သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၂ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၂ ) 
…..
ရိုးစစ် ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်မိစဉ်မှာ ပဲ မြင်းခွာသံတချို့ကို ကြားရသည်။ မကြာလိုက်၊ မြင်းညို ကြီး တစ်ကောင်သုသာန်တွင်းသို့ ဒုန်းစိုင်းပြီးဝင်ရောက်လာပါသည်။ အီလစ် ရှေ့တည့်တည့်အရောက်မှာ ငြိမ်ဝပ်ပိပြားစွာ
ရပ်တန့်လိုက်သည်ကို တွေ့ ရ၏ ။ ''မင်းကို ငါပြန်လာမှ ရွာထိပ်မှာ အစာလိုက်ကျွေးမယ်။ အခုတော့ ဒီမှာ ခဏနေဦး''
ပြောလည်းပြော လက်ကလည်း မြင်းကြီးကိုဆွဲကာ ဇရပ်တိုင်တစ်တိုင်တွင် ကြိုး
ချည်နေတာမို့ . . . ''ဟာ . . . တယ်ဟုတ်ပါလား . . . မင်း
မြင်းကြီးက လိမ္မာလှချည်လား'' ရိုးစစ် မနေနိုင်စွာ ဆိုတော့ ကောင်လေးက .
. .
''ဒီရွာမှာ ကျွန်တော့် စကားနားထောင်တာ
ဒီကောင်ကြီးပဲရှိတယ်'' ပြောပြီး လှည့်ထွက်သွားသည်ကြောင့် ရိုးစစ်လည်း လွယ်အိတ်ကိုဆွဲကာ ကောင်လေးနောက် မှ အပြေးလိုက်ရတော့သည်။
*
( ၅ ) 

''မြန်မြန်လာပါဗျ။ ကျွန်တော် က ရွာထဲကို ခိုးဝင်ရတာ '' လာပြန်ပါပြီ။ ဒီရွာကိုရောက်ကတည်းက မြင်ရ ကြားရသော ထူးဆန်းမှု တွေ မှာ မကုန်သေး။ အခုလည်း ထပ်ကြားရပြန်ပါပြီ။ ရွာထဲကို ခိုးဝင်ရတာတဲ့။ ကောင်လေးပုံစံက ပြောသော စကားနှင့်လျော်ညီစွာ သွက်သွက်လက်လက်၊ ခိုးကြောင်ခိုးဝှက်ပုံစံပါပင်။ ရှေ့ကသာ သွားနေရသည်။ တစ်စုံ တစ်ယောက် က သူ့ကိုတွေ့ သွားမှာ စိုးရွံ့နေသော ပုံစံမျိုး။ ဘာပဲ ဖြစ် ဖြစ် ရိုးစစ် ကောင်လေးကိုမီအောင် ခပ်သွက်သွက် လှမ်းလိုက်၏ ။ သူက ဧည့်သည် ပင်မဟုတ်ပါလား။ ရွာထဲသို့ အချိန်အတော် ကြာဝင်ပြီးသည့်တိုင်အောင် မနေ့ကအတိုင်းပဲ တိတ်ဆိတ် မှု တွေ ကိုသာ ရင်ဆိုင်ရသည်။ သူတို့နှစ် ယောက် လျှောက်လှမ်းလာရာ လမ်းဘေးတစ်ဖက်တစ်ချက်မှာ လူနေအိမ်များ ကို တွေ့ ရပေမဲ့ လူရိပ်လူခြည်ကင်းမဲ့နေ၏ ။ ဒါပေမဲ့ တချို့တလေအိမ်တွေ မှာ တော့ ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများ ကို တွေ့ ရသည်။ သူ့လိုအရွယ် လူငယ်များ ကို မတွေ့ ရ။
