"အဓိပ္ပါယ်" [Adult Joke-7]


Adult Joke
အဓိပ္ပါယ်

ပန်ဒါဝက်ဝံတစ်ကောင်ဟာ ဘားထဲကိုဝင်လာတယ်။ ပြီးတော့သူက ဘားကောင်တာက အဖျော်ဆရာဆီသွားပြီး ဒီညအတွက် ပျော်စရာရွှင်စရာလေးများ မရနိုင်ဘူးလားလို့ တိုးတိုးလေး ကပ်မေးလိုက်သတဲ့။ အဲ့ဒါနဲ့ အဖျော်ဆရာက အမျိုးသမီးတစ်ဦးနဲ့ ချိတ်ပေးလိုက်တယ်။ သူမက ပန်ဒါနဲ့စကားအနည်းငယ်ပြောပြီး သူမရဲ့နေရာကို ခေါ်သွားလေတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ဦး တစ်ညတာမှာ ပန်ဒါက သူ့ကိစ္စဝိစ္စလည်းပြီးရော သူမကို အခကြေးငွေမပေးဘဲ ထားပြီး ထွက်သွားတဲ့။ 

နေက်တစ်ညရောက်တော့ အဲ့ဒီအမျိုးသမီးက ပန်ဒါရဲ့အိမ်ကိုသွားပြီး 
“ရှင် ကျွန်မအပေါ် အကြွေးတင်နေတယ်နော်” လို့ ပန်ဒါကို မေးခွန်းထုတ်စကား ဆိုလိုက်တယ်။ 
“ဘာအတွက်လဲဟ”
အမျိုးသမီးက ဘေးဘီဝဲယာကို မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။ 
“ကျွန်မက ပြည့်တန်ဆာလေ၊ ရှင် ကျွန်မနဲ့ပျော်ပါးသွားတာအတွက် ထိုက်သင့်ငွေပေးရဦးမယ်ရှင့်” ဆိုတော့ ပန်ဒါက 
“ငါမင်းကို ဘာမှပေးစရာမလိုပါဘူး” လို့ ဆိုသတဲ့။

ပြီးတော့ “ငါက ပန်ဒါတစ်ကောင်လေ၊ ဒီမှာကြည့်” ဆိုပြီး ပြောပြောဆိုဆိုနဲ့ အမျိုးသမီးရဲ့ လက်ထဲ အဘိဓာန်စာအုပ်တစ်နေရာကို ထောက်ပြရင်း ပြောဆိုလိုက်တယ်။
သူမ စာအုပ်ကို ကြည့်လိုက်တဲ့အခါမှာတော့ အဘိဓာန်ထဲမှာ ပန်ဒါရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က

“ပန်ဒါသည် သစ်ရွက်များကိုသာ စားသောက်သည်” ဖြစ်လေသတဲ့။ 

Ref; www.goodreads.com

Related Posts