“Lollipop” [Adult Joke-17]


ဟာသပဒေသာ
“Lollipop” [Adult Joke-17]

ယောက်ျားသုံးယောက်က ဆော်ဒီအာရေဗျကိုသွားလည်ရင်း မြို့တစ်နေရာရောက်တော့ မျက်စိလည်ပြီး လမ်းပျောက်သွားသတဲ့။ အဲ့ဒါနဲ့ သူတို့တစ်သိုက်က အနီးအနားမှာရှိတဲ့ အိမ်တစ်လုံးဆီ ဝင်သွားတယ်တဲ့လေ။ တကယ်တော့ အဲ့ဒီအိမ်ဟာ မိန်းမသုံးယောက်ပိုင်တဲ့ မင်းသားတစ်ပါးရဲ့ နေအိမ်ဖြစ်နေပါရောလား။ ဒါနဲ့ မင်းသားက အိမ်ပြန်ရောက်တော့ သူ့မိန်းမသုံးယောက်က သူ့အပေါ် ဖောက်ပြန်နေပြီဆိုတာကို သိလိုက်ရတယ်။ ဒီအခါ အပြစ်ဒဏ်ပေးတဲ့အနေနဲ့ အဲ့ဒီယောက်ျားလေးသုံးယောက်ရဲ့ ညီတော်မောင်တွေကို သူ့မိန်းမတွေကိုယ်တိုင် ဖြတ်တောက်ပစ်ရမယ်လို့ ကြုံးဝါးတော့တာပေါ့။ ဒါပေမဲ့ မင်းသားက ဒါကိုသူမလုပ်ခင်မှာ တစ်ယောက်ချင်းစီရဲ့ အလုပ်ကိုင်တွေကိုမေးတယ်။

ပထမလူကို ဘာအလုပ်လုပ်သလဲလို့ ဦးဆုံး မေးလိုက်တယ်။ 

“သေနတ်ပစ်ကွင်းမှာ အလုပ်လုပ်ပါတယ်” လို့ ပထမလူက ပြန်ဖြေတယ်။ 

ဒါကြောင့် မင်းသားက သူ့ကို သေနတ်နဲ့ပစ်ပြီးဖြတ်ဖို့ ပထမမိန်းမကို အမိန့်ပေးလိုက်တယ်။ 

ဒုတိယလူကျတော့ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်တဲ့။ 

ဒါနဲ့ သူ့ကိုကျတော့ မီးရှို့ပြီး ဖြတ်ပစ်ဖို့ ကျန်တဲ့ မိန်းမကို အမိန့်ပေးလိုက်ပြန်ပါရော။ 

နောက်ဆုံးလူက သူ့အလှည့်မေးခွန်းရောက်လာတဲ့အခါမှာ ငါးခူပြုံးပြုံးနေတာကိုတွေ့တော့ မင်းသားက ဒေါသထွက်ပြီး “မင်းဘာလို့ ပြုံးနေရတာလဲ၊ ငါတို့ကိုလှောင်တာလား” လို့ ဒေါသတကြီးမေးလိုက်တယ်။ ဒီအခါ နောက်ဆုံးလူက ပြုံးပြီးပြန်ဖြေလိုက်ပုံကတော့ … 

“ကျွန်တော်က lollipop ရောင်းတဲ့သူလေဗျာ” ။ 

Ref; laughfactory.com 

“ရယ်မောစရာ ဟာသတိုလေးတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့ဦးနော်” “အကြံပြုလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box ထဲမှာလည်း ဝင်ရောက်ရေးသားနိုင်ပါတယ်ခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts