"ဖေ့ဘုတ်" [Adult Joke-8]


“ဖေ့ဘုတ်” 

မကြာခင် နောက်ဆုံးစာမေးပွဲကို ဖြေဆိုရတော့မယ့် ဆေးကျောင်းသားတွေကို စာမကျက်ဘဲ facebook ချည်းသုံးနေလို့ ဆူပူကြိမ်းမောင်းနေချိန်ဖြစ်တယ်။ ပြောဆိုနေရင်းမှာပဲ ကျောင်းအုပ်ကြီးက သူ့ငယ်ငယ်ကအဖြစ်ကို သတိရသွားဟန်နဲ့ ကျောင်းသားတွေကို ခုလိုပြောသတဲ့။ 

“ငါငယ်ငယ်တုန်းက ဆေးတက္ကသိုလ် သိပ်တက်ချင်ခဲ့တာကွ၊ အဲ့ဒါနဲ့ ငါ ဝင်ခွင့်စာမေးပွဲ ဖြေတယ်ဆိုပါတော့ကွာ” 
“အဲ့ … မေးခွန်းတစ်ခုမှာတော့ အင်္ဂလိပ်အက္ခရာနဲ့ P E N I S လို့ တစ်လုံးချင်းရေးထားပြီး လူ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုရဲ့ ဝေါဟာရအဖြစ် စာလုံးပြန်စီခိုင်းတယ်ကွ” ။

ဒီလိုလည်းပြောပြီးတော့ ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို P E N I S စာလုံးကို သူဖြေခဲ့ရသလို စာလုံးစီခိုင်းသတဲ့။ ခဏလောက်ကြာတဲ့အခါ ကျောင်းသားတစ်ယောက်က ထမေးတယ်။

“ဆရာ၊ ကျွန်တော်ပြီးပြီ၊ အဖြေပြောရမလား” တဲ့။ 

ကျောင်းအုပ်ကြီးက အဖြေပေးဖို့မလိုကြောင်း လက်ကာပြပြီး ဆက်ပြောလိုက်ပုံကတော့

“မင်းတို့ဘာဖြေထားလဲဆိုတာ ငါသိဖို့မလိုပါဘူးကွာ။ P E N I S ကို Spine ( ကျောရိုး ) လို့ စာစီပြီး ဖြေခဲ့သူတွေကတော့ ဆရာဝန်တွေဖြစ်သွားကြပြီး ကျန်တာဖြေတဲ့သူတွေကတော့ facebook ပေါ်မှာ အချိန်ကုန်နေတော့တာပဲကွ” ။ 
Ref. www.adultjokes.com

ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် ...
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...... ။

Related Posts