“စည်းကမ်းနှင့်အညီ” [Adult Joke-19]


ဟာသပဒေသာ 
“စည်းကမ်းနှင့်အညီ” 

ရဲသားကြီးတစ်ဦးက ညမှာ ပတ္တရောင်လှည့်နေတုန်း သန်းခေါင်ချိန် ရောက်ခါနီးတော့ အတွဲတွေ မှောင်ရိပ်ခိုတတ်တဲ့ လမ်းဘေးတစ်နေရာကို ရောက်လာတယ်။ ကားတစ်စီး ရပ်ထားတာတွေ့လို့ သူ မသင်္ကာဖြစ်ပြီး အထဲကို ကြည့်လိုက်တော့ ကားနောက်ခန်းမှာ ဆယ်ကျော်သက်ရွယ် မြီးကောင်ပေါက်မလေးက သိုးမွေးထိုးနေတယ်။ ကားရှေ့ယာဉ်မောင်းနေရာမှာ ကောင်လေးတစ်ယောက်က စာအုပ်ဖတ်နေတယ်။ 

ဒါနဲ့ ရဲသားကြီးက ကောင်လေးကိုမေးတယ်။ 

“မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ အခု ဘာလုပ်နေတာလဲ” 

ကောင်လေးက “ကျွန်တော် အသက် ၁၉ နှစ်ရှိပါပြီ၊ အခု ကျွန်တော်စာဖတ်နေတာပါ” လို့ ပြန်ဖြေသတဲ့။

“သူက ဘာလုပ်နေတာလဲ” လို့ ရဲသားက ဆက်မေးလိုက်တော့ 

“သူ သိုးမွေးထိုးနေတာပါ” လို့ ပြန်ဖြေတယ်။ 

“သူ့ အသက်ဘယ်လောက်ရှိပြီလဲ” လို့ မေးလိုက်တော့ ကောင်လေးက လက်ပတ်နာရီကို တစ်ချက် မျက်လုံးဝေ့ကြည့်လိုက်ပြီး “နောက် ၁၂ မိနစ်ဆိုရင် သူ ၁၈ နှစ်ပြည့်ပြီဗျ” လို့ ပြောလိုက်ပါတော့တယ်။ 

Ref; International Magazine  
…………
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသ’ ကဏ္ဍမှတစ်ဆင့် ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 
…………
“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 

စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။

Related Posts