ပြီးတော့ မြင်တွေ့ ရသမျှ ပတ်ဝန်းကျင်မှာ လည်း ဆိုးရွားလှ၏ ။ ဖုန်ထူရုံပင်မဟုတ်၊ အရိုးပြို င်းပြို င်း ထနေသောသစ်ခြောက်ပင်များ ၊ အမှိုက်များ ၊ တဲအိမ်အစုတ်အပြတ်များ နှင့် မြင်မြင်သမျှက မီးလောင်ပြင်ဆန်နေသည်။ တစ်ချိန်က အသုံးပြု ခဲ့ဟန်တူသော ရေကန်အဟောင်းများ ကိုလည်း တွေ့ ရ၏ ။ ရေရှိဖို့ ဝေးစွ၊ ပတ်ကြာအက်တွေ နှင့် သာ ပြည့်နှက်နေသည်။ စိုက်ပျိုးရေး လုပ်ခဲ့ဟန်တူသော ခြံကျယ်ကြီးများ ၊ ရေနုတ်မြောင်းများ ကိုလည်း တွေ့ ရသည်။ ဤအခြင်းအရာတွေ ကို ကြည့်ခြင်းအားဖြင့် ရာသီမည်မျှ တိုင်တိုင် မိုးဥတုမဲ့ခဲ့ကြောင်း ရိုစစ် ခန့်မှန်းမိသည်။ လျှောက်လာရင်း အချိန်အတော် ကြာတော့ အိမ်ကြီးတစ်ဆောင်ကို ခပ်လှမ်းလှမ်းမှ တွေ့ ရ သည်။ အီလစ်က ထိုအိမ်ကြီးဆီသို့ ဦးတည်ကာသွားနေ၏ ။ သဘောပေါက်လိုက်ပါသည်။ ထိုအိမ်ကြီး မှာ သူကြီးအိမ်ပင် ဖြစ်ပေလိမ့်မည် ။ ထင်သည့်အတိုင်းပါပဲ။ ခြံပေါက်ဝနှင့် အနီးဆုံးနေရာရောက်တော့ . . .
''ဒါ . . . သူကြီးအိမ်ပဲ . . . ''
ကြီးမားခန့်ထည်လွန်းပါသည်။ ဒီရွာမှာ အကြီးဆုံးအိမ်ဟု ပြော၍ ရလောက်သည်။ ယခင်ကတော့ ရေနံချေးရောင် တပြောင်ပြောင်နှင့် ရှိလိမ့်မည်ဖြစ်သော်လည်း ယခုတော့ ဖြူ လျော်နေပါပြီင်္။ နှစ်ထပ်အိမ် ဖြစ်ပြီး ကျွန်းတိုင်လုံးအများ အပြားနှင့်ေ ဆာက်လုပ်ထားကြောင်း တွေ့ ရ၏ ။ ကြည့်ရုံနှင့် ပင် စိတ်ကို တစ်စုံတစ်ရာလွှမ်းမိုးထားနိုင်သော တည်ဆောက်ပုံ ဖြစ်သည်။ ရိုးစစ်ကြည့်နေရင်းနှင့် စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာသည်ကြောင့် နံဘေးမှ အီလစ်ကို လှည့်ကြည့်လိုက် တော့ . . .
''ဟင် . . . ''
ခေါင်းနားပန်းကြီးသွားရပါသည်။ အီလစ်မှာ ရှိမနေတော့။ ထိတ်လန့်တကြား ဟိုဟိုဒီဒီ
ရှာကြည့်မိစဉ်မှာ ပင် . . . ''ဧည်သည်မောင်ရင်လေး . . . အထဲကိုဝင်ခဲ့လေ''
''ဟာ . . .'' ကြက်သီးတို့ ဖျန်းခနဲသီးကာ လူကအလိုလို နောက်တစ်လှမ်း ဆုတ်မိသွား၏ ။ မနေ့က သုသာန်မှာ ကြားခဲ့ရသော ကြောက်မက်ဖွယ်အသံဝါကြီး။
ထိတ်ထိတ်ပျာပျာဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက် မိစဉ်မှာ ပဲ .
. .
''လာပါ၊ အန္တရာယ်မရှိပါဘူး''
အိမ်ကြီးထဲမှ ထွက်လာခြင်း ဖြစ်လေသည်။
အိမ်ကြီးဆီကြည့်ကာ လူက ဘာလုပ်ရမှန်းမသိ ငြိမ်သက်သွားမိတော့ . . .
''ဟား . . . ဟား . . . ဟား . . . ''
ချောက်ချားဖွယ်ရယ်သံကြီးတစ်ခု ထပ်ထွက်လာပါ၏ ။ ထိုရယ်သံကြီးနှင့် အတူ . . .
