“ကလေးသာသာပါ” [Adult Joke-13]


ဟာသပဒေသာ
“ကလေးသာသာပါ”

လက်ထပ်ပြီးခါစ ပူပူနွေးနွေးဇနီးမောင်နှံက ကမ်းခြေတစ်ခုကို ဟန်းနီးမွန်းထွက်လာတယ်။ သူတို့ဟာ ဟန်းနီးမွန်းညကျမှ လင်မယားအရာရောက်ဖို့ တိုင်ပင်ထားကြသတဲ့။ ဒီလိုနဲ့ မင်္ဂလာဦး ဟန်းနီးမွန်းညရောက်လာတဲ့အခါ မယားဖြစ်သူက သူ့လင်တော်မောင်ကို ခုလိုပြောတယ်။ 

“ချစ်တို့ဒီကိစ္စမလုပ်ခင် ကို့ကို တစ်ခုပြောပြစရာရှိတယ် သိလား”
“အင်း ပြောလေချစ်ရဲ့၊ ကိုယ်တို့ လက်ထပ်ပြီးပြီပဲဟာ၊ ဘာမဆို ကို့ကိုပြောပြလို့ရပါတယ်”
“ချစ်မှာ ရင်ဘတ်သေးသေးပဲရှိတာကိုရေ”
“မဖြစ်နိုင်တာပဲကွယ်”
ဒီတော့မှ မယားလုပ်သူက သူ့ဘလောက်စ်အင်္ကျီကို ချွတ်လိုက်တယ်။ 

“အိုး…ဘုရားရေ၊ ဒီလောက်သေးတဲ့ရင် ကိုယ်တစ်ခါမှမမြင်ဖူးဘူး” လို့ ယောက်ျားဖြစ်သူက ပြောပြီး သူ့ချစ်ဇနီးချောလေးကို ခုလိုဆက်ပြောလိုက်တယ်။ 
“အဲ့ … ကိုယ်လည်း ပြောစရာရှိတယ်ချစ်ရေ၊ ကိုယ့်ဟာကလည်း ကလေးသာသာပဲရှိတယ်ကွယ့်”
ဝတ်ထားတဲ့ဘောင်းဘီချွတ်ချလိုက်တော့တဲ့ အခါမှာတော့ ဇနီးက တအံ့တသြဖြစ်သွားတယ်။

“ကို ခုနက မွေးကင်းစကလေးသာသာပဲရှိတယ် ပြောလိုက်သလားလို့”
အဲ့ဒီအခါ ယောက်ျားဖြစ်သူ ပြန်ရှင်းပြလိုက်ပုံကတော့ 
“ဟုတ်တယ်လေချစ်ရဲ့၊ ကိုယ်ပြောတာ မွေးကင်းစကလေးတွေလိုပဲ ငါးပေါင်လောက်တော့ လေးတယ်ပြောချင်တာပါ” တဲ့။

Ref; laughfactory.com
………….
“ရယ်မောစရာ ဟာသတိုလေးတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့ဦးနော်”
“အကြံပြုလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box ထဲမှာလည်း ဝင်ရောက်ရေးသားနိုင်ပါတယ်ခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 



Related Posts