သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၅ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၅ )
*
သူ့စိတ်ထင် တစ်နာရီခွဲလောက်လျှောက်ခဲ့ရသည် ထင်သည်။ တောလမ်းခရီးပေမို့
တစ်ခါတရံ ခရိးက မတွင် ။ မြေညီညီ၌ သွားရတာ တွေရှိသလို၊ တောင်ကုန်းတောင်စောင်းများ အား
ကွေ့ဝိုက်သွားရ တာတွေ လည်း ရှိသည်။အောက်ပေါင်းရှင်း၍ သာ တော် တော့၏ ။
နေတော့ မပူ။ သစ်ရိပ်ဝါးရိပ်ထူသည်မို့ နေစက်နေပြောက်လောက်သာ ထိုးကျနေသည်။ ဒါကလည်း
သုံးပင်ရွာနားနီးလာ၍ ပါ။ ကိုးချောင်းရွာပတ်ဝန်းကျင်မှာ တော့ သွေ့ခြောက်ပူပြင်းကာ ကန္တာရသဖွယ်ပင်
ဖြစ်သည်။နောက်ဆုံးတော့ သူ တွေချင်မြင်ချင်နေသော စမ်းချောင်းလေးအား မြင်တွေ
့ခွင့်ရခဲ့ပါပြီ။ တောင်ကျချောင်းလေးတစ်ခုပါ။အနောက်ဘက် မှိုင်းညို့  ညို့  တောင်တန်းဆီမှ အစပျု
ိးစီးဆင်းလာ သော ချောင်းလေးတစ်ခု ဖြစ်ပေသည်။အကျယ်အဝန်းမရှိလှပေမဲ့ ရေ ကတော့
စိမ်းစိမ်းကြည်နေ၏ ။ထိုးကျနေသော နေရောင် အောက်မှာအငွေ့များ ပင် တလူလူ ထွက်ပေါ်နေသေးသည်။
ချောင်းလေး၏ ဟိုဘက်ကမ်းမှာ တော့သုံးပင်ရွာဟုထင်ရသည့် ရွာတစ်ရွာကိုလည်း
ပျပျလှမ်းမြင်ရ သည်။ ချောင်းရိုးတစ်လျှောက်စိုက်ခင်းများ ကိုလည်း တွေ့ ရ၏ ။
ကိုးချောင်းရွာစိုက်ခင်းများ ဖြစ်ပေ မည် ။သူ ထိုစိုက်ခင်းများ နှင့် ဝေးရာဘက်သို့
လျှောက်လာခဲ့သည်။ အနားယူမှု က တိတ်ဆိတ်လေ၊ကောင်းမွန်လေပင် မဟုတ်ပါလား။ အတော်
လျှောက်မိတော့ သဲသော င်ပြင်ပြေပြေနှင့် ချောင်းအဝကျယ်လေးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့ ရ၏ ။
ထိုနေရာလေးမှာ ပင် ရေချိုးဖို့ ဆုံးဖြတ်ကာ လွယ်ထားသော လွယ်အိတ်ကို နီးစပ်ရာသစ်ကိုင်းမှာ
ချိတ်လိုက်သည်။ ပြီးတော့ အင်္ကျီကိုချွတ်ရင်း . . .
''ဝုန်း''
ခုန်ချလိုက်သော အရှိန်ကြောင့်လူကအောက်ခြေသို့ ထိုးဆင်းသွားသည်။
အောက်ခြေနံရံကို ခြေဖြင့် ကန်တက်ရင်း ရေပေါ်သို့ဘွားခနဲပေါ်လာချိန်၌ . . .
''ဝူး''
ကိုယ်တွင်းမှလေကို မှု တ်ထုတ်ရင်း ရိုးစစ်ခေါင်းကို ဘယ်ညာခါရမ်းလိုက်ပါတော့သည်။ လူက
ခဏချင်းပင် တက်ကြွလန်းဆန်းသွားသည်ဟုထင်လိုက်မိ၏ ။ ရေမှာ အေးစိမ့်နေသည်မို့ ရှိနေသော
အပူတွေ ပင် ရေနှင့် ရောသွားသလို။တော် တော် နှင့် အပေါ်ပြန်မတက်တော့။
အစုန်အဆန်ကူးရင်း ညောင်းညာနေသမျှ၊ ပူလောင်နေသမျှကို အတိုးချကုစားနေမိပါတော့သည်။
ရေကူးလိုက်၊ မောလျှင် ကမ်းပေါ်တက် နားလိုက်၊ ပြီးရေမှာ ဆင်းပြီး ပြန်စိမ်နေလိုက်နှင့် အချိန်တွေ မည်
မျှကြာသွားမိသည်မသိ။တစ်စထက်တစ်စဖြင့် တက်လာသောနေလုံးလေး ဆယ့်ငါးဒီဂရီကျော်သွားစဉ်မှာ တော့ ရိုးစစ်ကမ်းပေါ်တက်ခဲ့တော့၏ ။ လူက သိသိသာသာကိုပေါ့ကျသွားသည်။ ပြီးတော့ ချိတ်ဆွဲထားသော
လွယ်အိတ်နှင့် အင်္ကျီရှိရာကို လျှောက်သွားလိုက်စဉ်မှာ ပဲ
. . .
''ဟာ . . . ''
ရင်တစ်ချက် ဒိုင်းခနဲဆောင့်ခုန်ကာခေါင်းနားပန်းကြီးသွားသည်။
''ဘုရားရေ . . . ''မျက်လုံးပြူး မျက်ဆန်ပြူး ဖြင့် အလျင်စလိုပြေးသွားလိုက်တော့ . . .
''လွယ်အိတ်''လွယ်အိတ်မှာ ချိတ်ဆွဲထားသောသစ်ပင်တွင် ရှိမနေတော့။
''ဟာ . . . ဒုက္ခပဲ''
လူက ခဏတာ အသိလွတ်သွားသလားပင်ထင်လိုက်မိသည်။ ကယောင်ကတမ်းဖြင့် အနီး အနား
ရှာကြည့်မိပေမဲ့ လွယ်အိတ်နှင့် တူတာ မတွေ့ ။ဘာမှန်းမသိသော ခံစားမှု တွေ နှင့် အတူ သွေးတို့
နားထင်စုခဲသွားသည် ထင်လိုက်မိတော့ . . .မျက်ဝန်းတွေ တဖျတ်ဖျတ် လက်သွားသည်။
ဦးနှောက်တွင်းသို့ လည်း အသိဉာဏ်တွေဖျတ်ခနဲတိုးဝင်လာ၏ ။ ချိတ်ထားသော လွယ်အိတ်က
သူ့အလိုလိုပျောက်သွားတာတော့ မ ဖြစ်နိုင်။ ဒါဆိုဘယ်သူယူသွားတာလဲ။
ထိုလွယ်အိတ်ထဲမှာ သူ့ဘဝတွေ ပါသည်။အမေ့ရဲ့ ဝိညာဉ်တွေ ထိုအထဲမှာ ကိန်းအောင်းနေ
သည်။ ထိုလွယ်အိတ်က သူ့အတွက် အသက်တမျှအရေးကြီးသော ကိုယ်ပွားအသက်တစ်ချောင်း။
ဒါကို ဘယ်သူယူသွားတာလဲ။အဖြေတစ်ခု တိတိကျကျ မထွက်ပေမဲ့
ဒေါသတွေ ဆူဝေလာတာတော့ သေချာသည်။ဦးနှောက်တွင်းမှာ လည်း အတွေးတွေ တစ်ချက်ပြီး
တစ်ချက် ပြေးလွှားနေ၏ ။သူ၏ ပေါ့လျော့မှု တစ်ခုပါပဲ။စိတ်လွတ်ကိုယ်လွတ် ရေချိုးနေချိန်တွင် တစ်စုံ
တစ်ယောက် လာယူသွားဖွယ်ရှိသည်။ ဘယ်သူလဲဘာကြောင့် လာယူသွားရတာ လဲ။ လာကတည်းက
သူ့နောက်မှာ ခြေရာခံလိုက်လာတာလား။ ဒါဆို ဘာလို့သူ သတိမထားမိတာလဲ။ နောက်ဆုံးတော့
အဖြေတစ်ခုသာ ထွက်လာသည်။ သူပေါ့လျော့လို့ကိုယ့်အသက်ဝိညာဉ်ကို ကိုယ်နှင့် မကွာ မထားခဲ့လို့။
နောက်ဆုံးအကြိမ်လေ့လာပြီးသည့်နောက်မှာ တော့ တဒိန်းဒိန်းခုန်နေသော ရင်ဘတ်ရဲ့ အလို အတိုင်း
ဤနေရာမှလှည့်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ဘယ်သူယူသွားမှန်းမသိပေမဲ့ အကောင်းဆုံး
အလုပ်တစ်ခုတော့ သူလုပ်ရတော့မည် ။ ဒါပေမဲ့ . . .
''ဟင်''
မြေပြင်တစ်နေရာကိုကြည့်ကာ ရိုးစစ်မျက်မှော င်ကြု တ်မိသွား၏ ။ ပဝါလေးတစ်ထည်။
ကောက်ကိုင်လိုက်တော့ . . .အမည်းရောင် အောက်ခံမှာအရိုးပုံခေါင်းတစ်ခုကို ရေး ဆွဲထားလေသည်။
လာတုန်းက ဤ နေရာမှာ မရှိခဲ့တာ သေချာသည်။ဒါဆို . . .
ရိုးစစ် အမြန်ဆုံးပြေးထွက်လိုက်တော့သည်။

*
မရပ်မနား ပြေးလာခဲ့သော ခြေထောက်မှာ
ရွာနှင့် အနီးဆုံး တောင်ကုန်းလေးပေါ်ရောက်တော့
အလိုလိုရပ်တန့်မိသွားသည်။ မနက်က အချိန်အတော်
ကြာအောင် သူရှိနေခဲ့သည့်တောင်ကုန်းလေး။ ယခု
ထိုတောင်ကုန်းလေးပေါ်မှာ လူသစ် တစ်ယောက်
ထိုင်ကာနေသည်။ တိတိကျကျ ပြောရပါက
ကလေးလေး တစ်ယောက် ။
'အီလစ် . . . '
အလကားထိုင်နေခြင်းမဟုတ်။ မြေပြင်ကို
တုတ်တစ်ချောင်းဖြင့် ရေး ခြစ်နေခြင်း ဖြစ်၏ ။
အောက်ဖက်မှာ ရှိနေသော ရွာကို
လှမ်းမျှော်ကြည့်လိုက်၊ မြေပေါ်တွင် ခြစ်လိုက်နှင့် မို့
ရိုးစစ် စိတ်ဝင် တစား တိုးကပ်သွားလိုက်တော့ . . .
သင်္ချာတစ်ပုဒ်အား တွက်ချက်နေခြင်း
ဖြစ်ပါသည်။ ဂျော်မေတြီနှင့် ပတ်သက်သော
ပုစ္ဆာတစ်ပုဒ်။ ရိုးစစ် ရောက်လာသည်ကိုသိ၍ ထင်သည်
အီလစ် နောက်ကိုလှည့်ကာ ကြည့်၏ ။ ပြီးတော့
ခေါင်းပြန်ငုံ့ ကာ မူလအတိုင်း ပြန်လည်ရေး
ခြစ်နေပြန်သည်။
သူကြည့်လိုက်ပေမဲ့ မြေပေါ်မှာ မို့လားမသိ
သိပ်မရှင်းလင်း။ ထို့ကြောင့် ခပ်တိုးတိုးပင်
မေးလိုက်သည်။
''အီလစ် . . . မင်းတွက်နေတာ ဘာပုစ္ဆာလဲ''
''ရိုးရိုးအနားပြို င်စတုဂံ ပုစ္ဆာတစ်ပုဒ်ပါ။
ဒါပေမဲ့ တွက်နေရင်းနဲ့ ဒီကိုးချောင်းရွာကြီးနဲ့တူတာတွေ
တွေ့ နေရလို့''
''ဟေ . . . ''
အီလစ်စကားကြောင့် သူ အံ့သြသွားသည်။
သင်္ချာပုစ္ဆာတစ်ပုဒ်က ဒီကိုးချောင်းရွာကြီးနဲ့ တူနေ
တယ်ဆိုပါလား။ ရိုးစစ် စိတ်ဝင်စားသွားကာ
အလျင်စလိုပင် . . .
''ဘယ်မှာ လဲ . . . ဘာတွေ တူနေလိုပလဲ''
ကောင်လေးက ခပ်အေးအေးပင်
နြပ်ပြော၏ ။
''မေးခွန်း ကတော့ ရှင်းရှင်းလေးပဲ။
ဒီစတုဂံအနားဗဟိုချက်ကို ဆက်သွယ်ထားတဲ့မျဉ်းဖြောင့်
တွေ တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းကြောင်း
သက်သေပြဖို့၊ ဒီမှာ . . . ''
ပြောပြောဆိုဆို အီလစ်က ပုံတစ်ပုံ
အသစ်ပြန်ဆွဲပြ၏ ။
ဆွဲပြသော ပုံကိုကြည့်ကာ ပုစ္ဆာ၏ လိုရင်းကို
ရိုးစစ် သဘောပေါက်လိုက်သည်။ PR နှင့် QS တို့
တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းကြောင်း
သက်သေပြဖို့ပါပဲ။ သိပ်မခက်ပါ။
သူ့အတိုင်းပင်။
''ဘာမှတော့မခက်ပါဘူး။ ဒီမှာ ကျွန်တော်
ပြန်တွက်ပြမယ်'' ဟုဆိုကာ အီလစ်က နောက်
တစ်ကြိမ် ပြန်တွက်ပြသည်။
''ဖြည့်စွက်ချက်အနေနဲ့ ကျွန်တော် PQRS
ကို အစဉ်လိုက် ဆက်သွယ်လိုက်တယ်ဗျာ''
''အဲတော့ PQRS ဟာ အနားပြို င်စတုဂံ
ဖြစ်သွားပြီ။ ဒါဆိုပြီးပြီပေါ့။ စီးကွင့်(စ်) သီအိုရီအရ PQ
နဲ့ RS တို့ဟာ တစ်ခုကိုတစ်ခု ထက်ဝက်ပိုင်းသွားပြီ''
ဟုတ်ပါ၏ ။
အီလစ်တွက်ပြသည်ကိုကြည့်ပြီး ရိုးစစ်
လက်ခံခေါင်းညိတ်မိသည်။ ဒါပေမဲ့ . . .
''ထက်ဝက်ပိုင်းတာ ကတော့ ဟုတ်ပါပြီ၊
ဒါပေမဲ့ မင်းခုနပြောတဲ့ ကိုးချောင်းရွာနဲ့တူနေတယ်
ဆိုတာ ဘာကိုပြောတာလဲ''
''ဒီပုံလေဗျာ ဒီပုံကိုသေချာကြည့်။ ကျွန်တော်
တို့ ကိုးချောင်းရွာနဲ့ တူမနေဘူးလား''
ပထမဆုံးပုံကို
လက်ထောက်ပြသည်ကြောင့် သူ
သေချာကြည့်မိပါသည်။ ဒါပေမဲ့ ရှင်းလင်း ရေရာမှု
တော့ ခေါင်းထဲမှာ ပေါ်မလာ။ ဒါကို
သဘောပေါက်သည်ထင်သည်။ အီလစ်က . . .
''ဒီမှာ ( . . . . . ) စတုဂံပေါ်က ABCD ကို ဖြု
တ်ပြီးကြည့်လိုက်။ ကျွန်တော် တို့ရွာစည်းရိုးကြီးနဲ့
တူမသွားဘူးလား''
''ဟင် . . . ''
ရိုးစစ် အလျင်စလိုပင် တောင်ကုန်းပေါ်မှ
ရွာကိုလှမ်းကြည့်လိုက်သည်။ ပြီးတော့ အီလစ် ပြသော
ပုံကို ပြန်ကြည့်၏ ။ ဟုတ်သည်။ ဒီစတုဂံက
ရွာကိုအတွင်းမှထားကာ ခြံစည်းရိုးခတ်ထားပုံနှင့် တော်
တော် တူသည်။
''ပိုပြီးတူတာ ကတော့ PQRS ပဲ၊
ရွာကိုကြည့်လိုက် PQRS နေရာမှာ ဘာတွေ
ရှိသလဲလို့''
ရွာကို မျက်နှာမူကာ
သေချာထပ်ကြည့်လိုက်တော့ . . .
''S နေရာမှာ ရွာဝင်ပေါက်၊ P နေရာမှာ
စာကြည့်တိုက်၊ Q နေရာမှာ သုသာန်၊ R နေရာမှာ
ရွာထွက်ပေါက်၊ ဟုတ်တယ်မလား''
ရိုးစစ်အဆိုကို အီလစ်က
ခေါင်းညိတ်ထောက်ခံသည်။
အီလစ်ကပင် . . .
''ထူးဆန်းမနေဘူးလား''
''အေးကွ . . . ထူးဆန်းတယ်။ ပြီးတော့
နောက်တစ်ခုလည်း ထူးဆန်းနေသလိုပဲ''
''ဘာလဲ''
''အမှန်ဆို S နေရာက ဝင်ပေါက်ဆို Q
နေရာက ထွက်ပေါက် ဖြစ်ရမှာ လေ။ ဘာလို့ R
နေရာကို ထွက်ပေါက်က ရောက်သွားရတာ လဲ''
ရွာကိုကြည့်ကာ အီလစ်
အတန်ကြာငြိမ်သက်သွား၏ ။ ရိုးစစ် ပြောဆိုမှု ကို
သူတစ်ခါမျှ မစဉ်းစားမိခဲ့သလိုမျိုး။ ပြီးမှ
ခေါင်းကိုညိတ်ကာ လေသံအေးဖြင့် . . .
''ဟုတ်တယ်နော်''
''အေး . . . ဒီပုံက ရွာနဲ့တော် တော် တူတာပဲ။
ရွာကိုဖြတ်စီးနေတဲ့ သဲချောင်းမပါတာကလွဲလို့ ပေါ့။ မင်း
ဒီပုစ္ဆာကို ဘယ်ကရတာ လဲ''
''စာကြည့်တိုက်က ငှားလာတဲ့စာအုပ်ထဲက။
ပြီးတော့ ဒီလိုပုံမျိုးတစ်ခုကိုလည်း ယက္ခအိမ်မှာ တွေ
့ဖူးတယ်။ ဘာသဘောလည်းတော့ မသိဘူး''
ယက္ခဆိုမှ ရိုးစစ် လာရင်းကိစ္စကို
သတိရသွား၏ ။ သို့ ကြောင့် ချက်ချင်း ပင် . . .
''မင်း . . . ဒီလက်ကိုင်ပဝါကို မြင်ဖူးလား''
အလျင်စလို ရိုးစစ်ပြတော့ အီလစ်က
တစ်ချက်ကြည့်ကာ . . .
''မြင်ဖူးတယ်လေ''
အီလစ်ပုံစံက ဘာမှသိပ်မထူးဆန်းသလို
ပေါ့ပေါ့ပါးပါး။
''အဲဒါ စောညို လက်ကိုင်ပဝါ''
''ဘာ . . . ''
ကျယ်လောင်သွားသော အော်သံတစ်ခုနဲ့
လူကကြက်သီးတို့ ဖျင်းခနဲ သီးသွားသည်။
''သေ . . . သေချာလို့လား။
မင်းဘယ်လိုလုပ်သိတာလဲ''
''ကျွန်တော် ညတိုင်း
သူတို့ဆီသွားအိပ်နေရတာ သိတာပေါ့''
သေချာသွားလေပြီ။ ဒီကလေးလေး
မလိမ်တတ်ကြောင်း သူအစကတည်းက သိသည်။ ဒါဆို
လျှင်တော့ လုပ်စရာတစ်ခုပဲရှိတော့၏ ။
အံကိုတစ်ချက်ကြိတ်ကာ လက်သီးကိုဆုပ်ရင်း . . .
''စောညို လက်ကိုင်ပဝါသာမှန်ရင်တော့ မရ,
ရအောင် ပြန်ယူရမှာ ပဲ''
အီလစ်က နားမလည်သလို လှည့်ကြည့်ကာ
. . .
''ဘာကိုပြန်ယူမလို့လဲ . . . ဘာလဲ . . .''
''ငါ့ လွယ်အိတ်''
*
( ၁၃ ) 
အိမ်ခြံဝန်းထဲသို့ __________အလျင်စလို
ပြေးဝင်လာသော သူ့ကို သံခဲက ဆီးကြို ကာပြောသည်။
''အစ်ကို့ကို အိမ်အပေါ်ထပ်မှာ
သူကြီးစောင့်နေတယ်။ ရောက်ရင် တက်လာခဲ့ပါတဲ့''
ဇောနှင့် မို့ ချက်ချင်း ပင်
ပြေးတက်သွားလိုက်သည်။ အပေါ်ကိုရောက်တော့
အခန်းထဲမှာ တွေ့ ရ သည်ကား . . .
''ဟင် . . . ''
သူ အံ့သြသွားလိမ့်မည် ဟု ကြို
တင်တွက်ဆထားပုံရသော သူကြီးက ပြုံး
ကာကြည့်နေသည်။
''သူကြီး . . . ဒီအခန်းက . . . ''
''ဦးသီလ နောက်ဆုံးနေသွားတဲ့အခန်းပေါ့''
အခန်းတွင်းမှာ ကား
အံ့သြစရာကောင်းလောက်အောင် မျက်လှည့်ပစ္စည်းများ
နှင့် ပြည့်နှက်ကာ နေပါ၏ ။ မှော်ကြိမ်လုံးများ ၊ လျှို့ 
ဝှက်အံဆွဲတပ်စားပွဲများ ။ လက်ကိုင်ပဝါရောင် စုံများ ၊
ဖဲချပ်များ ၊ သေတ္တာ အတိုအရှည်များ နှင့်
ပြည့်နှက်ကာနေသည်။ အခြား မျက်လှည့်နှင့်
သက်ဆိုင်သော တိုလီ မိုလီပစ္စည်းများ ကိုလည်း တွေ
့ရ၏ ။ ထူးဆန်းသည်ကား ရုပ်ပြောင်းရုပ်လွဲပညာနှင့်
ပတ်သက်သော ပစ္စည်းများ ရှိနေခြင်း ဖြစ်သည်။
ရိုးစစ် တအံ့တသြဖြင့်
လှည့်ပတ်ကြည့်နေစဉ်မှာ ပဲ . . .
''ဒီအခန်းထဲကပစ္စည်းတွေ ကို ငါရော
ငါ့အစ်ကိုရော လိုအပ်လို့ယူသုံးဖူးတယ်။ အခု မင်းကို
ခေါ်ပြတာကလည်း အသုံးလိုရင် သုံးလို့ရအောင်
ခေါ်ပြတာ''
သူ နားမလည်။
''ညက မင်းလုပ်ရပ်ကိုကြည့်ပြီး
ဆုံးဖြတ်လိုက်တာ။ ဒီထဲက ပစ္စည်းတွေ ကို
မင်းလိုအပ်သလို ယူသုံးနိုင်တယ်''
ရိုးစစ် ခေါင်းတွင်းမှာ အကြံတစ်ချက်
လက်သွား၏ ။ ထိုအကြံနှင့် အတူ . . .
''အတော် ပဲ၊ ဒီပစ္စည်းတွေ နဲ့ပဲ ကျွန်တော်
့လွယ်အိတ်ကို ပြန်ယူရမှာ ''
ဦးယုဝ မျက်မှော င်ကြု တ် သွားပါသည်။
လွယ်အိတ်ပျောက်သွားရပုံကို အစမှအဆုံး ရှင်းပြလိုက်
သည်။ စကားဆုံးတော့ လက်ကိုင်ပဝါလေးကို
ဦးယုဝကိုင်ကာကြည့်ရင်း . . .
''စောညို ဆိုတာ သေချာတယ်ပေါ့''
''ဒီလက်ကိုင်ပဝါအရတော့ သေချာတယ်''
ဦးယုဝအကြည့်တို့ သူ့ထံ
လေးလေးနက်နက် ရောက်လာသည်။ ပြီးတော့
တစ်ခွန်းချင်း ထွက်ကျလာ၏ ။
''မင်း ဘာဆက်လုပ် မယ်စိတ်ကူးလဲ''
''ရအောင်ပြန်ယူရမှာ ပေါ့။ စောညို
ယူသွားတာလို့ သတ်မှတ်လို့ရပေမဲ့ အဓိကတရားခံက
ယက္ခ လို့ ကျွန်တော် ထင်တယ်။ ပြီးတော့
ဒီရွာကြီးမိုးခေါင်တာနဲ့ပတ်သက်ပြီး အဓိက အရေး
ကြီးဆုံးလူ တစ်ယောက် ကလည်း ယက္ခပဲ
ဖြစ်လိမ့်မယ်''
နားမလည်ဟန်အကြည့်တချို့
ရောက်လာသည်ကြောင့် . . .
''ကျိန်စာတိုက်ခဲ့တာ ကတော့ ဖိုးလက်ဖြူ ပဲ။
ဒါပေမဲ့ ဖိုးလက်ဖြူ ဘယ်လိုကျိန်စာတိုက်ခဲ့တယ် ဆိုတာ
ယက္ခကလွဲပြီး ဘယ်သူသိနိုင်မှာ လဲ''
အဖြေတစ်ခုရလိုက်သလို ဦးယုဝမျက်နှာ
လေးနက်သွားပြီးနောက် . . .
''အဲဒါဆို မင်းဘာလုပ်မှာ လဲ''
ရိုးစစ် 'ဟက်' ခနဲ တစ်ချက်ရယ်လိုက်သည်။
ပြီးတော့ . . .
''တစ်ခုခုပေါ့''
*
အရင်တုန်း ကတော့ ဒီရွာနဲ့ပတ်သက်ပြီး
သူ့အသိဉာဏ်တွေ ဝေဝေဝါးဝါးပဲ ဖြစ်သည်။
စိတ်ဝင်စားဖွယ်ကောင်းသော ရွာတစ်ရွာ
ဖြစ်သည်ဆိုတာကလွဲ၍ ကျန်တာတွေ အာရုံမှာ
သိပ်မရှိ။ မနေ့ညက ကိစ္စမှာ လည်း ရွာသူရွာသားတွေ
ပင်ပန်းခက်ခဲစွာ သယ်ယူထားသော ရေကို
အနိုင်ကျင့်ဝေစုခွဲခြင်းကို မခံချင်၍ တတ်သလောက်
ကူညီလိုက် သည်သာ။
ဒါပေမဲ့ . . .
ယခုတော့ သူနဲ့
တိုက်ရိုက်ပတ်သက်သွားလေပြီ။ သူ့အသက်
ဝိညာဉ်တွေ ကိန်းအောင်းနေသော
အိတ်လေးတစ်လုံးက ယက္ခတို့လူစု ထံ ရောက်သွားခဲ့ပြီ။
ဒီတော့ . . . ။
*
ထိုနေ့ညနေပိုင်းမှာ တင် သတင်းတစ်ပုဒ်က
ကိုးချောင်းရွာ တစ်ရွာလုံးသို့ ပျံ့နှံ့သွားလေသည်။
ထိုသတင်းမှာ ကား . . .
'မနက်ဖြန်ညနေ (၅) နာရီမှာ
ဧည့်သည်လေးရိုးစစ်က အုတ်နံရံ ကိုဖောက်ပြီး
လမ်းလျှောက်ပြမယ်တဲ့'
*
( ၁၄ )
တဲအိမ်လေးတစ်လုံးက တငွေ့ငွေ့
တိတ်ဆိတ်နေသည်။ ထိုတဲလေးထဲမှ မီးရောင်
လဲ့လဲ့လည်း အပြင်ကို ဖြာကျလျက်ရှိနေ၏ ။
တောင်ကုန်းမြင့်ပေါ်မှာ တစ်တဲတည်းရှိနေသော
တဲလေးတစ်လုံးမို့ သူ့ကိုယ်ထဲမှထွက်လာသော မီးရောင်
လဲ့လဲ့ကို အရပ်လေးမျက်နှာမှ မြင်ရနိုင်ပါသည်။
အိပ်မောကျတိတ်ဆိတ်နေသော
ညလေးတစ်ညပါပဲ။
ထိုတဲလေးပတ်ဝန်းကျင်မှာ လည်း ဆူသံပူသံ
လုံးဝမရှိ။ အကုန်လုံး နှစ် နှစ် ခြို က်ခြို က် အိပ်ပျော်
နေသလား ထင်ရသည်။ ဒါမှမဟုတ် ဆူပူလို့မရအောင်
အကြောင်းတစ်စုံတစ်ရာကြောင့် တိတ်ဆိတ်
နေသလားဟုလည်း တွေးထင်စရာရှိ၏ ။
ရွာအပြင်ဘက် တောင်ကုန်းလေးပေါ်မှာ
ဆောက်လုပ်ထား သည်မို့ အရင်ကတည်းက
ငြိမ်ငြိမ်သက်သက် ရှိသော နေရာလေးပါ။
ဤတဲ၊ ဤပတ်ဝန်းကျင်ကိုလည်း မည် သူမျှ
အရောက်အပေါက် မရှိသည်မို့ အထီးကျန်ဆန် သော
နေရာလေးတစ်ခုဟုဆိုလျှင်တောင် ရလေသည်။
တကယ်တော့ အထီးကျန်ဆန်ခြင်းမဟုတ်ပါ။
တောင်ကုန်းအောက်ဘက်မှာ ရှိနေသော ရွာလေးက
ဤရပ်ဝန်းမှာ နေထိုင်သော လူလေးယောက် ကို
အဆက်အဆံ မလုပ်ခြင်းပင် ဖြစ်ပါသည်။
သူတို့ကလည်း အရေး တယူ
ဆက်ဆံလိုခြင်းမရှိ။ လိုအပ်မှသာ ရွာသို့
ဆင်းတတ်လေသည်။ အမှန်အတိုင်းပြောရလျှင်တော့
တစ်ရွာလုံးက သူ့ကို ကြောက်ကြသည်။ ဒါကိုပင်
ဂုဏ်ယူနေတတ် သော လူ တစ်ယောက် လည်း ဖြစ်၏ ။
အစ်ကို ဖြစ်သူ ဖိုးလက်ဖြူ သေဆုံးသွားပြီးသည်မှစလို့
သူတို့ နေထိုင်လာတာ ဤတောင်ကုန်းလေးပေါ်တွင်
ခြောက်နှစ် တင်းတင်း ပြည့်ခဲ့ပြီ။ ခြောက်နှစ် အတွင်း
တစ်ရွာလုံး ဒုက္ခပေါင်းစုံခံစားနေရပေမဲ့ သူတို့ ကတော့ .
. .
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၆ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။

Related Posts