''အဟား . . . မကြောက်ပါနဲ့၊ . . . ပြီးမှ
အထင်နဲ့ အမြင်လွဲနေရင် အသည်းငယ်မိတဲ့ ကိုယ့်ကို ကိုယ် နောင်တရနေဦးမယ်''
ပထမဆုံး သူ့ကို ဆွံ့အသွားစေသော စကားပါပဲ။ ဒီစကားမှာ အဓိပ္ပာယ်တစ်ခု ပါနေသလို။ ဟုတ်တော့လည်း ဟုတ်သည်။ ဘာမှန်းမသိသည့်ရွာကို
တစ်ယောက် တည်းရောက်လာသည်။ ကြောက်လည်း ကြောက်နေပြန်သေးလျှင် ပိုဆိုးပေတော့မည် ။ ထို့ကြောင့် စိတ်ကိုတင်းကာ ခြေတစ်လှမ်းရှေ့တိုးလိုက်၏ ။
ခြံတံခါးဖွင့်ထားလျက်မို့ လေးလှမ်းမြောက်မှာ ပင် ခြံတွင်းသို့
ရောက်သွားသည်။ အထဲမှပုဂ္ဂို လ် ကတော့ သူ့ကိုမြင်နေမှာ သေချာ၏ ။ အသံတော့
ထပ်ထွက်မလာသေး။ ဒါပေမဲ့ အိမ်ကြီးနဲ့နီးလာတော့ တုန်လှုပ်ချောက်ချားစိတ်တို့ ပြန်လည် ဖြစ်ထွန်းလာပါသည်။ အကြောင်းကား အိမ်ကြီးအား ကာရံထား သော ပျဉ်ချပ်များ ကို အနီးကပ်မြင်တွေ
့လိုက်ရသော ကြောင့် ။ သာမန်အကာရံတစ်ခု မဟုတ်ပါ။
ပျဉ်ပေါ်တွင် နံရံဆေးရေး ပန်းချီသဘောမျိုး အရုပ်တွေရေး ဆွဲ ထားသည်။ နီးစပ်နေသော ရုပ်ပုံတစ်ခုကိုလှမ်းကြည့်လိုက်တော့ . . . ဝတ်ရုံရှည်ဝတ်ထားသော လူ တစ်ယောက် ၊ နှင်တံတစ်ခုကို ကိုင်ကာ မျက်လှည့်ပြနေသည်။
ကြည့်ရှုနေဟန် ပရိသတ်ပုံတွေ လည်း ရေးဆွဲထားသည်။ နောက်တစ်ပုံက လူ တစ်ယောက် ကို လှဲနေ စေပြီး ဝတ်ရုံရှည်ဝတ်ထားသော ဆရာက
ဓားမောက်တစ်ချောင်းဖြင့် လည်ပင်းကို ပိုင်းဖြတ်ဟန် ရွယ်ထားသည်။ တစ်ဆက်တည်းပုံတစ်ခုမှာ လှဲထားပေးသူ၏ ဦးခေါင်း ပြတ်ကျသွား၏ ။
ထိုဦးခေါင်းကို ခွေးတစ်ကောင်က လာဆွဲသွားသည်။ နောက်တစ်ပုံမှာ မျက်လှည့်ဆရာက လက်ကို ဆန့်တန်းထား၏ ။ လူ တစ်ယောက် မှာ ဆရာ၏ ပညာစွမ်းဖြင့် လေပေါ်တွင် ဝဲပျံနေသည်။ ရိုးစစ် မျက်မှော င်ကြု တ်ကာ စိတ်ထဲမှာ လည်း ထင့်ခနဲ ဖြစ်သွားသည်။ ထို့ကြောင့် ကပျာကယာပင်
နောက်ပုံတစ်ခုကို အကြည့်ရွှေ့လိုက်တော့ . . . မိန်းမပျို တစ်ယောက် တယောထိုးနေသည်။
ဆရာက မိန်းမပျိုရှေ့မှ လိုက်ကာ ကွယ်လိုက်၏ ။ လိုက်ကာဖယ်လိုက်သော အခါ မိန်းမပျိုမှာ မရှိတော့ချေ။ ဒါပေမဲ့ တယောနှင့် ဘိုတံမှာ လေထဲ၌ ဆက်လက် လှုပ်ရှားလျက်ရှိနေသည်။ ကြက်သီးများ ပင် ထမိသွားသလား
