“သင်္ချာဆိုတာ” [Adult Joke-9]


“သင်္ချာဆိုတာ”

နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ နာမည်ကြီး လူမှုဗေဒပညာရှင်လည်း ဖြစ်တဲ့ သင်္ချာပါမောက္ခဆရာတစ်ဦးက ကျောင်းသားကျောင်းသူတွေရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲမှာ အပိတ်နှုတ်ခွန်းဆက်စကား ပြောကြားနေချိန်ဖြစ်တယ်။ ဆရာကြီးက သင်္ချာပညာရပ်နဲ့ လူမှုရေးပညာတို့ ဆက်နွယ်ပုံကို အားရပါးရ ရှင်ပြနေသတဲ့။ နာရီဝက်ကျော်အောင် ဟောပြောနေတဲ့ ဆရာကြီးကို ကျောင်းသားတွေကလည်း ကြာတော့ နားထောင်ရတာ စိတ်အိုက်လာရောတဲ့။

ဒါကို မြင်တဲ့ပြီး အထာနပ်တဲ့ ပါမောက္ခဆရာကြီးက ပါးစပ်နဲ့ ပြောရတာ အားမရဘူးထင်ပါတယ်။ မြေဖြူတစ်ချောင်းယူပြီး ကျောက်သင်ပုန်းမှာ ၃၅၊ ၂၃၊ ၃၆ စတဲ့ ကိန်းဂဏန်းတွေ ချရေးလိုက်တယ်။ ပြီးတော့ ကျောင်းသားတွေဘက်လှည့်ပြီး ခုလို ပြောလိုက်တယ်။

“မင်းတို့ မြဲမြဲမှတ်ထားကွယ့်၊ ဒီကျောက်သင်ပုန်းပေါ်က ကိန်းကဂဏန်းတွေက မင်းတို့အတွက် ပေါင်းရသင်းရ ဘယ်တော့မှ မရိုးတဲ့ မိန်းမကို ရှာပေးလိမ့်မယ်”

ပြီးတော့ ကျောင်းသူတွေဘက်ကိုလှည့်ပြီး တစ်ဆက်တည်း ပြောလိုက်ပြန်တယ်။

“သမီးတို့ရဲ့ ဘော်ဒီကို ဒီကိန်းဂဏန်းတွေနဲ့ အလှဆင်ဖို့ မမေ့နဲ့ကွဲ့”

Ref; www.jokes.com

"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပေးခဲ့ဖို့ မမေ့ပါနဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ........

Related Posts