“နို့သောက်တယ်” [Adult Joke-22]


ဟာသပဒေသာ [Adult Joke-22]

“နို့သောက်တယ်” 

တစ်မနက်မှာတော့ နို့ပို့သမားတစ်ယောက်က ပိုက်ဆံသိမ်းဖို့ ခပ်လှလှ အိမ်တစ်လုံးရဲ့ တံခါးမကြီးရှေ့မှာ ရောက်နေတယ်။ မကြာခဏ သူ ဒီအိမ်ကို ပိုက်ဆံသိမ်းဖို့ လာလေ့ရှိတယ်။ တံခါးခေါက်ဖို့ ပြင်လိုက်တဲ့အခါ တံခါးမကြီးက သော့မခတ်ထားတာမို့ အိမ်ထဲကို ဝင်သွားလိုက်တယ်။ အိမ်ထဲမှာတော့ ဘီယာပုလင်းတွေ၊ ဝိုင်ပုလင်းတွေနဲ့ ရှုပ်ပွနေပြီး ဆိုဖာခုံတချို့ပေါ်မှာတောင် sexy ကျကျ ဘရာဇီယာ တစ်ထည်နှစ်ထည်ကိုလည်း တွေ့လိုက်ရသတဲ့။ 

နို့ပို့သမားက အိမ်ရှင်မရှိလောက်ဘူးထင်ပြီး ပြန်ထွက်ဖို့အလုပ်မှာပဲ အိမ်အပေါ်ထပ် လှေကားကနေ ညအိပ်ဝတ်စုံ ကပိုကရိုနဲ့ အမျိုးသမီးငယ်တစ်ဦး ဆင်းလာတယ်။ နို့ပို့သမားက ရှုပ်ပွနေတာတွေကို တစ်လှည့်၊ စွံမက်ချင်စရာကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ သူမကို တစ်လှည့်ကြည့်လိုက်တယ်။ ဒီတော့ အမျိုးသမီးက အထာပေါက်သွားပြီး မနေ့ညက ဒီနေရာမှာ ပါတီပွဲကျင်းပခဲ့ကြောင်း ရှင်းပြလိုက်တယ်။ 

အဲ့ဒီအချိန်မှာပဲ နို့ပို့သမားက အခန်းထောင့်မှာ ကာထားတဲ့ စောင်တစ်ထည်ကို သတိပြုမိလိုက်တယ်။ 

“ဘာလို့ စောင်မှာ အပေါက်တွေ ဖြစ်နေတာလဲ”

“သြော် … မနေ့က ကျွန်မတို့ ပါတီပွဲမှာ ဂိမ်းလေးတွေလည်း ဆော့တယ်လေ။ အဲ့ ဂိမ်းတစ်ခုမှာတော့ ယောက်ျားလေးတွေကို စောင်နဲ့ကာထားပြီး သူတို့ရဲ့ ညီတော်မောင်တွေကိုပဲ စောင်ကို အပေါက်ဖောက်ပြီး ထုတ်ထားတယ်လေ။ ပြီးတော့ ကျွန်မတို့က ဘယ်သူကတော့ ဘယ်သူ့ဟာဆိုတာ မှန်အောင်ပြောရတာပေါ့”

ဒါနဲ့ နို့ပို့သမားက စိတ်ပျက်ဝမ်းနည်းတဲ့အသံနဲ့ ပြန်ပြောလိုက်တယ်။

“ဒီပါတီပွဲမှာ ကျုပ်လည်း ရှိလိုက်ရမှာ” 

သူ့ရဲ့ စကားကို အမျိုးသမီးလေးက နားမလည်စွာနဲ့ ပြန်မေးလိုက်တော့ 

“ဒီလိုလေ၊ ဒီဂိမ်းမှာ ကျုပ်လည်း ပါမယ်ဆိုရင် ခင်ဗျားတို့ ဘယ်သူမှ ရှုံးမှာမဟုတ်ဘူး။ ဘာလို့ဆို ကျုပ်က နို့ကို နေ့တိုင်းသောက်တာလေ” …..။

Ref; ww.jokes4us.com
…………

ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသ’ ကဏ္ဍမှတစ်ဆင့် ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 

…………

“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 

စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။

Related Posts