သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁၁ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၁၁ )
……….
( ၂၉ )
လေတစ်ချက် ဝေ့တိုက်သွားသည်။ လူကြီး တစ်ယောက် အုတ်ဂူကြီးတစ်လုံးရဲ့
ရှေ့တွင် မတ်တတ်ရပ်လျက်ရှိနေပါသည်။ အုတ်ဂူပေါ်မှာ ကား လောလောလတ်လတ် ရေး
ခြစ်ထားဟန်တူသော ဇယားကွက်နှင့် ဂဏန်းမျာရှိနေသည်။ ထိုစဉ်မှာ ပင် လူကြီး
ဒူးထောက်ထိုင်ချလိုက်ပါသည်။ ပြီးတော့ အုတ်ဂူကြီးအားကြည့်ကာ စို့နင့် ကြေကွဲသော
စကားများ ထွက်လာလေ၏ ။
''ကျု ပ်တကယ်ညံ့တယ် အစ်ကို။ အစ်ကိုပေးခဲ့တဲ့ ကတ်ပြားနှစ် ချပ်ရဲ့ အဓိပ္ပာယ်ကို
ခြောက်နှစ် ပြည့်တဲ့အထိ ကျု ပ်မဖော်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ကျု ပ် လက်လျော့လိုက်ပြီ။ ကတ်ပြားခုနှစ်
ချပ်လုံးကို ဂူနံရံပေါ်မှာ ကျု ပ်ရေး ပေးထားခဲ့တယ်။အရေး ကြီးတယ်ဆိုတဲ့ ကတ်ပြားခုနှစ် ချပ်ကိုတော့
ထင်သာ မြင်သာရှိအောင်အစ်ကို့အုတ်ဂူအရှေ့ဘက်ခြမ်းမှာ ရေး ပေးခဲ့ပါတယ်။
ကျု ပ်ထက်တော် တဲ့၊ စွမ်းတဲ့လူ ပေးလာခဲ့ရင်ဒီဇယားကွက်တွေ ကိုမြင်ပြီး
အဖြေထုတ်နိုင်အောင်ပေါ့။ ညံ့ဖျင်းလွန်းတဲ့ကျုပ်ကိုတော့ ခွင့်လွှတ်ပါ''
လေပူတစ်ချက် ထပ်မံဝေ့တိုက်လာပါသည်။ ဒူးထောက်နေရာမှ မတ်တပ်ရပ်လိုက်သည်။
မကြာတော့သော အချိန်တစ်ခုမှာ သူသဲချောင်းကွင်းပြင်သို့ ဆင်းရပေတော့မည် ။
ရိုးစစ်ဆိုသော ကောင်လေးနှင့် တွေ့ဆုံရပေဦးမယ်။
သူ့ပညာအဆင့်အတန်းကို တွက်ဆနိုင်အောင် ထိုကောင်လေး သုံးကြိမ်တိတိ
သွေးတိုးစမ်းခဲ့ ပါသည်။ ပထမ အုတ်နံရံကို ဖြတ်လျှောက်ပြသည်။
ဒုတိယ ပရိသတ်တွေ ကို ပဉ္စလက်နည်းနဲ့ က, စေ
သည်။ တတိယမြောက်ပြကွက် ကတော့ကောင်းမွန်လွန်းပါသည်။ လက်ထိပ်ခတ် မြေမြှု
ပ်ထားတာ တောင် ရအောင်ထွက်ပြနိုင်ခဲ့သည်။ ဒါပေမဲ့ သုံးကြိမ်လုံးလုံး သူ့ဘက်က တုံ့ပြန်မှု မရှိခဲ့။
ကောင်လေးရဲ့ ရည်ရွယ်ချက်ကို သိနေသည်မဟုတ်ပါလား။
တစ်စုံတစ်ရာတုံ့ပြန်ခဲ့လျှင် ထိုတုံ့ပြန်မှု အပေါ်မူတည်၍ သူ့ပညာအဆင့်အတန်းကို တွက်ဆ
ခန့်မှန်းသွားပေမည် ။ သူ့ဘက်က ငြိမ်နေခဲ့သည့်အတွက် . . .
ယခုတော့ သူဘာနည်းသုံးမလဲ။ မည်သူမျှသိမည် မဟုတ်ပါ။
အစ်ကိုဖိုးလက်ဖြူ သင်ပေးခဲ့သည့် ပညာတစ်ရပ်ကိုတော့ ကောင်းစွာ တတ်မြောက်ထားပါ
သည်။ ဦးသီလကို အနိုင်ယူခဲ့သည့်ပညာ။
*
( ၃၀ ) 
ညနေမှော င်ရီပျိုးချိန်တွင်တစ်ရွာလုံးအုတ်အော်သော င်နင်း
ဖြစ်သွားရလောက်အောင် အပြေး အလွှားဖြစ်ကုန်တော့သည်။ သဲချောင်းကွင်းပြင်ကို ပြေးသူ
ပြေး၊ ဘုန်းကြီးကျောင်းဆီ ပြေးသူက ပြေးနှင့် . . . ။ဘုန်းကြီးကျောင်းတစ်နေရာမှာ လူတွေ ၊
ဘုန်းကြိးတွေ ဝိုင်းအုံနေသည်။ လူတွေ ဟန်ပန်မှာအထိတ်တလန့်ပုံစံတွေ ပေါ်နေသလောက်
ဘုန်းကြီးတွေ မှာ တော့ သင်္ကန်းကို ခပ်ပြတ်ပြတ်ရုံရင်း
ချွေးတလုံးလုံး ဖြစ်နေသည်။တစ်စုံတစ်ရာအားကြည့်ကာ ခြေမကိုင်မိ
လက်မကိုင်မိလည်း ဖြစ်နေကြ သည်။သူတို့အားလုံး ဝိုင်းအုံကြည့်နေသည်ကား
ဆရာတော် ဘုန်းကြီး။ ဆရာတော် ဘုန်းကြီးမှာ နဖူး၌ချွေးတွေ ခိုတွဲ နေသလို စိတ်လှုပ်ရှားလွန်းသည်ကြောင့်
မျက်နှာတစ်ခုလုံးပင် နီအမ်းနေ၏ ။ ရုံထားသောသင်္ကန်းမှာ လည်း ချွေးနှင့် ရောကာ အသားတွင်
ကပ်နေသည်။သို့ ပေမဲ့ တင်ပျဉ်ခွေထိုင်ကာ လက်တွေ
အဆက်မပြတ် လှုပ်ရှားနေဆဲ။ စိတ်ချတော့သည်ကြောင့် ဆရာတော် ဘုန်းကြီးကိုယ်တိုင်ဝင်ကာ
သုံးပုံပဟေဠိအား ရွှေ့နေခြင်း ဖြစ်၏ ။ တိုင်သုံးတိုင်စိုက် ထားသည့်အနက် တိုင်တစ်တိုင်မှာ
ကွင်းလေးတွေ ကြီးစဉ်ငယ်လိုက် အစီအရီ စွပ်နေ၏ ။ ကျန်နှစ် တိုင် မှာ တစ်တိုင်နှစ် ကွင်းစီနဲ့
လေးကွင်းရှိနေသည်။ ထိုလေးကွင်းမှာလည်း ဟိုဘက်တိုင်ရောက်လိုက်၊ ဒီဘက်တိုင်ရောက်လိုက်။
သေချာတာတစ်ခု ကတော့ သုံးပုံပဟေဠိပေါ်တော့မည် ။
အရမ်းအရေး ကြီးနေပြီမို့ ဆရာတော်ကိုယ်တိုင် ဝင်ရွေ့နေရပြီ။
မကြာခင်အချိန်အတွင်း ကွင်းအားလုံးတစ်တိုင်တည်းမျာ စွပ်မိတော့မည် ။
သုံးပုံပဟေဠိ ပေါ်တော့မည် ။သုံးပုံပဟေဠိ ပေါ်တော့မည် ။
သုံးပုံပဟေဠိ . . .
