“ဆေးအစွမ်း” [Adult Joke-15]


ဟာသပဒေသာ
“ဆေးအစွမ်း” 

တစ်ရက်တော့ ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ အသက် ( ၂၅ ) နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ယောက်က ဆရာဝန်ဆီကို ရောက်လာပြီး သူ့ယောက်ျားဟာ သူတို့လင်မယားရဲ့ အိပ်ယာပေါ်ကဆက်ဆံရေးကို သိပ်စိတ်ဝင်စားမှုမရှိဘူးဖြစ်တဲ့အကြောင်း လာရောက်တိုင်ပင်သတဲ့။ အမျိုးသမီးလေးပြောပြတာကို ဆရာဝန်နားထောင်ပြီးတဲ့နောက်မှာတော့ သူမကို ဆေးလုံးတစ်လုံးပေးလိုက်တယ်။ မပေးလိုက်ခင်မှာလည်း ဒီဆေးဟာ စမ်းသပ်ဆဲကာလပဲရှိသေးကြောင်း သတိပေးလိုက်သေးတယ်။ ဆေးကို ညစာစားတဲ့အခါ ယောက်ျားလုပ်သူစားမယ့် အာလူးကတ်တလိပ်ထဲ ထည့်ပြီးကျွေးဖို့ သေချာမှာလိုက်သတဲ့။ 

ဒီလိုနဲ့ တစ်ပတ်လောက်ကြာတဲ့အခါမှာတော့ အဲ့ဒီအမျိုးသမီးလေးက ဆရာဝန်ဆီရောက်လာပြီး ခုလိုဝမ်းသာရ ရင်ဖွင့်တော့တယ်။ “ဒေါက်တာရေ .. ဆေးက အလုပ်ဖြစ်တယ်သိလား၊ ဒေါက်တာပြောတဲ့အတိုင်း အာလူးထဲထည့်ပြီးကျွေးလိုက်တာ ငါးမိနစ်တောင်မကြာဘူး၊ သူထိုင်ရာထ ဗြုန်းကနဲထလိုက်ပြီး စားပွဲပေါ်က စားစရာတွေနဲ့ ပန်းကန်ပြားတွေကို ကြမ်းပြင်ပေါ်တွန်းချလိုက်တယ် … ပြီးတော့ ကျွန်မကို ဖမ်းဆွဲပြီး အင်္ကျီတွေကို ဆုတ်ဖြဲဆွဲချွတ်လိုက်တာ တကယ်ကို ခပ်ကြမ်းကြမ်းပါပဲရှင်။ ဒါနဲ့ ပြီးတော့ ကျွန်မကို အဲ့ဒီစားပွဲပေါ်မတင်လိုက်ပါရောလား !” 

ဒီအခါ ဆရာဝန်ဖြစ်သူက “ကျွန်တော်စိတ်မကောင်းပါဘူးဗျာ၊ ဆေးက အဲ့ဒီလောက်စွမ်းနေမှန်း တကယ်မသိရိုးအမှန်ပါ။ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးဖို့ ကျွန်တော်တို့ဘက်က အဆင်သင့်ပါပဲ”
အမျိုးသမီးလေး ပြန်ပြောလိုက်ပုံကတော့ …

“ကိစ္စမရှိပါဘူးဒေါက်တာရယ်၊ ရပါတယ်။ ကျွန်မတို့လည်း အဲ့ဒီစားသောက်ဆိုင်ကို ဘယ်တော့မှ ပြန်သွားမှာ မဟုတ်တော့ပါဘူး” တဲ့။ 

Ref; laughfactory.com 
“ရယ်မောစရာ ဟာသတိုလေးတွေကို သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့ဦးနော်” “အကြံပြုလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box ထဲမှာလည်း ဝင်ရောက်ရေးသားနိုင်ပါတယ်ခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts