်​သစ်​ကို စိမ်းကားနိုင်​မှာလား ? ကလဲ့စား​ချေတဲ့ ဇာတ်​ကွက်​မျိုး​တွေ ​ပေါ်လာမလား ဆိုတာကို​တော့ .....

ကဲ .. ဒီလိုဆိုရင်​ ခုပဲ ဝန်ဇင်းမှာ ဒီစာအုပ်လေးကို ***အခမဲ့*** ရယူ ဖတ်ရှုလိုက်​ရ​အောင်​လား ခင်​ဗျာ ...

ဖတ်ချင်တဲ့ သူငယ်ချင်းတွေ ရှိနေမှာမို့ မျှ​ဝေဖို့လည်း မ​မေ့ပါနဲ့ဦးဗျ ... ????

Related Posts