မသိတော့ပါ။ ဒီရုပ်ပုံလွှာတွေ မှာ မျက်လှည့်ပညာ၏ အဆင့် မြင့်ပြကွက်တွေ ဖြစ်သည်။ ဒီရုပ်ပုံတွေ ကို ဘာကြောင့် အိမ်နံရံမှာ ရေး ဆွဲထားရတာ နည်း။ ရိုးစစ်
ကြောင်ငေးရပ်နေစဉ်မှာ ပဲ . . . ''မောင်ရင်က မျက်လှည့်ကို စိတ်ဝင်စားတယ်လား''
ရှေ့တူရူဆီမှ ထွက်ပေါ်လာသော အသံနောက်မှာ သက်ပြင်းကို ချလိုက်မိတော့၏ ။
ကြောက် မက်ဖွယ်အသံဝါကြီးက ဒီတစ်ခါ တိုးဖျော့လို့လားမသိ၊ အနည်းငယ် နားဝင်ချိုနေသည်။ သူ့ရှေ့မှာ လိုက်ကာတစ်စ။ ထိုလိုက်ကာက အိမ်ကြီးနှင့်
သူ့ကို ခြားနားထား၏ ။ လိုက်ကာကိုဖယ်၍ ရှေ့တစ်လှမ်း တိုးလျှင် အိမ်တွင်းသို့ ရောက်ပေပြီ။ အိမ်ထဲမှာ ကြောက်မက်ဖွယ်အသံကိုပိုင်ဆိုင်သူ ပုဂ္ဂို
လ်ရှိနေသည်။ ဘာလုပ်ရမလဲ၊ ဒီအတိုင်းရပ်နေရမလား၊ လိုက်ကာဖယ်ပြီး ဝင်သွားရမလား။ တုံ့ဆိုင်းမိပေမဲ့ ခဏအကြာမှာ သူ့နှုတ်ခမ်း
တွန့်ကွေးသွား၏ ။ ခန္ဓာကိုယ်တွင်းမှာ အမေ့ရဲ့ သွေးတွေ စီးဝင်လာသလို ခံစားလိုက်ရသည်။ ထိုခဏမှာ ပဲ လက်က အလိုလို လိုက်ကာအား ဆွဲဖယ်ပစ်
လိုက်တော့၏ ။ အတွင်းမှ ထွက်ပေါ်လာသည် ကတော့
.. . .
မျက်နှာချင်းဆိုင် ပေါ်လာသည်ကား . . .ဆောင်ပုဒ်လိုလို၊ သတိပေးကြော်ငြာလိုလို၊
သစ်သားပြားတစ်ချပ်ဖြင့် ချိတ်ဆွဲထားသော စာသုံးကြောင်း၊ ဒါပေမဲ့ ထိုစာသုံးကြောင်းကို လောလောဆယ် အာရုံမရောက်မိ။ အာရုံရောက်မိသည်
ကား စာသုံးကြောင်း ချိတ်ဆွဲထားရာနံရံကို ကျောပေးထိုင်နေသော ပုဂ္ဂို လ်ကိုပါပဲ။
လွန်စွာ သေးကွေးပိန်လှီ၍ လွန်စွာ အရပ်ပုသော လူ တစ်ယောက် ဖြစ်သည်။ သူနှင့် ထိုပုဂ္ဂိလ် ကြားမှာ စားပွဲတစ်လုံး ခံနေ၏ ။ သူ့ပုံစံကိုကြည့်ကာထိုပုဂ္ဂို လ်က ပြုံး စစနှင့် . . .''ကဲ . . . ဘယ်လိုလဲ၊ အံ့သြသွားသလား။ ဒါမှမဟုတ် ခုနပြောခဲ့သလိုပဲ အသည်းငယ်မိတဲ့ ကိုယ့်ကိုယ်ကိုယ် နောင်တရသွားတာလား''
ရိုးစစ် ဘာပြန်ပြောလို့ ပြောရမှန်းမသိ။ ခုနကြားရသော အသံဝါကြီးက ဒီပုဂ္ဂို လ်ပြောတာမှဟုတ်ရဲ့ လား။ သံသယပင် ဖြစ်သွားရသည်။ ဒါပေမဲ့ . . .
