သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁ ) 
...
( က ) 
ခပ်ဝေးဝေးဆီမှ
မှိုင်းပျပျရွာလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက်
ရှိုက်မိသည်။ စိမ်းစိမ်းစိုစို ကင်းမဲ့သော
ကျေးရွာတစ်ရွာပါ။ သစ်ကြီးဝါးကြီးမရှိသည့် အပြင်
နေရောင် ၏ ဝါးမျိုမှု ကြောင့် အငွေ့ပျံနေသည်ဟုပင်
ထင်မြင်မိပါသည်။
သို့ ပေမဲ့လည်း မတတ်နိုင်၊
ရောက်အောင်တော့ သွားရပေဦးမည် ။ ဒုတိယမြောက်
သက်ပြင်း ကိုပြု ရင်း တံလျှပ်ထနေသော မြေပြင်ကို
စိုးစိုးရွံ့ရွံ့ ကြည့်မိ၏ ။ နေပူပူ၊ သဲပူပူ၊ ပြီးတော့
အမိုးအကာ မပါ။ စလွယ်သိုင်းထားသော
လွယ်အိတ်တစ်လုံး၊ ခရီးမိုင်ပေါင်းများ စွာ
မျောရွေ့လျှောက်လှမ်းလာ သည့် ပျော်ကျလုလု
ဖိနပ်တစ်ရန်။
ဒါပါပဲ။
လွယ်အိတ်ကိုပြင်လွယ်ရင်း
သစ်ခြောက်ပင်ကြီးအောက်မှ ခြေတစ်လှမ်း
စတင်လိုက်သည်။ ပြီးတော့ နောက်တစ်လှမ်း။
ရွာနားကိုကပ်လာသည့်တိုင်အောင်
ကျေးရွာကလေးက မယုံကြည်နိုင်စွာ လွန်လွန်ကျူး ကျူး
တိတ်ဆိတ်နေပါ၏ ။ အဝေးကမြင်ရသည်ထက်
အနီးရောက်တော့ ပိုမိုခြောက်ကပ်နေသည်ကို သတိ
ထားမိသည်။ ရွာခြံစည်းရိုးဟု ပြောရမည် ဖြစ်သော
်လည်း လုံခြုံ မှု လုံးဝမရှိသော အုတ်သား အဆွေး
အမြည့် တွေ ပါ။ တချို့နေရာတွေ မှာ လူတစ်ကိုယ်စာ
ပေါက်ပြဲ၍ အထဲတိုးဝင်နိုင်သလို တချို့နေရာတွေ မှာ
အုတ်ချပ်နှစ် ချပ်၊ သုံးချပ် လွတ်နေသည်။
လှည်းတစ်စီးနီးနီးဝင်လို့ရသော ပေါက်ပြဲမှု
များ ကိုလည်း တွေ့ ရ၏ ။ ထိုအရာကိုတော့ ဝါးကပ်
ဆွေးဆွေးတွေ နှင့် ကာရံထားသည်။ လုံခြုံ မှု
လုံးဝကင်းမဲ့သော ရွာခြံစည်းရိုးပါပဲ။
အနီးနားရောက်သည့် တိုင် လူနေကျေးရွာနှင့် ညီမျှသော
ဆူညံမှု ကိုမတွေ့ ။ ထူးခြားဆန်းပြားမှု
အငွေ့အသက်တွေ ဒီရွာမှာ တလူလူ ပျံ့လွင့်နေကြောင်း
ရိပ်စားမိသည်။
သတိထားရမှာ တော့ သေချာပါ၏ ။
ရွာပျက်ကြီးလား၊ ဒါမှမဟုတ်၊ စွန့်ပစ်အံ့ဆဲဆဲ ကျေးရွာ
တစ်ရွာလား။
ရွာတွင်းသို့ ရောက်စဉ်မှာ ပင်
သူ့ယူဆချက်ကို ခိုင်မာစေသည့် သက်သေတစ်ခုကို
ထပ်တွေ့  ရ၏ ။ ရွာမှာ အိမ်ခြေတော် တော် များများ
တွေ့ သော်လည်း လူရိပ်လူခြည် မတွေ့ ရ။ ကျွဲ၊ နွား၊
ခွေး၊ ကြောင် စသော အိမ်မွေးတိရစ္ဆာန်တွေ လည်း
မတွေ့ ။
ဒါပေမဲ့ အိမ်တံခါးတွေ ကိုတော့
ဖွင့်ထားသည်။ အိမ်တွေ မှာ လည်း ဝန်းခြံသဘောမျိုး
ကာရံထား ခြင်းမရှိပါ။ တချို့မှာ တစ်အိမ်နှင့် တစ်အိမ်
ကပ်လျက် ဖြစ်ပြီး တချို့ ကတော့ အတန်ငယ်ဝေးပါ၏ ။
သို့ ပေမဲ့ တူညီတာတစ်ခု ကတော့ ရှိသမျှအိမ်တွေ
အားလုံး ခြောက်သွေ့တိတ်ဆိတ်နေသည်။
ခြေစုံရပ်လျက် ကြည့်နေရာမှ တံတွေ
းတစ်ချက် မျိုမိသည်။
'ရေ . . . '
အလွန်အမင်းကို
ဆာလောင်လျက်ရှိနေသည်။ ခရီးအဝေးကြီး
လျှောက်လှမ်းလာသည့် အတွက် လူကနားချင်ပြီ
ဖြစ်သလို ခန္ဓာကိုယ်က တောင့်တောင့်တတ
ဆာလောင်တာတစ်ခုလည်း ရှိ၏ ။ အဲဒါက ရေဓာတ်ကို
ငတ်ငတ်မွတ်မွတ် တောင့်တနေတာပါပဲ။
သို့ ပေမဲ့ ဤနေရာ၊ ဤပတ်ဝန်းကျင်တွင်
ရေဓာတ်နှင့် တူတာ မတွေ့ ပါ။ တခြားကျေးရွာတွေ လို
ရေအိုး၊ ရေစည်များ အိမ်ဘေးတွင် ချထားသည်ကိုလည်း
မတွေ့ ရ။ လျှောက်နေရင်းနဲ့ ဝေခွဲရခက်သော
လမ်းဆုံတစ်ခုကို ရောက်၍ လာသည်။
သူ့ကို လမ်းနှစ် သွယ်က ဆီးကြို နေ၏ ။
ဘယ်လမ်းက ဆက်လျှောက်ရမလဲ ရပ်တန့်ကာ
စဉ်းစားနေမိသည်။ သို့ ပေမဲ့ မရောက်ဖူးသည့်ရွာပေမို့
ဘယ်လမ်းကဝင်ဝင် ထူးခြားမှု မရှိနိုင်ရကာ
ညာဘက်လမ်းထဲကိုပဲ ချိုးကွေ့ဝင်မိပါသည်။
မြေနီလမ်း ဖြစ်ပေမဲ့ မြေသွားတွေ မှာ
တောင့်တင်းကြံ့ခိုင်ခြင်း မရှိတော့။ ဖုန်အလိပ်လိပ်က
ခြေမျက်စိမြု ပ်အောင် ထူထပ်နေသည်။ လမ်းပေါ်တွင်
ခြေရာအနည်းငယ်တွေ့ သည်ကြောင့် စိတ်
သက်သာရာတော့ ရလိုက်မိသည်။ မကြာခင်က
လျှောက်လှမ်းသွားသော ခြေရာတွေ မို့ ဤရွာတွင်
နေထိုင်သူရှိလောက်ပါသည်။
လမ်းတစ်လျှောက် သစ်ပင်နှင့် တူတာဟူ၍
တစ်တောင်လောက် သစ်ငုတ်တိုပင် မတွေ့ ရ။
သစ်ကြီးဝါးကြီးဆိုလျှင် ဝေးလွန်းပါသည်။ ဤရွာမှာ
ထူးခြားနေတာ ဒါပါပဲ။ လွင်တီးခေါင်ပြင်ကြီးတွင်
ကျေးရွာလာတည်ထားသည်လားဟုပင်
အထင်ရောက်မိသည်။
နဖူးမှခိုတွဲ လာသော ချွေးသီးများ ကို
လက်ဖြင့် ပင့်သုတ်ရင်း
နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။ ဒီအချိန်
ရေတစ်ပေါက်က သူ့အတွက် ကမ္ဘာတစ်ခုမျှ အရေး
ပါနေသည် မဟုတ်ပါလား။
ထိုစဉ်မှာ ပင် အသံတစ်ခုက နားထဲသို့
အမှတ်မထင် တိုးထိလာတော့၏ ။
''နောင် . . . ဝေ . . . ဝေ . . . ''
ကြေးစည်သံ။
ဟုတ်တယ်၊ ကြေးစည်ထုသံ၊ ဝမ်းသာအားရ
အသံထွက်လာရာဘက်ဆီ မျက်လုံးဝေ့ကြည့်
လိုက်တော့ . . .
ခပ်ဝေးဝေးကောင်းကင်တွင်
တလိပ်လိပ်တက်နေသော ဖုန်လုံးများ ကို မြင်ရ၏ ။
ဆူဆူပူပူ လူသံတွေ ကိုလည်း ကြားရသည်။
ဝမ်းသာစိတ်တို့ အတိုင်းမသိ ဖြစ်ထွန်းသွားကာ ခြေကို
သွက်သည် ထက် သွက်အောင် လှမ်းလိုက်မိပါသည်။
ဘာပဲပြောပြော ဤရွာမှာ လူရှိနေတာ သေချာပါသည်။
ခြေမျက်စိမြု ပ်သော ဖုန်တောထဲတွင်
ပူလို့ပူမှန်းပင် မသိတော့။ အပေါ်မှ စီးမိုးလောင်မြို
က်နေ သော နေလုံးကိုလည်း သတိမရ၊ အောက်မှ
အငွေ့တထောင်းထောင်းထနေသော ဖုန်ပူကိုလည်း
သတိမရ။ တလှပ်လှပ်ထနေသော ဝမ်းသာစိတ်တွေ နှင့်
ကြားနေရသော အသံများ ဆီ နီးသထက် နီးအောင်
လျှောက်လှမ်းသွားလိုက်စဉ်မှာ ပဲ . . .
''ဟင် . . . ''
''နောင် . . . ဝေ . . . ဝေ . . . ''
အနီးကပ်ကြားလိုက်ရသော
ကြေးစည်သံတစ်ချက်၊ မျက်နှာချင်းဆိုင်မှ
မြင်လိုက်ရသော လူအုပ်ကြီးတစ်ခု၊ ကြေးစည်သံနှင့်
လူအုပ်ကြီးကြားမှ တအိအိလိုက်ပါလာသော
လှည်းတစ်စီး၊ ထိုလှည်းကို ယောက်ျားလေးများ
ကတွန်း၍ နောက်မှ လူအုပ်ကြီးက ငိုကြီးချက်မဖြင့်
ပါလာကြသည်။
လုံးဝ လွဲမှားစရာမရှိသော
ဖြစ်ရပ်တစ်ခုပါပဲ။
ဘယ်နေရာ၊ ဘယ်ရပ်ဝန်းမှာ မဆို မြင်ရုံနှင့်
သိသာနိုင်ပါသည်။ အသုဘတစ်ခု ချလာတာပါ။
ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိ။
ဆာလောင်ငတ်မွတ်နေသော စိတ်တို့ပင် ခဏတာ
ပျောက်ရှသွား သလို ထင်ရသည်။
အတန်ငယ်လှမ်းသေးပေမဲ့
သေချာမြင်နေရသလို သူ့ကိုလည်း ထိုအထဲမှ လူတချု
ိ့က လှမ်းမြင်နေမည် ဆိုတာ သေချာပါသည်။ သူ
ရှေ့ဆက်မတိုးမိ။ ဟာဆင်းသွားသော စိတ်အစဉ်နဲ့
ရပ်တန့်၍ သာ ကြည့်နေသည်။
သို့ ပေမဲ့ သူရှိရာဆီသို့
အသုဘအလောင်းလှည်း ရောက်မလာပါ။ ထို့အတူ
နောက်မှ ငိုယို လိုက်ပါလာကြသော လူအုပ်ကြီးလည်း
ရောက်မလာခဲ့။ ရပ်ကြည့်နေဆဲမှာ ပင် 'နောင်ဝေဝေ'
အော်မြည် သော ကြေးစည်သံက လမ်းချိုးတစ်ခုထဲသို့
ချိုးကွေ့ဝင်သွားသည်။ ကြေးစည်သံနောက်ကို
အလောင်းတင်တွန်းလှည်းလည်း
မျောရွေ့လိုက်ပါသွား၏ ။
ကြည့်နေရင်းမှာ ပင် ဘာမှန်းမသိသော
ကွဲလွဲမှု တွေ ကို စိတ်ထဲမှာ တစ်ခုပြီးတစ်ခု မြင်လိုက်ရ
သည်။
လူတွေ ၏ မျက်နှာ၊ ပြီးတော့ အသားအရေ၊
ပြောဆိုနေကြသော စကားများ ။
ဝမ်းနည်းသည်ထက်သာလွန်သော ခံစားမှု
တစ်ခုက အားလုံး၏ မျက်နှာတွေ မှာ ပေါ်နေသည်။
အဲဒါက တစ်စုံတစ်ခုကို တောင့်တနေခြင်း၊ လူတိုင်း၏
မျက်နှာတွေ မှာ ရှင်းသန့်ကြည်လင်မှု ကို မတွေ့ ၊ မည်
းညို ခြောက်ကပ်ကာနေသည်။ ပြီးတော့ မျက်လုံးတွေ
မှာ အားပျော့ရီဝေ နေကြ၏ ။
အသားအရေတွေ မှာ ပိုလို့ပင်ဆိုးပါသည်။
မြင်တွေ့ ရသလောက် လူတော် တော် များများ ၏
အသားအရေတွေ က နေလောင်ခံထားရသည်ထက်
သာလွန်ကာ မာတင်းအက်ကွဲလျက် ရှိကြသည်။
ဘာတွေ ဖြစ်နေကြတာလဲ၊ ဒီရွာက ဘယ်လိုရွာလဲ။
စိတ်ထဲမှာ အတွေးတွေ ယောက်
ယက်ခတ်နေပေမဲ့ လူ ကတော့ ညှို့  ငင်မှု
တစ်ခုနောက်ကို အလိုလိုလိုက်သွားမိသည်။ အဲဒါက
လမ်းချိုးတစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသော
လူအုပ်ကြီးနောက်ကို လိုက်သွားမိတာပါပဲ။ အတော်
လိုက်ဝင်သွားပြီးမှ လှမ်းတွေ့ ရသော
နေရာတစ်ခုကိုမြင်ပြီး သဘော ပေါက်လိုက်မိသည်။
ရှေ့မှာ လူတို့၏
နောက်ဆုံးအိမ်ပြန်ချိန်ရပ်ဝန်းလေးက သံဝေဂဆန်ဆန်
သူတို့အားလုံးကို စောင့်ကြို နေ၏ ။
ထိုစဉ်မှာ ပင် ရှေ့ပိုင်းဆီမှ
ဝိုင်းဝန်းအော်ဟစ်လိုက်ကြသော အသံတွေ ကို
ထူးထူးခြားခြား ကြားလိုက်ရသည်။ တကယ့်ကို
ထူးထူးခြားခြားပါပဲ။ ခံပြင်းမှု တို့
ပြည့်နှက်ပေါ်လွင်လွန်းနေသော အမေးစကားသံတစ်ခု။
"နောက်တစ်ခါ လာဦးမလားဟေ့ …"
ယောက်ျားလေးအချို့  မှာ လည်း
သုသာန်အဝင်ဝမှစောင့်ကာ အလောင်းတင်လှည်းကို
ခဲနဲ့ ဝိုင်းပစ်ကြသည်။ ပြီးတော့ တစ်ဆက်တည်း
ဝိုင်းအော်ကြ၏ ။
''နောက်တစ်ခါ လာဦးမလား''
''မလာတော့ဘူး . . . ''
''ရေရှားတယ်လို့ပြောဦးမလား''
''မပြောတော့ဘူး''
''ရေငတ်ပြီး သေကြဦးမလား . . . ''
''မသေတော့ဘူး . . . မသေတော့ပါဘူး''
ထို့နောက်တော့
လိုက်ပါပို့ဆောင်သူအားလုံး အားရပါးရ
အော်ဟစ်ငိုယိုကြပါတော့သည်။ ထူးဆန်းလွန်းသော
စကားတွေ ကြောင့် ကြောင်အ,ကာ သွားမိ၏ ။
ကြည့်နေစဉ်မှာ ပင် လူအချို့က လှည်းပေါ်မှ
အလောင်းကိုချကာ တစ်နေရာသို့ ထမ်းယူသွား
ကြသည်။ အလောင်းသယ်သွားရာနောက်သို့ လူတချု
ိ့လိုက်ပါသွားကြပြီး တချို့ ကတော့ ရပ်၍ သာ
ကျန်ခဲ့ပါသည်။ သူ ကတော့ နောက်ပိုင်းမှာ
ရပ်ငေးနေရာမှ နေရာတစ်ခုဆီသို့ မြွေလိမ်မြွေကောက်
တိုးရွေ့သွားလိုက်သည်။
ဇရပ်လေးတစ်လုံး . . .
သုသာန်၏ အလယ်တည့်တည့်လောက်မှာ
မြင်ရသည်မို့ သူလျှောက်လှမ်းသွားနေခြင်း ဖြစ် သည်။
မူလရပ်နေရာက လူတွေ ကွယ်နေသည်မို့
အလောင်းထမ်းသွားရာနေရာကို မမြင်ရ။ လူတွေ ၏
ပယ်ဖျောက်မရသော ဗီဇတစ်ခုအတိုင်း ထူးဆန်းသော
အသုဘချမှု တစ်ခုကို သူအစအဆုံး မြင်တွေ့ 
ချင်နေသည် မဟုတ်ပါလား။
ဇရပ်လေးဆီရောက်တော့ သူ့ထက်ကြို
ရောက်နှင့် နေသူတစ်ဦးကို အခန့်သားတွေ့ ရ၏ ။
ကလေးငယ်တစ်ဦး အောက်ခြေသံမံတလင်းပေါ်တွင်
တင်ပလ္လင်ခွေထိုင်ကာ တစ်စုံတစ်ရာကို ရေး ခြစ်
နေသည်။ ဇရပ်ပေါ်တက်လာသော သူ့ကို မော့ကြည့်၏
။ ပြီးတော့ ခေါင်းပြန်ငုံ့ကာ လုပ်လက်စအလုပ် ကို
ဆက်လုပ် နေသည်။
ရှိလှမှ အသက်အရွယ်က ဆယ်နှစ် သာသာ
ဒါပေမဲ့ . . .
အုတ်နီခဲချွန်တစ်ခုကိုကိုင်ကာ
အောက်ခြေတွင် တဒေါက်ဒေါက် ရေး ခြစ်နေ၏ ။
ထိုရေး ခြစ်နေ သော အရာများ ကို အမှတ်မထင်
ကြည့်လိုက်မိသည့်အခိုက် . . .
''ဟင် . . . ''
အံ့သြသွားရပါပြီ။
တွက်ချက်နေသည်ကား
ဂျော်မေတြီပုစ္ဆာတစ်ပုဒ်။ ရောက်ဆဲအသက်နှင့်
လုံးဝကွဲလွဲနေသော တွက်ချက်မှု တစ်ခု ဖြစ်သည်။
ဇရပ်အနှံ့အပြားမှာ လည်း အရွယ်နှင့် မလိုက်စွာ ရေး
ခြစ်ထားသော ဂျော်မေတြီပုစ္ဆာများ ၊ ဂဏန်းသင်္ချာများ
ကိုလည်း တွေ့ ရသည်။ မယုံနိုင်စရာပါပဲ။
သူ ကြောင်ငေးသွားရပေမဲ့ ထိုကလေး
ကတော့ သူ့ကို အာရုံရှိမနေပါ။ သူ့ကိုပင်မဟုတ်၊ ဆူပူ
အော်ဟစ်နေကြသော အသုဘချမှု တစ်ခုကိုလည်း
အာရုံမရှိ။
ထိုစဉ်မှာ ပဲ
အလောင်းသယ်သွားရာနေရာတစ်ခုဆီမှ
ငိုယိုအော်ဟစ်သံတွေ တစ်ခဲနက် ထွက် ပေါ်လာသည်။
လှမ်းမျှော်ကြည့်မိတော့
သယ်ဆောင်သွားရာအလောင်းအား မြေမြု ပ်သဂြို
ဟ်နေသည် ကို ဝိုးတဝါး တွေ့ ရသည်။ ပါရမီရှင်လေး
ကတော့ အေးဆေးပါပဲ။ သူပြု လုပ်နေရာ အလုပ်မှလွဲ၍
ကျန်တာကို စိတ်ဝင်စားဟန်မပြ။
ခပ်ဝေးဝေးဆီမှ လူအုပ်ကြီးကို
မျှော်ငေးနေရင်းမှ ခေါင်းကို တဆတ်ဆတ်ယမ်းမိသည်။
လူတွေ သေလျှင် ဘာကြောင့် ငိုကြတာလဲ။
သေလူက
ရယ်အောင်သေမပေးတတ်လို့သာ ဖြစ်ပါလိမ့်မည် ။
ကြည့်နေရင်းနှင့် ပင် အလောင်း မှာ မြေကျသွားသည်။
ပြီးတော့ မြေဖို့သည်။ အလျှံညီးညီး
တောက်လောင်နေသော သော ကမီးများ ကို ကြည့်ရင်း
သက်ပြင်းတစ်ခုကို ခပ်လေးလေး ချမိ၏ ။ ထိုအခိုက်မှာ
ပဲ လိုက်ပို့သူလူအုပ်ကြီးဆီမှ ထူးခြား မှု နောက်တစ်ခုကို
ထပ်တွေ့ ရှိလိုက်ရသည်။ သူတို့
ဘယ်ကိုသွားနေကြတာလဲ . . . ။
ပုံမှန်အားဖြင့်
အလောင်းမြေဖို့သွားပြီဆိုလျှင် လိုက်ပို့သူတွေ မှာ
ပြန်ဖို့သာရှိသည်။ သို့ ပေမဲ့ ယခု မပြန်ကြသေးပါ။
နေရာတစ်ခုဆီသို့ ဆက်လက်
လျှောက်လှမ်းသွားနေကြ၏ ။
သုသာန်က အုတ်တံတိုင်း
လေးဘက်လေးတန် ကာရံထားသော သုသာန် ဖြစ်ပြီး
ဝင်ပေါက် ထွက်ပေါက်မှာ လည်း တစ်ပေါက်တည်း
ဖြစ်၏ ။ ဒါပေမဲ့ လူတွေ သွားနေကြတာက
ထွက်ပေါက်ဆီသို့ မဟုတ်။ သုသာန်၏ အနောက်ဘက်
နံရံတစ်ခုဆီသို့ ဦးတည်ကာ သွားနေခြင်း ဖြစ်သည်။
အမြင်ဆန်းနေသည်မို့
စိတ်ဝင်တစားကြည့်နေစဉ်မှာ ပဲ
အနီးဆုံးရောက်သွားသူမှာ နံရံရှေ့တွင်
ရပ်တန့်လိုက်လေသည်။ ပြီးတော့ တစ်စုံတစ်ရာကို ပြု
လုပ်လိုက်သည်။
''ဟင် . . . ''
အုတ်နံရံမှာ နှစ် ကာလ၏ ပြို လဲမှု ကြောင့်
အင်္ဂတေကွာကာ အုတ်ချပ်တို့ပင် အစီအရီ ပေါ်နေပြီ
ဖြစ်၏ ။ ထိုလူပြု လုပ်လိုက်တာက
စာရွက်ခေါက်တစ်ခုကို အုတ်ချပ်ကြားတွင်
ထိုးညှပ်လိုက်တာပါပဲ။ နောက်မှပါလာသူအားလုံးမှာ
လည်း ထိုအတိုင်းပင် လိုက်လုပ်ကြလေသည်။
ခဏချင်းပင် အုတ်နံရံ၏
နေရာတစ်ကွက်စာမှာ စာရွက်ခေါက်တို့ဖြင့်
ပြည့်သိပ်သွား၏ ။ ထိုအချိန်မှာ တော့
ကြောက်မက်ဖွယ်ကောင်းသော အသံဝါကြီးတစ်ခုက
ဘယ်ကမှန်းမသိ ထွက်ပေါ် လာပါတော့သည်။
''နောက်တစ်ခါ ဒီလို အ ဖြစ်ဆိုးတွေ ထပ်မ
ဖြစ်ပါရစေနဲ့ . . .
ရေရှားပြီး သေပွဲမဝင်ပါရစေနဲ့ . . .
ကျု ပ်တို့ရွာကြီး အရင်ကအတိုင်း
ရာသီဥတုပြန်မှန်ပါစေ''
ကြောက်မက်ဖွယ်ထိုအသံကြီးက
သုသာန်တစ်ဝန်းလုံးကို ဟိန်းသွားသည်။
ထို့နောက်တော့ လိုက်ပါပို့ဆောင်သူအားလုံးမှာ
ကိုယ်လိုရာကိုယ် အော်ဟစ်ကြပါတော့သည်။
''မိုး အမြန်ဆုံးရွာပါတော့''
''ချောင်းတွေ ၊ ကန်တွေ ရေပြည့်ပါတော့''
''ဘုရားသခင်၊ ကျွန်တော် တို့
''ကိုးချောင်းရွာကြီး'' ကို ဆောင်မတော် မူပါ''
''ကျု ပ်တို့တစ်ရွာလုံး
ရေငတ်ပြီးမသေပါရစေနဲ့ . . .''
''ဒီအတိုင်းဆက်သွားရင် အကုန်လုံး
သေရပါတော့မယ်''
ဟိုမှသည်မှ မခံမရပ်နိုင်
အော်ဟစ်လိုက်ကြသော အသံများ ကို နားထောင်ရင်း
ကြက်သီးတို့ ပင် ဖျိုးဖျိုးဖျင်းဖျင်း ထမိ သွားပါသည်။
ကြောက်မက်ဖွယ်ပါပဲ။
ပြီးတော့ . . .
စိတ်ဝင်စားဖို့လည်း
အင်မတန်ကောင်းနေသည်။
*
( ၂ )
''အစ်ကို့နာမည် ရိုးစစ်ပါ''
ကောင်လေးက သူ့ကို မော့ကြည့်၏ ။
''ဟုတ်လား၊ ကျွန်တော် က အီလစ်''
သာမန်ထက်မပိုသော တုံ့ပြန်မှု တစ်ခု
ထွက်ကျလာပါသည်။
''အစ်ကိုက ခရီး သွားပါ''
''ကျွန်တော် ကတော့ ဒီရွာကပဲ''
ပြောပြီး ကောင်လေးက
မတ်တပ်ထရပ်ပါသည်။ ယခုတော့ သုသာန်တွင်းမှာ
မည် သူမျှ ရှိမနေ တော့။ အကုန်လုံး
ထွက်ပေါက်မှတစ်ဆင့် ရွာတွင်းသို့
ပြန်လည်ဝင်ရောက်သွားကြပြီ ဖြစ်သည်။
သုသာန်ကြီးမှာ ခုနက ဘာမှမ ဖြစ်ခဲ့သလို
လေတဟူးဟူး တိုက်ခတ်နေ၏ ။
ကြည့်နေရင်းနှင့် ပင်
ဇကာခုံးတစ်ခုကိုကိုင်ကာ ကောင်လေးက
ဇရပ်ပေါ်မှဆင်းသွားသည်။
ထွက်ခွာသွားရာနောက်ကျောအား ရိုးစစ် ငေးကြည့်ရင်း
မှတ်ချက်တစ်ခုပြု မိသည်။ ဟက်ဟက် ပက်ပက် ပုံစံမျု
ိးကို မတွေ့ ရ။ မျက်နှာသေပြီး အရယ်အပြုံး ရှားပါးမည့် 
ရုပ်လက္ခဏာမျိုး ရှိသည်။
ကောင်လေးက ခုနရွာသားတွေ စက္ကူ
ခေါက်များ ထိုးညှပ်ခဲ့သော နံရံဆီသို့ ဦးတည်ကာ
သွားနေခြင်း ဖြစ်ပါသည်။ ရိုးစစ်ကြည့်နေဆဲမှာ ပင်
ကောင်လေး စက္ကူ ခေါက်များ ကို နံရံမှခွာယူကာ
ဇကာတွင်းသို့ ထည့်နေ၏ ။ ခဏချင်းပင် အုတ်နံရံမှာ
ထိုးညှပ်ထားသော စာရွက်ခေါက်များ ကုန်သွား သည်။
နောက်ဆုံးစာရွက်ခေါက်တစ်ခုအား
ဆွဲယူပြီးချိန်၌ အေးအေးလူလူပင် ဇရပ်ဆီသို့ ပြန်လည်
လျှောက်လှမ်းလာနေ၏ ။ အပေါ်ရောက်တော့
ဇကာကိုချကာ စာရွက်ခေါက်များ ကို
ဖြန့်ကာစီနေသည်။
ရိုးစစ်ကြည့်မိတော့ စာရွက်အများ စုက
တစ်ဖက်ခြမ်းမျာသာ စာပါပြီး တစ်ဖက်က ဗလာ
ဖြစ်သည်။ ဘာတွေ ရေး ထားမှန်းတော့ မသိ။
စာမျက်နှာနှစ် ခုလုံး သုံးထားသော စာရွက်များ လည်း
ရှိ၏ ။
သူ နားမလည်ပါ။ ဘယ်နေရာ
ဘယ်ဒေသမှာ မှလည်း ယခုကဲ့သို့ လုပ်ဆောင်မှု မျိုးကို
မမြင်ဖူး၊ ထို့အတွက်ကြောင့် . . .
''ကောင်လေး . . . ''
မပွင့်တပွင့် သူ့ခေါ်သံကြောင့်
မော့ကြည့်လာသည်။
''အဲဒါ ဘာတွေ လဲ . . . ''
ကောင်လေးရဲ့ မျက်နှာမှာ ခပ်နွမ်းနွမ်းအပြုံး
တစ်ခုကို တွေ့ ရသည်။ ပြီးတော့ လက်ထဲမှာ
ကိုင်ထားသော စာရွက်တစ်ရွက်အား သူ့ဆီထိုးပေးရင်း .
. .
''ရော့ . . . ဖတ်ကြည့်လေ''
ကပျာကယာ ဆွဲယူကြည့်လိုက်တော့ . . .
*

''ခင်ဗျားအတွက်
တကယ်ပဲဝမ်းနည်းပါတယ်။ တမလွန်မှာ ပျော်ရွှင်ပါစေ .
. . ''
ဦးဘသန်း
ကောင်လေးက နောက်တစ်ရွက်
ထပ်ပေးသည်။ ပထမစာရွက်လိုပင်
စာမျက်နှာတစ်ခြမ်းသာ အသုံးပြု ထားသော . . .
ကျေးရွာအတွက်၊ မိသားစုအတွက် ခင်ဗျား
တာဝန်ကျေပါတယ်။ ခင်ဗျား စိုက်ပျိုး ခဲ့တဲ့ သစ်ပင်တွေ ၊
ခင်ဗျားတူးဖော်ခဲ့တဲ့ ရေကန်တွေ ရဲ့ အကျိုးကို မြင်တွေ
့ခွင့်ရမသွားပေမဲ့ ကျွန်တော် ယုံကြည်တယ်။ တစ်ချိန်မှာ
ကျွန်တော် တို့ရွာကြီး ခင်ဗျား ဖြစ်စေချင်သလို
အေးချမ်းသာယာလာမှာ ပါ။ ခင်ဗျား မြင်စေချင်သလို
စိမ်းစိုလန်းဆန်းလာမှာ ပါ။
ဦးပြည့်ဝ ကောင်းရာသုဂတိလားပါစေ . . . ။
ထွန်းဦး
ပြီးတော့ နောက်တစ်ရွက် လက်တွင်းသို့
ရောက်လာပြန်သည်။ ဒီတစ်ရွက် ကတော့ အရှေ့
အနောက် နှစ် မျက်နှာစလုံးကို သုံးထား၏ ။
မိသားစုတစ်ခုက ဦးပြည့်ဝ သေဆုံးသွားခြင်းအပေါ်မှာ
နှမြောတသ လွမ်းဆွတ်ထားခြင်း ဖြစ်သည်။
''ငယ်ငယ်ကတည်းက
ပေါင်းသင်းလာကြပေမဲ့ မပြောင်းလဲတဲ့ နင့်ရဲ့
စိတ်ဓာတ်ကို လေးစားပါတယ်။ ငါတို့
အတူတူကစားခဲ့တာတွေ ၊ စာကျက်ခဲ့တာတွေ ၊
ဘုရားသွားခဲ့တာတွေ အခု
အသက်ခြောက်ဆယ်ကျော်တဲ့အထိ
အောက်မေ့နေတုန်းပဲ။ တစ်ချိန်မှာ ဒီရွာကို အုပ်ချု
ပ်ခွင့်ရချင်တယ်ဆိုတဲ့ နင့်ရဲ့ ဆန္ဒ၊ ငါတို့ရွာကြီး
ကောင်းသည်ထက် ကောင်းအောင်၊
အနီးအနားကျေးရွာတွေ ကြားမှာ ခေါင်းမော့နိုင်အောင်၊
ဆန်ရေစပါး ပေါများ အောင် လုပ်ပေးချင်တယ်ဆိုတဲ့
နင့်ရဲ့ စိတ်ဓာတ်။
ကျောသားရင်သား မခွဲခြားတဲ့ နင့်ရဲ့ အုပ်ချု
ပ်မှု ၊ ဒါတွေ ကို မြင်ရကြားရတိုင်း
မျက်ရည်ဝဲခဲ့ရပါတယ်။ နင့်ရဲ့ အုပ်ချု ပ်မှု အောက်မှာ
နေခွင့်ရတဲ့ ငါ့ကိုယ်ငါလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမဲ့ ငါ
စိတ်မကောင်းပါဘူး။
မိုးခေါင်နေတဲ့ သက္ကရာဇ်တွေ ကို
တိုက်ဖျက်ဖို့ကြိုး စားရင်း နင် သေဆုံးသွားခဲ့ပြီ။
စောင့်နေပါ။ ငါတို့မောင်နှမလည်း
နင့်နောက်လိုက်လာမှာ ပါ။ အခုဆို ငါ့မောင် ဖိုးလူလည်း
နင်သေဆုံးရခြင်းကို သေလုမျောပါး ခံစားနေရတယ်။
ငါတို့လိုက်အလာကို စောင့်နော်။ ပြီးတော့
နင်ချစ်တဲ့ ငါတို့ 'ကိုးချောင်း' ရွာကြီးကို တမလွန်က
စောင့်ရှောက်ပေးနေဦး''
ဒေါ်အေးသင်
စာဆုံးသွား၍ ကျောဖက်ကို
လှန်ကြည့်လိုက်တော့ . . .
''ဟေ့ကောင် ပြည့်ဝ . . .
မင်းသူငယ်ချင်း ဖိုးလူလေကွာ၊ ဘယ်လို
ဖြစ်တာလဲ။ မင်းကို သေမင်းက ဘာလို့
အစောကြီးခေါ်သွားရတာ လဲ။ ငါတော့
သေချိန်မတန်သေးတဲ့ လူသား တစ်ယောက် အတွက်
သေမင်းကို လုံးဝအခဲမကျေဘူးဟေ့။ မင်း ဘာမှမပူနဲ့
သူငယ်ချင်း။ မင်းထားခဲ့တဲ့ ရွာကို ငါတို့
စောင့်ရှောက်မယ်။ ပြီးတော့ မိုးခေါင်လွန်းတဲ့
ငါတို့ရွာကြီး ကျိန်စာပြေဖို့ ငါ အစွမ်းကုန်ကြိုး စားမယ်။
ငါ့ကို ယုံပါကွာ။ မိုးသီးတစ်လုံး ကြွေဖို့
ငါ့အသက်တစ်ချောင်းကို ပေးရင် ပေးရပါစေ၊
ငါပေးရဲတယ်။ ကျေးရွာနဲ့လူမျိုးကိုချစ်စိတ်
မင်းလောက်မပြင်းပေမဲ့ ငါလည်း ငါတို့ရွာသားတွေ
ပူလောင်မှု မျက်ရည် တစ်ခါစီးရတိုင်း
ဆတ်ဆတ်ခါအောင် ရင်နာရပါတယ်။
ငါ့ကိုယုံ။ တစ်ချိန်မှာ ငါတို့ မင်းတို့ရဲ့ ဆန္ဒ
လုံးဝပြည့်ဝရမှာ ပါ။ ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်ကိုတော့
အားဖြည့်ပေးနော်''
မင်းရဲ့ သူငယ်ချင်း
ဖိုးလူ
လက်ထဲမှစာရွက်ကို တမေ့တမောကိုင်ရင်း
ကြောင်ငေးသွားမိသည်။ စာပါအဓိပ္ပာယ်တွေ ကို
နားမလည်ပါချေ။ အတန်ငယ် ငြိမ်သက်သွားပြီးမှ
လက်ထဲမှစာရွက်ကိုချရင်း တစ်ရွက်ကောက်ကိုင်
လိုက်သည်။
''ဦးအတွက် ကျွန်တော် တို့
စိတ်မကောင်းပါဘူး။ ခြောက်နှစ် တာ အုပ်ချု ပ်ခဲ့တဲ့
ဦးကို ကျွန်တော့် နည်းတူ တစ်ရွာလုံးလည်း
ဝမ်းနည်းမဆုံး ဖြစ်နေကြမှာ ပါ။ စိတ်ချပါ၊ ဦးနေရာကို
အစားထိုးအုပ်ချု ပ်မဲ့ ဦးယုဝကိုလည်း ကျွန်တော်
တို့အားလုံး ရိုသေမယ်။
ဘာပဲ ဖြစ် ဖြစ် ကျွန်တော် တို့တွေ
ဒီကိုးချောင်းရွာကြီးကို ကာကွယ်မယ်လို့
ကတိပေးပါတယ်''
(ကိုးချောင်းရွာ ကာလသားများ အဖွဲ့)
လက်တွင်းသို့ နောက်တစ်ရွက်
ထပ်ရောက်လာပြန်သည်။ ဒီစာရွက် ကတော့
အုတ်နီကြမ်းတွေ ပေနေသဖြင့် ခါကာ ဖတ်ရသည်။
''ယက္ခတို့အဖွဲ့ ကတော့ ကျေနပ်နေမှာ
သေချာတယ်။ ရွာကို သူတို့ ခြယ်လှယ်ချင်တိုင်း
ခြယ်လှယ်လို့ရပြီလေ။ သေချာတာ ကတော့ ဦးမရှိရင်
ရွာပိုင်ရေလှောင်ကန်ထဲကရေကို သူတို့သိသလောက်
တောင်ြး ကတော့မှာ ပဲ။
ဘယ်လိုလုပ်ကြမလဲ။
အမှန်က ဦးအစား ယက္ခတို့အဖွဲ့ သေရမှာ
ဗျ''
ဖိုးစည်
စာဆုံးသွားသည့်နောက်မှာ တော့
အသက်ကို ပြင်းပြင်းရှူ ရင်း ငြိမ်သက်သွားမိသည်။ သို့
ပေမဲ့ လည်း လူတို့၏ သဘာဝ အတိုင်း သိချင်မှု ကို
အတောမသတ်နိုင်သဖြင့် နောက်တစ်ရွက် ထပ်ကိုင်မိ
ပါ၏ ။
ထိုစာရွက် ကတော့ . . .
''ခင်ဗျား မြန်မြန်သေတာပဲ
ကောင်းပါတယ်ဗျာ။ တကယ်တော့ ခင်ဗျားက
ကျွန်တော် တို့လို အုပ်ချု ပ်တဲ့လူ မဟုတ်ဘူး။
အနိုင်ကျင့်တဲ့လူဗျ။ ဦးသီလသေသွားတာ ခြောက်နှစ်
ရှိနေပြီ။ ဒါပေမဲ့ ကျု ပ်တို့ရွာကို မိုးရွာအောင် ခင်ဗျား
အခုချိန်ထိ မစွမ်းဆောင်နိုင်ဘူး။ ကျု ပ်တို့ကိုကျတော့
နေ့တိုင်း ရေခပ်ခိုင်းတယ်။ သောက်ရေကိုကျ ခွဲတမ်းနဲ့
ပြန်ခွဲပေးတယ်။
ခင်ဗျားအုပ်ချု ပ်မှ ကျု ပ်တို့မှာ ရေတောင်
ဝဝလင်လင် မသောက်ရဘူး။ ဒီကြားထဲ ယက္ခတို့
အတွက် ရေကို တစ်လနှစ် ခါလောက်
ပုံမှန်ခွဲပေးနေရသေးတယ်။ ခွဲပေးရမှာ ပေါ့ . . .
ခင်ဗျားမှ ယက္ခကို မယှဉ်နိုင်ပဲ။
ခင်ဗျားတတ်ထားတဲ့ ပညာတွေ ကိုတော့
နှမြောတယ်။
ဒါပေမဲ့ မြန်မြန်သေတာပဲ
ကောင်းပါတယ်ဗျာ''
စိန်လှ
နောက်တစ်ရွက်လည်း
ဆက်မဖတ်ချင်တော့။ ဒီရွာအကြောင်း
ဘာမှမသိသေးပေမဲ့ ဖတ်လိုက် ရသော စာတွေ အရ
သာမန်ကျေးရွာတစ်ရွာ၏ ဖြစ်တည်မှု ထက်
ထူးခြားနေတာတော့ သေချာသည်။ ပြီးတော့
စိတ်ဝင်စားဖို့ ကောင်းနေသည်မှာ လည်း ဆိုဖွယ်ရာမရှိ။
လက်ထဲမှ စာရွက်ကိုချရင်း အီလစ်ဟူသော
ကောင်လေးကို စူးစူးစိုက်စိုက်ကြည့်ကာ . . .
''အခု သေသွားတာ ဒီရွာရဲ့ လူကြီးလား''
''ဟုတ်တယ်။ ကျွန်တော် တို့
အခေါ်အရတော့ ရွာသူကြီးပေါ့''
ကောင်လေးက စာရွက်များ ကို
တစ်ပုံစီပုံနေရာမှ အဖြေပေးသည်။
''အခုလို စာတွေ ရေး ပြီး သုသာန်နံရံမှာ
သွားညှပ်ကြတာကရော ဘာသဘောလဲကွ . . . ''
မရှင်းမလင်း ဖြစ်နေသော ကိစ္စကို
ခပ်သွက်သွက်ပင် မေးလိုက်သည်။ ရိုးစစ်အမေးကို
ကြား တော့ ကောင်လေးက လိုလိုချင်ချင် ပြုံး ၏ ။
''ဒါ . . . ဟောဒီကျေးရွာရဲ့ ထုံးစံတစ်ခုပေါ့။
လူ တစ်ယောက် သေဆုံးတာနဲ့ အသုဘချတဲ့နေ့မှာ
အခုလိုပဲ သေဆုံးသူအတွက် ဝမ်းနည်းစာတွေ ရေး ပြီး
သုသာန်နံရံမှာ ထိုးညှပ်ကြတယ်။ ဘယ်
ကတည်းကလုပ်ခဲ့တဲ့ အစဉ်အလာလည်းတော့ မသိဘူး''
ရိုးစစ် မျက်မှော င်ကြု တ်မိ သွားပါသည်။
ကြားရသည့်စကားတွေ က ထူးဆန်းနေသည် မဟုတ်ပါ
လား။
''ခင်ဗျားလည်း ဖတ်ကြည့်ပြီးသွားပြီပဲ။
ဘယ်လိုလဲ။ ကျွန်တော် ပြောတာ ဟုတ်ရဲ့ လား''
''ဟုတ်တော့ဟုတ်တယ်။ ဒါပေမဲ့ ငါ
ဖတ်ကြည့်ရသလောက်တော့ ဝမ်းနည်းစာကြီးပဲ မဟုတ်
သလိုပဲ''
အီလစ် နောက်တစ်ကြိမ် ထပ်ပြုံး သည်။
ဘာမျှတော့မပြော။
''ဒါ သူကြီးသေသွားလို့ ဝမ်းနည်းစာတွေ
ဒီလောက်များ တာပါ။ သာမန်ရွာသားတစ်ဦးဆိုရင်
တော့ ဝမ်းနည်းစာ နည်းနည်း ပါပဲ''
စာရွက်ခေါက်တွေ ဖြန့်ကာစီနေသော
ကောင်လေးကိုကြည့်ပြီး မေးမိသည်။
''မင်းကရော ဒီစာရွက်တွေ ကို
ဘာလို့စီနေတာလဲ''
''သင်္ချာတွက်ဖို့လေ''
ထိုစကားကြားရတော့ ဇရပ်ပတ်ဝန်းကျင်ကို
နောက်တစ်ကြိမ် ထပ်ကြည့်မိသည်။ တကယ်
ဟုတ်လောက်၏ ။ ဇရပ်ကြမ်းပြင်နှင့် နံရံတို့မှာ
မညီမညာရေး ခြစ်ထားသော တွက်ချက်မှု ဂဏန်းတွေ
က သက်သေခံနေသည် မဟုတ်ပါလား။
တစ်စုံတစ်ရာမေးမည့် ဟန်ပြင်ပြီးမှ မမေး ဖြစ်ဘဲ
တံတွေးကိုသာ မျိုချမိသည်။
လည်ချောင်းတစ်လျှောက်
ပူကာဆင်းသွား၏ ။ ထိုအခါမှ ခန္ဓာကိုယ်က
ရေတစ်ပေါက်ကို လှိုက်လှိုက်မောမော တောင့်တနေဆဲ
ဖြစ်ကြောင်း သတိပြန်ဝင်သွားသည်ကြောင့် . . .
''ကောင်လေး . . . ဒီနားမှာ
ရေလေးတစ်ခွက်လောက် မရနိုင်ဘူးလား''
သူ့စကားကြောင့် အီလစ်မှာ
ဟက်ဟက်ပက်ပက် ရယ်ပါ၏ ။
''ရေ . . . ဟုတ်လား၊ အဟက် . . . ဟား ဟား
. . . ဟား ခင်ဗျား တော် တော် ရယ်ရတဲ့လူပဲ။ ခုန
အသုဘလိုက်ပို့တဲ့လူတွေ ဝိုင်းအော်ကြတဲ့စကားတွေ
ကို မကြားဘူးလား''
ရိုးစစ် မျက်မှော င်ကုတ်မိသွားတော့ . . .
''ရေရှားတယ်လို့ ပြောဦးမလား၊ ရေငတ်ပြီး
သေကြဦးမလား ဆိုတာလေ''
ရိုးစစ် မှတ်မိသလို
ခေါင်းညိတ်ပြလိုက်သည်။
''ဒီရွာမှာ မိုးမရွာတာ ခြောက်နှစ် ရှိပြီ''
''ဟေ . . . ''
''ဟုတ်တယ်၊ မိုးမရွာတာ ခြောက်နှစ်
ရှိသွားပြီ''
ချက်ချင်း ပဲ ခုနဖတ်လိုက်ရသော
စာသားတစ်ရပ်ကို သတိရမိပါသည်။ ဖတ်တုန်း ကတော့
မယုံ တစ်ဝက်၊ ယုံတစ်ဝက်၊ ကျိန်စာတွေ ၊
မိုးခေါင်တာတွေ ကို ဖတ်သာဖတ်လိုက်ရတယ်။
သိပ်မယုံချင်၊ နားလည်း နားမလည်၊ ဒါပေမဲ့ . . .
''ဘာ ဖြစ်လို့လဲ''
''ကျိန်စာအတိုက်ခံထားရလို့''
စာထဲမှာ သိထားပြီးသား ဖြစ်ပေမဲ့
သူပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ အံ့သြတကြီး
ဖြစ်သွားသော သူ့ပုံစံကိုကြည့်၍ ကောင်လေးက . . .
''ကဲပါ၊ ဒါတွေ ထားလိုက်ပါ။
အခုလောလောဆယ် ခင်ဗျား ရေဆာပြေဖို့ ကျွန်တော်
ကူညီပေး ပါ့မယ်''
ပြောပြောဆိုဆို ကောင်လေးက
ဇရပ်တစ်နေရာကို လျှောက်လှမ်းသွားသည်။
ထိုနေရာမှာ ကောင်လေး၏ တိုလီမိုလီပစ္စည်းများ
ထားရှိရာနေရာ ဖြစ်နိုင်ပါသည်။ စာအုပ်အဟောင်းတွေ
၊ ရေဘူးခွံ တွေ ၊ ပန်းကန်ခွက်ယောက်
အစုတ်အပြတ်တွေ ၊ အဝတ်အစား အဟောင်းအမြည်
့တွေ ၊ မီးသွေးခဲ အတို အစတွေ စုံကာနေ၏ ။
ထိုအထဲကမှ ကောင်လေးက
ဘူးသီးခြောက်တစ်လုံးကို ဆွဲထုတ်လာပြီး . . .
''ရော့ . . . ခင်ဗျား တစ်ယောက် စာတော့
ရမှာ ပါ''
ဘူးသီးကို အူတိုင်နွှာ အခြောက်ခံထားသော
ကျေးလက်ရေဘူးတစ်မျိုး ဖြစ်သည်။ အဖုံး
ဖွင့်ကြည့်လိုက်တော့ လက်နှစ်
ဆစ်ပမာဏလောက်သော ရေထုထည်တစ်ခုကို
တလှုပ်လှုပ် တွေ့ ရ သည်။ ရိုးစစ် အငမ်းမရ
မော့ချလိုက်တော့ . . .
''ဖြည်းဖြည်းသောက်ဗျ . . . သီးနေဦးမယ်''
အူလမ်းကြောင်းတစ်လျှောက်
အေးမြသက်ဆင်းသွားသည်။
စေတနာရှင်ကောင်လေးက နံဘေးတွင် ရပ်ကာ
ငတ်ငတ်မွတ်မွတ် သောက်နေသော သူ့ပုံစံကိုကြည့်ရင်း
. . .
''ဗိုက်ရောဆာနေသေးလား . . .
ဗိုက်ဆာရင်တော့ ကျွန်တော့် မှာ စားစရာမရှိတော့ဘူး''
''ရပါတယ်''
ဘူးသီးခြောက်ကိုချကာ အဖြေပြန်ပေးတော့
ကောင်လေးက ခေါင်းတစ်ချက် ညိတ်သည်။ ရေ
အဝသောက်လိုက်ရသည်ကြောင့် လား မသိ၊ မျက်ခွံတို့
လေးလံလာသည် ထင်မိသည်။ ခရီးပင်ပန်းမှု ၊
မောဟိုက်နွမ်းနယ်မှု တွေ နှင့် လူက ချက်ချင်း ဆိုသလို
ထုံထုံထိုင်းထိုင်း ဖြစ်သွား၏ ။
ဒါကို ကောင်လေးက ရိပ်မိသည်ထင်သည်။
''ခရီးပမ်းလာတာပဲဗျာ၊
ခဏလောက်အိပ်လိုက်ပါလား၊ အားပြန်ပြည့်တာပေါ့''
ရိုးစစ် ခေါင်းညိတ်မိလိုက်သလား မသိ။
ဒါပေမဲ့ ကောင်လေးအကြောင်းကိုလည်း ယခုထက်
ပိုသိချင်နေသေးသည်။ ထို့အတွက်ကြောင့်
''အခုလို ကူညီတာ ကျေးဇူးအများ ကြီး
တင်ပါတယ်ကွာ''
ပြောပြောဆိုဆို ကောင်လေးရှေ့သို့
လက်ထိုးပေးတော့ . . .
''ရပါတယ်''
လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သော
အထိအတွေ့ တစ်ခုအောက်မှာ . . .
ခဏတာ လွင့်မျောသွားသည် ထင်မိသည်။
ပြီးတော့မှ . . .
''သြော် . . . ''
*
( ၃ ) 
လွယ်အိတ်ကို ခေါင်းအုံးအိပ်နေရာမှ
ဆတ်ခနဲ နိုးလာတော့ နေရောင် က
သူအိပ်ပျော်ရာအရပ် ကို ထိုးကျနှုတ်ဆက်နေပါပြီ။
နားထဲမှာ လည်း တံမြက်စည်းလှည်းသံ တရှပ်ရှပ်ကို
ကြားရသည်ကြောင့် ထထိုင်လိုက်တော့ . . .
''ချလွမ် . . . ''
ခြေထောက်က သံပန်းကန်တစ်ချပ်ကို
အမှတ်မထင် သွားတိုက်မိ၏ ။ ထိုအသံကြောင့် တံမြက်
စည်းလှည်းသံ ရပ်သွားပြီး . . .
''နိုးပြီလားဗျ . . . ''
ကြားဖူးထားသော အသံတစ်ခုက
နားထဲတိုးဝင်လာသည်။
''အေးကွာ . . . နိုးပြီ''
ပြန်လည်အဖြေပေးရင်း နေရောင် ဝါဝါ
ထိုးကျနေသော ပတ်ဝန်းကျင်ကို မယုံသလို ဝေ့ဝဲကြည့်မိ
တော့ . . .
''ဘာလဲ . . . နေ့တစ်ဝက်နဲ့
တစ်ညလုံးအိပ်ပျော်သွားလို့ ကိုယ့်ကိုယ်ကိုယ်
အံ့သြနေတာလား''
ကြားရသော စကားကြောင့် ဝေဝေဝါးဝါး
ဖြစ်နေသော မျက်လုံးတို့ ပြူး ကျယ်သွား၏ ။ ကိုယ့်
ကိုယ်ကိုယ်လည်း မယုံမရဲ ဖြစ်သွားကာ . . .
''ငါ တကယ် အဲလောက်ထိ
အိပ်ပျော်သွားတာလား''
''ဟုတ်တယ်လေ . . . ၊ မိုးလင်းပြီးလို့ ဟိုမှာ
နေတောင်ထွက်နေပြီ''
တကယ်လည်း နေလုံးနီနီက ထွက်ပြူ
စပင်ရှိသေးတာမို့ မယုံမကြည် ဖြစ်မိပေမဲ့
လက်ခံလိုက်ရ တော့၏ ။ လမ်းခရီး၏ ပင်ပန်းမှု
ဒဏ်တွေ ကို အိပ်စက်ခြင်းနှင့် ကုစားလိုက်ရသည်
မဟုတ်ပါလား။ ယခုမှ လူက အနည်းငယ်ပေါ့ပါးကာ
စိတ်လက်ကြည်လင်လာသလို ရှိသည်။
''ဟိုမှာ ခင်ဗျား မျက်နှာသစ်ဖို့
ရေယူလာတယ်''
ညွှန်ပြရာဆီကြည့်မိတော့ ရေအပြည့်နှင့်
ခွက်နှစ် ခွက်ကို တွေ့ ရသည်။ ထိုရေနှစ် ခွက်အား
ကြည့်ရင်း အနည်းငယ် တွေ ဝေမိ သွားပါသည်။
မနေ့က သောက်ရေပင် အနိုင်နိုင် ဖြစ်သော ဇရပ်က
ယခု ခွက်ပြည့်နှစ် ခွက်ဆိုတော့ . . .
''ဒီရေတွေ က . . . ''
တစ်ဝက်တစ်ပျက်နှင့် ရပ်သွားပေမဲ့
ကောင်လေးက သဘောပေါက်သလို . . .
''ဟိုးတောင်ထိပ်က တဲဝိုင်းဝိုင်းလေးကိုတွေ
့လား''
လက်ညှိုး ညွှန်ရာ လှမ်းမျှော်ကြည့်မိတော့
နုသစ်စနေရောင် အောက်မှာ တစ်လုံးတည်းရှိနေ သော
တဲပုပုဝိုင်းဝိုင်းလေးကို တွေ့ ရသည်။
တောင်ကုန်းမြင့်ပေါ်မှာ ထိုတဲအိမ်တစ်လုံးမှလွဲပြီး
ကျန်သည့် အဆောက်အဦးများ ကို မတွေ့ ရ။
ဆောက်လုပ်ထားသော အချိန် ကြာမြင့်ပြီး ဖြစ်ကြောင်း
အိုဟောင်းကျွတ်ဆပ်နေသော တိုက်အိမ်လေးကို
ကြည့်ရင်း တွေးမိသည်။
သို့ ပေမဲ့ ဘာကြောင့် မှန်းမသိ ကြည့်ရတာ
တစ်ခုခု ဆန်းကြယ်နေသည်။
''ဒီရေတွေ အဲဒီ အိမ်ကယူလာတာ''
''အဲဒီ မှာ ရေပေါတယ်ပေါ့''
''အင်း . . . ဆိုပါတော့ . . . ''
သိပ်တော့ နားမလည်ပါချေ။
တောင်ကုန်းမြင့်ပေါ်သွားပြီး ရေပေါရသည်တဲ့။ သူ
နားမလည် ပေမဲ့ ကောင်လေး ကတော့ တံမြက်စည်း
ဆက်လှဲနေသည်။ ထို့ကြောင့် သူလည်း ထိုင်ရာမှထကာ
ရေနှစ် ခွက်ရှိရာဆီ သွားလိုက်သည်။
အနီးကပ်ကြည့်မိတော့ ရေမှာ
အကြည်လင်ကြီးမဟုတ်ပေမဲ့ စိမ်းလဲ့လဲ့ ရှိနေပါသည်။
တစ်ငုံ ငုံကြည့်လိုက်တော့
ပေါ့ရွှတ်ရွှတ်အရသာကို ခံစားရ၏ ။ ကိစ္စမရှိပါ။ သူ
မော့သောက်ပစ် လိုက်ပါသည်။ ပြီးတော့မှ
မျက်နှာသစ်ခြင်းအမှု ကို ပြု သည်။ ပြီးဆုံးသွားစဉ်မှာ ပဲ
ရပ်ကြည့်နေပုံရသော ကောင်လေးက . . .
''ပြီးရင် သွားရအောင်''
''ဘယ်ကိုလဲ''
ရိုးစစ် ကြောင်တောင်တောင်ဖြင့်
ပြန်မေးလိုက်တော့ . . .
''ခင်ဗျားကို သူကြီးအိမ်လိုက်ပို့ပေးမလို့''
''သူကြီးအိမ် . . . ''
သံယောင်လိုက်သွားမိကာ မျက်လုံးတွင်းမှာ
လည်း မနေ့က အသုဘတစ်ခုကို ပြေးမြင်မိသွား
သည်ကြောင့် . . .
''သူကြီးက မနေ့ကပဲ အသုဘချလိုက်ပြီ
မဟုတ်ဘူးလား''
''ဟုတ်တယ်လေ၊ ဒါပေမဲ့ သူ့ညီ
ကျန်ခဲ့တယ်။ ခင်ဗျားကို သူ့ညီဆီလိုက်ပို့ပေးမှာ ''
''ဘာလုပ်ဖို့လဲ''
ကောင်လေးက သူ့ကို သေချာကြည့်၏ ။
''ခင်ဗျား ဗိုက်မဆာဘူးလား''
ထိုအခါမှ သတိရသွား၏ ။ ဟုတ်သားပဲ။ သူ
ထမင်းမစားရတာ ရက်ပေါင်းတော် တော် ကြာနေ ပြီ။
ပါလာသော ရိက္ခာ ပြတ်သွားချိန်မှာ အဆင်ပြေတာကို
စားသောက်ရင်း ခရီးဆက်လာရသည် မဟုတ်ပါလား။
ဆက်ရမဲ့ခရီးက ဘယ်ဆီဘယ်ဝယ်မှန်း
မသိသေး။ ခန္ဓာကိုယ်အတွက် အာဟာရတစ်ခုခုတော့
ဖြည့်တင်းပေးမှ ဖြစ်ပေမည် ။ ရေပဲရှိသည့်ခန္ဓာကိုယ်က
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ သူ ဆုံးဖြတ်ဖို့
မတတ်နိုင်သည်လေ။
''လိုက်ခဲ့ပါ၊ ကျွန်တော် တို့ရွာက
ဧည့်သည်တွေ အပေါ်မှာ တာဝန် အမြဲကျေပါတယ်''
ပြောပြောဆိုဆို ကောင်လေးက
လက်ခေါက်တစ်ချက်အား အသံရှည်ဆွဲကာ မှု
တ်လိုက်သည်။
''ရွှီး . . . ''
လက်ခေါက်သံက သုသာန်တွင်းမှတစ်ဆင့်
လေဆောင်ရာကို မျောပါသွား၏ ။
....... 
သိုးဆောင်း၏ "ပဉ္စလက်ရွာ" အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၂ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက်တင်ဆက်ပေးသွားပါမည်။  စိတ်ဝင်စားဖွယ်ကောင်းသော "ပဉ္စလက်ရွာ" အခန်းဆက်ဝတ္ထုရှည်ကို တနင်္လာနေ့မှ တနင်္ဂနွေနေ့ထိ၊ နေ့စဉ် ည ( ၇ ) နာရီခွဲ အချိန်တိုင်းတွင် ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။

Related Posts