“မင်းမှန်တယ်မိန်းမ”[Adult Joke-20]


ဟာသပဒေသာ [ Adult Joke ] 

“မင်းမှန်တယ်မိန်းမ”

အသက်ကြီးကြီးယောက်ျားကို ယူထားသော ခပ်ငယ်ငယ် တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမချောလေးသည် သူမချစ်သူနှင့်အတူ အိပ်ယာပေါ်တွင် ပလူးပလဲ ချစ်ရည်လူးလျက်ရှိ၏။ ထိုအချိန်တွင် အိမ်ရှေ့တံခါးမကြီးကို သော့ဖွင့်နေသံ ကြားလိုက်ရသောအခါ မိန်းမဖြစ်သူက သူ့အဖော်ကို ယခုလို ပြောလိုက်သည်။ 

“ကို … ပုန်းစရာနေရာ မစဉ်းစားနေနဲ့၊ ဒီတိုင်းငြိမ်ငြိမ်လေးသာနေ။ ဘိုးတော်က သူမူးလာရင် ဘာမှသိတာမဟုတ်ဘူး၊ ကို အိပ်ယာပေါ်မှာရှိနေတာကိုတောင် သတိပြုမိမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးပြီးချင်း ရေချိန်ကိုက်နေသာ ယောက်ျားဖြစ်သူက အိပ်ယာပေါ်သို့ ခြေပစ်လက်ပစ် တန်းဝင်အိပ်တော့၏။ သူ့မိန်းမဘေးတွင် နောက်ယောက်ျားတစ်ယောက် ရောက်နေသည်ကိုပင် သတိမရတော့။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် အိပ်ယာခြေရင်း၌ ခြေထောက်ခြောက်ချောင်း ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ 

“မိန်းမရေ အေ့ …. ဟိုမှာခြေထောက်ခြောက်ချောင်းတောင် ဖြစ်နေတယ်ကွ၊ အေ့ ….. အမှန်က လေးချောင်းဖြစ်ရမှာ မဟုတ်ဘူးလားဟ၊ တစ်ခုခုမှားနေပြီထင်တယ် …  အေ့ …” ဟုဆိုကာ မိန်းမဘက်လှည့်၍ မေးခွန်းထုတ်လိုက်သည်။ 

“အဓိပ္ပါယ်မရှိတာ ယောက်ျားရယ်၊ ရှင်အမူးလွန်ပြီး မှားတွက်မိပြန်ပါပြီ၊ ထ .. ထ ခုတင်ပေါ်ကဆင်းပြီး ဟောဟိုနားကနေ ကြည့်လိုက်စမ်းပါ” 

ယောက်ျားလုပ်သူက ဒယိမ်းဒယိုင်ဖြင့် ခုတင်ပေါ်မှဆင်း၍ မိန်းမဆီကို ပြန်ကြည့်ပြီး တစ်ခွန်းချင်းပြောလိုက်တော့၏။

“တစ်ချောင်း၊ နှစ်ချောင်း …. သုံးချောင်း၊ လေးချောင်း … အေ့၊ ဟုတ်တယ်မိန်းမရေ … မင်းမှန်တယ်သိလား”

Ref; joke4us.com
…………
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသ’ ကဏ္ဍမှတစ်ဆင့် ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 
…………
“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 

စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။

Related Posts