သိုးဆောင်း-ပဉ္စလက်ရွာ အပိုင်း ( ၁၂ ) - ဇာတ်သိမ်း [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁၂ ) - ဇာတ်သိမ်း
*
( ၃၄ ) 
''တူ . . . ''
ပလွေသံလေးတစ်ခုက မထင်မရှား
ထွက်ပေါ်လာသည်။ ပထမတိုးတိုး . . .
ပြီးတော့ တဖြည်းဖြည်း ကျယ်လာသည်။
ပြီးတော့ . . .
နောက်ပြီးတော့ . . .
သွဲ့သွဲ့ဖွဲ့ဖွဲ့ တိုးထွက်လာသော
ပလွေသံလေးသည်ကား မြေပြင်မှ လွင့်တက်ကာ
ကောင်းကင် ကို ထိုးခွဲလိုက်သည့်အလား . . . ။
''ဒိန်း''
ကမ္ဘာတုန်မတတ် မိုးခြိမ်းသံကြီးတစ်ခု
အပြင်းထန်ဆုံး ပေါက်ကွဲသွားသည်။ အီလစ်အပါအဝင်
မီးဒဏ်ခံနေရသူအပေါင်းမှာ ကား . . .
အနီးကပ်မြည် ဟည်းလိုက်သော
မိုးခြိမ်းသံကြီးကို မကြားလိုက်သလို။
သူတို့စိတ်မှာ မယုံမရဲ . . .
နားကြားများ လွဲလိုက်သလား။
''ဒိန်း''
အပြင်းထန်ဆုံး နောက်တစ်ချက်။
မိုးနတ်မင်းကြီး သိ သွားပါပြီ။
အဆက်မပြတ် ထွက်ပေါ်လာသော ပလွေသံလေးမှာ
မိုးနတ်မင်း ၏ အမိန့်တစ်ခုကို တောင်းခံပေးနေသလို။
ရိုးစစ်မျက်လုံးအိမ်၌ မျက်ရည်တွေ
တစ်ပေါက်ချင်း စီးကျနေသည်။ ပလွေမှု တ်ရင်း ဝမ်းပမ်း
တနည်း ငိုကြွေးနေသည်။ သို့ ပေမဲ့ မရပ်မနား ကြိုး
စားနေဆဲ။
''တူ . . . တူ . . . ''
မိုးသားတိမ်လိပ်တွေ တမုဟုတ်ချင်း
တက်လာသည်ကို တွေ့ လိုက်ရ၏ ။ မည်းမည်းမှော
င်နေ သော ကောင်းကင်မှာ မိုးခိုးမိုးငွေ့တွေ အုံနှင့်
ကျင်းနှင့် လွင့်ပျံတက်လာပါပြီ။ မိုးနတ်မင်းကြီး သူတို့ရွာ
လေးအား မျက်နှာသာပေးလိုက် ချေပြီ။
''ဒိန်း''
တတိယမြောက်ထွက်ပေါ်လာသော
မိုးခြိမ်းအသံကျယ်ကြီးနောက်မှာ တော့ . . .
''ဖောက် . . . ''
မိုးစက်လေးတစ်ပေါက်က
သူ့လက်မောင်းကို လာမှန်သည်။ ပြီးတော့
နောက်တစ်စက် . . .
''ဖောက် . . . ဖောက် . . . ဖောက် . . .''
မျက်ရည်တွေ တသွင်သွင်
စီးကျနေသည့်ကြားမှပင် ရိုးစစ် ပြုံး လိုက်မိတော့၏ ။
ရွာပါပြီ၊ မိုးရွာပါပြီ။
ခြောက်နှစ် တိတိ မိုးခေါင်ခဲ့သော
ကိုးချောင်းရွာမှာ ပထမဆုံးကျလာသော
မိုးပေါက်တစ်စက် နှင့် အတူ ကျိန်စာပြယ်သွားခဲ့ပြီ။
ဘုရားပေးလက်ဆောင်နှစ် ခုကို အချိန်မီပေါင်းစပ်နိုင်မှု
ကြောင့် မိုးပေါက်တွေ ကျလာခဲ့ပြီ။
''ဟာ . . . မိုးပေါက်တွေ ကျလာတယ်ဟေ့၊
မိုးပေါက်တွေ ကျလာတယ်''
ဝမ်းသာအားရထွက်ပေါ်လာသော
ရွာထဲမှအသံတစ်သံ။ ထို့နောက်မှာ တော့ . . .