''ထိုင်လေကွာ . . . ''
ဒီလောက်ဆိုလျှင်ဖြင့် မှားစရာမရှိတော့ပါ။ လူနဲ့လုံးဝ လိုက်ဖက်မှု မရှိသော ကွဲလွဲမှု
တစ်ခုပါပဲ။ တုန်လှုပ်မှု တို့ ခဏချင်းပင် ပ,ပျောက်သွားရသည်။ ထို့ကြောင့် အိုးတိုးအမ်းတမ်းဖြစ်နေ ရာမှ ညွှန်ပြသော မျက်နှာချင်းဆိုင်ထိုင်ခုံမှာ
ဝင်ထိုင်လိုက်တော့ . . .''ငါ့နာမည် ယုဝလို့ခေါ်တယ်။ မနေ့က
မင်းတွေ့ ခဲ့တဲ့ အသုဘက ငါ့အစ်ကို ပြည့်ဝရဲ့ အသုဘ။ ဒီနောက်ကျောက စာသုံးကြောင်း ကတော့ ငါ့အစ်ကိုပြည့်ဝ ကိုယ်တိုင်ရေး ခဲ့တဲ့ စာကြောင်းတွေ ပေါ့''
တိုးတိုးဆိုပေမဲ့ စကားက မာန်ပါကာပြတ်သားနေသည်။ ထူးဆန်းသော
အသံပိုင်ရှင်ဟုလည်း ထင်မှတ်မိသည်။ ကျယ်ကျယ်အော်လျှင် ကြောက်မက်ဖွယ်ကောင်းပြီး တိုးတိုးဆိုပြန်တော့ ပြတ်ရှကာ မာန်ပါနေ၏ ။
''မင်းနာမည် ဘယ်သူ . . . ''
''ရိုးစစ်ပါ . . . ''
ကျိုးကျိုးနွံနွံပင် အဖြေပြန်ပေးမိသည်။
''ဒီရွာကိုရောက်လာရတဲ့ ရည်ရွယ်ချက်က . .
. ''
''ကျွန်တော် လူ တစ်ယောက် ကို
လာရှာတာ''
ရိုးစစ်ပြောစကားကြောင့် ဦးယုဝ မျက်မှောင်ကြု တ်သွားသည်ကို တွေ့ ရ၏ ။ သဘောပေါက်စွာ နဲ့ပင် ဆေးရောင် တို့ပျက်ပြယ်နေပြီ ဖြစ်သော
ဓာတ်ပုံလေးတစ်ပုံကို လွယ်အိတ်တွင်းမှထုတ်ယူရင်း . .
.
''ကျွန်တော် သူ့ကို လိုက်ရှာနေတာ''
ဦးယုဝ ယူကာကြည့်၏ ။ အတန်ကြာတော့ မျက်မှောင်ကျုံ့ရင်း ခေါင်းရမ်းသည်။
''ဒီရွာမှာ တော့ မမြင်ဖူးဘူး''
သက်ပြင်းတစ်ချက်ကို လှိုက်လှိုက်လှဲလှဲ ချလိုက်ပါသည်။ ရည်ရွယ်ချက်တစ်ခု ပျောက်ရှသွား သလို ရင်ထဲမှာ ဟာဆင်းသွား၏ ။ စိတ်ဓာတ်ပင်
ကျချင်ချင် ဖြစ်သွားရပါသည်။ မတတ်နိုင်ပါ။ ဒီရွာမှာ မတွေ့ လည်း နောက်တစ်နေရာပေါ့။
သူ၏ ရှာပုံတော် ခရီးမှာ ဘယ်ဆီဘယ်ဝယ်မသိ ဆက်လက်လွင့်ပါးရပေဦးမည် ။
''ရှာတာ ဘယ်လောက်ကြာနေပြီလဲ''
''ကြာပြီ၊ တော် တော် ကြာနေပြီ''
ပြောသာပြောလိုက်ရပေမဲ့ လူက သိပ်အားမရှိချင်။
''ရှေ့မှာ ဘယ်နှရွာ ရောက်ခဲ့ပြီးပြီလဲ''
''လေးရွာ . . . ၊ ဒီရွာက ငါးရွာမြောက်ပဲ''
စကားဆုံးတော့ ဦးယုဝ ခေါင်းတဆတ်ဆတ် ညိတ်ပါသည်။ ရိုးစစ် ဓာတ်ပုံလေးအား လွယ်အိတ်တွင်းသို့ ပြန်ထည့်ရင်း သက်ပြင်းတစ်ချက်ကို ချမိ၏ ။
လွယ်အိတ်တွင်းမှာ ဓာတ်ပုံနဲ့အတူအိုးလေးတစ်အိုးလည်း ရှိနေသည်။ သူ၏
အသက်ဝိညာဉ်တွေ ပါပဲ။ ရှာနေသူကို မတွေ့ မချင်း ဒီအရာ တွေ က မပျောက်မပျက် ရှိနေရပေမည် ။
''ရောက်ခဲ့ရသမျှရွာတွေ ထဲမှာ တော့
ဒီရွာက မင်းအတွက် အဆိုးဆုံး ဖြစ်မယ်ထင်တယ်''
ရိုးစစ် ဟက်ခနဲ တစ်ချက်ရယ်ကာ . . .
