“လူလည်ကြီး” [Adult Joke-26]


[ Adult Joke ]

“လူလည်ကြီး” 

ဂျပ်ပစီလေးဟာ သူ့မိန်းမ ရေချိုးပြီးချိန်မှာ သူရေချိုးဖို့ အခန်းထဲဝင်သွားပါတယ်။ အဲဒီအချိန်မှာ လူခေါ်ခေါင်းလောင်း မြည်လာတာကြောင့် ငဂျစ်မိန်းမဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ ပတ်ပြီး အိမ်ရှေ့ကို သွားပါတယ်။ သူ တံခါးဖွင့်လိုက်တော့ ငဂျစ်သူငယ်ချင်း ဖိုးရှုပ်ကို မြင်လိုက်ရပါတယ်။ သူဘာမှ မပြောခင်မှာပဲ ဖိုးရှုပ်က ပြောလိုက်ပါတယ်။ 

“ပတ်ထားတဲ့ တဘက်ကို ချွတ်ချပြလိုက်ရင် အခု ငါ့မှာ ပါလာတဲ့ ငွေတစ်သိန်းပေးမယ်” 
ငဂျစ်မိန်းမက ခဏတာ စဉ်းစားလိုက်ပြီး ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပါတယ်။ ပြီးတော့ ကိုယ်ဗလာနဲ့ ဖိုးရှုပ်အရှေ့မှာ လက်ဖြန့်လိုက်တယ်။ ဖိုးရှုပ်က သူ့ကတိအတိုင်းပါလာတဲ့ ငွေတစ်သိန်းကို ပေးလိုက်ပါတယ်။ ပြီးတော့ အိမ်ထဲတောင် မဝင်ဘဲ ပြန်သွားခဲ့တယ်။ 

ငဂျစ်မိန်းမဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက် ပတ်လိုက်ပြီး အိမ်ထဲပြန်ဝင်လာတယ်။ သူ အခန်းထဲရောက်တော့ သူ့ ခင်ပွန်းသည် ငဂျစ်က ဧည့်သည် ဘယ်သူလဲလို့ လှမ်းမေးလိုက်ပါတယ်။ အစ်ကိုဂျစ်သူငယ်ချင်း ဖိုးရှုပ်ပါလို့ ပြန်ဖြေလိုက်တော့ ခင်ပွန်းသည် ငဂျစ်က အားရဝမ်းသာနဲ့ ပြောလိုက်ပါတယ်။ 

“ဟေ …. ဟုတ်လား၊ ဖိုးရှုပ်က ငါ့ကို ပေးစရာရှိတဲ့ ငွေတစ်သိန်းလာပေးတာဖြစ်မယ် မိန်းမရဲ့” တဲ့။ 

ကဲ… ပြီးရောလေ…. 
…………
Ref; ရဲစတိုင်း၏ ‘ရယ်ချင်ရက် လက်တို့’ စာအုပ်။ 
…………
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသ’ ကဏ္ဍမှတစ်ဆင့် ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 
…………
“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 

စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။

Related Posts