“အပျိုစင်လေးပါရှင်” [Adult Joke-10]


“အပျိုစင်လေးပါရှင်”

ရှေ့နေတစ်ယောက်က မကြာခင်ကပဲ အိမ်ထောင်ငါးဆက်တိုင် ကွာရှင်းခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်လိုက်သတဲ့။ မင်္ဂလာဦးညရောက်တော့ အမျိုးသမီးက သူ့ယောက်ျား အသစ်စက်စက်လေးကို ပြောလိုက်သတဲ့။

“မောင် … ညင်ညင်သာသာရှိပါစေနော်၊ ကျွန်မက ခုထိ အပျိုစင်ဖြစ်တုန်းမို့ပါ”
“ဘာ”  ယောက်ျားဖြစ်သူက အံ့သြလွန်းကြီးစွာနဲ့ အာမေဋိတ်ပြုပြီး တစ်ဆက်တည်းမှာပဲ သူ့မိန်းမကို ပြန်မေးလိုက်တယ်။
“မင်း ငါးကြိမ်တောင် အိမ်ထောင်ပြုခဲ့တာ၊ ဘယ့်နှယ့် အပျိုစင်ဖြစ်နိုင်မှာတုန်းကွာ” 
ဒီတော့ မိန်းမဖြစ်သူက  ပြန်ရှင်းပြလိုက်ပုံက ..

“ဒီလိုရှင့်၊ ကျွန်မရဲ့ ပထမယောက်ျားက အရောင်းဝန်ထမ်းသမားလေ၊ သူက ဒီကိစ္စကို ဘယ်လောက်ကောင်းတယ်ဆိုတာပဲ မိုးမွှန်အောင် ပြောပြနိုင်တာ။ ဒုတိယယောက်ျားကျတော့ အင်ဂျင်နီယာရှင့်၊ အခြေခံအဆင့်လောက်ပဲ သိပြီး အဲ့ဒါကိုတောင် သုံးနှစ်လောက် သုတေသနလုပ်ပြီးမှ အကောင်အထည်ဖော်ဖို့ နည်းလမ်းကိုရောက်တာ။ နောက်ယောက်ျားကတော့ မားကတ်တင်းသမားပေါ့၊ ပစ္စည်းကောင်းရှိပေမယ့် ဘယ်လိုနေရာချ အသုံးပြုရမှန်းသိတာမဟုတ်ဘူး။ လေးယောက်မြောက်ကျတော့ စိတ်ပညာရှင်တဲ့၊ သူက စကားပြောတတ်ရုံပဲရှိတာ။ အဲ့ … နောက်ဆုံးတစ်ယောက်က တံဆိပ်ခေါင်းစုသူလေ၊ သူ့အကြောင်းတော့ မပြောချင်တော့ပါဘူး။ ခုတော့ ရှေ့နေ ရှင့်ကို လက်ထပ်လိုက်ပြီလေ၊ ဒီတစ်ခေါက်တော့ မပြီးမချင်း အရစ်ခံရမယ်ထင်တာပဲ”

Ref. www.adultjokes.com

“ဒီပို့စ်ကို သဘောကျကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts