သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၉ ) [အခန်းဆက်ဝတ္ထုရှည်]


ပဉ္စလက်ရွာ အပိုင်း ( ၉) [အခန်းဆက်ဝတ္ထုရှည်]

အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၉ )
…..
( ၂၂ ) 
ထိုနေ့ညက ဆရာတော် ဘုန်းကြီး
ပြန်သွားပြီးသည့်တိုင်အောင် ရိုးစစ် အကြာကြီး
ဆက်ထိုင် နေမိသည်။
သုံးပုံပဟေဠိပေါ်ဖို့အချိန်
နီးကပ်လာနေပြီတဲ့။
ဟိုးရှေးရှေးတုန်းက သက်တော်
ရှည်ဘုန်းကြီး ပြောခဲ့တဲ့အတိုင်း ကိုးချောင်းရွာကြီး
အသစ်က ပြန်စတော့မှာ လား။
ကျိန်စာပြယ်ပြီး မိုးပြန်ရွာတော့မှာ လား။
သူ့အထင်တော့ သုံးပုံပဟေဠိနဲ့ ကျိန်စာမှာ
သပ်သပ်စီပင် ဖြစ်ပါလိမ့်မည် ။ အဘယ့်ကြောင့် ဆို
သော် သက်တော် ရှည်ဘုန်းကြီးကိုယ်တိုင် ရေး
သွားခဲ့သည်ဆိုသော တပေါင်ကြောင့် ။
တပေါင်အရ
သုံးပုံပဟေဠိပေါ်ပြီးသည့်နောက်မှာ ချက်ချင်း
မိုးပြန်ရွာမည် ဟု ရေး မထား။ ကြား ထဲတွင်
စာသုံးကြောင်းတိတိ ကျန်သေးသည်။
ထိုစာသုံးကြောင်းမှာ ဘာကိုဆိုလိုတာလဲ။ တွေးကြည့်
ရသလောက်တော့ ထိုစာသုံးကြောင်းမှာ ကျိန်စာနှင့်
ပတ်သက်နေပါလိမ့်မည် ။ ကျိန်စာပြယ်အောင် ကြိုး
စားသူတွေ လုပ်ဆောင်ရမည့်  အကြောင်းအရာတွေ
ပင် ဖြစ်ပါလိမ့်မည် ။
သုံးပုံပဟေဠိလည်းပေါ်ပြီ၊
ကျိန်စာလည်းပြယ်ပြီဆိုတော့ တပေါင်မှာ
ဆိုထားသည့်အတိုင်း မိုး ပြန်ရွာမှာ ပါ။
သုံးပုံပဟေဠိပေါ်ရန်အတွက်တော့
ကျောင်းမှဘုန်းကြီးတွေ နေ့မနားညမနား ကြိုး
စားနေကြပြီ။ ဒါဆို ကျိန်စာပြယ်ရန်အတွက်
ဘာလုပ်ရမှာ လဲ။
တပေါင်မှ စာသုံးကြောင်းမှာ ကျိန်စာနှင့်
ဘယ်လိုပတ်သက်နေတာလဲ။
တောက်ရှူး စုန်းမီး ကြွေလိမ့်မည် ။
အလျှံညီးညီး မီးတောက်လိမ့်မည် ။
ဘုရားပေးလက်ဆောင် နှစ် ခုပေါင်းမှ
. . . မိုးသီးကြွေလတ္တံ့။
*
ကျိန်စာဆိုတာ . . .
ကိုယ်ပြု လုပ်ခဲ့သော ကောင်းမှု ၊ မကောင်းမှု
တစ်စုံတစ်ရာကို အကြောင်းပြု ပြီး
တိုင်တည်ရွတ်ဆိုသော သစ္စာတစ်ပုဒ် ဖြစ်၏ ။
ရှေးဘုရင်တွေ လက်ထက်၌ ကျိန်စာ တိုက်ဆိုမှု အများ
ဆုံး ဖြစ်ကြောင်း တွေ့ ရသည်။ ဘုရား၊ ကျောင်း၊ ကန်
ဆောက်လုပ် လှူ ဒါန်းသည်။ ထိုအလှူ ကို အကြောင်းပြု
ပြီး ကောင်းမှု ကဗ္ပည်းကျောက်စာ ရေး ထိုး သည်။
ကဗ္ပည်းကျောက်စာ၌ ပြု လုပ်ခဲ့သော
ကောင်းမှု ကုသိုလ်ကိုရည်စူး၍ 'ဆုတောင်းစာ' ပါ၏ ။
'ဆုတောင်းစာ' ရဲ့ အောက်မှာ ထိုအလှူ ကို
ဖျက်ဆီးသူတို့အတွက် . . .
'ဘာ ဖြစ်ပါစေ' ဟူသော ကျိန်စာပါ တွဲ
လျက်ပါရှိသည်။
*
ထို့ကြောင့် ကျိန်စာတိုက်သည်ဆိုရာ၌
အကြောင်းမဲ့ တိုက်လို့မရ။
ကိုယ်တိုင်ပြု လုပ်ခဲ့သော ကောင်းမှု ၊
မကောင်းမှု တစ်စုံတစ်ရာ ရှိရမည် ။ ထို အရာကို
တိုင်တည်အကြောင်းပြု ပြီးတော့မှ သစ္စာပြု
ကျိန်ဆိုနိုင်မည် ။
ကျိန်စာပြယ်ဖို့ဆိုလျှင်တော့ . . .
ဖိုးလက်ဖြူ ဘာကိုအကြောင်းပြု
တိုင်တည်ပြီး ကျိန်စာတိုက်သွားခဲ့တာလဲ သိအောင်
လုပ်ရပေမည် ။ ရှင်းအောင်ပြောပါရစေ။
'ဒါကိုပြု လုပ်ခဲ့လို့ ဒါ ဖြစ်ပါစေ' ဆိုတဲ့
ကြားခံပစ္စည်း။
ထိုကြားခံပစ္စည်းကပင် တပေါင်မှ
စာသုံးကြောင်းနှင့် ပတ်သက်နေတာလား။
*
( ၂၃ ) 
မနက်မိုးလင်းချိန်မှာ တော့ ညနေပြသမည်
့ပြကွက်အတွက် ပြင်ဆင်စရာရှိတာကို ပြင်ဆင်ရပါ
တော့သည်။ ဦးသီလအခန်းထဲမှ
သေတ္တာရှည်တစ်လုံးအားရွေးချယ်ကာ ပြန်လည်ပြု ပြင်
တပ်ဆင် သည်။
ပြီးတော့ ရွာထိပ်ဘက်ရှိ
ကိုးချောင်းရွာဆိုင်းဘုတ်နှင့် မနီးမဝေးတစ်နေရာမှာ
ခြောက်ပေကျင်း တစ်ကျင်းကို တူးစေသည်။ သုံးပင်ရွာ
အလုပ်သွားလုပ်ကြသူတွေ များ သည်မို့
သူကြီးတပည့်သံခဲနှင့် ကျန်ရစ်သူ နှစ် ယောက်
သုံးယောက် သာ ဝိုင်းစုတူးဖော်ကြခြင်း ဖြစ်သည်။
ရွာမှာ ပုံမှန်ကျန်ရစ်သူ သက်ကြီးရွယ်အိုနှင့်
ကလေးတစ်သိုက် ကတော့ မြေကျင်းတူးသည့် နေရာသို့
စိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြသည်။
သူတို့စိတ်ထဲမှာ လည်း သုံးကြိမ်မြောက် ပြကွက်အ ဖြစ်
ရိုးစစ် ဘယ်လိုပြကွက်မျိုး ပြသမလဲဆိုတာ
တထင့်ထင့်ရှိနေကြသည်။
ဒီလိုနှင့် နေ့တစ်ဝက်မကျိုးခင်မှာ ပင်
သူ့ဘက်က အားလုံးအဆင်သင့် ဖြစ်သွားခဲ့ပါသည်။
ညနေ မြန်မြန်ရောက်ဖို့သာ စိတ်စောနေ၏
။
ညနေမှာ ဘာတေါ ဖြစ်လာမည် ဆိုသည်
ကတော့ . . .
*
( ၂၄  )
''ဒီမှာ ရှိနေသူတွေ ထဲက ဘယ်သူမဆို
ကျွန်တော့် ကို လက်ထိပ်လာခတ်နိုင်ပါတယ်။ ပြီးတော့
ဟောဒီအခေါင်းကိုလည်း ကြို က်သလို
စစ်ဆေးကြည့်ရှုနိုင်ပါတယ်''
တစ်ယောက် မျက်နှာ တစ်ယောက်
ကြည့်ကုန်ကြသည်။ ရှေ့မှာ ရှိနေသော ရိုးစစ်နှင့်
အခေါင်းနီ ကြီးတစ်လုံးကိုလည်း အကြည့်တွေ
ပြေးလွှားသွားကြသည်။ ညနေ နေဝင်ရီတရောချိန်ပါ။
အချို့ ကတော့ အပုပ်ချိန်ဟုလည်း ခေါ်သည်။
အထက်လမ်း၊ အောက်လမ်းဆရာအများ စု ကတော့
မကောင်း ဆိုးဝါး မြူး တူးချိန်ဟု သတ်မှတ်သည်။
ထိုအချိန်ကိုရွေးချယ်၍ ရိုးစစ် ပြကွက်ကို
ပြသခြင်း ဖြစ်ပါသည်။ မမှော င့်တမှော င် အလင်း
ရောင် အောက်မှာ လူ တစ်ယောက် ၊ အခေါင်းတစ်လုံး၊
ခြောက်ပေကျင်းတစ်ကျင်းနှင့် . . .
မည် သူမျှထွက်မလာကြ။ သူထွက်နိုး
ငါထွက်နိုးနှင့် သာ ရှိနေကြသည်။ ရိုးစစ် ကတော့
လက်ထိပ်တစ်ခုကိုကိုင်ကာ ထွက်လာမည့် သူကို
ငံ့လင့်နေ၏ ။ ထိုစဉ်မှာ ပဲ . . .
''ငါခတ်မယ်''
ဟိန်းခနဲထွက်သွားသော
အသံကျယ်ကြီးတစ်ခု။
''ဟာ . . . စောညို ''
ရှမ်းဘောင်းဘီပွပွဝတ်ထားသော စောညို
က ကိုယ်ကိုမတ်ရင်း သူ့ဆီတည့်မတ်စွာ လာနေ သည်။
အကုန်လုံး အာမေဍိတ်သ့တွေ ထွက်သွားကြပေမဲ့ ရိုးစစ်
ကတော့ အေးဆေးပါပဲ။ ပြုံး လျက်သာ စောညို ကို
စောင့်မျှော်နေသည်။ ဘယ်အချိန်ကတည်းက
ရောက်နေသည်မသိ။ မည် သူမျှလည်း စောညို ကို
မတွေ့ မိကြ။
စောညို က ရိုးစစ်ကိုင်ထားသော
လက်ထိပ်ကို ဆတ်ခနဲဆွဲယူကာ
အရင်ဆုံးစစ်ဆေးသည်။ ကိုယ်တိုင်လည်း
ဖွင့်ချည်ပိတ်ချည် လုပ်ကြည့်သည်။ စိတ်ချရတော့မှ
ထိုးပေးလာသော ရိုးစစ် လက် နှစ် ဖက်ကို လက်ထိပ်မှာ
စွပ်၏ ။ ပြီးတော့ သော့ ကိုခတ်ကာ
လွှင့်ပစ်လိုက်ပါသည်။ သော့ လေး တစ်ချောင်းက
လူအုပ်တွေ နှင့် ခပ်ဝေးဝေးဆီ ဝဲခနဲ လွင့်ကျသွားသည်။
တစ်ကွင်းလုံးမှာ စောညို လုပ်ရပ်ကြောင့်
'ဟာ' ခနဲ။ သို့ ပေမဲ့ ဘာမျှမပြောရဲကြ။ ခြောက်နှစ်
လုံးလုံး သူတို့ကြောက်လာခဲ့၇သော လူ တစ်ယောက်
ပင် မဟုတ်ပါလား။
လက်ထိပ်ခတ်ပြီးတော့ စောညို က
နံဘေးတွင် ချထားသော အခေါင်းနီကြီးကို
စစ်ဆေးသည်။ အခေါင်းအား ဟိုဘက်၊ ဒီဘက်
လှန်ချည်မှော က်ချည် စိတ်ကြို က်စစ်ဆေးပြီးကာမှ
လက်ခံသည့် သဘော သူ့ကိုကြည့်သည်။
သူ အေးအေးဆေးဆေးပင် အခေါင်းတွင်
းသို့ ဝင်လိုက်ပါသည်။ အခေါင်းတွင်းဝင်ထိုင်ပြီးတော့
ကိုယ်ကို ပက်လက်အနေအထား လှဲချလိုက်၏ ။
လူတစ်ကိုယ်စာ အခေါင်းတွင်းမှာ အလိုက်သင့်ပင်
လဲလျောင်းပြီး ဖြစ်သွားသည်။ ဒီတော့မှ
အပေါ်မှမိုးကြည့်နေသော စောညို အား . . .
''ရပြီ . . . အဖုံးဖုံးလိုက်တော့''
စောညို ခနဲ့ပြုံး တစ်ခုကို ပြုံး ကာ ဘေးမှာ
ရှိနေသော အဖုံးအား အခေါင်းပေါ်တင်သည်။ ပြီးတော့
သော့ ခတ်သည်။ ဒါနှင့် ပဲအားမရသေး အဖုံးပေါ်မှ
သံတစ်ချက်ကို ရိုက်သွင်းလိုက်ပါ၏ ။
ကြည့်နေသူအပေါင်းမှာ
ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။ ဦးယုဝ
မျက်နှာတစ်ချက် ပျက် သွားသည်။ ရိုးစစ်မှာ
သွားသည်က သော့ ခတ်ယုံပင်။ ဒါပေမဲ့ . . .
သံရိုက်ချက်တွေ အခေါင်းဆီမှ တဒုန်းဒုန်း
ထွက်ပေါ်လာနေပါ၏ ။ စောညို က အခေါင်းရဲ့
လေးဘက်လေးတန်အား သံတွေ တစ်ချောင်းပြီး
တစ်ချောင်း ရိုက်သွင်းနေသည်။ တမင်တကာ အနိုင်
ထက်ပိုင်းခြင်းဆိုတာသိပေမဲ့ မည် သူမျှမပြောရဲကြ။
ယုတ်မာခြင်းသက်သက် ဖြစ်လေသည်။
အခေါင်းထဲကလူ အပြင်ထွက်နိုင်ဖို့
နေနေသာသာ ရိုက်ထားသော သံတွေ ပြု တ်အောင်ပင်
နှစ် ရက်လောက် အချိန်ပေးရမည် ထင်၏ ။ ရိုးစစ်
ဘယ်လိုများ ထွက်လာနိုင်မှာ လဲ တွေးပူကုန်ကြပြီ။
စိတ်ကြို က်ပြု လုပ်ပြီးတော့မှ စောညို က
နောက်ကိုဆုတ်သည်။ ဦးယုဝမှာ မျက်နှာ လုံးဝ
မကောင်းတော့။ မတတ်သာပေမဲ့
ရိုးစစ်ခိုင်းထားသည့်အတိုင်းတော့ လုပ်ရပေမည် ။
ဦးယုဝ ခေါင်းညိတ်ပြလိုက်တော့ အသင့်စောင့်နေသော
ရွာသားလေးဦးက ရိုးစစ်ရှိနေသော အခေါင်းကို မ, ကာ
ခြောက်ပေကျင်းထဲ ထည့်ကြသည်။
ကြိုး ဖွင့်စိုင်းကာ ကျင်းထဲထည့်သည်မို့
အခေါင်းက အောက်ကို တအိအိ ကျ သွားပါသည်။
အခေါင်း အောက်ခြေကိုရောက်သွားချိန်၌ ကြိုး
ကိုထုတ်သည်။ ပြီးတော့ ပေါက်တူး၊ ဂေါ်ပြားများ ဖြင့်
မြေဖို့ကြပါတော့၏ ။
စောညို မျက်နှာ ပြုံး နေသည်။
ဦးယုဝအပါအဝင် ရွာသူရွာသားများ ၏ မျက်နှာတွေ မှာ
တော့ . . .
(၅) မိနစ်
''ဟား . . . ဟား . . . ဟား . . . ''
စောညို ရဲ့ ရယ်သံကျယ်ကြီးမှာ
လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာပါတော့သည်။ မိုးချု
ပ်သွားပေ ပြီ။ အသင့်ယူဆောင်လာသော မီးတုတ်အား
မီးညှိပေးနေသော ဦးယုဝကိုကြည့်ကာ စောညို က
ရယ်သံတစ်ဝက်ဖြင့် . . .
''ဘယ်လိုလဲသူကြီး၊ ခင်ဗျားကောင်လေး
အခုထိ ထွက်မလာသေးပါလား။ ဟား. . .ဟား . . .''
ဦးယုဝ သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
ဘာမှပြန်မပြောလို။ ဒါပေမဲ့ . . .
''အချိန်ဘယ်လောက်ကြာရင်
ထွက်လာမယ်လို့ ခင်ဗျားကိုပြောလဲ''
''အဲလိုတော့ မပြောဘူး''
''ဒါဆို ဘယ်လိုပြောလဲ''
''နာရီဝက်ကြာလို့မှ ထွက်မလာနိုင်ရင်
အခေါင်းကို ဖော်ပေးဖို့ မှာ ထားတယ်''
စောညို တဟားဟား အော်ရယ်ပြန်၏ ။
''ဟား . . . ဟား . . . နာရီဝက်ကြာလို့မှ
ထွက်မလာရင်လည်း ဖော်မနေနဲ့တော့။ တစ်ခါ
တည်းသာ သင်္ဂြို ဟ်လိုက်တော့။ အဲ့ဒီအချိန်ဆိုရင်
အထဲမှာ သေနေလောက်ပြီ။ ဟား . . . ဟား . . . ဟား . .
. ''
ရွာထိပ်ပိုင်း၌ စောညို ရဲ့ ရယ်သံကြီးသာ
ဖုံးလွှမ်းနေပါတော့သည်။
(၁၀) မိနစ်ရှိသွားချေပြီ။
''ကျု ပ်ကိုယ်တိုင် အခေါင်းကိုစစ်ဆေးပြီး
အဖုံးပိတ်လိုက်တာဗျ။ ကျု
ပ်ဘယ်လိုပိတ်လိုက်တယ်ဆိုတာလည်း
ခင်ဗျားတို့အမြင်ပဲ။ စောင့်မနေနဲ့တော့။ ဒီကောင်လေး
ဘယ်လိုမှထွက်လာနိုင်မှာ မဟုတ်တော့ဘူး''
စောညို က သေချာနေသလိုပြောပေမဲ့
ဦးယုဝ ကတော့ နာရီကိုသာ ကြည့်လို့နေပါသည်။ ရိုးစစ်
ပြန်ထွက်လာနိုင်မည် ဆိုတာကိုလည်း ယုံကြည်ထား၏
။ ရိုးစစ်သည် သွေးအေးအေးဖြင့် အနိုင်ယူတတ် သူ
တစ်ယောက် ပင် မဟုတ်ပါလား။
စောညို ကိုယ်တိုင် လက်ထိပ်ခတ်ပြီး
ဘယ်လိုပဲ အခေါင်းကို သံရိုက်ပိတ်ခဲ့ပေမဲ့
ရိုးစစ်ပြန်ထွက် နိုင်မည် ဖြစ်ကြောင်း ယုံနေသည်။
ပဉ္စလက်ဆိုတာ ရိုးစစ်နှင့် တစ်သားတည်းကျနေသော
ပညာတစ်ရပ် မှန်း သိနေသည်လေ။
ဒါပေမဲ့ . . .
(၁၅) မိနစ်
''ဟိုကောင်လေး ထွက်မှ
ထွက်လာနိုင်ပါတော့မလား''
''အင်း . . . ကျွန်မလည်း စိတ်ပူနေတာ။
တော် တော် ကြာနေပြီ''
''ထွက်မလာနိုင်ရင်တော့ ဒုက္ခပဲ''
ထိုသို့ သော အသံတွေ ကြည့်နေသူတွေ
ထဲမှ စိုးစိုးရွံ့ရွံ့ ထွက်လာနေကြသည်။ စိုးရိမ်မည် ဆို
လည်း စိုးရိမ်လောက်နေပါပြီ။ အချိန်ကား (၁၅) မိနစ်
ကျော်သွားပြီ မဟုတ်ပါလား။ သူကြီးကိုမှာ ထား သော
နာရီဝက်ဆိုသည်ကား နောက်ဆုံးအချိန်။ ထိုအချိန်ထိ
ထွက်မလာနိုင်ပါက ရိုးစစ် ရှုံး ပေပြီ။
ရှုံး တာက အရေး မကြီး၊ အသက်အန္တရာယ်
စိုးရိမ်ရပါသည်။ ယခုပြကွက်က အသက်နှင့်
အလောင်းအစားပြု ထားသော ပြကွက်ဆိုလျှင် မမှား။
နာရီဝက်ပြည့်လို့မှ ထွက်မလာနိုင်လျှင်
စောညို ပြောသလိုပင် ဖြစ်နိုင်ခြေများ နေ၏ ။
''ဒုက္ခပဲ . . . ထွက်မလာနိုင်ရင်တောင်
နာရီဝက်ပြည့်အောင်ထိ သူ တောင့်ခံနိုင်ပါ့မလား''
အကုန်လုံး ရင်တမမ ဖြစ်နေကြပါပြီ။
စောညို ကတော့ ခပ်လှမ်းလှမ်းမှာ လက်ပိုက်ပြီး ကြည့်
နေ၏ ။ ရှိနေသူအားလုံးက မြေစာတွေ ပွနေသော
မြေပြင်တစ်ဝိုက်မှလွဲ၍ ကျန်တာအားလုံးကို သတိမရ
မိတော့။ ရိုးစစ်အတွက်သာ တဖွဖွ စိုးရိမ်နေကြပါသည်။
(၂၀) မိနစ်
ရိုးစစ် ထွက်မလာနိုင်တော့ဘူးလား။
အခြေအနေက စိုးရိမ်ရေအမှတ်ကို ရောက်နေပါပြီ။
ယခု အချိန်ထိ ဖို့ထားသော မြေပြင်က
တုပ်တုပ်မျှမလှုပ်လာသေး။
အထဲမှာ ရိုးစစ် အသက်မှ ရှိသေးတော့ရဲ့
လား။ မွန်းကြပ်ပိတ်လှောင်ပြီး သေသွားပြီလား။
အလုံပိတ်ထားသော အခေါင်းကို စောညို က
လွန်လွန်ကျူး ကျူး သံတွေ ပိတ်ရိုက်သည်။ ပြီးတော့
ရိုးစစ်လက်တို့မှာ အကောင်းအတိုင်းမဟုတ်။
လက်ထိပ်ခတ်ထားသေး၏ ။ အကောင်းအတိုင်းဆိုလျှင်
တောင် အလုံပိတ်ထားသော အခေါင်းထဲက မည် သို့
ထွက်မည် နည်း။
အခေါင်းထဲက ထွက်လာနိုင်သည်ထား
ဖုံးဖိထားသော မြေကြီးတွေ ကို မည် သို့ တွန်းဖယ်
ရုန်းကန်နိုင်မည် နည်း။
ဦးယုဝမျက်နှာမှာ ဆူးပုတ်ရွက်လောက်သာ
ရှိတော့သည်။ ထို့အတူ ရွာသူရွာသားအားလုံးမှာ လည်း
အသက်ပင် ကောင်းကောင်းမရှူ နိုင်။ သူတို့ပါ
မွန်းကြပ်နေသလို ခံစားနေရသည်။ စောညို က တော့ . .
.
''ကဲ . . . ဘယ်လိုလဲ၊ ကျု ပ်ပြောတာကို
လက်ခံကြပြီလား။ ဒီကောင်လေး ဘယ်လိုမှ ထွက်
မလာနိုင်တော့ဘူးဆိုတာ''
မည် သူ့ဆီကမှ အသံထွက်မလာ။
''စဉ်းစားကြည့်လေ . . .
အလုံပိတ်ထားတဲ့အခေါင်းထဲမှာ အပေါ်ကလည်း
မြေကြီးတွေ ဖို့ထား တယ်။ လေဝင်ပေါက်လည်း
မရှိဘူး။ ဘယ်လိုအသက်ရှူ မလဲ။ သာမန်လူ
တစ်ယောက် အနေနဲ့ ဒီအနေ အထားကို အလွန်ဆုံး
တောင့်ခံနိုင်ရင် မိနစ် (၂၀) ပဲ။ အခု အဲဒီ အချိန်
ကျော်သွားပြီ။ ဘယ်လိုလဲ ဖော်ကြည့်ြ ကတော့မလား''
အားလုံးရဲ့ အကြည့်တွေ ဦးယုဝထံ
ရောက်လာသည်။ ဦးယုဝ ကတော့ မတုန်မလှုပ်။
သွေးအေး နေခြင်းမဟုတ်ပါ။ သွေးအပူလွန်ပြီး
ဘာလုပ်ရမှန်းမသိ ဖြစ်နေခြင်း ဖြစ်သည်။ သူ
ဘာလုပ်ရမလဲ . . .
''ဘယ်လိုပဲ ဖြစ် ဖြစ် ခင်ဗျားတို့ကောင်လေး
ရှုံး ပြီ။ အဲတော့ အသက်မသေခင် ပြန်ဖော်မလား၊
ဒါမှမဟုတ် ကျု ပ်ပြောသလိုပဲ အထဲမှာ တစ်ခါတည်း
သင်္ဂြို ဟ်လိုက်မလား။ ဟား . . . ဟား . . . ဟား . . . ''
(၂၅) မိနစ်
''ပြန်ဖော်မယ်''
ဦးယုဝစကားသံဆုံးသွားချိန်၌ အကုန်လုံး
မြေပုံနားဝိုင်းလာပါတော့သည်။ ပေါက်တူးကိုင်သူ ကိုင်၊
ဂေါ်ပြားကိုင်သူ ကိုင်နှင့် . . .
အားလုံးရဲ့ ရင်မှာ တင်းကြပ်ကုန်ကြပါပြီ။
မျက်ရည်လည်သူ လည်၊ ရင်ဘတ်ဖိသူ ဖိဖြင့် တစ်ရွာ
လုံးဝိုင်းသွားစဉ်မှာ ပဲ . . .
''ဟာ . . . မြေပုံကြီး ကြွလာတယ်ဟေ့''
အကြောက်အကန် ထအော်လိုက်သော
ရွာသားတစ်ဦး၏ စကားသံနောက်မှာ . . .
''အမယ်လေး . . . ''
''ဘာ ဖြစ်တယ်''
ဦးယုဝမျက်နှာ ချက်ချင်း ဝင်းသွားသည်။
ပေါက်တူး၊ ဂေါ်ပြားကိုင် ဖော်အံ့ဆဲဆဲ လူတွေ မှာ
လည်း ကြောင်တောင်တောင် ဖြစ်ကာ
ဘာလုပ်ရမှန်းမသိ။
''ဟုတ်တယ်တော့ . . .
မြေပုံကြီးကြွလာတယ်''
''ဟယ် . . . နောက်တစ်ခါ ကြွလာပြန်ပြီ''
မိန်းမ တစ်ယောက် က အသံစူးစူးဖြင့် ထ,
အော်ပြန်သည်။ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား
ကြပြီ။ ထိုစဉ်မှာ ပဲ . . .
''ကြွပြန်ပြီဟ''
တတိယအကြိမ် မြေပုံကြီး
မို့မောက်တက်လာပြီးသည့်နောက်မှာ တော့ . . .
''ဟာ . . . ဟိုမှာ လက်တစ်ဖက်''
အားရဝမ်းသာ ထအော်လိုက်သော
ရွာသားတစ်ဦးရဲ့ စကားသံနှင့် အတူ အကုန်လုံး
မြင်လိုက် ရချေပြီ။ မြေပုံကြားမှလက်တစ်ဖက် အပေါ်သို့
တိုးထွက်လာသည်။ ပြီးတော့ နောက်တစ်ဖက်။
''ဟာ . . . ရိုးစစ်လက်မှာ
လက်ထိပ်မရှိတော့ဘူး''
''ဟုတ်တယ်။ လက်ထိပ်မပါတော့ဘူး''
''လက်ထိပ်ပြု တ်သွားပြီ''
တစ်ယောက် တစ်ပေါက်
ပြောဆိုနေကြသော စကားသံများ ကိုဖုံး၍
အသံကြီးတစ်သံသည်ကား . . .
''ဆွဲတင်ကြ . . . ဆွဲတင်ကြ . . .
မြန်မြန်ဆွဲတင်။ ဂေါ်ပြားသမားတွေ ကို မြေကို
မြန်မြန်ဖော်''
ဦးယုဝ၏ အမိန့်ပေးခိုင်းစေသံဆုံးသွားချိန်၌
. . . ။
*
ရိုးစစ် ပျော့ခွေကာ ပါလာသည်။
သူ့တစ်ကိုယ်လုံးမှာ ဖုန်တွေ သဲတွေ ကပ်ငြိနေ၏ ။
ရင်တွေ တလှပ်လှပ် တုန်နေသည်။
မောဟိုက်ပင်ပန်းလွန်သည်ကြောင့် တစ်ကိုယ်လုံးပင်
တုန်ယင်နေသလား ထင်ရသည်။ သွေးခုန်နှုန်းတွေ
ဒိတ်ဒိတ်မြန်နေပေမဲ့ အသိတော့ ပျောက်မသွား။
နိမ့်ချည်မြင့်ချည် လှုပ်ရှားနေသော
ရင်ဘတ်ကိုဖိကာ အသက်ရှူ မှန်အောင် မနည်းကြိုး
စားနေ ရပါသည်။ မျက်လုံးမှိတ်ထားလျက်မှပင် အသံမျု
ိးစုံကို ကြားနေ၏ ။
အားပေးသံ၊ သတိပေးသံ၊ နာမည် ခေါ်သံ၊
လှုပ်နှိုးသ့တွေ စုံလို့။ ယပ်ခတ်ပေးသူတွေ ၊ ရေတိုက်
သူတွေ လည်း ရှိ၏ ။ ဦးယုဝက မြေတွင် ထိုင်ကာ
ပွေ့ထားပြီး ရေတိုက်နေခြင်း ဖြစ်သည်။ ရေရရန်
ခက်ခဲမှန်းသိပေမဲ့ ခန္ဓာကိုယ်၏ လိုအပ်မှု ကြောင့်
သောက်လိုက်ရသည်။
ရေဝင်သွားသည်ကြောင့် အမော
အနည်းငယ် ပြေသွားသည်ဟု ထင်မိသည်။ ဒါပေမဲ့
ရင်တွေ တလှပ်လှပ်ခုန်နေဆဲ၊ ခေါင်းတွေ
တရိပ်ရိပ်မူးနေဆဲ၊ မျက်လုံးမှိတ်ဆင်းထားရဆဲ။
ထိုစဉ်မှာ ပဲ . . .
''လုပ်ကြပါဦး . . . လုပ်ကြပါဦး . . . ဒုက္ခတွေ
တော့ များ ကုန်ပြီ''
အသံကုန်ဟစ်ကာ ရွာတွင်းမှ
အမောတကော ပြေးလာသော မိန်းမ တစ်ယောက် ။
အားလုံးရဲ့ အကြည့်တွေ အသံလားရာဆီ ပြေးသွားစဉ် .
. .
''ဒေါ်အေးသင် ပိုးထိလို့တဲ့၊ ရွာထဲမှာ
အသည်းအသန် ဖြစ်နေပြီ။ လုပ်ကြပါဦး''
''ဘာ''
''ဘယ်လို''
အကုန်လုံး ခဏတာ ကြောင်အ,
သွားကြသည်။ ဒါပေမဲ့ နောက်တစ်ခေါက်
ထပ်အော်လိုက် သော စကားအား တိတိကျကျ
ကြားလိုက်စဉ်မှာ တော့ . . .
''ဒေါ်အေးသင် ပိုးထိလို့''
*
( ၂၅ ) 
သူတို့ရောက်သွားချိန်၌ ဒေါ်အေးသင်မှာ
သေကောင်ပေါင်းလဲပင် ဖြစ်နေပါပြီ။ ခေါင်းရင်းပိုင်း မှာ
ဆရာတော် ဘုန်းကြီး ထိုင်နေ၏ ။ ဦးဖိုးလူ ကတော့
ညာဘက်တွင် ထိုင်ကာ အစ်မ ဖြစ်သူ လက်
တစ်ဖက်အားကိုင်ရင်း ငူငူကြီး ဖြစ်နေသည်။
ဒေါ်အေးသင်မှာ တုပ်တုပ်မျှမလှုပ်တော့။
အိမ်အောက်ဘက်တွင် တော့
မိန်းကလေးအချို့နှင့် ယောက်ျားလေးနှစ် ယောက်
သုံးယောက် ထိုင်နေကြသည်။ ပက်လက်လှဲထားသော
ဒေါ်အေးသင်အနားသို့ သူနှင့် ဦးယုဝရောက်သွားချိန်၌
လူနာမှာ အသက်ရှူ မှု ကလွဲပြီး ဘာမှမလုပ်နိုင်တော့ပြီ။
အသက်ကိုပင် ခက်ခက်ခဲခဲ ရှူ နေရ၏ ။
မီးအိမ်တစ်လုံးနှင့် အလင်းတိုင်အချို့ကို
ထွးန်ညှိထားသည်မို့ ဒေါ်အေးသင်မျက်နှာကို ကောင်း
ကောင်းမြင်နေရသည်။ မျက်ကွင်းတွေ မည်းနက်၍
နှုတ်ခမ်းတွေ ပြာဝေကာ ရင်ဘတ်မှာ ဖုတ်လှိုက်
ဖုတ်လှိုက် ဖြစ်နေ၏ ။ အခြေအနေ မကောင်းတော့။
ရိုးစစ် ကိုယ့်ဒုက္ခကိုယ်ပင်
သတိမထားနိုင်တော့ပါ။ ခုနပင်ပန်းထားခဲ့ရသမျှတွေ
ပင် ဘယ် ရောက်သွားသည် မသိ။
သတင်းကြားကြားချင်း ပြေးလာခဲ့ရသည်မို့
တစ်ကိုယ်လုံးမှာ ချွေးတွေ ချွဲလို့။
ဦးဖိုးလူ ကတော့ အစ်မ ဖြစ်သူရဲ့
မျက်နှာကိုသာ စိမ်းစိမ်းကြီး စိုက်ကြည့်နေ၏ ။
ဘာမှလည်း မပြော၊ လှုပ်ရှားမှု လည်းမရှိ။
သူနှင့် ဒုတိယအကြိမ် တွေ့ ဆုံခြင်းပါပဲ။
ပထမအကြိမ်အနေနှင့် သုံးပင်ရွာသွားလမ်းမှာ ဆုံဖူး
သည်။ စကားလည်း ပြောဖူးသည်။ ထူးဆန်းသော လူ
တစ်ယောက် အ ဖြစ်လည်း ဦးဖိုးလူကို ရိုးစစ်
သတ်မှတ်ခဲ့ဖူးသည်။ ယခု ဒုတိယအကြိမ် တွေ့ ဆုံခြင်း
ကတော့ ကောင်းသော တွေ့ ဆုံခြင်း မမည် နိုင်
တော့ပြီ။
တစ်ကိုယ်လုံး ပြာယောင်ယောင်
ဖြစ်နေသော ဒေါ်အေးသင်ကို
စိတ်မကောင်းခြင်းကြီးစွာ နဲ့ ကြည့်နေမိစဉ်မှာ ပဲ
ဆရာတော် ဘုန်းကြီးက . . .
''ကျု ပ်လည်း အတတ်နိုင်ဆုံးကြိုး စားတာပဲ၊
မရတော့ဘူး၊ နောက်ကျသွားပြီ။ တော် တော်
အဆိပ်ပြင်းတဲ့ အကောင်တစ်ကောင် ဖြစ်လိမ့်မယ်''
ဆရာတော် ဘုန်းကြီးက
ဖြည်းဖြည်းအေးအေး ပြော၏ ။ ဒေါ်အေးသင်၏
ခြေထောက်တစ်ဖက် မှာ ပတ်တီးစည်းထားလေသည်။
ဆရာတော် ဘုန်းကြီး တတ်နိုင်သလောက်
ဆေးကုထားခြင်း ဖြစ်ပေ လိမ့်မည် ။ ဦးယုဝကပင်
အောက်မှာ ထိုင်နေသူ မိန်းကလေးများ ဘက်လှည့်ကာ
. . .
''ဘယ်လို ဖြစ်ကြတာလဲ၊ ငါ့ကို ပြောပြစမ်း''
ဦးယုဝမေးတော့ ကောင်မလေး
တစ်ယောက် စိုးစိုးရွံ့ရွံ့ ဝင်ဖြေသည်။
''ယက္ခတို့ တောင်ကုန်းအနောက်ဘက်ကို
ထင်းချိုးမယ်ဆိုပြီး ထွက်သွားတာပဲ။ အဲဒီ က ပိုးထိ
တာထင်တယ်။ ကျွန်မတို့ဆီရောက်တော့ 'ကျု ပ်
ပိုးထိလာတယ်အေ' လို့ပြောပြီး လဲကျသွားတာ''
ပြီးလေပြီ။ ထပ်မေးစရာ မရှိတော့။
ဤရွာအနီးအနား ပတ်ဝန်းကျင်မှာ
သစ်ပင်ကြီး၊ သစ်ပင်ငယ်မရှိပေမဲ့ ယက္ခတို့ တောင်ကုန်း
အနောက်ဘက်မှာ တော့ ဆူးတောလိုလို၊ ခြုံ
တောလိုလိုအပင်တွေ ရှိသည်။ စိမ်းစိမ်းစိုစိုတော့
မဟုတ်။ ခါးစောင်လောက်အမြင့်ရှိ ချုံပင်တွေ
အစုလိုက်၊ အစုလိုက် ပေါက်နေပြီး
ကန္တာရတောသဖွယ်ပါ။ ယက္ခ တို့
တောင်ကုန်းအနောက်ဘက်မှာ မှ ဖြစ်ရတယ်လို့။
ဦးဖိုးလူ ကတော့ ငူငူကြီးပါပဲ။ အစ်မ
ဖြစ်သူအတွက် ယူကျုံး မရ ဖြစ်ဟန်တွေ မျက်နှာမှာ
မပေါ် ပေမဲ့ ရင်ထဲမှာ တော့ ကြိတ်မှိတ်ပူလောင်နေဟန်
ရှိသည်။
ထိုစဉ်မှာ ပင် . . .
ဒေါ်အေးသင်ရဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ်
တုန်လာသည်။ ရိုးစစ် မျက်လုံးပြူး သွားချိန်၌ လူနာမှာ
စကားပြောချင်သလို ပါးစပ်တွေ လှုပ်လာပြီး . . .
''ရေ . . . ရေ . . . .''
တိုးတိုးလျလျလေးဆိုပေမဲ့ ဝိုင်းနေသူ
သုံးယောက် လုံး ကြားလိုက်သည်။ ခေါင်းရင်းပိုင်းမှ
ဆရာတော် ဘုန်းကြီးက ကမန်းကတန်းပင်။
''ရေသောက်ချင်တာ ဖြစ်လိမ့်မယ်၊
ရေအမြန်တိုက်လိုက် . . . ''
''အိမ်မှာ ရေမရှိတော့ဘူး''
အေးစက်စက် ထွက်လာသော ဦးဖိုးလူရဲ့
စကား၊ ထိုစကားထဲ၌ ခံစားမှု တစ်ခု ပါနေသယောင်၊
ဆရာတော် က . . .
''ခုန တိုက်လိုက်တဲ့ရေက အကုန်ပဲလား''
ဦးဖိုးလူ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
ထို့နောက်မှာ တော့ -
''ရေလိုတယ်၊ သောက်ရေလိုတယ်။
အမြန်ဆုံး သွားယူကြ။ ဘယ်အိမ်ကရရ
အမြန်ဆုံးယူလာ ခဲ့။ အမြန်''
ဦးယုဝ၏ အလျင်စလို အမိန့်ပေးမှု
အောက်မှာ လူအချို့ ပြေးဆင်းသွားသည်။
''ရေလှောင်ကန်ကိုပါသွား၊
နိုင်သလောက်ရေယူလာခဲ့''
ဦးယုဝရဲ့ နောက်ဆက်တွဲ အမိန့်ပေးမှု
အောက်မှာ ယောက်ျားလေးအချို့ ပြေးလွှားသွားသံကို
ကြားရ၏ ။ ဒါပေမဲ့ . . .
''ရေလှောင်ကန်ကို မသွားနဲ့တော့''
ရွာသားတစ်ဦး၏ တားမြစ်သံက
အမောတကော ထွက်လာသည်။ ထိုတားမြစ်သံကြောင့်
ပြေးထွက်သော ခြေလှမ်းတွေ တုံ့နှေးသွားသည်။
ဘယ်ကမှန်းမသိ ထွက်ပေါ်လာသော တားမြစ်သံ
ကြောင့် ဦးယုဝက . . .
''ဘာ ဖြစ်လို့လဲ''
ထိုရွာသားမှာ အမောတကောဖြင့်
အိမ်ပေါ်ပြေးတက်လာသည်။ ခြေထောက်မှာ ဖုန်တွေ
လူး နေကာ ချွေးတွေ သံတွေ နဲ့၊ အတော် ဝေးဝေးမှ
ပြေးလာခဲ့ဟန်ရှိသည်။
''လှောင်ကန်ထဲက ရေတွေ ကို
ယက္ခနဲ့သူ့တပည့်တွေ သယ်သွားကြပြီ''
''ဘာ . . . ''
''ကျွန်တော် လည်း သိသိချင်း သူကြီးတို့ကို
လာပြောတာပဲ''
ရိုးစစ်ရင်ထဲမှာ ဟာဆင်းသွားသည်။ ဦးယုဝ
ကတော့ ဘယ်လို ဖြစ်သွားသည်မသိ၊
''ဟုတ်ရဲ့ လား . . . စောညို တောင် ငါတို့ဆီ .
. . ''
ဦးယုဝစကား မဆုံးလိုက် . . .
''ကျွန်တော် ကိုယ်တိုင်မြင်ခဲ့တာ သူကြီး။
တစ်ယောက် တည်း ဖြစ်နေတော့ ကျွန်တော် လည်း
မတားရဲဘူး။ တစ်ရွာလုံးကလည်း ရွာထိပ်ကို
ရောက်နေတာဆိုတော့ . . .
ရိုးစစ် သဘောပေါက်လိုက်လေပြီ။ စောညို
ရောက်လာတာ အယောင်လာပြတာပဲ။ သူ
ကိုယ်တိုင်ရောက်လာကာ တစ်ရွာလုံးရဲ့ အာရုံတွေ
ပြကွက်နှင့် သူ့ဆီကလွဲပြီး ဘယ်မှမရောက်အောင်
လာထိန်းခြင်း ဖြစ်သည်။
ယခုတော့ အားလုံး လွန်သွားခဲ့ပါပြီ။
ဆရာတော် ဘုန်းကြီးအပါအဝင်
အားလုံးသည်ကား ကြားရသော
သတင်းတစ်ပုဒ်ကြောင့် ကျောက်ရုပ်ပမာ
တောင့်မတ်သွားကြစဉ်မှာ ပဲ . . .
''အစ်မ . . . ''
ဦးဖိုးလူ၏ အော်သံကြီးက အက်ရှစွာ
ထွက်ပေါ်လာသည်။ တောင့်မတ်သော ခန္ဓာကိုယ်တို့
အော်သံကြောင့် တုန်လှုပ်သွားကြစဉ် . . .
''အစ်မရယ် . . . ''
မချိတင်ကဲ ရေရွတ်သံကြီးက
အော်သံစွက်ပြီး ထွက်ပေါ်လာပါတော့သည်။ ရိုးစစ်
မျက်လုံးအစုံ ကို မှိတ်လိုက်မိသည်။
စိတ်ထဲမှာ လည်း ဆုတစ်ခုကို
တောင်းဆိုမိ၏ ။
'' ဖြစ်လေရာဘဝတိုင်းမှာ . . .
ရေရှားခြင်းဘေးမှ ဝေးပါစေ ဒေါ်အေးသင်''
*
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၀ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... 

Related Posts