“မိန်းမနဲ့ကား” [ Adult Joke - 23 ]
ဟာသပဒေသာ
[ Adult Joke - 23 ]
 “မိန်းမနဲ့ကား”  
မိုးကောင်းကင်တစ်ယောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့အမီ ချစ်သူတစ်ယောက် လိုချင်နေပါတယ်။ ဒါနဲ့ ပေါသမဂ္ဂ ရွာသူကြီးထံ လာရောက်ပြီး သြဝါဒ ခံယူလိုက်ပါတယ်။ 
“မိန်းမဆိုတာ ကားလိုပဲကွ”
“ဟုတ်လား … လင်းစမ်းပါဦးဗျာ။ ဘယ်လိုများပါလိမ့် သူကြီးရဲ့”
“ကိုယ့်လက်ထဲ ရောက်ရောက်ချင်း အသစ်မှာ မောင်းရတာ သိပ်အဆင်မပြေဘူး။ အင်ဂျင် ကျင့်ပေးနေရတယ်။ နောက် အထာသိသွားတော့လည်း ကလပ်နင်းပြီး ဂီယာထိုးလိုက်တာနဲ့ ငေါက်ခနဲ ဒေါက် … ဝှီး … ပဲ။ လီဗာဘယ်လောက်တင်တင် အရှိန်ထိန်းနိုင်သွားပြီး အတိမ်းအစောင်း သိပ်မရှိတော့ဘူး”
“သြော် … ဟုတ်ကဲ့၊ ဟုတ်ကဲ့ .. ဟီဟိ .. ဆက်ပြော”
“ပြီတော့ မောင်းပါများရင်လည်း ဇီဇာကြောင်တယ်။ မမောင်းဘဲ ထားရင်လည်း ဆီချေးပိတ်တာတို့ စက်ဖောက်ပြန်တာတို့ ဖြစ်တတ်တယ်။ အဲ့ဒါကြောင့် ကိုယ်မစီးချင်ရင်တောင် ဝတ္တရားအရ ပုံမှန်လေးတော့ တက်မောင်းပေးရတယ်”
“အင် .. ဂလိုကြီးလားဗျ”
“လုံးဝ ကိုယ်မမောင်းဘဲ ပစ်ထားရင် တခြားတက်မောင်းတဲ့ လူနောက် ပါသွားတတ်တယ်။ ကိုယ် အထိန်းအသိမ်း မတတ်ရင် ကျွမ်းကျင်တဲ့ အလစ်သမားတွေ လက်စာမိရောပဲ။ တချို့ဆို မောင်းပြေးခွင့် မရရင်တောင် ဟိုပွတ်ဒီပွတ်လေးတော့ လုပ်သွားကြသေးတယ်”
“ဟင် … ဘုရားဘုရား …”
“သက်တမ်းရင့်လာတော့ မောင်းလို့ကို မကောင်းတော့ဘူး။ အင်ဂျင်ဖွင့်ပြီးသားဆို ပိုဆိုးတာပေါ့”
“သြော် … ဟုတ်မှာ၊ ဟုတ်မှာ”
“ဟာဗျာ .. ဂယ်ကြီးလားဟင်”
“ကိုယ်ပိုင်ဝယ်လိုက်တဲ့ ကားတွေကကော ဘယ်သူမှ မစီးရသေးပါဘူးလို့ အာမခံရဲလို့လား။ ကားကောင်းကားသန့် ဆိုတာကလည်း သုံးပြီးသားတွေကို အင်ဂျင်ပြန်ကိုင် ဆေးမှုတ်ပြီး အပေါ်ယံ အရောင်တင်ထားတာတွေ များတယ်။ တကယ်တော့ ကား အသစ်ကျပ်ချွတ်ကို လိုချင်ရင် စက်ရုံက ထိုင်စောင့်ယူမှ အမှန်အကန်ရမယ်”
………….
Ref; ရဲစတိုင်း၏ ‘ရယ်ရမောရ ဤလောက’
…………
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသ’ ကဏ္ဍမှတစ်ဆင့် ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 
…………
“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 
စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။
Related Posts