Weekly Hot News-15


ငြိမ်းချမ်းရေးနိုဗယ်ဆုရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်

ရန်ကုန်၊ သြဂုတ် ၁၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်အရ မြန်မာနိုင်ငံ ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်ခဲ့သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ( Kofi Atta Anna ) သည် သြဂုတ်လ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားကြောင်း သိရသည်။ 

အဆိုပါသတင်းကို ကိုဖီအာနန်ဖောင်ဒေးရှင်းက တရားဝင် ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပြီး ယင်းကြေညာချက်၌ “ကိုဖီအာနန် အသက် ( ၈၀ ) သည် ယနေ့ စနေနေ့၌ နာမကျန်းမှုဖြင့် အေးချမ်းငြိမ်သက်စွာ ကွယ်လွန်သွားကြောင်း” ဖော်ပြထားသည်။

ဂါနန်နိုင်ငံသား ကိုဖီအာနန်မှာ ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ခုနစ်ယောက်မြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တာဝန်ကို ( ၉ ) နှစ်ကြာ၊ သက်တမ်း ၂ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေး အလေးထားဆောင်ရွက်မှုများနှင့် ငြိမ်းချမ်းရေးကိစ္စ ကြိုးပမ်းမှုများကြောင့် ၂၀၀၁ ခုနှစ်တွင်၊ ငြိမ်းချမ်းရေးနိုဗယ်ဆု ( Nobel Peace Prize ) ကို ရရှိခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်အရ မြန်မာနိုင်ငံ ဘင်္ဂါလီအရေးကိစ္စအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် တာဝန်ယူခဲ့ပြီး၊ တစ်နှစ်အကြာမှာတော့ ရခိုင်ပြည်နယ်ဆိုင်ရာ အပြီးသတ်အစီရင်ခံစာ ပေါ်ထွက်လာခဲ့ကာ ကုလသမဂ္ဂမှတစ်ဆင့် ကမ္ဘာကို ချပြနိုင်ခဲ့သည်။ 

ဝန်ဇင်း

Related Posts