သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၈ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၈ )

ဒုတိယမြောက်ပြကွက်
(သို့ )
'ယက္ခ' အား ဒုတိယအကြိမ် ခြိမ်းခြောက်ခြင်း
…..	
( ၁၉ )
ညလေးတစ်ညက မှု န်ဝါးဝေသီစွာ နဲ့ကိုးချောင်းရွာလေးပေါ်သို့ ကျရောက်ပေးနေသည်။
ကြယ် မလင်း၊ လမထွက်ဆိုပေမဲ့ ညအလင်းကကောင်းကင်မှ သူတို့ရွာလေးပေါ်
မဆိုစလောက်ကလေး ဖြန့် ကျက်ထားပါသည်။သဲချောင်းမြေပြင်၏ ကျယ်ပြန့်သော
တစ်နေရာမှာ ရွာသူရွာသားတွေ စုရုံးလျက်ရှိနေပါ၏ ။ဘေးပတ်လည်မှာ မီးတုတ်အချို့ကို
စိုက်ထူထားသည်ကြောင့် လရောင် မရှိပေမဲ့သူတို့စုရုံးနေရာ ရပ်ဝန်းလေးက လင်းချင်းနေသည်။
ရှေ့တူရူသို့ ကြည့်ကာ လည်တဆန့်ဆန့်ဖြစ်နေကြပါသည်။ သူတို့ကြည့်နေရာသည်ကား . . .
လူ တစ်ယောက် နှင့် ဖိုအံ့ဆဲဆဲမီးပုံလေးတစ်ပုံ၊ ထင်းချောင်းတွေ ဖိုခနောက်သဏ္ဌာန်
စုပုံထား သော မီးမတောက်သေးသည့် မီးပုံလေး ဖြစ်ပြီးထိုမီးပုံလေးနောက်မှာ လူ တစ်ယောက် မတ်တပ်ရပ်နေ
သည်။ကျောဘက်မှတိုက်ခတ်လာသောလေကိုခံယူရင်း ရိုးစစ် ကျေနပ်စွာ ပြုံး လိုက်သည်။
လေတင် မှာ ရပ်နေခြင်း ဖြစ်သည့်အတွက်လေအောက်မှာ ရွာသူရွာသားတွေ ရှိနေသည်။
တစ်ရွာလုံးက သူ၏ ဒုတိယမြောက်ပြကွက်ကိုစိတ်ဝင်တစား လာရောက်ကြည့်ရှုနေကြခြင်း
ဖြစ်သည်။ သူကလည်း ပြကွက်စတင်ရန်အကောင်းဆုံးအချိန်ကို စောင့်စားနေတာပါ။
ယခုတော့ သူလိုချင်သော အချိန်က လေကိုဖွဖွတိုက်ရင်း ရောက်လို့လာခဲ့ပါပြီ။ မလှမ်းမကမ်း မှာ
ရွာသူကြီးဦးယုဝနှင့် လူအချို့ရှိနေသည်။ သူတို့တွေလည်း ရိုးစစ်ပြကွက်ကို လာရောက်ကြည့်ရှု နေကြခြင်
ဖြစ်သည်။ ဒါပေမဲ့ သူသတိပေးထားသည်ကြောင့်လေအောက်မှာ မနေ။
အားလုံးက ရိုးစစ် ဘယ်လိုပြကွက်မျိုးကိုပြသမလဲ စိတ်ဝင်စားလျက်ရှိကြသည်။ ထိုအခိုက်မှာ ပဲ .
. .
''ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . .''ရိုးစစ်၏ လက်ခုပ်သံ သုံးချက်နောက်မှာ
ပတ်ဝန်းကျင်က တမုဟုတ်ချင်း တိတ်ဆိတ်သွား သည်။သူစတင်ရန် အချိန်ရောက်ပါပြီ။
ငြိမ်သက်လျက်ရှိနေသော လူအုပ်ကြီးအားတစ်ချက်ကြည့်၍ . . .
''ပြကွက်မစခင် ကျွန်တော် စကားနည်းနည်းလောက် ပြောချင်ပါတယ်''
သူ၏ စတင်ခြင်းစကားသံကပတ်ဝန်းကျင်ကို ဟိန်းသွားသည်။ အကုန်လုံးက
သူ့စကားကို ငံ့လင့်ကာ တုပ်တုပ်မျှမလှုပ်။''ကျွန်တော် ဒီရွာကိုရောက်လာကတည်းက
ထူးခြားမှု တွေ အများ ကြီး ကြုံ တွေ့ ခဲ့ရပါတယ်။ အဲဒီထဲကမှ ကျွန်တော် တွေ့ ရသလောက်
ခင်ဗျားတို့အားလုံးမှာ တူညီတဲ့ထူးခြားမှု တွေ ရှိနေတာတွေ့ ရ တယ်။ အဲဒါဘာလဲဆိုတော့ အရယ်အပြုံး
ရှားပါးတာပါပဲ။ ခင်ဗျားတို့မျက်နှာတွေ မျာ ပျော်ရွှင်မှု ကိုမတွေ့ ရဘူး။ ဒါဟာလည်း ကြုံ တွေ့ ခံစားနေရတဲ့
ဒုက္ခတွေ ကြောင့် လို့ ကျွန်တော် နားလည်ပါတယ်။ ဒီညတော့ ခင်ဗျားတို့ခံစားနေရတဲ့
ဒုက္ခအားလုံးကိုမေ့ထားပြီး ပျော်ရွှင်အောင် ကျွန်တော်လုပ်ပေးချင်ပါ တယ်။ တဒင်္ဂလေးပဲ ဖြစ် ဖြစ်
စိတ်ပေါ့ပါးသွားအောင်ပေါ့''တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေကြသည်။ ရိုးစစ် ပြောစကားအားလုံး ငြင်းစရာမရှိအောင်မှန်နေသည့်အတွက်လည်း ပြန်ပြောရန်စကားလုံး
မဲ့သွားခြင်း ဖြစ်နိုင်၏ ။''ခင်ဗျားတို့အားလုံး ကျွန်တော် နဲ့အတူလိုက်က, ပေးနိုင်မလား''
''ဗျာ . . . ''
''ရှင် . . .''
အာမေဍိတ်သံတွေ ထွက်သွားကြသည်။အကုန်လုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်
ကာ ကြောင်တောင်တောင် ဖြစ်သွားကြ၏ ။ရိုးစစ်ပြောစကားများ ကို နားကြားလွဲသွားကြသလိုမျိုး၊
သဘောပေါက်ကာ အားလုံးကြားလောက်အောင်နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
''ခင်ဗျားတို့အားလုံး ကျွန်တော် နဲ့အတူစိတ်လွတ်ကိုယ်လွတ် က, ပေးနိုင်မလား''
''ဘာကြီးလဲဟ''
''မ ဖြစ်နိုင်တာ''
ဒီတစ်ခါတော့ သေသေချာချာကြားလိုက်သည်မို့ ကန့်ကွက်သံတွေ
တန်းစီကာထွက်လာပါ သည်။ ကြို တင်တွေးထားပြီးသား ကိစ္စတစ်ခု ဖြစ်သည်မို့ ရိုးစစ် တည်ငြိမ်စွာ
ပင် . . .
''ဟုတ်ပါပြီ၊ မ ဖြစ်နိုင်ဘူးဆိုရင် ဘာလို့မဖြစ်နိုင်တာလဲ ပြောပြပေးလို့ရမလား''
ပထမ ပတ်ဝန်းကျင်ငြိမ်ကာသွား၏ ။ ပြီးမှမိန်းမကြီး တစ်ယောက် က ရှက်ရွံသလိုလိုပုံစံဖြင့်
မဝံ့မရဲပြောသည်။
''ကျွန်မတို့ မကတတ်ဘူး''
''ကျွန်တော် လည်း မကတတ်ပါဘူး။
စိတ်ထဲရှိသလိုပဲ ကမှာ ။ စိတ်ပေါ့ပါးသွားရင်ပြီးတာပဲ''
''မဟုတ်ဘူး၊ ကျွန်မက ရှက်လည်းရှက်တတ်တယ်''
ဟိုမှသည်မှ ခိုးခိုးခစ်ခစ် ရယ်သံများထွက်လာလေသည်။ အချို့လည်း ပြုံး စိစိ၊ လူတွေ
အများ ကြီး ဝိုင်းစုပြီးကရမှာ ကို ရှက်နေသလိုပါပဲ။
တစ်ယောက် နဲ့ တစ်ယောက် ကြည့်ကာ မကခင်ကတည်းက ရှက်နေပုံရလေသည်။
ဟုတ်တော့လည်း ဟုတ်ပါသည်။တစ်ရွာလုံးနီးနီး ရောက်နေကြခြင်း ဖြစ်သည့်အတွက်
အရွယ် စုံပါသည်။ အဘိုးကြီး၊ အဘွားကြီး၊သက်ကြီးရွယ်အို၊ လူပျို၊ အပျို၊ ကလေး
အရွယ်စုံပါနေသည့် အတွက် တော် ရုံတန်ရုံဘယ်ကရဲကြမည် နည်း။
အဘိုးကြီးက အဘွားကြီးကို ရှက်၊ အပျိုကလူပျိုကို ရှက်၊ ကလေးက အဖေအမေကို ရှက်၊
အဖေအမေက အိမ်နီးနားချင်းကို ရှက်ဖြင့် ရိုးစစ်အစီအစဉ်ကိုလက်ခံဖို့ မ ဖြစ်နိုင်ပါ။
''မ ဖြစ်ပါဘူး၊ ငယ်ငယ်ကတည်းကကတာခုန်တာကို ကျု ပ်တို့က ဝါသနာပါတာမဟုတ်ဘူး။
မ ဖြစ်ဘူး . . . မ ဖြစ်ဘူး . . . ''
''အေးလေ . . . လူတွေ အများ ကြီးနဲ့ရှက်စရာကြီး''
''ကြီးကောင်ကြီးမား ဖြစ်မှ ကရမတဲ့''
ဆူဆူပူပူအသံတွေ တစ်ယောက် တစ်ပေါက်ထွက်လာသည်။ သူငြိမ်၍ သာ နားထောင်နေမိ၏ ။
''ကမယ်ကွာ . . . လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကတည်းက ငါတို့အတွက် အပျော်ဆိုတာ
ရှိတာမဟုတ်ဘူး။ မပျော်ရတာ ကြာပြီ၊ ကမယ်''
''ဟုတ်တယ်၊ တစ်နေကုန်တစ်နေခန်းအလုပ်လုပ်နေရလို့ ရယ်ဖို့တောင် သတိမရဘူး။ ကမယ်. . . ပြီးရင် အကုန်လိုက်ကြည့်ပြီး ရယ်မယ်''
''ဟား . . . ဟား . . . ဟား . . . ငါ ကတော့အခုကတည်းက ပျော်နေပြီဟေ့။ တော် တော်
ပျော်ဖို့ကောင်းမှာ ပဲ၊ ပျော်စရာကြီး''
ရှေ့ပိုင်းရှိယောက်ျားလေးအချို့ဆီမှ ထိုသို့သော အသံတွေ ထွက်လာသည်။ မိန်းကလေးတွေ မှာ
ကားအရင်ကတည်းက အရှက်အကြောက်ကြီးသူတွေဖြစ်လေတော့ ခါးခါးသီးသီးပင်။
''မ ဖြစ်ပါဘူးဟယ် . . . မကတတ်ကတတ်လိုက်ကလို့ ငါတို့ကိုကြည့်ပြီး ဟိုကောင်တွေ
ရယ် နေဦးမယ်''
''ကြည့်ပါလား၊ အခုကတည်းကဟိုသေနာတွေ ပြုံး စိစိနဲ့''
''ရှယ်ပဲကွာ၊ ကတာမပြောနဲ့ ရေအိုးရွက်လမ်းလျှောက်တာတောင် မြင်ဖူးတာမဟုတ်ဘူး။
တကယ့်အပီပဲ''
''ဟိုဂျမ်းတောမတော့ နတ်ပူးသလိုကတော့မယ်နဲ့တူတယ်''
ကျွက်စီကျွက်စီအသံတွေ တစ်ကွင်းလုံးဆီမှပလူပျံလာပါသည်။ ဒါပေမဲ့ အနှစ် ချု ပ်လျှင်တော့
'ကမယ်' ဆိုသည့်အသံထက် 'မကဘူး' ဆိုတာကရာခိုင်နှုန်းတွေ သိသာစွာ များ လွန်းနေသည်။
ရှေ့ပိုင်းမှာ တင်မဟုတ်၊ အလယ်ပိုင်းမှာရော၊ နောက်ပိုင်းမှာ ပါ ကန့်ကွက်သူက ပိုသာလွန်းနေ
၏ ။ ဘယ်လိုပဲစည်းရုံးစည်းရုံး သူ့ဘက်ပါလာဖို့လမ်းမရှိသည်မို့ ရိုးစစ် စည်းရုံးခြင်းကို လက်လျော့
လိုက်သည်။ ဒီတော့ . . .
''ဟုတ်ပါပြီ . . . ဒါဆိုလည်း ကျွန်တော်တစ်ယောက် တည်းပဲ ကတော့မယ်''
လေက ကျောဘက်ဆီမှ တဖြူး ဖြူးတိုက်ခတ်လာနေသည်။ ရိုးစစ် ကိုယ်ကိုငုံ့ကိုင်းပြီး
ရှေ့မှာ ရှိနေသော ထင်းပုံလေးကို မီးမွှေးလိုက်၏ ။အဆင်သင့်လုပ်ထားသည်မို့ မီးကခဏချင်းပင် စွဲလောင်
လာသည်။ မီးတောက်ရဲရဲလေး ထင်းချောင်းတွေ ကြားမှတိုးတက်လာသည်နှင့် တစ်ပြို င်နက် လိုချင်
သည့်အတိုင်းအတာရအောင် ရိုးစစ် ထင်းချောင်းတွေကို ပြင်ဆင်ပေးလိုက် ၏ ။
ရိုးစစ်လုပ်ကိုင်ပုံအားကြည့်ကာ ဘာတွေများ ဆက် ဖြစ်လာမလဲ ရင်ခုန်နေကြသည်။ သူက တော့
. . .
အိတ်ထဲမှ ပုလင်းလေးတစ်လုံးကိုထုတ်လိုက်ပါသည်။ အဖုံးကိုဖွင့်ကာ လက်တွင်းသို့
အနည်း ငယ်လောင်းထည့်လိုက်သည်။ ပြီးတော့မီးတောက်လေးပေါ်သို့ လက်ထဲမှအမှု န်လေးများ အား
ဖြူး ချ လိုက်ပါတော့သည်။ လေကပြေပြေလေးတိုက်ခတ်ပေးနေ၏ ။ ထိုလေနှင့် အတူ . . .
ရိုးစစ်လက်နှစ် ဖက်အပေါ်မြောက်တက်လာသည်။ ပြီး . . .ခါးကိုထောက်ကာ ခြေကိုရှေ့ထိုး ပြီး အကတစ်ကွက်ကိုစတင်လိုက်တော့၏ ။ မြင်ဖူး၊ ကြားဖူးထားသည့်
ကဗျာလွတ်အက၊ ဆိုင်းသံဗုံသံ မပါပေမဲ့ရိုးစစ်ခြေထောက်တွေ စည်းချက်ကျလှုပ်ရှားနေသည်။
ကိုယ်ကိုယိမ်းနွဲ့ကာ ခြေနှင့် လက်ကိုကွေးကာဆန့်ကာဖြင့် . . .
လေကတဖြူး ဖြူး ၊ မီးတောက်လေးကလေတိုက်ရာဘက်ကို ယိမ်းနွဲ့လို့။ ထို့အတူ . . .
ပထမတော့ လူအုပ်ကြီးကရိုးစစ်လုပ်ကိုင်ပုံအားကြည့်ကာ ကြောင်တောင်တောင်။
ဒါပေမဲ့ လိုအပ်သော အချိန်တစ်ခု ကြာသွားချိန်၌ . . .မီးပုံလေးနှင့် နီးသော အရှေ့ပိုင်းဆီမှ
လူတစ်အုပ် လှုပ်ရှားလာသည်။ ပထမတော့ မသိမသာ၊ကိုယ်တွေ ယိမ်းနွဲ့သလို ရှိလာသည်။
ရိုးစစ်ပုံစံအားကြည့်ကာ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာ သည်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ သတိပြု
မိပုံမပေါ်။ တဖြည်းဖြည်းနှင့် . . .လက်တွေ အပေါ်မြှောက်လာပါသည်။
လက်ဆစ်လေးများ ကို ချိုးကာ၊ ကွေးကာ၊ ကိုယ်ကိုယိမ်းကာနွဲ့ကာ၊ ခြေထောက်တွေ လည်း ချီချီကြွကြွ
ဖြစ်လာပြီး ကကြပါတော့သည်။တဖြည်းဖြည်းနှင့် မီးပုံလေးနှင့် နီးသော
အရှေ့ပိုင်းဆီမှ အလယ်ပိုင်း၊ အလယ်ပိုင်းဆီမှနောက်ပိုင်းဖြင့် လူအုပ်ကြီးတစ်ခုလုံးသည်ကား . . .
ရိုးစစ် စိတ်ထဲရှိသလို လက်၊ ခြေကို ချိုး ကာက, နေသည်။ ထို့အတူ လေအောက်မှာ ရှိနေသူ
အားလုံးမှာ လည်း ညို့  ကွက်တစ်ခု မိနေသလို ဘာကိုမှသတိမရတော့ပဲ ကကြပါတော့သည်။ ဘာ ကကွက်တွေလဲ၊ ဘာတွေ ကနေကြတာလဲ ဘယ်သူမှမသိတော့ . . . ။
ပါးစပ်ဆိုင်းတီးသံတွေ ၊စည်းဝါးလိုက်သ့တွေ ၊ ရယ်မောသံတွေ သည်ကား
သဲချောင်းကွင်းပြင် တစ်နေရာမှာ ပေါ့ပါးလွတ်လပ်စွာထွက်ပေါ်လာပါတော့သည်။ ခုန ရှက်ပါသည်ဆိုသူတွေ
လည်း ကတာမှကွေးလို့၊ ကာလသားတွေ ကြည့်မှာကြောက်နေသော အပျိုတွေ မှာ လည်း ဘာကိုမျှ
သတိမရ။တစ်ကွင်းလုံးမှာ အားလုံးကိုမေ့ပြီးကိုယ့်စိတ်ထဲမှာ ရှိနေသလို ကကြိုး တွေ
ဆင်နေပါတော့ သည်။ ရယ်လိုက်မောလိုက်၊ကလိုက်ခုန်လိုက်နှင့် တစ်ရွာလုံးမှာ ကား . . .
အဘိုးအဘွားတွေ မှာ လည်း မေးတုန်တုန်လည်တုန်တုန်နှင့် . . . ။
ထိုအခြင်းအရာကိုကြည့်ပြီး မျက်လုံးပြူးနေသူ လူတစ်စုလည်း ရှိနေသည်။ ဦးယုဝနှင့် ကာလ
သားတစ်စု။ စိတ်လွတ်ကိုယ်လွတ် ကနေကြသောရွာသူရွာသားများ အားကြည့်ကာ ဦးယုဝမှာ
မျက်လုံးကြီးပြူး နေသည်။ ခါးခါးသီးသီး ငြင်းနေသူတွေတောင် မနေနိုင်မထိုင်နိုင် ကွေးအောင်ကနေ
သည်ဆိုတော့ . . .
ရယ်လည်း ရယ်ချင်သည်။ အံ့လည်းအံ့သြသည်။ ယခုချိန်ထိလွတ်လွတ်လပ်လပ်ကနေသော ရိုးစစ်ကိုကြည့်၍
လည်း တုန်လှုပ်ခြင်း ဖြစ်မိ၏ ။ သူ့ရွာသားတွေ ကိုရိုးစစ် ညှို့  များ ညှို့  လိုက်တာလား။ စိတ်ညှို့  ပြီး က,
ခိုင်းနေတာလားဟုလည်း အတွေးရောက်မိသည်။သာမန်ကိစ္စတစ်ခုတော့ ဘယ်လိုမှမ
ဖြစ်နိုင်။အရယ်အပြုံး ရှားပါးသော ၊အပျော်မရှိသလောက်နည်းသော
ကိုးချောင်းရွာသူရွာသားတွေ ပြုံး ပျော်ရယ်ရွှင်ပြီးအရှက်အကြောက်ကင်းကင်း
ယခုလိုကနိုင်ဖို့ဆိုသည်ကား . . .ထိုအခိုက်မှာ ပဲ ကနေရာမှ ရိုးစစ်
ရပ်တန့်လိုက်လေသည်။ ဒါပေမဲ့ရွာသူရွာသားအပေါင်းက တော့ စိတ်လွတ်ကိုယ်လွတ်
ကနေကြဆဲ။ နည်းလမ်းမ၇ှိ၊ အချု ပ်အချယ်မရှိ၊လက်မြှော က်ခြေမြှောက် ဖြင့် စိတ်ထဲရှိသလို
ကနေကြခြင်း ဖြစ်ရာ ရယ်ဖို့လည်းကောင်းသလိုပျော်ဖို့လည်း ကောင်းသည်။
အချိန်တစ်ခုထိကြာအောင် ရိုးစစ်လွှတ်ပေးထားလိုက်ပါသည်။
တလွင့်လွင့်လူးနေသော မီးတောက်လေးအနည်းငယ် အရှိန်လျော့သွားစဉ်မှာ တော့ နီးစပ်ရာ
မြေပြင်မှ သဲတစ်ဆုပ်ကိုကြုံး ကာမီးတောက်ပေါ်ကျဲချလိုက်သည်။ ဖုံးလွှမ်းသွားသော
သဲအရှိန်ကြောင့် မီးတောက်မျာ ဟုပ်ခနဲငြိမ်းသွားသည်။
ထို့အတူ ခြေချိုး၊ လက်ချိုး ကနေသူတွေအားလုံးမှာ လည်း တိခနဲ မူလအတိုင်း ပြန်လည်
ရပ်တန့်သွားချိန်မှာ တော့ အကုန်လုံးသည်ကား . . .
''ဟာ . . . ''
''ဟယ် . . . ''
''အို . . . ''
သူတို့ကိုယ် သူတို့ကြည့်လိုက်၊တခြားသူကြည့်လိုက်နှင့် ခဏတော့
ကြောင်အမ်းသွားကြပါ သည်။ ခုနဘာဖြစ်သွားလိုက်သလဲ၊ သိသူရှိသလို မသိသူတွေ လည်း
ရှိသည်။ ကိုယ့်အ ဖြစ်ကိုယ်ကြည့် ကာမယုံကြည်နိုင်အောင် ရှိနေသူများ လည်း ရှိသည်။
ဒါပေမဲ့ ခဏအကြာမှာ တော့ ဟိုမှသည်မှရယ်သ့တွေ ထွက်လာပါတော့၏ ။ ပုံပျက်ပန်းပျက်
ဖြစ်နေသော ကိုယ့်ပုံစံတွေ ကိုယ်ပြန်ကြည့်ရင်းရှက်သူရှက်၊ ဘာ ဖြစ်သွားလိုက်သလဲ သတိရကာ
တိုးတိုးတိတ်တိတ် ကြိတ်ရယ်သူရယ်။တစ်ဦးနှင့် တစ်ဦး မကြည့်ရဲအောင်
ရှက်ရွံစိတ်တွေ မွှန်ထူရင်း အကုန်လုံးသည်ကား . . .နောက်ဆုံးမှာ တော့ တစ်ကွင်းလုံး
မနေနိုင်မထိုင်နိုင်အောင် ရယ်မောပစ်လိုက်ကြပါတော့သည်။
အားလုံးရဲ့ ရင်ထဲမှာ တော့ တူညီတာတစ်ခုရောက်ရှိသွားခဲ့ပါသည်။ အဲဒါက . .နှမ်းစေ့တစ်ထောက်စာလေးပဲ ဖြစ် ဖြစ်ရင်ထဲမှာ ပေါ့ပါးသွားကြတာပါပဲ။
*
( ၂၀ )
တောင်ကုန်းလေးပေါ်မှာတဲအိမ်လေးတစ်လုံး ရှိနေပါသည်။ ယနေ့တော့
ထိုတဲလေးဆီမှ မီးရောင် ကို မမြင်ရ။ လူနှစ် ယောက်စကားတပြောပြောဖြင့် တဲအိမ်လေးဆီသို့ ဦးတည်ကာ
လာနေ သည်။ တောင်ကုန်းလေးကို တက်နေတာမို့အနည်းငယ် မောပန်းဟန်လည်း ရှိနေ၏ ။
''ငါတော့ တော် တော် အံ့သြတယ်ကွ . . .ဘယ်လိုဘယ်လို ကမိသွားမှန်းမသိခဲ့ဘူး''
''ဟုတ်တယ်၊ ငါလည်း စဉ်းစားမရဖြစ်နေတာ။ ရှေ့ကလူတွေ ကတော့ ငါရအောင်
ထိန်းကြည့် သေးတယ်။ ဒါပေမဲ့ မရဘူး။အလိုလိုကချင်လာတာပဲ''
သူတို့ လိုက်ကမိခြင်းအပေါ် မယုံသလိုပြောနေကြခြင်း ဖြစ်သည်။
''ဘာလို့ နေရင်းထိုင်ရင်း အလိုလိုကချင်လာရတာ လဲ မသိဘူးကွနော်။ ဒီကောင်လေး ဘာ
နည်းသုံးလိုက်တာလည်း မသိဘူး''
''ဟုတ်တယ်၊ ထိန်းထားတဲ့ကြားက အလိုလိုကချင်လာတာ။ တော် တော် အံ့သြဖို့ကောင်း တယ်။
ဒီကောင်လေးသုံးတဲ့နည်းကို ငါတို့ဆရာ ယက္ခတော့သိမယ်ထင်တယ်''
ထိုစဉ်မှာ ပဲ ရွာထိပ်ဆီမှခွေးဟောင်သံတစ်ချက်ကို ကြားလိုက်ရလေသည်။
ပြီးတော့ ခွေးအူသံ တွေ ပါ နောက်ဆက်တွဲ အ ဖြစ်ပါလာသည်။ အနည်းငယ်ထူးဆန်းသွားသည်ကြောင့်
ခြေလှမ်းတို့ ရပ်သွား၏ ။ ပြီး . . . နှစ် ယောက် စလုံးရွာထိပ်ဘက်ဆီ ပြို င်တူလှည့်ကြည့်မိကြသည်။
တစ်အောင့်ကြာတဲ့အထိ ထူးခြားမှုရှိမလာတော့မှ ရှေ့ပြန်လှည့်ရင်း ခြေလှမ်းကို
ဆက်သည်။
''ဘာလို့ ဒီကောင်လေးကထူးဆန်းတဲ့ပြကွက်တွေ ပြနေရတာ လဲ''
''ငါသတင်းကြားတာတော့သုံးခုမြောက်ပြကွက်ပြီးသွားရင်
ငါတို့ဆရာကိုစိန်ခေါ်ပြီး ပညာပြို င် မှာ တဲ့''
မေးသူ ပထမ တစ်ယောက် မှာ အူတူဖြစ်သွားသည်။ မေးသော မေးခွန်းနှင့် ဖြေသော
အဖြေက ဘာမျှမဆိုင်သည်မဟုတ်ပါလား။ ထို့ကြောင့်သူကပင် . . .
''ပညာပြို င်တာပဲ တစ်ခါတည်းစိန်ခေါ်ပြီး ပြိုင်လို့ရတဲ့ဥစ္စာ။ ဒီလိုပြကွက်တွေ ပြနေစရာ လိုလို့ လား''
ထိုစကားကြောင့် ညံ့လိုက်တာဟူသော
ပုံစံဖြင့် ဒုတိယ တစ်ယောက် က ခပ်ချဉ်ချဉ်ကြည့်ကာ ...
''မင်းကလည်း ညံ့လိုက်တာ။သူဘယ်လောက်တော် တယ်ဆိုတာ တို့ဆရာသိအောင်
ပြတာ နေမှာ ပေါ့။ ဒါမှ ပညာပြို င်ရင် သူ့ကိုရှိန်နေမှာလေ။ ဆိုက်ကိုသဘောတရားပေါ့ကွာ''
ဟုတ် မဟုတ်မသိပေမဲ့အတည်ကြီးပြောသည်ကြောင့် ပထမလူ
ငြိမ်သွားသည်။ စဉ်းစားသွား သလိုရှိပြီးခေါင်းကိုညိတ်၏ ။
''ဟုတ်မယ်ကွ . . . တတိယပြကွက်တော့ဘယ်လိုလာဦးမယ်မသိဘူး''
''မနက်ဖြန် သိရမှာ ပေါ့ကွာ။ ဒါနဲ့ငါတို့ဆရာယက္ခနဲ့ ပညာပြို င်ရင် ဘယ်သူနိုင်မယ်လို့
မင်း ထင်လဲ''ပထမလူ ငြိမ်သွားပြန်သည်။ ပြီးမှကမ္ဘာကျော်တွေ့ ရှိချက်ကြီးတစ်ခုကို အမှတ်မထင်
ရရှိလိုက် သလို . . .''ဒါ ကတော့ လက်တွေ့ ပြို င်ကြည့်မှ သိမှာပဲ''
ထို့နောက်တော့ စကားသံတွေတိတ်သွားကြသည်။ တဲအိမ်လေးနှင့် နီးကပ်လာနေပြီ
မဟုတ်ပါလား။
*
( ၂၁ )
ခွေးဟောင်သံရပ်သွားတဲ့အထိ ရိုးစစ်စောင့်နေလိုက်သည်။ ညဥ့်နက်လာ၍ ထင်သည်။ မည်
းမည်းမှော င်နေသော ကောင်းကင်မှာလခြမ်းကွေးကွေးလေးကို တွေ ပရ၏ ။
ရွာစည်းရိုး အုတ်တံတိုင်းပေါ်တွင် ထိုင်ကာမနက်ဖြန်အတွက် စဉ်းစားခန်းဝင်နေမိသည်။ ခွေးတွေ
ဟောင်နေသည်မို့ အောက်ကိုမဆင်းသေး။ရှေ့မလှမ်းမကမ်းမှာ က 'ကိုးချောင်းရွာ' ဟူသော
ဆိုင်းဘုတ် ရှိနေ၏ ။ သူ ရွာထိပ်တွင် ရောက်နေတာပါ။မနက်ဖြန်ပြသမည့် ပြကွက်အတွက်
ရောက်နေသည်ဆိုလျှင် ပို၍ မှန်ပေလိမ့်မည် ။ရွာကိုရောက် စဉ်က ခွေးတစ်ကောင်တစ်လေမှ မတွေ
့သော်လည်း ယခုတော့ ခွေးဟောင်သံတွေ ဆူညံနေ၏။ (အမှန်ကား သုံးပင်ရွာသို့ အလုပ်သွားလုပ်သူတွေ မှာသူတို့၏ အိမ်မွေးတိရစ္ဆာန်များ ကို တစ်ပါတည်း
ခေါ်သွားခြင်း ဖြစ်ပါသည်။)ရိုးစစ် တုပ်တုပ်မျှမလှုပ်ဘဲထိုင်ကာနေမိသည်။ ပြကွက်နှင့် သင့်တော် မည့် 
မြေအနေအထားကို ရှာဖွေရပေမည် ။ မနက်လင်းလျှင်ရွာသူကြီးအား အကူအညီတောင်းပြီး လူတစ်ကိုယ်စာ
ကျင်း တစ်ကျင်း တူးခိုင်းရမည် ။ကျောပေးထိုင်နေလျက်မှ ရွာလေးအား
လှည့်ကြည့်မိပါသည်။ ရွာလေးက ပင်ပင်ပန်းပန်းနဲ့အိပ်မောကျနေပါပြီ။
သူ့ရဲ့ ကျေးဇူးရှင်ရွာလေး။မနက်ဖြန်ပြီးလျှင်တော့ မ ဖြစ်မနေ ယက္ခနှင့်
ယှဉ်ပြို င်ရပေတော့မည် ။ ဘယ်လိုပင် ဖြစ် ဖြစ်ကျိန်စာပြယ်ဖို့အကြောင်းက ယက္ခကလွဲပြီး မည်
သူမျှမသိနိုင်သည် မဟုတ်ပါလား။ယခုအချိန်ထိတော့ ယက္ခကို သူ
မမြင်ဖူးသေး။ ယက္ခ ဘယ်အတိုင်းအတာထိတတ်မြောက် တယ်ဆိုတာလည်း မသိ၊ သူ့ဘက်က
ပြကွက်နှစ် ကွက်ဆုံးသည့်တိုင် ယက္ခဘက်က တုံ့ပြန်မှုမရှိပါချေ။ မနက်ဖြန်တော့ ဘယ်လိုလာမည် မသိ။
ထိုစဉ်မှာ ပင် လူကအလိုလိုနေရင်းကျောမလုံသလို ခံစားလိုက်ရသည်။ သူ့အား တစ်စုံ
တစ်ယောက် ကကြည့်ရှုနေသလိုစိတ်ကတစ်မုဟုတ်ချင်း ပေါ်ပေါက်လာတော့ ရိုးစစ်
ရှေ့နောက်ဝဲယာ ကြည့်ရှုလိုက်ပါသည်။ ထူးခြားမှုတစ်စုံတစ်ရာ မတွေ ပ။
အုတ်စည်းရိုးပေါ်ထိုင်နေခြင်းဖြစ်သည့်အတွက် ပတ်ဝန်းကျင်ကိုလည်း
ရှင်းရှင်းလင်းလင်း မြင် ရသည်။ ဘာမျှရှိမနေပါ။ ဒါပေမဲ့တစ်အောင့်ကြာသည်အထိ ထိုစိတ်ကပျောက်မသွား။
ထိုအခိုက် . . .
''မကြောက်ပါနဲ့ကွ . . . ကျု ပ်ပါ''
အနီးကပ်ထွက်ပေါ်လာသောအသံတစ်သံကြောင့် ရိုးစစ် ခေါင်းနားပန်းကြီး
သွားပါသည်။ အသံလာရာဆီ ဆတ်ခနဲလှည့်ကြည့်လိုက်တော့ . . .
''မောင်ရင်က လူ ဖြစ်ပြီး အမြင့်မှာထိုင်နေတော့ ဘုန်းကြီးလည်း လိုက်တက်လာရတာပေါ့''
''ဆရာတော် ''
ရိုးစစ်နှုတ်မှ လွှတ်ခနဲ ထွက်သွားမိ၏ ။အလင်းရောင် နည်းပါးပေမဲ့ သင်္ကန်းရုံထားသော ပုံစံကို
တွက်ဆမိသည်။ ပြီးတော့ ရင်းရင်းနှီးနှီး ရှိနေသောစကားသံ။ ဟုတ်ပါ၏ ၊ ညကြီးအချိန်မတော် ရောက်
လာသူက ကိုးချောင်းရွာရဲ့ ဆရာတော် ဘုန်းကြီးပါ။ဆရာတော် မှာ လည်း သူ့လိုပင်
အုတ်စည်းရိုးပေါ်တက်ကာ ထိုင်နေခြင်း ဖြစ်ပါသည်။ဘယ် အချိန်ကတည်းက ရောက်နေသည်မသိသည်။
''ဘာထိုင်လုပ်နေတာလဲကွ''
''မနက်ဖြန် တပည့်တော်
ပြမယ့်ပြကွက်အတွက် လိုအပ်တာလေးတွေထိုင်စဉ်းစားနေတာဆိုပါ တော့။ ဒါနဲ့ ဆရာတော်
ကရော ဒီအချိန်ကြီးကျမှ ဘယ်ကိုလဲ''
''မောင်ရင့်ကို လိုက်ရှာနေတာ''
''ဗျာ . . . ''
ရိုးစစ် အနည်းငယ် ထူးဆန်းသွားသည်။အချိန်မတော် ရောက်လာသည်ဆိုတော့ ဘယ်လို
အကြောင်းကိစ္စများ ပေါ်သနည်း။
''နေ့လယ်က ဂဏန်းခုနှစ် လုံးရဲ့အဓိပ္ပာယ်ကို ဘုန်းကြီးသိပြီ''
''ဟုတ်လား . . . ဘာလဲ''
သူ့မျက်လုံးထဲမှာ စာကြည့်တိုက်နံရံ၌အီလစ်ရေး သွားခဲ့သော ဂဏန်းခုနှစ် လုံးက ဗြု န်းခနဲ
ပေါ်လာသည်။ အလျင်စလိုပင် သူမေးလိုက်တော့ . . .
''သုံးပုံပဟေဠိပေါ်မယ့်အကြိမ်အရေအတွက်ပဲ'' ''ဗျာ . . . ''
ပါးစပ်ဟောင်းလောင်း ပွင့်သွားသည်။
လုံးဝထင်မထား . . .
''နေ့လယ်က စာကြည့်တိုက်ထဲမှာဗြဟ္မာဘုံပဟေဠိရဲ့ ပုံသေနည်းကို ဘုန်းကြီးတို့
ပြောတယ် မလား။ အဲဒါကိုကြားပြီး အီလစ်ကသုံးပုံပဟေဠိကို အစားသွင်းတွက်သွားတာပဲ။ အီလစ်
ဘာကိုဆိုလို တယ်ဆိုတာ သိသိချင်း အရမ်းအရေးကြီးသွားမှန်းသိလို့ မောင်ရင့်ဆီကို လိုက်လာတာ။
သုံးပုံပဟေဠိ ရွှေ့ပြီးခဲ့တဲ့အကြိမ်အရေအတွက်ကိုဘုန်းကြီး စစ်ဆေးကြည့်ပြီးပြီ။
ရင်တစ်ချက် ဆောင့်ခုန်သွားသည်။သုံးပုံပဟေဠိရွှေ့ပြီးခဲ့တဲ့ အကြိမ်အရေအတွက်
ဘယ်လောက်ရှိသွားပြီလဲ . . . ။
'' (2097001) ကြိမ်ရှိသွားပြီ။ ဘုန်းကြီးတွက်ကြည့်ရသလောက်တော့ ကျောင်းကဘုန်းကြီး
တွေ စားချိန်အိပ်ချိန်ပါမနားဘဲ နေ့ရောညပါ လူလဲပြီးအမှားအယွင်းကင်းကင်း ရွှေ့နိုင်မယ်ဆို ဒီလ
မပြည့်လောက်ဘူး''ဆရာတော် က ပုစွန်တုပ်ကွေး,ကွေးနေသော လခြမ်းကလေးအားကြည့်ကာ
ပြောတော့ ရင် အခုန် မြန်သွားရပါပြီ။ ဒါဆိုသုံးပုံပဟေဠိပေါ်ရန် မလိုတော့ဘူးပေါ့။ တကယ်ပဲ
မိုးပြန်ရွာလာမှာ လား။
ထိုစဉ်မှာ ပင် ကျောထဲမှာ စိမ့်ခနဲခံစားလိုက်ရပြန်သည်။ ဒီတစ်ခါတော့ သူ တစ်စုံ
တစ်ယောက် ကို သတိရလိုက်ပြီ။ ထို့ကြောင့်အလျင်စလိုပင်။
''ဆရာတော် ''
သူ့ကိုလှည့်ကြည့်တော့ . . .
''လိပ်ပြာလွှင့်တယ်ဆိုတာကို ဆရာတော်ဘယ်လိုမြင်လဲ''
သူ သတိရလိုက်သည်က ဦးဖိုးလူ။ တစ်ခါကဆုံဖူးသလိုပဲ လိပ်ပြာလွှင့်ပြီး သူတို့ကိုကြည့်နေ
တာလား။ ထို့အတွက်ကြောင့် ခုလိုမျိုး ခံစားနေရတာလား။ ခွဲခြားမသိနိုင်သည့်အတွက် မေးလိုက်ခြင်း
ဖြစ်ပါသည်။''ငြင်းပယ်လို့မရတဲ့
ပညာတစ်ရပ်ဆိုတာကလွဲပြီး ဘာမှသိပ်မထူးခြားပါဘူး။ဘာလဲ၊ မောင်ရင် က စိတ်ဝင်စားလို့လား''
သူ ခေါင်းညိတ်မိလိုက်သလား မသေချာပါ။
ဒါပေမဲ့ . . .
''စိတ်ဝင်စားတယ်ဆိုတာထက်အဲ့ဒီအကြောင်းကို သေသေချာချာ သိချင်တာ''
ဆရာတော် တည်ငြိမ်ကာသွား၏ ။လေအေးအေးက ပူလောင်သော
ရွာလေးပေါ်ကိုဖြတ်ပြီး ခပ်ဖြူး ဖြူး တိုက်ခတ်နေသည်။ဆရာတော့် လက်မောင်းသင်္ကန်းစလေးက လေမှာ
ဖျတ်ဖျတ်လွင့် နေကာ . . . ။
''လိပ်ပြာလွှင့်တယ်ဆိုတာ တကယ်တော့ဟိုးကမ္ဘာဦးအစ လူသားတွေ ပေါ်လာကတည်းက
ရှိနေတာလို့ဆိုရမှာ ပဲ။ ဒါပေမဲ့ လူတွေ ကပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ကြတယ်။ စူးစမ်းမိတဲ့
လူတွေ ရှိရင်လည်း တောက်တီးတောက်တဲ့ကိစ္စတွေ အဖြစ်ပဲ သတ်မှတ်ခဲ့ကြတာ။ ဒါပေမဲ့ စစ်ပြီးခေတ်
နောက်ပိုင်းမှာ မနောနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ကို လူတွေ
စိတ်ဝင်စားလာကြတယ်။ မနော သုတေသနအဖွဲ့တွေစိတ်ဝိညာဉ်ဆိုတာကို ပညာတစ်ရပ်အနေနဲ့
သတ်မှတ်ခဲ့ကြတာပဲ''
ကျောချမ်းပေမဲ့ ဆရာတော် ပြောသမျှကိုစိတ်ဝင်တစား နားထောင်နေမိသည်။
''လိပ်ပြာလွှင့်တယ်ဆိုတာ လူတိုင်းမှာဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တမင်တကာ လိပ်ပြာလွှင့်ဖို့
အတွက်တော့ လူတိုင်း မလုပ်နိုင်ဘူး။မောင်ရင်ရှင်းအောင် အလွယ်ဆုံးပြောရရင်တော့
အိပ်ပျော်နေ တုန်း ချောက်ထဲကျသွားတယ်လို့အိပ်မက်မက်လို့ လန့်နိုးဖူးလား။ ဒါမှမဟုတ်
ထမင်းလုံးတစ္ဆေ ခြောက်ခံရဖူးလား။ အဲလိုဖြစ်ဖူးတယ်ဆိုရင် အဲဒါ သာမန်ရိုးရိုး လိပ်ပြာလွှင့်တာပဲ။
ဒါမျိုးက လူတိုင်းမှာ ဖြစ်တတ်တယ်။ တမင်တကာလိပ်ပြာလွှင့်တယ်ဆိုတာတော့ အဲ့လိုမဟုတ်ဘူး။
လွယ်လွယ်ပြောရရင် တော့ ရုပ်ခန္ဓာထဲက နာမ်ခန္ဓာခွဲထွက်သွားအောင် လုပ်တာပဲ''
''အဲဒီ ခွဲထွက်သွားတဲ့နာမ်ခန္ဓာက ဘာတွေလုပ်လို့ရလဲ''
''အများ ကြီးပေါ့၊ ရုပ်မျက်စိနဲ့မမြင်နိုင်တဲ့အရာတွေ ကို ဖောက်ထွင်းမြင်နိုင်တယ်။
လိပ်ပြာလွှင့် နေစဉ် အကြားအမြင်ပေါက်သလို နောင်ဖြစ်မယ့်ကိစ္စတွေ ကို ကြို တင်သိမြင်နိုင်တယ်။
ဟောပြောနိုင် တယ်။ စိတ်ထဲရှိရာ ဘယ်နေရာကိုမဆိုခဏအတွင်း ရောက်အောင်သွားနိုင်တယ်။ အဲဒါတွေက လိပ်ပြာလွှင့်ပညာတတ်မြောက်ခြင်းရဲ့ ကောင်းကျိုးတွေ ပေါ့။ ဒီကောင်းကျိုးတွေ ကြောင့် လည်း လူတွေ
က တတ်မြောက်ဖို့စိတ်ဝင်စားတာ''
သူပင် ဆရာတော်ပြောစကားကိုနားထောင်ပြီး တတ်မြောက်လိုစိတ်တွေ
ဖြစ်ထွန်းသွားသည်။
''ဆိုးကျိုးတွေ ရော ရှိသေးလား''
''ရှိတာပေါ့ . . . ၊ ဆိုးကျိုးတွေ လည်းဒီပညာမှာ ရှိတယ်။ မောင်ရင်ကြားဖူးလား တချို့
မျက်လှည့်ဆရာတွေအောက်လမ်းနည်းသုံးကြတယ်ဆိုတာ''
''ဟုတ်ကဲ့ . . . ကြားဖူးတယ်''
''အမှန်တော့ အောက်လမ်းနည်းဆိုတာလိပ်ပြာလွှင့်ပြီး တခြားသူတွေ ကို တိုက်ခိုက်တာပဲ''
သူ့မျက်လုံးတွေ ပြာသွားမိသည်။
အောက်လမ်းဆိုတာကို သူတို့လောကမှာ ခဏခဏကြားဖူး ပါသည်။ ဒါပေမဲ့ ယခုလိုမထင်မိ။ ဆရာက
လူထက်တစ်ဆင့်နိမ့်သူ ဖုတ်၊ သရဲ၊ သဘက်များ ကိုစေလွှတ်ပြီးခိုင်းခြင်းဟုသာ သိထားခြင်း ဖြစ်သည်။
အမေပြောပြသော ဇာတ်လမ်းတွေကိုလည်း ကြားဖူးပါသည်။ ဒါပေမဲ့ ယခုလိုမထင်ပါ။
အမေ သင်ပေးသော ပညာ ကတော့ ရှင်းရှင်းလေးပါပဲ။ပဉ္စလက်အစစ်အမှန်တွေ ပင်။
''အောက်လမ်းနည်းနဲ့ပြု စားလို့လူသေသွားတယ်ဆိုတာမျိုးတွေ ကို မောင်ရင်ကြားဖူးလား''
''ကြားတော့ကြားဖူးတယ်၊ ဒါပေမဲ့ အဲ့လိုမျိုးက တကယ်ရောရှိလို့လား အရှင်ဘုရား''
ဆရာတော် က တဟားဟားအော်ရယ်ပါသည်။ ပြီး အရယ်ကိုရပ်ကာ
တည်ကြည်လေးနက် သော ပုံစံဖြင့် . . .
''ရှိတာပေါ့၊ မောင်ရင်လက်ခံအောင်ဘုန်းကြီးပြောပြမယ်။ လိပ်ပြာလွှင့်တဲ့နေရာမှာ အလိုလို
ထွက်ခြင်းနည်းရယ်၊ တမင်တကာထွက်ခြင်းရယ်၊တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ထွက်ခြင်းနည်းရယ်
ဆိုပြီး သုံးနည်းရှိတယ်။ အဲ့ဒီထဲကမှကြောက်စရာအကောင်းဆုံးနည်း ကတော့
တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ထွက်ခြင်းနည်းပဲ။အောက်လမ်းဆရာတွေ အသုံးပြု တာ အဲဒီ နည်းပေါ့။
သူတို့ရဲ့ မနောစွမ်းအင်နဲ့ တခြားလူရဲ့ စိတ်ကို ညှို့ လိုက်တယ်။ လိပ်ပြာကို အပြင်ထွက်စေတယ်။ ပြီးရင်
ထွက် သွားတဲ့လိပ်ပြာကိုအထဲပြန်ဝင်ခွင့်မပေးတော့ဘူး။ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာကို
သီးခြားလုပ်ပစ်လိုက်တဲ့ သဘောပေါ့။လိပ်ပြာနှုတ်တယ်ဆိုတာ အဲဒါပဲ''
ရိုးစစ် ကြက်သီးများ ပင် ထမိသွားသည်။ တွဲလဲချထားသော ခြေထောက်နှစ် ချောင်းပင် ထုံကျင်
အေးစက်သွားသလား ထင်ရ၏ ။ ဒါပေမဲ့ လိုအပ်သောမေးခွန်းတစ်ခုကိုတော့ ရိုးစစ် မမေးမ ဖြစ်
မေးလိုက်ပါသည်။
''လိပ်ပြာနှုတ်မခံရအောင်ဘယ်လိုကာကွယ်လို့ရလဲ''
ဆရာတော် ဘုန်းကြီးက ချက်ချင်း မဖြေ။ကြယ်ရောင် ပျိုးပျိုးပျောက်ပျောက် လင်းနေသော
ကောင်းကင်ကိုသာ မော့ငေးနေပါသည်။သက်ပြင်းရှည်ကြီးကိုလည်း ချနေဟန်ရှိသည်။
ပြီးတော့မှ ...
''ကာကွယ်နိုင်တာ တစ်နည်းပဲရှိတယ်''
…..
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၉ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။
"ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ...

Related Posts