"ကော်ဖီဖျော်ရတာနဲ့တူတယ်" [Adult Joke-14]


ဟာသပဒေသာ
"ကော်ဖီဖျော်ရတာနဲ့တူတယ်"

တစ်ရက်တော့ လူငယ်တစ်စုက အချစ်နဲ့ မိန်းမတွေအကြောင်း ရောက်တက်ရာရာ ဆွေးနွေးနေကြသတဲ့။ တဖြည်းဖြည်းနဲ့ နက်နက်နဲနဲ ဆွေးနွေးရတဲ့ အပိုင်းရောက်လာတဲ့အခါမှာတော့ မိန်းမတစ်ယောက်ကိုချစ်ခြင်းနဲ့ ပတ်သက်ပြီး အကြီးအကျယ် အငြင်းအခုံဖြစ်ပြီး ထ,သတ်မလို ဖြစ်ကြရောတဲ့။ 

ဒီလို ဝရုန်းသုန်းကားအခြေအနေကို ငြိမ်သွားအောင် လူငယ်တစ်ယောက်က ဥပမာပေးပြီး ဖြေရှင်းလိုက်တယ်။ သူ့ရဲ့ ဥပမာက .. ဒီလို။ 

“မင်းတို့မသိရင်မှတ်ထား၊ မိန်းမတစ်ယောက်ကိုချစ်ရတာ ကော်ဖီတစ်ခွက်ဖျော်သောက်ရသလိုပဲကွ။ စစချင်းမှာ အရမ်းပူတော့ နည်းနည်းအချိန်ယူရမယ်။ အဲ့ … ပြီးတော့ ဖြည်းဖြည်းချင်း မွှေရမယ်။ ကော်ဖီစေ့လေးတွေကို အသံထွက်တဲ့အထိ ချေပေးရမယ်။ ပြီးတဲ့အခါကျတော့မှ နို့လေးပေါင်းထည့်လိုက်ရင် အိုကေပြီလေ” 

Ref; variousstuff.net

“ရယ်မောစရာ ဟာသတိုလေးတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့ဦးနော်”

“အကြံပြုလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box ထဲမှာလည်း ဝင်ရောက်ရေးသားနိုင်ပါတယ်ခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts