သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁၀ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁၀ )
……….
( ၂၆ ) 
''သားတော့သွားပြီထင်ပါတယ် အမေရယ်''
''ဘာ ဖြစ်လို့လဲသား''
''သား . . . စာတွေ ကျက်လို့ မရတော့ဘူး''
ဘဝအတွက် ပညာရေး နဲ့ပတ်သက်ပြီး
အရေး ကြီးဆုံး စာမေးပွဲတစ်ခုဖြေဖို့ နီးကပ်လာချိန်မှာ
သူပြောလိုက်မိသော စကား ဖြစ်သည်။
ဝမ်းရေး အတွက် အရပ်တကာ
နယ်တကာလှည့်ပြီး မျက်လှည့်ပြစားသောက်နေရသော
သူတို့ သားအမိ၊ စာမေးပွဲနီးပြီမို့
အိမ်ပြန်ရောက်နေကြခြင်း ဖြစ်သည်။
သူတို့နေထိုင်ရာမြို့  ကလေးက မြို့  ကြီး ပြကြီးနှင့်
အလှမ်းဝေးလှသော လမ်းပမ်းဆက်သွယ်ရေး
ခက်ခဲသည့် မြို့  လေးတစ်မြို့  ဖြစ်သည်။
ထိုမြို့  လေးမှာ မှ သူတို့နေထိုင်ရာသည်
လက်လုပ်လက်စားတွေ ပေါသော ဆင်ခြေဖုံးပျံကျ
ရပ်ကွက်၊ ရှင်းအောင်ပြောရလျှင်တော့ ဆင်းရဲသား
ရပ်ကွက်လေးတစ်ခုတွင်းမှာ ပေါ့။ မကြာခင်မှာ
စာမေးပွဲဖြေဆိုရတော့မည် ။ ထိုစာမေးပွဲအတွက်
အချိန်မှီပြန်လာကာ စာကျက်နေခြင်း ဖြစ်ပါ၏ ။
သို့ ပေမဲ့ အရပ်တကာ၊ နယ်တကာ
လှည့်လည်ဝမ်းကျောင်းလာရသည့် အလုပ်ပင်ပန်းမှု
ဒဏ် ကြောင့် လား၊ အိပ်ရေး ပျက်များ လွန်းသည့်
ဒဏ်ကြောင့် လားမသိ၊ စာဘယ်လိုမှ ကျက်မရ။
ဦးနှောက် တွေ ဆူဝေနေသလို ခံစားရသည်။
စာကျက်မရသည့်ရက်တွေ များ လာပြီးသည့်နောက်ပိုင်း
အမေ့အား အခုလို ဖွင့်ဟပြောလိုက်ခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ်လည်း အကြီးအကျယ် စိတ်ပျက်မိ၏ ။
စိတ်ဓာတ်တွေ က တက်လိုက်၊ ကျလိုက်၊
လက်လျှော့ချင်စိတ်တွေ စက္ကန့်တိုင်းမှာ တဖွားဖွား
ဖြစ်ပေါ်နေသည်။
''သား ဘာလုပ်ချင်လို့လဲ''
အမေက သူ့နားရောက်လာပြီးမေးတော့ . . .
''ဒီနှစ် တော့ စာမေးပွဲမဖြေဘဲ
နေလိုက်တော့မလား စဉ်းစားနေတာ''
အမေ ငိုင်တွေ သွားသည်ကို တွေ့ ရသည်။
သူ သတိထားမိခဲ့သမျှ ထိုတစ်ကြိမ်သာ အမေ ငိုင်တွေ
သွားသည်ကို မြင်ရခြင်း ဖြစ်သည်။ အမေက
အစဉ်သဖြင့် တက်ကြွဖျတ်လတ်နေသော မိန်းမ
တစ်ယောက် ။ စိတ်ဓာတ်အလွန်မာကျောပြီး
မွေးထားသော သား တစ်ယောက် အပေါ် ရည်မှန်းချက်
ကြီးကြီးထားရဲသော မိန်းမ တစ်ယောက် ။
သူ့ကို အမေ ပညာတတ် တစ်ယောက်
အရမ်း ဖြစ်စေချင်ခဲ့သည်။ အရပ်တကာ နယ်တကာ
ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရပေမဲ့ အမေ့ဆီက
တစ်ချက်တစ်လေမျှ ညည်းညူ သံမကြားရ။
ပင်ပင်ပန်းပန်း ရှာဖွေရသော ငွေကြေးနှင့် သူ့ကို
ကျောင်းနေစေသည်။ ပညာသင်စေသည်။
သူ့ကျောင်းစရိတ်အတွက် အမေ အများ ကြီး
ကြိုး စားခဲ့ရသည်။ ပင်ပန်းခဲ့ရသည်၊ ချွေတာခဲ့ရ သည်။
ကိုယ့်ဘဝကိုယ် နားလည်သူ တစ်ယောက် မိုပလည်း
အငယ်ပိုင်းအချိန်တွေ မှာ တစ်တန်းပြီး တစ်တန်း
အောင်မြင်ခဲ့ပါသည်။ ထို့အတွက်လည်း အမေ
ပြောမပြတတ်အောင် ဂုဏ်ယူဝမ်းသာခဲ့ သည်။ ဒါပေမဲ့
ဒီတစ်နှစ် တော့ . . .
အရွယ်ရောက်လာပြီမို့ အမေ့အလုပ်တွေ မှာ
သူ တစ်ပိုင်းတစ်စ ပါဝင်ခဲ့ပါသည်။ ကိုယ်တိုင် ကိုယ်ကျ
မျက်လှည့်ဝိုင်းတွေ မှာ ဝင်ရောက်ပြသခဲ့သည်။
ဒါကိုအကြောင်းပြု ပြီး သူ မဝံ့မရဲပြောလိုက် ခြင်းပါ။
စာကျက်လို့မရသည် ကတော့ အမှန်ပင် ဖြစ်၏ ။
အမေ အကြာကြီးငိုင်တွေ သွားလေသည်။
အမေ့ပုံစံက သူ တပင်တပန်းပြု စုခဲ့သော ပန်းလေး
တစ်ပွင့် ပွင့်ရက်ကျော်ပြီး နောက်ကျမှပွင့်လာမှာ ကို
မလိုလားပုံမျိုး။ တစ်နှစ် နောက်ကျပြီးမှ ရလာမည့် 
အောင်မြင်မှု ကို သဘောမကျပုံမျိုး။
တစ်အောင့်ကြာတော့ ကောက်ခါငင်ကာ
အမေ ထပြောသည်။
''သား . . . အမေ့နောက် ခဏလိုက်ခဲ့''
ဘာမှန်းမသိ။ အမေ
ဦးဆောင်ခေါ်သွားရာနောက် သူလိုက်သွားရသည်။
အမေက စကားတစ်လုံးမျှမပြော၊ ရှေ့ကသာ
တစ်လှမ်းချင်းသွားနေသည်။ အမေ့ပုံကိုကြည့်ပြီး
စိတ်မှာ ကြောက်နေ၏ ။ ပြောလိုက်မိသော
စကားတစ်ခွန်းအတွက်လည်း နောင်တရသလို
ဖြစ်မိသည်။
အမေက တည်တည်ငြိမ်ငြိမ်နှင့် သူတို့မြို့  ရဲ့
ခရော်ခရွတ် ပန်းခြံလေးထဲကို ဝင် သွားပါသည်။
ပန်းခြံထဲမှာ က မျှော်စင်ဟောင်းကြီးတစ်လုံး ရှိသည်။
ထိုမျှော်စင်ကြီးမှ တစ်မြို့  လုံးကို စီးမြင်နိုင်သလို မြို့  ရဲ့
အမြင့်ဆုံးနေရာတစ်ခုလည်း ဖြစ်သည်။ အမေ
မျှော်စင်ပေါ်တက်သွားတော့ သူလည်း
လိုက်တက်ခဲ့ရသည်။
ဒါပေမဲ့ . . . 'အမေ ဘာလို့ ငါ့ကို
မျှော်စင်ပေါ်ခေါ်လာတာလဲ' လို့တော့ တွေးနေမိသည်။
မျှော်စင်ထိပ်ကိုရောက်တော့ အမေက . . .
''သား . . . အောက်ကို ကြည့်လိုက်စမ်း''
သူ ငုံ့ကြည့်လိုက်တော့ အောက်မှာ သူတို့မြို့ 
လေးကို တွေ့ ရ၏ ။ အမေက သူ့ဘေးလာရပ်ရင်း
တစ်နေရာရာကို လက်ညှိုး ထိုးကာ . . .
''မြို့  လယ်က စေတီကိုတွေ့ လား''
ကြည့်လိုက်တော့ ညွှန်ပြသော စေတီနှင့်
အတူ ထိုစေတီကို ပတ်ဝိုင်းထားသော လမ်းသေးလမ်း
သွယ်အမျိုးမျိုးအဖုံဖုံ ကွေ့ကောက်ယှက်ဖြာနေတာကို
တွေ့ ရသည်။
''သေသေချာချာကြည့် သား''
ကြင်ကြာင်နာနာအသံနှင့် အမေက
ဆိုသည်။
''စေတီကိုသွားနိုင်တဲ့လမ်းက
တစ်လမ်းတည်းမဟုတ်ဘူး။ အများ ကြီးရှိတယ်။
လူ့ဘဝမှာ လည်း ဒီလိုပဲသား၊
သားရည်မှန်းထားတဲ့ပန်းတိုင်ကို
ဒီလမ်းကသွားလို့မရရင် နောက်တစ်လမ်းက
ကွေ့ပြီးသွားနိုင်တယ်။ ဘယ်လမ်းကသွားသွားပေါ့
သားရယ်။ နောက်ဆုံးမှာ မြို့  လယ်ကစေတီဆီကို
ရောက်ဖို့ပဲမဟုတ်ဘူးလား''
အမေ သူ့ကို ဒီမျှော်စင်ပေါ်ခေါ်လာရခြင်းရဲ့
ရည်ရွယ်ချက်ကို အခုမှ သိလိုက်ရသည်။
''စာကျက်လို့မရဘူးဆိုတာနဲ့ပဲ သားက
လက်လျှော့မလို့လား။ စဉ်းစားကြည့်ပါဦး သားရဲ့ ၊
သားအတွက် နောက်တစ်လမ်းရှိဦးမှာ ပါ''
သူ ငြိမ်၍ သာ နေမိသည်။ ထိုခဏအတွင်
းမှာ ပင် အမေ့ကို အရင်ကထက် အစပေါင်းများ စွာ သူ
လေးစားမိသွားသည်။
''ဘဝဆိုတာ ရိုးရိုးလေးပါသားရယ်၊
ရွေးချယ်ပြီးသွားရင် နောက်မဆုတ်ကြေး''
သူ့ဘဝအတွက် လမ်းညွှန်မှု အများ
ကြီးပေးခဲ့သော အမေ့ရဲ့ စကားသံတွေ ၊ သူ့နှလုံးတွင်
းမှာ အင်နှင့် အားနှင့် စွဲမြဲနေခဲ့သော အမေ့ရဲ့
စိတ်ဓာတ်ခွန်အားတွေ ၊ ဒါတွေ နဲ့
သူလူလားမြောက်ခဲ့ရတာ ပါ။
တစ်ချိန်က အမေ့ရဲ့ စကားတွေ ကိုပြန်တွေ
းပြီး သူ ဆို့နင့်နေမိသည်။ မျက်လုံးအိမ်မှာ မျက်ရည် တို့
ရစ်ဝိုင်းလာမိသည်။ အမေ့ကိုလည်း တမ်းတမ်းတတ
သတိရမိ၏ ။
အခုချိန်ဆို အမေ ဘယ်ဘဝ၊
ဘယ်ဌာနေများ ရောက်နေမှာ လဲ။ သူ့ကိုပဲ
စောင့်ကြည့်နေမှာ လား။ ဒါမှမဟုတ် အမေ အရမ်းတွေ
့ချင်မြင်ချင်၊ အတူနေချင်တဲ့လူ တစ်ယောက် နားမှာ ပဲ
ရှိနေမှာ လား။
ဘာပဲ ဖြစ် ဖြစ်ပေါ့ အမေရယ်။
အမေ့ကိုအရမ်းချစ်တဲ့ သား တစ်ယောက် ၊
အမေ့စကားတွေ ကို အမြဲလက်ခံယုံကြည်တဲ့ သား
တစ်ယောက် ဒီကမ္ဘာလောကကြီးထဲမှာ
ရှိနေသေးပါတယ်။
ဟုတ်ပါတယ်၊ ဘဝဆိုတာ
အမေပြောခဲ့သလိုပါပဲ။
*
(Elsa Schiaparelli)
1896-1973
*
ဘဝဆိုတာ ရိုးရိုးလေးပါ။
ရွေးချယ်ပြီးသွားရင် နောက်မဆုတ်ကြေး။
*
( ၂၇ ) 
ရှေ့ပိုင်းဆီမှ လှည်းလေးတစ်စီးက
တအိအိသွားနေသည်။ ထို့နောက်မှာ
လူအုပ်ကြီးတစ်ခုက ပူပူဆွေးဆွေး ပါလာကြသည်။
ယောက်ျားသားများ တွန်းရွှေ့ခေါ်ဆောင်လာကြသော
လှည်းတစ်စီး ဖြစ်ပါသည်။ ရိုးစစ်ကိုယ်တိုင်ပင်
လှည်းတွန်းသူများ ထဲမှာ ပါဝင်နေ၏ ။
သေဆုံးသွားသူ
ဒေါ်အေးသင်ရုပ်အလောင်းအား သင်္ချို င်းသို့
ခေါ်ဆောင်လာခြင်း ဖြစ်ပါသည်။ တစ်ဦးတည်းသော
ဆွေမျိုး ဖြစ်သူ ဦးဖိုးလူ ကတော့ တအိအိ
ရွေ့လျားနေသော တွန်းလှည်းလေးအား ကိုင်ရင်း
တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါလာသည်။ မျက်နှာမှာ
ပကတိတည်ငြိမ်နေပါ၏ ။ အစ်မ ဖြစ်သူ ရဲ့
နောက်ဆုံးခေရီးကို အေးအေးချမ်းချမ်း
လိုက်ပို့ပေးသလိုမျိုး။
မိန်းကလေးအချို့ ကတော့ မချိတင်ကဲ
ငိုယိုကာ လိုက်ပါလာကြပါသည်။ ရိုးစစ် စိတ်ထဲမှာ
မကောင်း၊ သူရောက်လာချိန်မှစလို့ ဤရွာရဲ့
ဒုတိယမြောက်နာရေး ဖြစ်ပါသည်။ သိရသည်က
ဒေါ်အေးသင်မှာ သဘောမနောကောင်းသူတစ်ဦး
ဖြစ်ကာ လူချစ်လူခင်များ သူတစ်ဦး ဖြစ်လေ၏ ။
ထို့အတွက်ကြောင့် လည်း သူ့နာရေး က
စည်ကားနေသည်။
ပူပြင်းလောင်စပ်သော နေမင်းကို
အန်တုရင်းနှင့် ပင် အလောင်းတင်လှည်းလေးက
သုသာန်နှင့် တစ်စထက်တစ်စ နီးကပ်လာ၏ ။
ရေရှားပါးသည့်အတွက် ဖြစ်သလိုသင်္ဂြို ဟ်လိုက်ရသော
နာရေး ဖြစ်သည်။ ရွာပိုင်လှောင်ကန်ထဲမှာ
ရေမရှိတော့သည့်အတွက် သုံးပင်ရွာမှ ခက်ခက်ခဲခဲ
သယ်ယူလုပ် ဆောင်ခဲ့ရ၏ ။ အသွားအပြန်
သယ်ရသည်မို့ ရွာသူ၊ ရွာသားအပေါင်းမှာ လည်း
ပြောပြ၍ မရနိုင်အောင် ပင် ပင်ပန်းနေကြပါပြီ။ သို့
ပေမဲ့လည်း . . .
သုသာန်ဆီသို့ ချင်းနင်းဝင်ရောက်လာတော့
ဝတ္တရားမပျက်ပင် ကာလသားတစ်စုက . . .
''နောက်တစ်ခါလာဦးမလားဟေ့ . . . ''
''မလာတော့ဘူး . . . မလာတော့ဘူး . . . ''
''ရေရှားတယ်လို့ ပြောဦးမလား''
''မပြောတော့ဘူး . . . ''
''ရေငတ်ပြီး သေကြဦးမလား . . . ''
''မသေတော့ဘူး . . . မသေတော့ပါဘူး''
အလောင်းတင်လှည်းကို ဝိုင်းပစ်ကြသော
မြေကြီးခဲတွေ ရောက်လာသည်။ ရိုးစစ် ခေါင်းငုံ့၍ ပင်
အများ နည်းတူ တွန်းလာခဲ့၏ ။
ခုနအော်ဟစ်လိုက်သည်ကြောင့် လည်ချောင်းတွေ
ခြောက်ကပ်ကွဲအက် သလို ခံစားနေရသည်။
ရေငတ်ပြီးသေဆုံးခြင်းမဟုတ်ပေမဲ့
နောက်ဆုံးထွက်သက်မှာ တောင်းဆိုသော ရေကို
ဒေါ်အေးသင် မသောက်လိုက်ရပါပေ။
ဝဋ်ကြွေးတစ်ခုပါပဲ။
နောက်ဆုံးထွက်သက်မှာ တောင်
ရေဝအောင်မသောက်သွားရသူ ဒေါ်အေးသင်အတွက်
ရိုးစစ် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိပါသည်။
ဦးဖိုးလူရော ဘယ်လောက်ခံစားနေရမလဲ။ သူလို သွေး
မတော် သားမစပ် အလည်ရောက်လာသူ တစ်ယောက်
ကပင် ဤမျှလောက်ခံစားနေရသည် ဆိုပါက
ကာယကံရှင်တွေ မှာ ဆိုဖွယ်ရာမရှိ။
သုသာန်တွင်းရောက်တော့ ရိုးစစ်
ဇရပ်လေးဆီ လှမ်းကြည့်မိသည်။ ငုတ်တုတ်ထိုင်ကာ
သယ်ဆောင်လာသော အသုဘကို ငူငူငေးငေး
ကြည့်နေသော အီလစ်ကို တွေ့ ရ၏ ။ တစ်နေရာရောက်
တော့ လှည်းကိုရပ်ကာ အခေါင်းကို ချသည်။ ပြီးတော့
တူးဖော်ထားသော မြေကျင်းရှိရာအတွင်းပိုင်း ဆီ
သယ်ဆောင်သွားကြ၏ ။ အလောင်းနောက်မျ
လူအုပ်ကြီးပါသွားသည်။ ရိုးစစ်လည်း ဦးဖိုးလူနှင့်
မလှမ်းမကမ်းမှ လိုက်သွားလိုက်ပါသည်။
မြေကျင်းဆီရောက်တော့ ထမ်းယူလာသော ကာလသား
တွေ က အလောင်းကို သုံးပတ် ပတ်ကာ ကစားသည်။
ပြီးတော့ . . .
''ဦးလေး . . . အလောင်းကြည့်ဦးမလား . . . ''
ကာလသား တစ်ယောက် ရဲ့ အမေးကို
ဦးဖိုးလူက . . .
''မကြည့်တော့ဘူး၊ ချလိုက်တော့''
ခဏချင်းပင် အလောင်းမှာ
ကျင်းထဲရောက်သွားသည်။ ဒေါ်အေးသင်ကို
ချစ်ခင်ရင်းနှီးသူတွေ ရဲ့ ငိုယိုအော်ဟစ်သံတွေ
ဆူညံသွား၏ ။ လင်မရှိ သားမရှိ အပျိုကြီး ဖြစ်ပေမဲ့
စိတ်ထားကောင်းသူမို့ ဝမ်းပန်းတနယ်
နှမျောငိုကြွေးသူများ မှာ မနည်း။
ငိုလျက်မှပင် ကျင်းထဲရောက်သွားပြီ
ဖြစ်သော အခေါင်းပေါ်သို့ နိုင်သလောက် မြေခဲတွေ
ပစ်ထည့်ပေးကြပါသည်။ တစ်ရွာလုံးစုပေါင်း၍
မြေဖို့နှုတ်ဆက်သည့်သဘော ဖြစ်သည်။
ပြီးတော့ ထုံးစံအတိုင်း
နံရံအုတ်တံတိုင်းတစ်ခုဆီသို့ ဦးတည်သွားကြသည်။
သုသာန်ရဲ့ အနောက်ဘက်အုတ်တံတိုင်း ဖြစ်၏ ။
လက်ထဲမှာ စာရွက်ခေါက်လေးတွေ နဲ့ . . .
ဦးဖိုးလူအပါအဝင် ရိုးစစ်နှင့်
ကာလသားအချို့ ကတော့ အခေါင်းကို
ဆက်လက်မြေဖို့နေကြဆဲ . . .
မြေဖို့ပြီးတော့ အပေါ်မှာ 'ဒေါ်အေးသင်၊
အသက် (၆၄) နှစ် ' ဟူသော မှတ်တိုင်တစ်တိုင်ကို
စိုက်သည်။ ထိုစဉ်မှာ ပဲ . . .
''ဝှစ် . . . ဒုတ် . . . ''
မြားတစ်စင်းက မြေပုံပေါ်
ထိုးစိုက်သွားသည်။ တစ်ဆက်တည်းလိုလို
သုသာန်နံရံအပြင်ဘက် ဆီမှ
အပြင်းမောင်းနှင်သွားသော မြင်းခွာသံ
တဖြောင်းဖြောင်းကိုလည်း ကြားလိုက်ရ၏ ။ ဘာလဲ . . .
ဘာသဘောလဲ . . . ။
မြေဖို့ နေသော သူတို့လူစုမှာ
ရှေ့တည့်တည့်ထိုးစိုက်လာသော
မြားတစ်စင်းကိုကြည့်ကာ ကြောင်အမ်းသွားကြစဉ် . . .
ဦးဖိုးလူက ဆတ်ခနဲ ဆွဲနှုတ်သည်။ ပြီး . . .
တွဲ လျက်ပါလာသော စာတစ်စောင်အား ဖြဲယူ
ဖတ်ကြည့်လိုက်တော့ . . .
မျက်နှာအရောင် တစ်ချက် ပြောင်းသွား ၏ ။
ပြီး သူ့ကိုတည့်တည့်စူးစူးကြည့်ကာ လက်ထဲမှ စာကို
ကမ်းပေးသည်။ ရိုးစစ် အလျင်စလို ယူကြည့်လိုက်တော့
. . .
ကောင်လေး . . .
ညနေ (၆) နာရီ မင်းကို ငါ ပထမဆုံးနဲ့
နောက်ဆုံးအကြိမ် တွေ့ မယ်။ သဲချောင်းမြေပြင်ဟာ
မင်းရဲ့ သင်္ချို င်း ဖြစ်စေရမယ်။
ယက္ခ
သူ့နားထဲ၌ ဘယ်ကမှန်းမသိသော
ရယ်သံကြီးတစ်ခုက ကျယ်ကျယ်လောင်လောင် ပျံ့လွင့်
လာသလို။
ရပါတယ်။
*
( ၂၈ ) 
အနောက်ဘက်သုသာန်စည်းရိုးနဲ့
ရပ်ဝန်းလေးတစ်ခုမှာ စာရွက်ခေါက်လေးတွေ
စုစုရည်ရည် ထိုးညှပ်ထားကြပါသည်။
ထိုစာရွက်ခေါက်လေးများ ကို အီလစ်က
ဇကာလေးတစ်ခုကိုင်ပြီး ဖြု တ်ယူနေ ၏ ။ ရိုးစစ်လည်း
အီလစ်နည်းတူ စာရွက်ခေါက်လေးများ ကို လိုက်လံဖြု
တ်ယူနေသည်။
သုသာန်တွင်းမှာ မည် သူမျှမရြှိ ကတော့။
သူတို့နှစ် ယောက် သာ စာရွက်များ ကိုဖြု တ်ရင်း ကျန်ခဲ့
သည်။ ရိုးစစ်အိတ်တွင်းမှာ ထူးထူးခြားခြား
စာရွက်လေးတစ်ရွက် ရှိနေပါသည်။
မြေပုံပေါ်မှရခဲ့သော စာလေး။
သူ့ကိုပင်မစောင့်တော့ဘဲ ယက္ခက
စတင်ကာ စိန်ခေါ်လိုက်ပေပြီ။ ဘာပဲပြောပြော၊ ယနေ့
ညနေ (၆) နာရီမှာ ယက္ခနှင့် တွေ့ ရတော့မည် ။
ကြောက်ရွံ့ခြင်းကင်းပေမဲ့ ရင်တော့ အနည်းငယ် ခုန်နေ
၏ ။
ဇကာလေးပြည့်သွားတော့ အီလစ်က
ဇရပ်ရှိရာဆီ လှည့်ထွက်သွားသည်။ သူ တစ်ယောက်
သာ ကျန်နေခဲ့၏ ။ နှစ် ခု၊ သုံးခု ထပ်ဖြု တ်ယူပြီးတော့
နံရံမှာ စာရွက်ခေါက်တွေ ကုန်သလောက် ဖြစ်
သွားပါသည်။ ဒါပေမဲ့ . . .
အောက်ဖက်ပိုင်းမှာ
စာရွက်ခေါက်လေးတစ်ခု . . . ။
ရိုးစစ် ကိုယ်ကိုငုံ့ကိုင်းကာ ဖြု
တ်ယူလိုက်သည်။ လက်တွင်းမျာ ပါမလာ။
စာရွက်ခေါက်လေးက အုတ်ချပ်နှစ် ခုကြားတွင်
ညှပ်နေ၏ ။ ဘယ်လိုထိုးစိုက်ခဲ့သည်မသိပေမဲ့ တော်
တော် နှင့် ဆွဲထုတ်လို့မရ။ တစ်စုံတစ်ခုနှင့် ငြိနေသလို
တစ်ခံနေသည်။
သူ ထိုင်ချလိုက်သည်။ ပြီးတော့
ညှပ်နေသော အုတ်သားကို လှုပ်ကြည့်လိုက်၏ ။
အုတ်သားက တနဲ့နဲ့ လှုပ်ခတ်နေသည်။ စာရွက်ကို
ထပ်ဆွဲကြည့်ပေမဲ့ ပါမလာသေး။ ဘာနဲ့ဘယ်လို
ညှပ်နေသည် မသိ။ ရိုးစစ် စိတ်မရှည်တော့။
လက်နှစ် ဖက်နှင့် ထိုင်ကာ စာရွက်ကို
ခပ်ဆတ်ဆတ် စောင့်ဆွဲလိုက်သည်။ သူ ဖင်ထိုင်ကျသွား
ပါသည်။ စာရွက်တော့ လက်တွင်းမှာ ပါလာသည်။
လှုပ်နေသော အုတ်သားတစ်ခဲလည်း အပြင်သို့
တစ်ဝက်တိတိ ပြူ ထွက်လာ၏ ။ ရိုးစစ်ကိုယ်ကို
ပြန်မတ်ကာ ထိုအုတ်သားကို မူလနေရာသို့ ပြန်လည်
ထိုးသွင်းလိုက်တော့ . . .
''ဟင် . . . ''
နီကျင်ကျင် စာရွက်လေးတစ်ရွက်၊
ဘယ်အချန်ကတည်းက ဤအုတ်ချပ်ကြားတွင်
ရောက်နေ သည်မသိ၊ အီလစ်မမြင်ဘဲ ကျန်နေခဲ့သော
စာရွက်လေးတစ်ခု ဖြစ်ဟန်တူသည်။ ယခု သူဆွဲလိုက်မှ
အုတ်ခဲနှင့် ရောကာ အပြင်သို့ ရောက်လာခြင်း
ဖြစ်သည်။
ဟိုးအတွင်းဘက်ထဲမှာ နှစ် ရှည်လများ
နေလာခဲ့ဟန်တူ၏ ။ စာရွက်လေးက နီထွေးဝါကျင်ရုံပင်
မဟုတ်။ အုတ်ရောင် ပါပေါက်နေပြီ။
ရိုးစစ်ဆွဲယူလိုက်တော့ လက်တွင်းမှာ
ပြားချပ်ချပ်လေးပါလာ သည်။ ဖွင့်ကြည့်ဖို့ပင် တော်
တော် ခက်ခဲပေလိမ့်မည် ။ နှစ် ကာလမည်
မျှတိုင်အောင် အတွင်းမှာ နေခဲ့ရ သည်မသိ။
စာရွက်သားတွေ က အထိမခံချင်တော့။
မြေမှု န်တွေ နှင့် ရောကာ ပါးလျညွှတ်ဆွေးနေပြီ။
ဒါပေမဲ့ အချိန် သူ စိတ်ဝင်တစားဖွင့်ကြည့်လိုက်ပါသည်။
ရေး ထားသော လက်ရေး တွေ က ဟိုဘက်ဒီဘက်ပင်
အရောင် ပေါက်နေပြီ ဖြစ်သည်။ ဒါပေမဲ့ . . .
ခေါက်ရိုးကျိုးနေသော စာရွက်လေးမှာ
ဖတ်၍ ရရုံ ပြန့်သွားစဉ် . . .
ကျု ပ်ကြောက်တယ်၊ ဖိုးလက်ဖြူ ကို ကျု
ပ်ကြောက်တယ်။ ဒီအကြောင်းတွေ ကို ကျု ပ်
ဘယ်သူ့ကိုမှ မပြောရဲဘူး။
အားလုံးထင်ထားသလို ဦးသီလရွာက
ပျောက်သွားတာမဟုတ်ဘူး သေသွားတာ။ ဖိုးလက်ဖြူ
သတ်လိုက်လို့ ဦးသီလသေသွားတာ။ ရက်ရက်စက်စက်
အသတ်ခံလိုက်ရတာ ။ ပြီးတော့ ရက်ရက်စက်စက်
စွန့်ပစ်ခံလိုက်ရတာ ။
အဲ့ဒီည . . . အဲ့ဒီညက ကျု ပ်ရှိနေတယ်။
သူတို့နှစ် ယောက် တစ်ယောက် ကို
တစ်ယောက် ကြည့်ပြီး ထိုင်နေတာတွေ့ လို့ ကျု
ပ်ချောင်းကြည့်ခဲ့တာ။ ကျု ပ်ရောက်နေတာကို
သူတို့မသိဘူး။ မျက်နှာချင်းဆိုင်ထိုင်ပြီးတော့
တစ်ယောက် ကို တစ်ယောက် စိန်းစိန်းကြီး
စိုက်ကြည့်နေတာ။ လရောင် ထိုးနေလို့ ကျု ပ် သူတို့ကို
ကောင်းကောင်း မြင်နေရတယ်။ သူတို့ ဟိုဘက်ခြမ်းက
ချောင်းရေစီးသံကိုတောင် ကြားနေရသေးတယ်။ ဒါပေမဲ့
ကြည့်နေရင်းနဲ့ ကျု ပ် တဖြည်းဖြည်း
ကြောက်လာတယ်ဗျာ၊ ဘာလို့မှန်းမသိဘူး။ သူတို့နှစ်
ယောက် ကိုကြည့်ပြီး အလိုလိုကြောက်လာတာ . . .
ကြက်သီးတွေ ထလာတယ်။ ရင်တွေ
တုန်ပြီး ကျောချမ်းသလိုလည်း ဖြစ်လာတယ်။
ချောင်းရေစီးသံကတောင် တဖြည်းဖြည်း ကျု ပ်ကို
ချောက်ချားလာသလိုပဲ။ တဝေါဝေါအသံကြီးက
နီးလာလိုက်၊ ဝေးသွားလိုက်နဲ့။
ကြောက်ကြောက်နဲ့ကြည့်နေတုန်းမှာ ပဲ ကျု
ပ်တို့သူကြီး ဦးသီလ ဇက်ကျိုးပြီး ငေါက်ခနဲ
ခွေလဲသွားတယ်ဗျာ။ ဖိုးလက်ဖြူ လည်း 'အား' ခနဲ
အော်ပြီး မျက်လုံးတစ်ဖက်ကို လက်နဲ့အုပ်သွားတယ်။ ကျု
ပ်ဖြင့် ကြောက်လိုက်တာဗျာ။ ထွက်ပြေးဖို့စိတ်ကူးပေမဲ့
သူကြီးလဲကျနေလို့ ထွက်မပြေးနိုင်ဘူး။ ကျု
ပ်ကြည့်နေတုန်းပဲ ဖိုးလက်ဖြူ က
သူကြီးခြေထောက်တစ်ဖက်ကို မ, ပြီး
ချောင်းရေစပ်ရောက်အောင် တရွတ်တိုက်
ဆွဲသွားတယ်။ သူကြီးက တုပ်တုပ်မှမလှုပ်ဘူးဗျ။ အဲဒီ
အချိန်ထိ သူကြီး ဘာ ဖြစ်သွားလဲ ကျု ပ်မသိသေးဘူး။
ချောင်းစပ်ရောက်တော့ ဖိုးလက်ဖြူ
ခါးကြားက ဓားတစ်လက် ဆွဲထုတ်လိုက် တာတွေ
့တယ်။ ပြီးတော့ . . . ပြီးတော့ . . .
သူကြီးရဲ့ လက်တစ်ဖက်ကိုမြှောက်ပြီး ဓားနဲ့
တအားလွှဲခုတ်ပစ်လိုက်တယ်ဗျာ။ လရောင် အောက်မှာ
သွေးတွေ ရဲခနဲ ပန်းထွက်သွားတယ်။
သူကြီးလက်လည်း တံတောင်ဆစ်က တိခနဲ
ပျက်ကျသွားတယ်။ ကျု ပ် အသက်ရှူ တောင်
ရပ်သွားသလိုပဲ။ အခုမှ ကျု ပ်သိလိုက်တယ်။ သူကြီး
ဇက်ကျိုးပြီး ခွေလဲသွားကတည်းက
အသက်ပျောက်သွားတာဗျ။ ဒါကြောင့် မလို့ ဖိုးလက်ဖြူ
လုပ်သမျှ တုံ့ပြန်မှု မရှိတာ။
သေနေတဲ့လူ တစ်ယောက် ကို ဘာလို့
လက်ဖြတ်ပစ်လိုက်တာလဲ ကျု ပ် စဉ်းစား လို့မရဘူး။
ဖိုးလက်ဖြူ က သွေးသံတရဲရဲနဲ့ ဦးသီလကိုပွေ့ပြီး
ရေထဲပစ်ချလိုက်တယ်။ 'ဗွမ်း' ခနဲ အသံကြီးကြားပြီး
တစ်အောင့်ကြာတဲ့ထိ ဖိုးလက်ဖြူ ရပ်ကြည့်နေတုန်းပဲ။
ပြီးတော့မှ ဦးသီလရဲ့
လက်ပြတ်ကြီးကိုကိုင်ပြီး ထွက်သွားတယ်ဗျာ။ အဲ့ဒီ
နောက်တော့ ဘာတွေ ဆက် ဖြစ်လဲ ကျု ပ်ကိုယ်ကျု
ပ်လည်း မသိတော့ဘူး။ ကျု ပ်သိတာ တစ်ခု ကတော့
ဒီစာကို ဦးသီလသေဆုံးခြင်း ဝမ်းနည်းစာအ ဖြစ်
သုသာန်နံရံမှာ ညှပ်ပြီး သွားရင် ကျု ပ် ဒီရွာက
ထွက်သွားတော့မယ်။ ဘယ်တော့မှပြန်မလာတော့ဘူး။
ဖိုးလက်ဖြူ လို ရက်စက်တတ်တဲ့လူ
တစ်ယောက် အုပ်ချု ပ်တဲ့ရွာမှာ ကျု ပ် မနေရဲ ဘူး။
'ဦးသီလ ကောင်းရာသုဂတိလားပါစေ'
( ငထင် )
စာဆုံးအောင် ဖတ်ပြီးသွားချိန်မှာ ရိုးစစ်
အလိုလို ဖင်ထိုင်ကျသွားတော့သည်။ ရင်တွေ တလှပ်
လှပ် ခုန်နေ၏ ။ စိတ်ကိုထိန်းကာ ဒုတိယတစ်ခေါက်
ထပ်ဖတ်လိုက်သည်။ ဆုံးသွားချိန်မှာ တော့ . . .
ရိုးစစ် ဆတ်ခနဲခုန်ထကာ အီလစ်ရှိရာဆီ
ပြေးပါတော့၏ ။ သူ တစ်ဝက်တစ်ပျက် သဘော
ပေါက်လိုက်လေပြီ။ ထို့ကြောင့် ရောက်ရောက်ချင်းပင် .
. .
''အီလစ် . . . မင်း . . . ငထင်ဆိုတဲ့လူကို
သိလား''
အမောတကော သူ့ပုံစံကိုကြည့်ကာ အီလစ်
ကြောင်သွားသလိုရှိသည်။ ဒါပေမဲ့ . . .
''ငထင် . . . ငထင် . . . ''
ကြားဖူးနားဝရှိသလို ခပ်တိုးတိုး ရေရွတ်၏ ။
အရေး တကြီးဟန်ပန်တွေ ကြောင့် အီလစ်
လေးလေးနက်နက် ဖြစ်သွားရကာ . . .
''ငထင် . . . သိပြီ . . . သိပြီ . . . ကျွန်တော်
့အဖေရှိတုန်းက ရွာချောင်းရိုးမှာ ငါးလိုက်ဖမ်းတဲ့
လူကြီး''
သေချာလေပြီ။ မှားရန်မရှိနိုင်တော့ . . .
''သူအခု ဘယ်မှာ နေလဲ''
''မရှိတော့ဘူးဗျ။ ရွာမှာ မနေတော့တာ
ကြာပြီ။ ရွာ ပြောင်းသွား တာလား။ မြို့  တက်သွားတာ
လား မသိဘူး''
ပြီးလေပြီ။ ငထင်နဲ့ပတ်သက်သော
သတင်းက ဒီမှာ တင် ဆုံးသွားပြီ။ ဒါပေမဲ့ ကိစ္စမရှိ။
ကျိန်စာ နှင့် ပတ်သက်သော အပိုင်းအစတစ်ခုကို သူ
အမှတ်မထင် ရလိုက်လေပြီမဟုတ်ပါလား။
ဦးသီလ လက်ပြတ်ကြီးကို ဖိုးလက်ဖြူ
ဘာလုပ်မှာ လဲ။ အကြောင်းမဲ့ဖြတ်သွားခြင်းတော့ လုံးဝ
မ ဖြစ်နိုင်ပေ။ ဒါဆို . . .
ကျိန်စာတိုက်ဆိုရာတွင် အသုံးပြု ဖို့လား . . .
။
ဒါသည်ပင် ဖိုးလက်ဖြူ အသုံးပြု ခဲ့သည့်
ကြားခံပစ္စည်းလား . . . ။
ဟုတ် မဟုတ်ဆိုသည် ကတော့ ညနေ (၆)
နာရီတွင် သိရပေမည် ။
ကောင်းကင်ကနေမင်းမှာ တော့
စွမ်းအားပြင်းလျက်ပင် ရှိပါသေးသည်။
………….
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၁ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   
စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။
…………..
"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...

Related Posts