''ဟေး . . . မိုးရွာပြီ၊ ငါတို့ရွာ မိုးပြန်ရွာပြီ''
တဖျောက်ဖျောက်ကျလာသော မိုးစက်တွေ
က ပထမ နည်းနည်း ၊
ပြီးတော့ ဖွဲဖွဲ . . .
နောက်ဆုံးမှာ တော့ သည်းသည်းမည်းမည်
း ရွာချလိုက်သော မိုးပွဲကြီးတစ်ခုအ ဖြစ် . . . ။
''ဝေါ . . . ဝေါ . . . ခြိမ်း . . . ဒလိန်း . . . ''
ပလွေသံလေး ကတော့ ယခုထက်တိုင်
ပျံ့လွင့်နေဆဲ။
*
တောတောင်မြေပြင် သောက်ငင်ပြီးသော်
သဲချောင်ဘောင်ဘင် သွင်သွင်စီးလတ္တံ့။
*
( ၃၅ ) 
ဖိုးလက်ဖြူ သေဆုံးခါနီး အချိန်၌ ကျိန်စာနှင့်
ပတ်သက်ပြီး ယက္ခကို ကတ်ပြားခုနှစ် ချပ် ပေးသွား
ခဲ့ပါသည်။ ထိုအထဲမှ နှစ် ချပ်အား ရွေးထုတ်ပြီးချိန်တွင်
ဖိုးလက်ဖြူ သေဆုံးသွားခဲ့သည်။ ထို့အတွက်
ရွေးထုတ်ပေးခဲ့သော ကတ်ပြားနှစ် ချပ်သာ
ပဟေဠိတစ်ပုဒ်အ ဖြစ် ကျန်ရစ်ခဲ့သည်။ ထိုပဟေဠိအား
ခြောက်နှစ် ကြာသည်အထိ ယက္ခ မဖြေရှင်းနိုင်ခဲ့။
ရိုးစစ်နှင့် တွေ့ ဆုံခါနီး အချိန်ပိုင်းရောက်မှသာ ယက္ခ
လက်လျော့ လက်လျော့ခဲ့ပါသည်။
ထို့ကြောင့် ကတ်ပြားခုနှစ် ချပ်လုံးကို
ဖိုးလက်ဖြူ အုတ်ဂူနံရံမှာ ရေး ပေးသွားခဲ့သည်။ အရေး
ကြီး သည်ဆိုသော ကတ်ပြားနှစ် ချပ်ကိုတော့
အုတ်ဂူရှေ့ဘက်နံရံမှာ ရေး သွားခဲ့ပါသည်။
ထိုအကြောင်းအရာများ ကို ယက္ခ
လက်တစ်ဖက်အား ရိုးစစ်ထိကိုင်မိလိုက်စဉ်အချိန်၌
အားလုံး သိရှိခဲ့ခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့်
လည်း ယက္ခရေး သွားခဲ့သော ဇယားကွက်များ ရှိရာဆီ
အမြန်ဆုံးရောက်အောင် သွားနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ယက္ခလက်အားထိကိုင်မိစဉ်
နောက်ထပ်သိလာသည့်အကြောင်းများ ကတော့
သူ့လွယ်အိတ် အား ယက္ခအခန်းတွင်းရှိ
ဘီရိုအပေါ်ဆုံးတွင် ထားခဲ့သည်ဆိုတာနှင့်
ရွာစည်းရိုးတစ်လျှောက် မီးတွေ
တောက်လောင်ခဲ့ရသည့်အကြောင်း ဖြစ်သည်။
အကယ်၍ ယှဉ်ပြို င်စဉ်တွင် သူ ရှုံး
သွားခဲ့ပါက တစ်ရွာလုံးအား မီးလောင်တိုက်သွင်းရန်
သူ့တပည့်များ အား ယက္ခ မှာ ကြားထားခဲ့သည်။ သို့
အတွက်ကြောင့် ယက္ခ သေဆုံးသွားချိန် သူ့တပည့် များ
က တစ်ရွာလုံးအား မီးရှို့  သွားခဲ့ခြင်း ဖြစ်ပါသည်။
ဖြူ လွလွပလွေလေးအား ထိကိုင်မိချိန်တွင်
သိရှိခဲ့သည် ကတော့ -
ဦးသီလလက်တစ်ဖက်အား ဖိုးလက်ဖြူ
ဖြတ်ယူခဲ့ပါသည်။ ထိုလက်မှ လက်ဖျံရိုးကိုယူကာ ယခု
ပုလွေလေးကို ထွင်းလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုပုလွေလေးကို အကြောင်းပြု တိုင်တည်၍ ခုနှစ် ရက်
တိတိ ဥပုဉ်စောင့်ကာ ကိုးချောင်းရွာအား
ကျိန်စာတိုက်ဆိုခြင်းပါပေ။
ပုလွေမှု တ်နေစဉ်တစ်လျှောက်
မျက်ရည်တွေ ဖြို င်ဖြို င်စီးအောင် ရိုးစစ်
ငိုကြွေးခဲ့ရသည်မှာ တော့ . . .
ဖြူ လွလွပုလွေလေးပိုင်ရှင်သည်ကား . . .
ပုလွေလေးအ ဖြစ် ပုံပြောင်းနေရသော
လက်ဖျံရိုးတစ်ချောင်းရဲ့ ပိုင်ရှင်သည်ကား . . . ။
*
ကွေ့ကောက်ချောင်းငယ် စီးရေလျှံမှ
ကိုးချောင်းတည်ရာ ထိုထိုရွာ
ပွင့်လန်းစည်ပင် ဝလင်လိမ့်မည် ။
*
( ၃၆ ) 
''ခင်ဗျားဟာက တယ်ဟုတ်ပါလားဗျ၊
ဗေဒင်တောင် ဟောစားလို့ရတယ်''
''ဗေဒင်တော့ ဘယ်ဟောလို့ရမလဲကွ။ ငါက
အတိတ်ကိုပဲသိတဲ့ဥစ္စာ''
အီလစ်က မျက်လုံးလေးမှေးကျင်းကာ
စဉ်းစားဟန်ပြု ပြီး . . .
''အခု ကျွန်တော်
ခင်ဗျားလက်ကိုကိုင်လိုက်ရင် ကျွန်တော်
့အတိတ်အကြောင်းတွေ အားလုံး ခင်ဗျားသိတယ်ပေါ့''
ရိုးစစ် ခေါင်းကို အသာယမ်းလိုက်ပါသည်။
''ညာဘက်လက်ကိုကိုင်ရင်တော့
သိလိမ့်မယ်။ ကျန်တဲ့နေရာတွေ ကို လာထိရင်တော့
သိမှာ မဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်တစ်ခုလုံးမှာ
ညာဘက်လက်တစ်ဖက်တည်း ဘုရားပေးထားတာလေ။
ကျန်တဲ့အစိတ်အပိုင်းတွေ အားလုံးက သာမန်ပဲ''
''သြော် . . . ဘုရားပေးလက်ဆောင်က
ညာဘက်လက်တစ်ဖက်တည်းပေါ့''
''ဟုတ်တယ်၊ အဲ့ဒီညာဘက်လက်ကပဲ
တခြားသူတွေ ရဲ့ အတိတ်ကိုသိနိုင်တာ''
အီလစ် စဉ်းစားသလို ငြိမ်သွားပြန်သည်။
တစ်စုံတစ်ရာကိုတွေးနေသလိုမျိုး။ တစ်အောင့်ကြာမှ
အဖြေတစ်ခုရလိုက်ဟန်နဲ့ . . .
''ကျွန်တော် မှတ်မိပြီ။ ကျွန်တော်
့အကြောင်းကိုသိချင်လို့ စတွေ့ တုန်းက ခင်ဗျား လက်ဆွဲ
နှုတ်ဆက်တာကိုး ဟုတ်တယ်မလား''
သူ အဖြေမပေးမိ၊ ပြုံး ရုံသာပြုံး
နေလိုက်သည်။ တကယ်မလွယ်တဲ့ကောင်လေးပါပဲ။
''ခင်ဗျားပြောသလိုဆို ဖိုးလက်ဖြူ က
ကျွန်တော် သင်္ချာတော် နေတာကိုသိလို့ ရွာပြင် မောင်း
ထုတ်တာပေါ့ ဟုတ်လား''
''ဟုတ်တယ် . . . မင်းလည်း
ဘုရားပေးလက်ဆောင်တစ်ခု ပိုင်ဆိုင်ထားသူပဲလေ''
''သြော် . . . ''
ရှေ့ခပ်လှမ်းလှမ်းဆီမှ ချောင်းရေစီးသံကို
ကြားနေရသည်။ အဆက်မပြတ် ရွာသွန်းခဲ့သော
မိုးရေတွေ ကြောင့် သူတို့ရဲ့ သဲချောင်းလေးမှာ
မစိုစလောက်လေး ရေတင်နေပါပြီ။ ထိုရေတွေ ကပင်
မြင့်ရာမှနိမ့်ရာသို့ စီးဆင်းနေခြင်း ဖြစ်သည်။
သူလက်ကမ်းလိုက်တော့ အီလစ်က
လက်တွင်းကို တစ်စုံတစ်ရာ ထည့်ပေးပါသည်။
လွယ်အိတ်လေး၊ အမေ့ရဲ့ အသက်ဝိညာဉ်တွေ
ကိန်းအောင်းနေသော လွယ်အိတ်လေး။
''ကျွန်တော် တစ်ခုနားမလည်သေးဘူး''
''ဘာလဲ . . . ''
''ကိုးချောင်းရွာဆိုင်းဘုတ်က တုတ် (၉)
ချောင်းကိစ္စ။ ကျွန်တော် သေချာထပ်ကြည့်ပြီးသွားပြီ။
(၉) ချောင်းက (၉) ချောင်းပဲ''
အီလစ်ပြောမှပင် သတိရလိုက်သည်။
ဟုတ်ပေသားပဲ၊ အီလစ်ကိုရှင်းပြဖို့ ကျန်နေသေးတာပဲ။
''ဒီမှာ ကြည့်''
ပြောပြောဆိုဆို မြေပေါ်မှာ
တုတ်တစ်ချောင်းနှင့် ဆွဲပြလိုက်သည်။ အီလစ်
မရှင်းမလင်း ဖြစ်နေ သော တုတ် (၉) ချောင်းပုစ္ဆာ။
ဓာတ်ပုံ
''တုတ်ဘယ်နှချောင်းရှိလဲ ရေကြည့်လိုက်''
*
( ၃၇ ) 
လွယ်အိတ်လေးကိုကိုင်ကာ ရေစပ်သို့
ဆင်းလာခဲ့သည်။ ချောင်းရေတို့မှာ ကိုးချောင်းရွာ
ချောင်းရိုးအတိုင်း ကွေ့ကာကောက်ကာ စီးဆင်းနေ၏ ။
ချောင်းငယ်လေးစီးဆင်းသွားရာအောက်ပိုင်းကို
တမျှော်တခေါ်ငေးရင်း ရိုးစစ် ရပ်ကြည့်နေမိပါသည်။
တစ်ချိန်က ဦးသီလမျောပါသွားရာ
ချောင်းရိုးလေးပါ။ ဘယ်ဆီဘယ်ဝယ်မသိပေမဲ့
ဒီချောင်းရိုး လေးရဲ့ အဆုံးတစ်နေရာမှာ တော့
ရှိနေပါလိမ့်ဦးမည် ။
ဒူးဆစ်မြု ပ်သည်အထိ ရေထဲသို့
ဆင်းသွားလိုက်ပါသည်။ ပြီးတော့ လွယ်အိတ်ထဲမှ
အမေ့ရဲ့ အရိုးပြာအိုးလေးကိုထုတ်ကာ
အဖုံးဖွင့်လိုက်သည်။ ရင်ထဲမှာ ဝမ်းနည်းမှု တို့
တဆစ်ဆစ် တိုးလာ၏ ။ ပြာအိုးကိုင်ထားသော
လက်တွေ ပင် တုန်ရီလာသလား ထင်ရသည်။
အံကိုကြိတ်ရင်း ပြာတစ်ဆုပ်
နှိုက်ယူလိုက်ပါသည်။ ပြီးတော့
တသွင်သွင်စီးဆင်းနေသော ချောင်းရေပေါ်သို့ . . .
လက်တွင်းမှပြာမှု န်တွေ ဖွဲခနဲ
လွင့်သွားသည်။
လွင့်သွားသော ပြာမှု န်တွေ နှင့် အတူ သူ၏
နှုတ်မှလည်း . . .
''ဒီချောင်းရိုးလေးရဲ့ အဆုံးတစ်နေရာမှာ
တော့ အဖေရှိနေမှာ ပါ။ အမေတို့နှစ် ယောက် အတူတူ
ဆုံခွင့်ရပါစေလို့ သား ဆုတောင်းပေးပါတယ်''
*
( ၃၈ ) 
ဘယ်လိုပင် ရုပ်ပြောင်းရုပ်လွှဲပညာသုံးပြီး
ရုပ်ဖျက်ထားပေမဲ့ အခုတော့ အဖေ့ကို ကျွန်တော်
ရှာတွေ့ ခဲ့ပါပြီ။
ကိုးချောင်းရွာကို
မိုးရွာစေခဲ့တဲ့ပုလွေလေးဟာ အဖေ့ရဲ့ လက်ဖျံကို
သွန်းလုပ်ထားတဲ့ ပုလွေ လေး ဖြစ်မှန်း ကျွန်တော်
သိရှိခဲ့ပါပြီ။
ဘာပဲ ဖြစ် ဖြစ်ပေါ့ အဖေရယ် . . .
အဖေနဲ့ အမေ ဘယ်လိုကွဲကွာသွားမှန်း
ကျွန်တော် မသိပေမဲ့ ကျွန်တော် သိနေတာတစ်ခု
ကတော့ . . .
အဖေ့ကို အမေ တကယ်ချစ်ခဲ့တာပါ။
အဖေနဲ့အတူ နေချင်ခဲ့တာပါ။
အဖေပြန်ရောက်လာမယ့်နေ့ကိုလည်း
တမော့မော့နဲ့ မျှော်နေခဲ့တာပါ။
''အမေ့ရဲ့ အရိုးပြာတွေ အဖေရှိရာအရပ်ဆီ
မျောလွင့်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါ
တယ်''
*
တစ်ခါတုန်းက . . .
ဤလောကကြီးထဲ၌ အဖေရယ်၊ အမေရယ်၊
ကျွန်တော် ရယ် အတူနေခဲ့ဖူးလေသည်။
*
သိုးဆောင်း
မြန်မာစံတော် ချိန် ညဆယ့်တစ်နာရီ
နှစ် ဆယ့်နှစ် မိနစ် ရှိပါပြီခင်ဗျာ။

ထိုကတ်ပြားခုနှစ် ချပ်မှာ မျက်လှည့်ပွဲများ
တွင် အသုံးပြု လေ့ရှိသော ကတ်ပြားများ ဖြစ်ပါသည်။
ပရိသတ်စိတ်တွင်းမျာ မှတ်ထားသော
ဂဏန်းတစ်လုံးကို မျက်လှည့်ဆရာက မှန်အောင်ပြောပြ
နိုင်သည့် နည်းတစ်နည်းလည်း ဖြစ်ပါသည်။
ပြု လုပ်ပုံမှာ . . .
မိတ်တွေ တို့စိတ်ထဲမှာ 1 မှ 100 အတွင်း
ကြို က်ရာဂဏန်းတစ်လုံးကို မှတ်ထားပါ။ 1 ကို
မှတ်လည်း ရပါသည်။ 100 ကို မှတ်လည်း ရပါသည်။
မှတ်ပြီးပြီဆိုလျှင် သင့်စိတ်ထဲမှာ မှတ်ထားသော
ဂဏန်းအား မျက်လှည့်ဆရာက
မှန်အောင်ပြောပြပါလိမ့်မည် ။
ဒါပေမဲ့ သင်တစ်ခုတော့ ပြု လုပ်ပေးရပါမည်
။ မျက်လှည့်ဆရာက သင့်အား ကတ်ပြားခုနှစ် ချပ် ကို
တစ်ချပ်ချင်း ထောင်ပြလိမ့်မည် ။ မျက်လှည့်ဆရာ
ထောင်ပြသော ကတ်တွင် သင့်စိတ်ထဲမှာ
မှတ်ထားသော ဂဏန်းပါသည်ဆိုပါက ခေါင်းညိတ်ပြပါ။
ဒါပဲ ဖြစ်သည်။
လျှို့  ဝှက်ချက်
ပရိသတ်ခေါင်းညိတ်ပြသော ဇယားတွေ ၏
အပေါ်ဆုံးလိုင်း ဘယ်ဘက်အစွန်ဆုံးဂဏန်းကို
ပေါင်းခြင်းဖြင့် အဖြေရမည် ဖြစ်ည်။
ကဒ်ပြားမှာ (၇) ချပ်တိတိ ဖြစ်သည်။
အပေါ်ဆုံးလိုင်း ဘယ်ဘက်အစွန်ဆုံးတွင် ရှိသော
ကိန်းများ မှာ 1, 2, 4, 8, 16, 32, 64 တို့ ဖြစ်သည်။
ဥပမာ . . .
သင့်စိတ်ထဲတွင် (36) ကို
မှတ်ထားသည်ဆိုပါစို့။
(36) ပါသော ကတ်ပြားမှာ ကတ်ပြားနံပါတ်
(၃) နှင့် (၆) တို့ ဖြစ်သည်။ ထိုကတ်ပြားတို့၏
အပေါ်ဆုံးလိုင်း ဘယ်ဘက်အစွန်ဆုံးတွင် ရှိသော
ဂဏန်းမှာ (4) နှင့် (32) ဖြစ်သည်။
ထိုနှစ် ခုကို ပေါင်းရုံပင်။
4 + 32 = 36
ဖိုးလက်ဖြူ မှာ ထိုနည်းကို အသုံးပြု သွားခြင်း
ဖြစ်ပါသည်။ ဖိုးလက်ဖြူ ရွေးပေးခဲ့သော ကတ်ပြား နှစ်
ချပ်မှာ (၂) နှင့် (၄) တို့ ဖြစ်သည်။
၎င်းနည်းကို အီလစ်ကရှာတွေ့ ခဲ့ပြီး
အဖြေထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
မှတ်ချက်။ ။ ကျွန်တော် ဖော်ပြခဲ့သော
'ပစ္စည်းပျောက်ရှာပုံတော် ' နည်းမှာ လည်း လက်တွေ့ 
အသုံးပြု ၍ ရသော နည်းတစ်နည်း ဖြစ်ပါသည်။
အုတ်နံရံကိုဖောက်၍ လမ်းလျှောက်ပြနည်း၊ ပရိသတ်
များ ကို ပဉ္စလက်နည်းသုံး၍ အလိုလို ကစေနည်း။
လက်ထိပ်ဖြု တ်၊ အခေါင်းတွင်းမှ ထွက်နည်းများ ကို
လည်း အလျဉ်းသင့်သလို ဖော်ပြပေးပါဦးမည် ။
စာရေး သူ__
………….
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည်ကို အပိုင်းများ ခွဲပြီး ညစဉ် ( ၇ ) နာရီခွဲအချိန်တိုင်း တင်ဆက်ပေးခဲ့တာ ဒီနေ့မှာ ပြီးဆုံးခဲ့ပါပြီ။ 
မနက်ဖြန် ( ၇ ) နာရီခွဲအချိန်မှာတော့ စာရေးဆရာ ဦးဘုန်း ( ဓာတု ) ရဲ့ ‘လူငယ်အတွေးရသစာစုများ’ ဖြစ်တဲ့ “သော့” လို့ အမည်ပေးထားတဲ့ စာအုပ်ကို ဝန်ဇင်းစာချစ်သူများအတွက် အပိုင်များခွဲပြီး အခန်းဆက်ဆောင်းပါးတွေအဖြစ် ညစဉ် တင်ဆက်ပေးသွားဦးမှာမို့ ဝန်ဇင်းပရိသတ်ကြီးလည်း စောင့်မျှော်ဖတ်ရှု အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ 
…………
"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...

Related Posts