ထိုစဉ်မှာ ပဲ . . .
''သဲချောင်းကွင်းထဲကိုယက္ခရောက်လာပြီတဲ့ဟေ့ . . . ''
ဟိန်းထွက်သွားသောအသံကြီးတစ်သံနောက်မှာ တော့ ရှိရှိသမျှလူတွေ
သဲချောင်းကွင်းပြင်ဆီ ပြေးကြပါတော့၏ ။ကြားရာအရပ်ကလူတွေ သဲချောင်းကွင်းပြင်ဆီ
ပြေးထွက်သွားကြသည်။ ဆရာတော်ဘုန်းကြီးကိုယ်တိုင် ရွှေ့နေသော သုံးပုံပဟေဠိအား
စိတ်ဝင်တစားကြည့်နေသူတွေ ပင် မနေနိုင်တော့။တစ်ရွာလုံးအပြေးအလွှား။
ဝရုန်းသုန်းကား။ကွင်းပြင်ဆီရောက်တော့ . . .
''ဟင်''
သူတို့အား မီးတုတ်သုံးခုနဲ့ လူ တစ်ယောက်က ဆီးကြို နေပါသည်။ ဘယ်လိုရောက်လာခဲ့မှန်း
မသိပေမဲ့ မြင်ရသော မြင်ကွင်းမှာ တော့ . . .ယက္ခက ခုံတစ်လုံးကိုကျောမှီကာ
ထိုင်နေသည်။ ယက္ခနောက်တည့်တည့်မှာ မီးတုတ်ကိုင်ထားသော စောညို ၊ စောညို ရဲ့ ဘေးနှစ် ဖက်မှာ မီးတုတ်ကိုယ်စီနဲ့ လူနှစ် ယောက် ။ တစ်အုပ်စုလုံးအားနဲ့ မာန်နဲ့ရောက်နေကြခြင်း ဖြစ်သည်။
ယက္ခက ခုံကို လျော့လျော့မှီထိုင်ကာအပြေးအလွှား လာရောက်ကြည့်ရှုနေသူအားလုံးကို
ခပ်စူးစူး ကြည့်နေ၏ ။ တစ်စုံ တစ်ယောက် အားရှာနေပုံရသည်။ ရိုးစစ်အားရှာနေခြင်း ဖြစ်ကြောင်း
အကုန်လုံးရိပ်မိကြသည်။
ဒါပေမဲ့ . . .
''ရိုးစစ် ရောက်မလာသေးပါလား။ (၆) နာရီထိုးတော့မယ်''
လူ တစ်ယောက် က အိတ်ထဲမှခေတ်ဟောင်းသံပတ်နာရီလေးအား
ထုတ်ကြည့်ရင်းဆိုတော့ . . .
''ဘုန်းကြီးကျောင်းရောက်နေတယ်နဲ့တူတယ်။ ဟိုမှာ လည်း အရေး ကြီးနေပြီ''
မိန်းမကြီး တစ်ယောက် ရဲ့ စကားကို . . .
''ကျွန်တော် တို့တော့ မတွေ့ ခဲ့ပါဘူး။ အခုပဲအဲဒီ ကပြေးလာကြတာ''
''ဟုတ်လား . . . အဲဒါဆို ဘယ်များရောက်နေလဲမသိဘူး''
အကုန်လုံးက တစ်ယောက် တစ်ပေါက်ပြောရင်း အခြေအနေကို ကြည့်ရှုနေကြ၏ ။
ရိုးစစ်နှင့် ယက္ခ ထိပ်တိုက်တွေ့ မည့်ပွဲပင်မဟုတ်ပါလား။ ဘယ်လိုယှဉ်ပြို င်ပြီး
ဘယ်သူနိုင်မလဲ သိချင်နေကြပေမဲ့ တစ်ရွာလုံးရဲ့အားပေးမှု ကတော့ ရိုးစစ်ဆီမှာ သာ ရှိနေသည်။
ရိုးစစ်ကိုသာ အနိုင်ပေးချင်နေကြသည်။ ဒါပေမဲ့ သူတို့တမ်းတမ်းတတ ဖြစ်နေသူ
ရိုးစစ် ကတော့ . . .
*
အခန်းလေးတစ်ခန်းက ပါးလျစိတ်ငြိမ်နေသည်။ ဖယောင်းတိုင်လေးတစ်တိုင်
ထွန်းထားသည် မှလွဲ၍ အခန်းထဲမှာ ဘာအငွေ့အသက်မှမရှိ။ ပကတိ တိတ်ဆိတ်နေသည်။
လေတိုးသံပင်ရှိမနေပါ။ ဖယောင်းတိုင်မီးလေးက တည့်မတ်စွာ ထွန်းပနေ၏ ။ သို့ အတူ အခန်းတွင်း၌
ရှိနေသူ တစ်ယောက် မှာ လည်း . . .ရိုးစစ် တင်ပျဉ်ခွေထိုင်ကာ ကိုယ်ကို
ဂွမ်းစလေးတစ်စအလား ပေါ့ပါးထားမိသည်။ မျက်လုံးအစုံ ကိုမှိတ်ဆင်းထား၏ ။ အသိအာရုံမှာ
ဝင်လာသော ဝင်လေနှင့် ထွက်သွားသော ထွက်လေ၊ ထိုနှစ် ရပ် သာ ရှင်သန်နေပါသည်။
နားထဲမှာ ဆရာတော် ဘုန်းကြီးပြောကြားလိုက်သော အသိတရားတွေ
တိုးဝင်နေ၏ ။
''စိတ်ကို အတည်ငြိမ်ဆုံး ဖြစ်အောင်နေ၊ အာရုံမှာ ဘာမှမထားနဲ့။ ဝင်လေ၊ ထွက်လေကလွဲပြီး
စိတ်အာရုံကို ဘယ်မှမပျံ့လွင့်စေနဲ့။ ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းထားနိုင်ရင် မောင်ရင့်ကို
ဘယ်သူ မှ နှောင့်ယှက်လို့မရဘူး။ေ မာင်ရင့်ဝိညာဉ်ကိုလည်း ဘယ်လိုပညာသည်မှ
နှုတ်မယူနိုင်ဘူး''
ဆရာတော် ဘုန်းကြီး၏ စကားသ့များ ကို ကြားယောာင်ကာ စိတ်ကို ငြိမ်သည်ထက် ငြိမ်အောင် ထိန်းထားမိသည်။ မကြာခင် ယက္ခနှင့် ရင်ဆိုင်ရတော့မည် ။ ယက္ခ ဘယ်လိုပညာတွေ သုံးမှာလဲ . . .
ယက္ခမှလွဲ၍ မည် သူမျှသိမည် မဟုတ်ပါ။ အမှတ်မထင်ရရှိခဲ့သော ငထင်၏
စာအရတော့ ဖိုးလက်ဖြူ လိပ်ပြာလွှင့်ပြီး ဦးသီလဝိညာဉ်ကို နှုတ်ယူသွားခြင်း ဖြစ်သည်။ ယခု
ယက္ခကရော ဘယ်လိုနည်းကို သုံးမှာ လဲ။ ပေးပို့စာအရ ယက္ခ အနိုင်ရရုံယှဉ်ပြို င်မှာ မဟုတ်။
'သဲချောင်းမြေပြင်က မင်းရဲ့ သင်္ချို င်း ဖြစ်စေရမယ်' ဟု ကြုံး ဝါးထားသည်။ ဒါဆိုလျှင်တော့ သူ့ကို
အသေတိုက်မှာ သေချာ၏ ။လိပ်ပြာလွှင့်ပညာကို သူ တတ်မြောက်မထား။ ဒါပေမဲ့ ကာကွယ်နည်းကိုတော့
အကောင်းဆုံးအနေအထားရောက်အောင်လေ့ကျင့်ရပေမည် ။
''တည်ငြိမ်နေတဲ့စိတ်လေးကို မပျောက်အောင်ထိန်းပြီး ချိန်းထားတဲ့နေရာကိုသွား။
မောင်ရင့် ကို တခြားနည်းနဲ့သာ အနိုင်ယူနိုင်မယ်။မောင်ရင့်လိပ်ပြာကိုတော့ ဘယ်လိုမှနှုတ်လို့
မရစေရဘူး''
တဖြည်းဖြည်းနဲ့ တည်ငြိမ်မှု က ပို၍ ပို၍တိုးလာသည်။ စိတ်အေးချမ်းလာသည်။ သူ့အသိအာရုံ
တွေ မှတ်စိတ်တစ်ခုကလွဲပြီး ဘယ်မှာ မျှရှိမနေတော့။ တည်ငြိမ်လာသည်။ အေးချမ်းလာသည်။
ပြီးတော့ အသစ်တစ်ဖန် တည်ငြိမ်လာပြန်သည်။
ဘာမှရှိမနေတော့။ ဘာမှလည်းမသိတော့။
အပြင်ဘက်မျာ ဘာတွေ ဖြစ်နေလဲ၊ မိုးရွာနေလား၊
လေတိုက်နေလား၊ ဆူညံနေလား၊ သူ ဘာမျှမသိတော့။
သူထိုင်နေတာလား၊ ထနေတာလားလဲ မသိ တော့။
သူနှင့် သူ့ကိုယ်သာ အုပ်စိုးမိလာသည်။ တည်ငြိမ်မှု က သူနှင့် တွဲ လျက် ဖြစ်လာသည်။ ဒီလိုနှင့်
တစ်စထက် တစ်စ . . . တည်ငြိမ်မှု အား သူနှင့် တစ်ပါတည်း
ခေါ်သွားနိုင်ချိန်ရောက်စဉ်မှာ တော့ . . .
မျက်လုံးနှစ် လုံးကို ဖွင့်လိုက်သည်။ မီးကိုမှု
တ်ကာ တံခါးကို ဆွဲဖွင့်လိုက်သည်။
အပြင်လောကကြီးက သူ့အား ဆီးကြို နေ၏
။ခြေတစ်လှမ်းရှေ့တိုးလိုက်တော့ . . .
''အား''
*
( ၃၁ ) 
''အား''
ကြောက်ခမန်းလိလိ ထွက်ပေါ်လာသော
အော်သံကျယ်ကြီး။
ထိုအော်သံကြီးကြောင့်
ကြားသမျှလူအပေါင်း ထိတ်လန့်သွားကြသည်။ ပြီး
ဘယ်ကထွက်လာ တာလဲ သိချင်စိတ်တွေ ဖြင့်
စူးစမ်းသွားကြစဉ် . . .
''ဦးဖိုးလူအိမ်က ထွက်လာတာပဲ၊
ဦးဖိုးလူအိမ်ပေါ်က ထွက်လာတာဟေ့''
သဲချောင်းကွင်းထဲမှာ ရှိနေသူ ရွာသား
တစ်ယောက် က ထ, အော်သည်။ ထိုအော်သံနောက်မှာ
. . .
''ဟုတ်တယ် . . . ဦးဖိုးလူအိမ်ထဲက
ကြားရတာ ။ ဦးဖိုးလူ ဘာ ဖြစ်တာလဲမသိဘူး''
ထို့နောက်မှာ တော့ အသံပေါင်းစုံ
ထွက်လာတော့သည်။ စိုးရိမ်သူအချို့လည်း
အော်သံကြီး ထွက်ပေါ်လာရာ အိမ်ဘက်ဆီ
ပြေးသွားကြသည်။ သဲချောင်းကွင်းနှင့် မဝေးလှသည်မို့
သိပ်မသွား လိုက်ရ။
စိုးရိမ်တကြီး ပြေးထွက်သွားကြသော
လူတစ်စု ဦးဖိုးလူ အိမ်ပေါ်ရောက်သွားစဉ်မှာ ပဲ . . .
''ဟင် . . . ''
*
ရိုးစစ် အမောတကောရောက်သွားတော့
ဦးဖိုးလူသည်ကား ရွာသာားတစ်ဦး၏ လက်ပေါ်မှာ
ပျော့ခွေနေပါပြီ။
ကမန်းကတန်းပင် အိမ်ပေါ်ပြေးတက်ကာ . .
.
''ဘာ ဖြစ်တာလဲ။ 'အား' ဆိုတဲ့
အော်သံကြီးကြားလို့''
မေးလည်းမေး၊ လူကလည်း
ဦးဖိုးလူနံဘေးကို ဒူးထောက်ထိုင်ချလိုက်စဉ် . . .
''ဟုတ်တယ် . . . ကျွန်တော် တို့လည်း အဲဒီ
အသံကြီးကြားလို့ ပြေးလာကြတာ။ ဒီရောက်တော့
ဟိုတိုင်ဘေးမှာ ငုတ်တုတ်ထိုင်ပြီး
ဇက်ကြီးအောက်စိုက်နေတဲ့ ဦးဖိုးလူကို တွေ့ တာပဲ''
''ဟာ . . . ''
ရိုးစစ် မျက်လုံးတို့ပင် ပြာဝေ သွားပါပြီ။
ဦးဖိုးလူမှာ ပွေ့ထားလျက်မှပင် ဇက်လည်ကာကျနေ၏ ။
အသိလုံးဝမရှိတော့။
ရိုးစစ် အလျင်မြန်ဆုံး လက်တစ်ဖက်ကို
ကောက်ကိုင်လိုက်တော့ . . .
မျက်လုံးထဲမှာ ပုံရိပ်တွေ တစ်ခုချင်း . . .
တစ်ခုချင်း . . . ။
ဦးဖိုးလူနှင့် ပတ်သက်သမျှ တစ်ကွက်ချင်း
ပေါ်ကာလာသည်။
သူ့ကိုပင်မစောင့်တော့ဘဲ ယက္ခနှင့် ဦးစွာ
တိုက်ခိုက်လိုက်ခြင်း ဖြစ်၏ ။ ဘယ်လိုနည်းသုံး၍
တိုက်ခိုက်လိုက်သည်ဆိုတာကိုတော့ ပြောဖို့လိုမည်
မထင်တော့။ လက်တစ်ဖက်အား ကိုင်ထားလျက်မှ ပင်
တစ်ချိန်က ဦးဖိုးလူပြောခဲ့သော စကားတွေ က
နားထဲမှာ ပြန်လည်ကြားယောင်လာသည်။
''အဲ့ဒီပညာကို ကျွမ်းကျွမ်းကျင်ကျင်
ဖြစ်တဲ့နေ့က ငါသေရင် သေ၊ မသေရင်
ဟိုအယုတ်တမာ ကောင် သေမယ့်နေ့ပဲ''
ပြီးတော့ သူ ဒီရွာကိုစရောက်စဉ်
အီလစ်ဆီက ဖတ်ခဲ့ရသော စာသားတချို့ကိုလည်း
မျက်လုံး တွင်းမှာ ပြန်လည်မြင်ယောင်မိသည်။
ထိုစဉ်တုန်းက ဦးဖိုးလူနှင့် သူ့အစ်မ ဒေါ်အေးသင်တို့
တစ်ယောက် တစ်ဖက်စီ ရေး ထားသော စာရွက်လေး။
ထိုအထဲမှာ . . .
''ငါ့ကိုယုံပါကွာ၊ မိုးသီးတစ်လုံးကြွေစေဖို့
ငါ့အသက်တစ်ချောင်းကို ပေးရင်ပေးရပါစေ၊ ငါ ပေးရဲ
တယ်။
ဒါပေမဲ့ ငါ့ဝိညာဉ်ကိုတော့
အားဖြည့်ပေးနော်''
တကယ်ပါပဲ၊ ယခု ဦးဖိုးလူမှာ
ဤကိုးချောင်းရွာကြီးအတွက် အသက်တစ်ချောင်း
ပေးဆပ်သွား ပါပြီ။
ယက္ခ သဲချောင်းကွင်းထဲကိုရောက်လာချိန်
ဤအိမ်ပေါ်မှနေကာ လိပ်ပြာလွှင့်၍ တိုက်ခိုက်
လိုက်ခြင်း ဖြစ်သည်။ ကျွမ်းကျင်မှု
အဆင့်တစ်ခုရောက်သည်နှင့် ဆန္ဒစောစွာ အသုံးပြု
ခြင်းကြောင့် ယက္ခ ကိုမယှဉ်နိုင်ပဲ ယခုကဲ့သို့
သေဆုံးသွားခြင်း ဖြစ်ပါသည်။
ယက္ခရော . . .
ယက္ခ ဘာ ဖြစ်သွားလဲ။
သိချင်စိတ်တွေ တစ်မုဟုတ်ချင်း
အုံကြွသွားကာ လူက အလိုလို ထရပ်မိသည်။ ပြီးတော့
လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် သဲချောင်းကွင်းဆီ
ပြေးပါတော့၏ ။ ဦးဖိုးလူသေသွားချိန်မှာ ယက္ခ ရော
ဘာ ဖြစ်သွားလဲ။
ဘာမှန်းမသိ သူပြေးရာနောက်ကို
လူတစ်အုပ် ပြေးလိုက်လာသည်။ သဲချောင်းကွင်းဆီ
ရောက်တော့ . . .
သဲချောင်းကွင်းမှာ လည်း အခြေအနေတွေ
ထူးခြားကုန်ပါပြီ။ လူတွေ ဝိုင်းအုံကာ တစ်စုံတစ်ရာ
အား အထိတ်တလန့် ကြည့်ရှုနေကြ၏ ။ မီးတုတ်တွေ
ကိုင်ထားသည်မို့ လူတွေ မျက်နှာမှ ထိတ်လန့်မှု တွေ ၊
စိုးရွံ့မှု တွေ ကို အထင်းသားမြင်နေရသည်။
တစ်ခုခုထူးခြားနေပြီမှန်း သဘောပေါက်ကာ ရိုးစစ်
တိုးဝှေ့ဝင်ရောက်လိုက်တော့ . . .
မြင်ရသည့်မြင်ကွင်းမှာ ကား . . .
''ဟာ . . . ''
ရိုးစစ် ပါးစပ်ဟောင်းလောင်းပွင့်သွားသည်။
လူကြီး တစ်ယောက် ကုလားထိုင်တစ်လုံးပေါ်တွင်
ခေါင်းငိုက်စိုက်ကျကာ ငြိမ်သက်နေသည်။
သူမမြင်ဖူးပေမဲ့ ထိတ်လန့်နေသော လူတွေ မျက်နှာအရ
ဘယ်သူဆိုတာ သဘောပေါက်လိုက်တော့၏ ။
''ယက္ခ''
ဆံပင်ရှည်များ အား ကျောမှာ ဖြန့်ချထားသူ
ယက္ခ။
မုတ်ဆိတ်မွှေး၊ ပါးပြို င်းမွှေးများ နှင့်
ခက်ထန်မာကျောသူ ယက္ခ။
အနီရောင် အင်္ကျီပေါ်မှာ အင်းကွက်မျိုးစုံရေး
ထိုးထားသည့် ယက္ခ၊
ကိုးချောင်းရွာအား (၆) နှစ် တိတိ
စိုးမိုးဗိုလ်ကျခဲ့သူ ယက္ခမှာ ကား . . .
သဲချောင်းကွင်းပြင်ရဲ့
ထိုင်ခုံလေးတစ်လုံးပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ
အသက်ပျောက်နေ ပါပြီ။ အနီးအနားတွင် လည်း
သူ့တပည့်များ ကို တစ်ယောက် တလေမျှ မတွေ
့ရတော့။
''ဘယ်လို ဖြစ်တာလဲ၊ ဘာတွေ
ဖြစ်ကုန်တာလဲ''
ယခုမှရောက်ရှိလာဟန်တူသူ တစ်ယောက်
က နားမလည်စွာ ထမေးတော့ . . .
''မသိဘူး ခုံမှာ ထိုင်နေရင်း အလိုလို
ခေါင်းငိုက်စိုက်ကျသွားတာပဲ''
''ကြာပြီလား''
''မကြာသေးဘူး။ ဦးဖိုးလူအိမ္ဘက္က
အော်သံကြီးထွက်လာပြီး မကြာဘူး၊ သူလည်း ဒီလို
ဖြစ်သွားတာပဲ''
ရိုးစစ် သဘောပေါက်လိုက်ပါပြီ။ ဦးဖိုးလူနှင့်
ယက္ခတို့ရဲ့ ပွဲမှာ အနိုင်အရှုံး မရှိ၊ သရေကျသွားခဲ့ ပြီ။
ပညာတစ်ရပ်အား လွဲမှားစွာ အသုံးပြု သူတွေ အတွက်
ရရှိသွားသည့် အကျိုးအမြတ်ပေပဲပေါ့။
ထိုစဉ်မှာ ပဲ . . .
''ရွှီ . . . ''
ဘုန်းကြီးကျောင်းဘက်ဆီမှ မီးရှူး တစ်ခု
ကောင်းကင်ယံကို ထိုးတက်သွား၏ ။ ပြီးတော့ . . .
''ဖောင်း . . . ''
လှပစွာ ပေါက်ကွဲသွားသည်။
သုံးပုံပဟေဠိပေါ်လေပြီ။
*
နက္ခတ်ပွင့်လန်း ဇာတာဆန်းချိန်
သုံးပုံပဟေဠိ ပေါ်လိမ့်မည် ။
တောက်ရှူး စုန်းမီး ကြွေလိမ့်မည် ။
အလျှံညီးညီး မီးတောက်လိမ့်မည် ။
*
( ၃၂ ) 
သုံးပုံပဟေဠိ ပေါ်ပြီ ဖြစ်ကြောင်း
ဆရာတော် ဘုန်းကြီး၏ အချက်ပေးသံ ဆုံးသွားစဉ်မှာ
တော့ . . .
'ယက္ခ' ဟူသော စုန်းမီးတစ်စက အလိုလို
ကြွေသွားခဲ့ပါပြီ။
ထိုအခိုက် . . .
''ဟာ . . . လုပ်ကြပါဦး . . . လုပ်ကြပါဦး . . .
မီးတွေ လောင်ကုန်ပြီ''
ရွာတောင်ဘက်ဆီမှ လူတစ်စု
အကြောက်အကန် အော်ဟစ်ကာ ချောင်းရိုးအတိုင်း
ပြေးလာ သည်ကို တွေ့ ရသည်။ ထိုပအတူ . . .
''မီးတွေ လောင်ကုန်ပြီဟေ့
ရွာမြောက်ပိုင်းမှာ မီးတွေ လောင်ကုန်ပြီ။ ပြေးကြ . .
.ပြေးကြ . . .''
''ဟာ . . . ရွာအရှေ့ပိုင်းမှာ ရော၊
ရွာအရှေ့ပိုင်းမှာ ရော မီးတွေ . . . မီးတောက်ကြီးတွေ . .
. ''
ကြောက်ခမန်းလိလိထွက်ပေါ်လာသော
စကားသံတွေ နှင့် အတူ လေးဘက်လေးတန်ဆီမှ
ထိုးတက်လာသော မီးတောက်ကြီးတွေ ၊
မီးခိုးလုံးကြီးတွေ ကို မြင်တွေ့ လိုက်ရချိန်မှာ . . .
တစ်ရွာလုံး အသိပျောက်သွားခဲ့ပြီ။
ထိတ်လန့်တကြား အော်ဟစ်သံတွေ ၊ ကြောက်ကြောက်
လန့်လန့် ငိုယိုသံတွေ ဆူညံသွားပြီး ခြေဦးတည့်ရာ
ပြေြး ကတော့၏ ။ မီးလွတ်ရာပြေးသူတွေ ရှိသလို၊
မီးတောက်တွေ ရှိရာဆီ ပြေးထွက်သွားသော သူတွေ
လည်း ရှိသည်။ သူတို့ အိုးအိမ်ပစ္စည်းတွေ ကျန်ရှိ
နေသေးသည် မဟုတ်ပါလား။
တစ်ရွာလုံးမှာ သွေးရူးသွေးတန်း
ကမ္ဘာပျက်မတတ်။
''တစ်ရွာလုံး မီးတွေ လောင်ကုန်ပြီ၊
တစ်ရွာလုံး မီးတွေ လောင်ကုန်ပြီ။ ပြေးလို့မရတော့။
ပြေးလို့ မလွတ်တော့ဘူး''
ပြေးစရာ မြေမရှိတော့ပါ။
ရွာစည်းရိုးတစ်လျှောက် မီးတွေ တောက်လောင်ကုန်ပြီမို့
ပြေးလို့ မလွတ်တော့။ တစ်ရွာလုံးမီးဝိုင်းကာ အားလုံးက
မီးတွင်းထဲကို တစ်မုဟုတ်ချင်း ရောက်သွားခဲ့ပြီ။
ဘာ ဖြစ်သွားတာလဲ။
ရိုးစစ် ပထမတော့
ကြောင်ကာကြည့်နေမိသေး၏ ။ ချက်ချင်း ပင်
တစ်ရွာလုံးပတ်ဝိုင်းသွားသော
မီးတောက်ကြီးကိုကြည့်ကာ တအံ့တသြ။
မီးတောက်ကြီးတွေ ၊ မီးခိုးလုံးကြီးတွေ က တဟဲဟဲ
အော် မြည် ကာ အလိပ်လိုက်၊ အလိပ်လိုက်။
ထိုစဉ်မှာ ပင် သူ့ခန္ဓာကိုယ်ကို
သိစိတ်တစ်ခုက လှုပ်နှိုးလိုက်ပါသည်။
ဆတ်ခနဲတုန်သွားသော ခန္ဓာတစ်ချက်နှင့် အတူ စိတ်နှင့်
ကိုယ် ပြန်လည်ကပ်မိသွားချင်း . . .
အလုပ်သင့်ဆုံး အလုပ်တစ်ခုကို ရိုးစစ် စ,
တင်လိုက်ပြီ။
တစ်ထီးတည်းကျန်ခဲ့သော
ကုလားထိုင်ပေါ်မှ
ယက္ခရုပ်အလောင်းကိုလှမ်းကြည့်ကာ အသိမဲ့ နေပြီ
ဖြစ်သော လက်တစ်ဖက်ကို ကောက်ကိုင်လိုက်သည်။
ထိုအခါမှာ တော့ . . .
ပြူး ကျယ်သွားသော မြင်ကွင်းတစ်ခုနှင့်
အတူ . . .
''ခင်ဗျားလွယ်အိတ် ကျွန်တော်
ပြန်ယူလာတယ်''
သူ့ကိုတွန်းတိုက်ကာ ပြောလာသူက
အီလစ်။ အီလစ်လက်ထဲမှာ သူ့ရဲ့ အသက်ဝိညာဉ်
လွယ်အိတ်လေး။ လွယ်အိတ်ပိုက်ထားသူ
အီလစ်ကိုကြည့်ကာ စကားတစ်ခွန်းကို အလျင်အမြန်
ဆိုမိသည်။
''ဖိုးလက်ဖြူ အုတ်ဂူက ဘယ်နားမှာ လဲ''
အီလစ်က သူ့ကို ကြောင်တောင်တောင်
စိုက်ကြည့်၏ ။ ပြီးတော့ . . .
''ယက္ခတဲရဲ့ ခေါင်းရင်းဘက်မှာ ''
''အဲဒီ နေရာကိုရောက်အောင်
အမြန်ဆုံးဘယ်လိုသွားလို့ရမလဲ''
အရမ်းအလျင်လိုနေသော
သူ့ပုံစံကိုကြည့်ကာ အီလစ်က တုံ့နှေးမနေ . . .
''အမြန်ဆုံးသွားဖို့ တစ်နည်းပဲရှိတယ်''
''ဘယ်လိုလဲ၊ ဖိုးလက်ဖြူ အုတ်ဂူဆီ
အမြန်ဆုံးရောက်မှ ဖြစ်မှာ ။ အဲဒါမှ ဒီရွာကို
ကယ်နိုင်လိမ့် မယ်''
အီလစ်သဘောပေါက်သွားလေပြီ။ ချက်ချင်း
ပင် လက်ခေါက်တစ်ချက်ကို မှု တ်လိုက်ကာ . . .
''ရွှီ . . .''
အထိတ်တလန့် ပြေးလွှားနေကြသူတွေ ။
မီးလွတ်ရာပြေးထွက်လာသူတွေ ကြားမှ မြင်းညို ကြီး
တစ်ကောင် ကဆုန်ပေါက်လာသည်။
ရိုးစစ်နားလည်လိုက်ပြီ။ အီလစ်က . . .
''ဒီကောင်နဲ့ သွားမှရမယ်''
ခဏချင်းပင် မြင်းပေါ်မှ လူနှစ် ယောက်
ပါသွားသည်။ မြင်းကြီးက အတားအဆီးများ ကို ဖြတ်
ကျော်ကာ တောင်ကုန်းလေးတစ်ခုဆီသို့
တဖြောင်းဖြောင်း ပြေးထွက်သွားသည်။
''လွယ်အိတ်ကို ယက္ခအခန်းက နှစ်
ဖက်ပွင့်ဘီရိုအပေါ်ဆုံးထပ်က တွေ့ လာတာမလား''
''ခင်ဗျား ဘယ်လိုလုပ်သိလဲ''
''မကြာခင် မင်းသိရလိမ့်မယ်''
မြင်းကြီးက မီးလောင်နေသော
ခြံစည်းရိုးတစ်ခုကို လွှားခနဲ ဖြတ်ကျော်သွားခိုက် ရိုးစစ်
လက်လှမ်းမီရာ မီးစတစ်ခုကို လှမ်းဆွဲလိုက်၏ ။
မီးဟုန်းဟုန်းတောက်နေသော တုတ်တစ်ချောင်း
လက်တွင်းမှာ ပါလာသည်။
ယက္ခတို့တဲစခန်းရှေ့ရောက်တော့ . . .
အီလစ်က အရင်ဆုံး မြင်းပေါ်မှ
လွှားခနဲခုန်ဆင်းသွားသည်။ အီလစ်နောက်မှာ
သူခုန်ဆင်း လိုက်၏ ။ မြေပေါ်ရောက်စဉ်မှာ ပင်
အီလစ်က တစ်နေရာကို ဦးဆောင်ပြေးထွက်
သွားပါသည်။ အီလစ် နောက်သို့ သူလည်း
မီးတုတ်ကိုင်ကာ ပြေးလိုက်သွားသည်။
တွေ့ ပါပြီ။ သူ့မျက်လုံးထဲမှာ မြင်ထားခဲ့သော
အုတ်ဂူကြီး။
အီလစ်ပြောသလိုပင်
ယက္ခတဲစခန်းခေါင်းရင်းမှာ ခန့်ခန့်ထည်ထည်ကြီး
ရှိနေသည်။ ညဘက် ပေမို့ အုတ်ဂူမှာ ဘယ်လိုအရောင်
အသွေးရှိလဲမသိရ။ ဒါပေမဲ့ . . .
ရိုးစစ် အလျင်အမြန်ပင် ပြေးသွားကာ
အုတ်ဂူရှေ့နားမှာ ဒူးထောက်ထိုင်ချလိုက်သည်။ ပြီး. . .
မီးတုတ်မြှောက်ကာ ကြည့်လိုက်တော့
သူမြင်ထားသလိုပါပဲ။
''ဒါ ယက္ခကို ဖိုးလက်ဖြူ ပေးခဲ့တဲ့
ပဟေဠိတစ်ပုဒ်ပဲ။ ဒီပဟေဠိကို ယက္ခမဖြေနိုင်လို့ ရွာက
ထွက်မသွားသေးတာ''
ထူးဆန်းသော ရိုးစစ်စကားကြောင့်
အီလစ်လည်း ဒူးထောက်ကာ ထိုင်ချသည်။ ပြီး . . . မြင်ရ
သော ဇယားကွက်နှစ် ကွက်ကိုကြည့်ကာ . . .
''ကျွန်တော် အရင်က မတွေ့ ဖူးပါဘူး''
''ဟုတ်တယ် . . . ၊ ယက္ခ ငါနဲ့တွေ
့ဖို့ဆင်းမလာခင်မှာ ရေး သွားခဲ့တာပဲ။ ဒီနှစ်
ကွက်ထဲမဟုတ် ဘူး။ အုတ်ဂူပတ်ပတ်လည်မှာ
တခြားဇယားကွက် (၅) ကွက် ရှိသေးတယ်။
အားလုံးပေါင်း ခုနှစ် ကွက်''
''ဟုတ်လား''
''အီလစ်က စူးစမ်းသလို
ဟိုဟိုဒီဒီကြည့်သည်။
''ဒါပေမဲ့ အဲဒါတွေ က အရေး မကြီးဘူး။
အဓိကအရေး ကြီးတာက ဒီဇယားကွက်နှစ် ကွက်ပဲ။
ဒီနှစ် ကွက်ထဲမှာ ပဟေဠိတစ်ပုဒ်ရှိတယ်''
အီလစ်နှင့် သူ အုတ်ဂူအရှေ့ဘက်ခြမ်းမှာ
ရေး ထိုးထားသော ဇယားကွက်နှစ် ကွက်အား
သေသေချာချာ ကြည့်မိသည်။
''ဘယ်လိုပဟေဠိလဲ''
အီလစ်က တည်တည်ကြည်ကြည်
ကြည့်နေရာမှမေးတော့ . . .
''ဂဏန်းတွေ ရေး ထားတဲ့
ဇယားကွက်ဆိုတော့ ဂဏန်းပဟေဠိပဲ ဖြစ်မှာ ပေါ့။
အဖြေထွက်ရင် လည်း ဂဏန်းတွေ ပဲ
ထွက်လိမ့်မယ်ထင်တယ်၊ အီလစ် . . . ''
အဆုံးပိတ်ခေါ်လိုက်သော သူ့စကားကြောင့်
အီလစ်က လှည့်ကြည့်သည်။
''မင်း . . . ကြိုး စားကြည့်ပါလား''
ဘာမှတော့မပြော၊ ငြိမ်ကာကျသွားသည်။
ပြီးတော့ သူ့လက်ထဲမှ မီးတုတ်ကိုဆွဲယူကာ
ပတ်ပတ်လည်မှာ ရေး ထိုးထားသော ဇယားကွက်တွေ
ကို လိုက်ကြည့်သည်။ ယခုအချိန်မှာ အီလစ်က လွဲ၍
ထိုပဟေဠိအား ဖြေရှင်းနိုင်သူရှိမည် မဟုတ်။ အီလစ်က
ဘုရားပေးလက်ဆောင်တစ်ခုကို ပိုင်ဆိုင်
ထားသူလေပင်။
အီလစ်သည် သင်္ချာပါရမီရှင်။
သူ ကတော့ . . .
ရိုးစစ် မတ်တပ်ထရပ်ကာ မီးတောက်တွေ
ဝိုင်းထားသော ကိုးချောင်းရွာကို ဝမ်းပမ်းတနည်း
ကြည့်မိ၏ ။ လူတွေ ယောက် ယက်ခတ်ကာ
ဦးတည်ရာမရှိ ပြေးလွှားနေကြသည်။
တစာစာဟစ်အော်သံ တွေ ၊ ကယ်ပါ ယူပါ
အကူအညီတောင်းသံတွေ ၊ သွေးရူးသွေးတန်း
အော်ငိုပြေးလွှားနေသူတွေ ။
ကြောက်လန့်တကြား
သွေးပျက်နေကြသူတွေ ။
ထိုသူတွေ အားကြည့်ရင်း ရင်ထဲမှာ
ဝေဒနာတစ်ခုက ပေါ်ပေါက်လာသည်။ ခံပြင်းမှု လိုလို၊
ဒေါသလိုလိုတွေ လည်း အစိုင်အခဲတစ်ခုအ ဖြစ်
ရင်ထဲမှာ ပွားများ လာ၏ ။
သူတို့မှာ ကူညီမည့် သူမရှိ။ အားကိုးရမည်
့သူမရှိ။
ပိုဆိုးသည်က တောက်လောင်နေသော
မီးကို ငြိမ်းသတ်ရန် ရေမရှိ။
တစ်ရွာလုံး နေရာလွတ်မရှိအောင်
မီးဝိုင်းနေသည်မို့ ထွက်ပြေးလို့မရ။ ရိုးစစ် လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။ သူ့ရဲ့ ကျေးဇူးရှင်
ရွာသူရွာသားတွေ မီးလောင်တိုက်ထဲရောက်နေပါ ပြီ။
သူမကယ်နိုင်တော့ဘူးလား။ အံတစ်ချက်ကြိတ်မိစဉ်မှာ
ပဲ . . .
နောက်ဘက်ဆီမှ လှုပ်ရှားသွားသော
မီးရောင် တစ်ချက်ကြောင့် လှည့်ကြည့်လိုက်မိတော့ . . .
အီလစ်က မြေပေါ်တွင် ထိုင်ကာ
တုတ်တစ်ချောင်းဖြင့် တွက်ချက်မှု တစ်ခုကို စတင်ပြု
လုပ်နေ ပါပြီ။ ရိုးစစ် ဘုရားတ, မိလိုက်၏ ။
အဖြေအမြန်ဆုံးတွေ့ ပါစေ။
ထိုစဉ်မှာ ပင် ရွာဘက်ဆီမှ
ဝုန်းခနဲအသံကြီးတစ်ခု ကြားလိုက်ရလေသည်။
အိမ်တစ်အိမ်ကို မီးစွဲလောင်ကာ ပြို ကျသွားခြင်း ဖြစ်၏
။ ရိုးစစ် ဘုရားအကြိမ်ကြိမ် တ, မိလိုက်ပါသည်။
မီးတော် တွေ ကျေးရွာလေးကို ဘယ်လောက်များ ဝါးမျု
ိနေဦးမှာ လဲ။ အရင်ကတည်းက မိုးခေါင်လွန်း၍
ဒုက္ခရောက် နေသူတွေ မှာ ယခုမီးလောင်ခြင်းဒဏ်ကိုပါ
ထပ်မံခံစားနေရပြန်ပါပြီ။ ဘယ်လိုဝဋ်ကြွေးပါလဲ။
ထိုအခိုက် . . .
''တစ်ဆယ်''
အီလစ်က ထအော်သည်။
''ဟင် . . .''
ရိုးစစ် ကြောင်တောင်တောင်ဖြင့်
ကြည့်လိုက်မိတော့ . . .
''အဖြေ တစ်ဆယ် (၁၀) ရတယ်''
ရင်တစ်ချက်ခုန်သွားလေပြီ။ 'တစ်ဆယ်'
ဟုလည်း နှုတ်မှလိုက်ရွတ်မိသည်။ အီလစ်ကိုယ်တိုင်
တွက်ချက်သည်မို့ အဖြေက သေချာသည်။ ဒါဆိုဘာလဲ .
. . (၁၀)ဆိုတာ ဘာကိုပြောတာလဲ။
ရိုးစစ်အတွေးတွေ ဖြင့်
ရွာလေးဆီလှမ်းကြည့်မိစဉ် . . .
''ဟာ . . . ''
ခေါင်းတွင်းမှာ အရောင် တစ်ချက်
လက်သွားလေပြီ။ ချက်ချင်း ပင် ပုံရိပ်တစ်ခုက
ခေါင်းထဲမှာ ပေါ်လာတော့ . . .
''အီလစ် . . . မင်း ငါ့ကို ပုံတစ်ပုံဆွဲပြတာ
မှတ်မိသေးလား''
''ဗျာ . . . ဘာပုံလဲ''
''ငါသုံးပင်ရွာက ပြန်လာတုန်းကလေကွာ။
မင်း ဟိုဘက်တောင်ကုန်းပေါ်မှာ ဒီရွာနဲ့တူတယ်ဆို ပြီး
ပုံတစ်ပုံ ဆွဲပြဖူးတယ်။ အနားပြို င်စတုဂံပုံလေ
မှတ်မိလား''
အီလစ်မျက်နှာ ဝင်းလက်သွားပြီး . . .
''သိပြီ . . . သိပြီ . . . အခု ကျွန်တော်
ဆွဲပြရမှာ လား''
''မဟုတ်ဘူး အဲ့ဒီပုံမဟုတ်ဘူး။ ယက္ခဆီမှာ
ရှိတဲ့ပုံ''
''ဗျာ . . . ''
ကြောင်, အသွားပြန်သည်ကြောင့် . . .
''မင်းပဲ အဲ့ဒီပုံနဲ့တူတဲ့ပုံတစ်ပုံ ယက္ခအိမ်မှာ
တွေ့ ဖူးတယ်ဆို''
''သြော် . . . ဟုတ်ပြီ''
အီလစ် သတိရသွားကာ မြေပေါ်တွင်
ပုံတစ်ပုံ ချက်ချင်း ဆွဲပြသည်။
''ဒီပုံပဲ . . . သေချာတယ်''
အီလစ်ဆွဲပြသော ပုံကိုကြည့်ကာ ရိုးစစ်
မျက်မှော င်ကြု တ်မိသွားသည်။ ခေါင်းထဲမှာ လည်း
ဖြစ်နိုင်ခြေတွေ ပလုံစီသွား၏ ။
အချိန်တစ်ခုကြာသွားပြီးစဉ်မှာ တော့ . . .
''ငါသိပြီ၊ ဒါ . . . ဘဝနဲ့ပတ်သက်တဲ့ အတွေ
းအခေါ်တစ်ခုပဲ''
''ဗျာ . . . ''
အီလစ် နားလည်မိပုံမပေါ်ပါ။ ထို့ကြောင့်
ပင် . . .
''ဒါ . . . သင်္ချာတစ်ပုဒ်မဟုတ်ဘူး၊
ကိုးချောင်းရွာရဲ့ ပုံလည်း မဟုတ်ဘူး။ ကိုးချောင်းရွာ
တည်ဆောက်ပုံကိုအရင်းပြု ပြီး ဖြစ်ပေါ်လာတဲ့ အတွေ
းအခေါ်တစ်ရပ်ပဲ။ ဟိုတစ်ခါတုန်းကလိုပဲ ငါ ဒီပုံ ကို
PQRS တပ်လိုက်မယ်''
ပြောပြီး အလျင်အမြန်ပင် အီလစ်ဆွဲပြသော
ပုံပေါ်၌ အက္ခရာလေးလုံးကို တပ်လိုက်သည်။
ပြီးတော့ မီးခိုးလုံးများ ကြားမှ ရွာလေးကို
တစ်ချက်လှမ်းကြည့်ကာ . . .
''S နေရာမှာ ရွာဝင်ပေါက်၊ P နေရာမှာ
စာကြည့်တိုက်၊ Q နေရာမှာ သုသာန်၊ အဲဒါ ဘဝပဲ။
လူတွေ က S ဆိုတဲ့ ဝင်ပေါက်ကနေ လောကကြီးထဲကို
ရောက်လာကြတယ်။ ပြီးတော့ P ဆိုတဲ့
စာကြည့်တိုက်ရှိရာဆီ သွားကြတယ်။
စာကြည့်တိုက်ဆိုတာ ဘဝပဲ။ စာကြည့်တိုက်ထဲမှာ
လူတွေ ရဲ့ ဘဝကိုပြဌာန်းထားတဲ့ စာအုပ်တွေ အများ
ကြီးရှိတယ်။ အဲဒီ ထဲမှာ ပဲ လူတွေ က ဘဝအမျိုးမျိုးနဲ့
ကျင်လည်ကြတယ်။ ပြီးတော့ Q (သုသာန်) ဆိုတဲ့
သေဆုံးခြင်းရှိရာဆီ သွားကြတယ်။ Q ကနေမှ S
ကိုပြန်လာပြီး ဘဝအသစ်တစ်ဖန် စကြတယ်။
တကယ်တော့ PQS ဆိုတာ
သံသရာစက်ဝိုင်းကြီး။ အများ စုက
အဲ့ဒီစက်ဝိုင်းကြီးထဲက မထွက် နိုင်ကြဘူး။
လူနည်းစုသာ R ဆိုတဲ့ ထွက်ပေါက်က
ထွက်နိုင်ကြတယ်။
အဲ့ဒီအဓိပ္ပါယ်ကို ဆွဲထားတာပဲ''
သူစကားဆုံးသွားချိန်မှာ အီလစ် ကတော့
မတုန်မလှုပ်သာ ရှိနေသည်။ နားလည်ဟန်မပြသလို
နားမလည်ဘူးဟုလည်းမပြော။ ဒါပေမဲ့ . . .
''မင်း ကတော့ ငယ်သေးလို့ ဒါတွေ ကို
နားလည်ချင်မှ နားလည်မယ်။ ငါ ကတော့ ဖိုးလက်ဖြူ
ဘယ်လမ်းကိုရွေးသွားလဲဆိုတာ နားလည်လိုက်ပြီ''
''ထွက်ပေါက်ကိုလား''
''မဟုတ်ဘူး၊ ဖိုးလက်ဖြူ လိုလူမျိုးက
သံသရာမှာ ပဲ ထပ်ကျင်လည်ချင်ဦးမှာ ထွက်ပေါက်ကို
ရွေးမှာ မဟုတ်ဘူး''
''ဒါဆို . . . ''
ရိုးစစ် မီးလောင်ပြင်သဖွယ် ဖြစ်နေသော
ရွာလေးအားကျော်ရင်း ရွာဝင်ပေါက်ရှိရာဆီ
လှမ်းကြည့်လိုက်သည်။ ကုန်းမြင့်ပေါ်မှကြည့်ခြင်းမို့
မီးတောက်တွေ ကြားမှပင် ရွာဝင်ပေါက်လေးအား
ဝိုးတဝါး တွေ့ ရ၏ ။
ရိုးစစ် အားလုံးကို နားလည်လိုက်ခြင်းနှင့်
အတူ ခပ်ငွေ့ငွေ့ပြုံး ကာ . . .
''မြေကြီးကော်ဖို့ ဂေါ်ပြားတစ်ခုတော့
လိုမယ်ထင်တယ်''
ကြောင်တောင်တောင်ရပ်နေရာမှ အီလစ်
လှစ်ခနဲ ပြေးထွက်သွားသည်။ ယက္ခတို့ဆရာတပည့်
များ နေထိုင်ရာတဲစခန်းအတွင်းသို့ ဝင်သွားခြင်း
ဖြစ်သည်။ ပြန်ထွက်လာတော့ လက်ထဲမှာ ဂေါ်ပြား
တစ်ခုကိုင်လျက် . . .
''ဂေါ်ပြားရပြီ၊ ဘယ်နေရာကိုတူးမှာ လဲ''
''ကိုးချောင်းရွာ
ဆိုင်းဘုတ်အောက်တည့်တည့်ကို''
''ဗျာ . . . ''
''မင်းပဲ အဖြေက (၁၀) ဆို''
''ဟုတ်တယ်လေ . . . ဒါပေမဲ့''
''ကိုးချောင်းရွာဆိုင်းဘုတ်မှာ တုတ် (၉)
ချောင်းပုံစံ ဆွဲထားတယ်မလား။ အမှန်က အဲဒါ (၉)
ချောင်းမဟုတ်ဘူး၊ (၁၀) ချောင်း''
''ဟာ . . . မဟုတ်တာဗျာ။ ကျွန်တော်
သေချာသိပါတယ်။ (၉) ချောင်းပါ''
ရိုးစစ် နှုတ်ခမ်းတွန့်ကွေးရုံ ပြုံး လိုက်၏ ။
ပြီးတော့ . . .
''အဲ့ဒီ (၉) ချောင်းကို ပေါင်းရေး လိုက်ရင်
(၁၀) ရတယ်။ နောက်ပြီး အဲ့ဒီဆိုင်းဘုတ်က ဖိုးလက်ဖြူ
ပြန်စိုက်ခဲ့တာလို့ မင်းပဲပြောတယ်လေ''
အီလစ်မှာ ကြောင်, အဆဲ။
မကြာလိုက်သော အချိန်အတွင်းမှာ
ကဆုန်ပေါက်ထွက်သွားသော မြင်းခွာသံကို
ကြားလိုက်ရ လေသည်။
*
( ၃၃ ) 
မီးတောက်တွေ ဝါးမျိုလုလု ဖြစ်နေသော
ရွာလေးအား တိုးလျှို ပေါက်ဖြတ်သန်းလာခဲ့သည်။
ရွာထိပ်ကိုကျော်လွန်ကာ
ကိုးချောင်းရွာဆိုင်းဘုတ်ရှေ့သို့ ရောက်စဉ်မှာ တော့
ရိုးစစ် မြင်းပေါ်မှခုန်ဆင်း လိုက်ပါသည်။
ပြီးတော့
ဆိုင်းဘုတ်အောက်တည့်တည့်မြေပြင်အား လက်ထဲမှ
ဂေါ်ပြားဖြင့် အားကုန်တူးဆွ လိုက်ပါ၏ ။ ရွာအတွင်
းဘက်ပိုင်းဆီမှ ကယ်ပါ ယူပါအသံတွေ ကို
အတိုင်းသားကြားနေရသည်။ ထိုအသံတွေ ကို
ကြားလေလေ၊ ဂေါ်ပြားနှင့် မြေကြီးတွေ့ ဆုံမှု က
ပိုလေလေဖြင့် . . .
လိုအပ်သော အနက်ပေတစ်ခုကို
ရောက်သွားစဉ်မှာ တော့ . . .
''ဒုတ်''
ဟူသော အသံတစ်ချက်နဲ့အတူ ဂေါ်ပြားက
ခပ်မာမာအရာတစ်ခုနှင့် တွေ့ ဆုံမိ သွားပါသည်။ ရိုးစစ်
အလျင်အမြန်ပင် တူးဖော်ယူငင်လိုက်တော့ . . .
ရှည်မျောမျော သေတ္တာလေးတစ်လုံး။
ထိုသေတ္တာလေးအဖုံးအား ဆွဲဖွင့်လိုက်စဉ် .
. .
ပေါ်လာသော အရာတစ်ခုမှာ တော့ . . .
ဖြူ လွလွ 'ပလွေ' လေးတစ်ချောင်းပင်
ဖြစ်တော့၏ ။
''ပလွေလေး''
ဖြူ လွရှင်းသန့်နေသော အပေါက် (၆)
ပေါက်ပါသည့် ပလွေလေးတစ်ချောင်း။
ထိုပလွေလေးအား ရိုးစစ်
ထိကိုင်မိလိုက်စဉ်မှာ ပဲ . . .
''ဟာ . . . ''
သူ့ကမ္ဘာမြေတစ်ခုလုံး တုန်ဟည်း
သွားပါတော့၏ ။
*
ဘုရားပေးလက်ဆောင် နှစ် ခုပေါင်းမှ
မင်းတို့ရွာကြီး မိုးသီးကြွေလတ္တံ့။
………..
………….
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၁၁ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   
စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။
…………..
"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...

Related Posts