“အားလပ်ရက်တနင်္ဂနွေ” [Adult Joke-18]


ဟာသပဒေသ
“အားလပ်ရက်တနင်္ဂနွေ” 

လူတစ်စု သင်္ဘောပျက်ပြီး ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်နေကြတယ်။ ထူးခြားတာက အဲဒီလူစုမှာ ယောက်ျားဆိုလို့ တစ်ယောက်တည်းကျန်ပြီး မိန်းမက ၁၂ ယောက်တောင်။ အဲ့ဒီလိုနဲ့ တစ်လလောက်နေလာတော့ ဆန္ဒတွေ ထိန်းမရဖြစ်လာတယ်။ အဲဒီတော့ တစ်ယောက်တည်းကျန်တဲ့ ယောက်ျားက တစ်နေ့မှာ မိန်းမနှစ်ယောက်နဲ့ အိပ်ပေးပြီး တနင်္ဂနွေတစ်ရက်ကိုတော့ အနားပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ 

အဲ့ဒီလိုနဲ့ နေလာလိုက်တာ တနင်္ဂနွေတစ်ရက်မှာ တစ်ဦးတည်းသော ယောက်ျားဖြစ်သူ အနားရပြီး ကမ်းခြေမှာ ထိုင်နေတုန်း အဝေးမှာ လှေလေး လှုပ်လှုပ်လှုပ်လှုပ်နဲ့ မျောပါလာတာကို သွားတွေ့တယ်။ သူလည်း အကူအညီရတော့မှာပဲဆိုပြီး ဝမ်းသာအားရဖြစ်သွားတယ်။ ရေထဲကူးပြီး လှေလေးဆီရောက်တော့ သူထင်သလို ကယ်မဲ့လူမဟုတ်ဘဲ သူတို့လိုပဲ သင်္ဘောပျက်ပြီး ဒုက္ခရောက်လာတဲ့ ဒုက္ခသည်ယောက်ျားဖြစ်နေတာ တွေ့ရတယ်။ သူပျော်သွားတယ်။ သူတော့ တခြားယောက်ျားတစ်ယောက် ရောက်လာရင် အေးအေးဆေးဆေး အနားရတော့မှာပဲလို့ တွေးပြီး ဝမ်းသာအားရနှုတ်ဆက်တယ်။ 

“ဝိုး…တွေ့ရတာ ဝမ်းသာလိုက်တာကွာ”

ဒုက္ခသည်ကလည်း ဝမ်းသာအားရပါပဲ …

“ဟယ် … အဆင်လေးပဲ။ တို့လည်း ဝမ်းသာလိုက်တာ၊ လှေမှောက်ပြီး မျောနေတာ လနဲ့ချီနေပြီ။ မဝုန်းရတာ ကြာပြီကော” 

ကျွန်းပေါ်ကလူ နည်းနည်းတွန့်သွားပြီး တစ်ယောက်တည်း ရေရွတ်နေတော့တယ်။

“ဘုရားရေ …. င့ါအားလပ်ရက် တနင်္ဂနွေလေးတော့ သွားပဟ”

Ref; စာရေးဆရာ ရဲစတိုင်း၏ “မရယ်ရမနေနိုင်ဟာသများ” 
…………
ဝန်ဇင်းသတင်းစကား ။       ။ စိတ်ညစ်နေတာများ ပျောက်ခြင်းမလှ ပျောက်သွားစေမယ့် စာရေးဆရာရဲစတိုင်း၏ ရယ်စရာ ပြုံးစရာ ဟာသစာအုပ်များကို Wun Zinn App ၏ ‘စာအုပ်အမျိုးအစား’ ကဏ္ဍသို့ဝင်၍ ‘ဟာသဏ္ဍ’ မှတစ်ဆင့် ဝင်ရောက်ရှာဖွေကာ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါကြောင်း သတင်းပါးလိုက်ပါရစေခင်ဗျာ။ 
…………
“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောပြချင်တဲ့ ရယ်စရာဟာသများကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီး တစ်နေ့တာအမောများ ပြေပျောက်နိုင်ပါစေ။ 

စာချစ်သူများအားလုံးကို ချစ်ခင်စွာဖြင့် … ဝန်ဇင်း။


Related Posts