''ကျွန်တော် ကတော့ အဲလိုမသတ်မှတ်ဘူး။
ရောက်လာခဲ့သမျှ ရွာတွေ ထဲမှာ ဒီရွာက စိတ်ဝင် စားဖို့အကောင်းဆုံးရွာပဲ''
ဦးယုဝ၏ ခြောက်ကပ်ကပ်ရယ်သံကို ကြားရသည်။ ပြီး အရယ်တစ်ဝက်နဲ့ သူ့ကိုလှမ်းကြည့်၍
. . .
''အဲလိုသဘောထားလို့ ကျေးဇူးတင်ပါတယ်။
ဒါမှလည်း မင်းဆီက အကြံဉာဏ်တောင်းလို့ ရမှာ ။ ဒီအချက်အတိုင်းပေါ့''
ဦးယုဝ နေက်ကိုလှည့်ကာ ချိတ်ဆွဲထားသော စာသုံးကြောင်းအနက်
ဒုတိယစာကြောင်းကို လက်ထောက်ပြသည်။ ရိုးစစ်ကြည့်လိုက်တော့ 'အကြံဉာဏ်တောင်းပါ' ဟူသည့် နံပါတ်နှစ် စာကြောင်း၊ ထို့ကြောင့်
''ဘယ်လိုအကြံမျိုးလဲ''
''ကျိန်စာပြယ်ပြီး . . . ငါတို့ရွာ မိုးပြန်ရွာစေမဲ့ အကြံမျိုးပေါ့''
ရင်တစ်ချက်က ဒိုင်းခနဲဆောင့်ခုန်သည်။ တုန်လှုပ်သွားခြင်းတော့မဟုတ်၊ စိတ်ဝင်စားမှု နှင့်သွေးအေးမှု တို့ ထိပ်တိုက်တွေ့ သွားတာပါ။ ပျော်စရာပါပဲ။ ဒီရွာက ရောက်ကတည်းက သူ့ကိုစိမ်ခေါ်နေ ပါပြီ။ မတုန်တလှုပ် ဖြစ်သွားသော
သူ့ပုံစံကိုကြည့်ကာ ဦးယုဝ အားနာသွားသည်ထင်၏ ။
''စိတ်ရှုပ်သွားလား မသိဘူး၊ အတင်းအကြပ်ကြီးတော့ မဟုတ်ပါဘူးကွာ၊
မင်းစိတ်ပါမှပါ''
''ရပါတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ခုမေးချင်တယ်''
လေးနက်သွားသော သူ့ပုံစံကြောင့်
ဦးယုဝမျက်နှာ တည်ကြည်သွား၏ ။ ရိုးစစ် လေးနက်စွာ
တစ်ခွန်းချင်း မေးလိုက်သည်။
''ကျိန်စာတိုက်ခံထားရလို့
မိုးခေါင်တယ်ဆိုတာ တကယ်လား''
ဦးယုဝ မျက်နှာ ပြုံး ယောင်သမ်းသည်ကို တွေ့ လိုက်ရသည်။ ရိုးစစ် မေးခွန်းနှင့် ပတ်သက်ပြီး စိုးရိမ်စိတ်မရှိသလိုမျိုး။
''ကောင်းပြီလေ . . . တစ်အောင့်ကြာရင်
မင်းကိုအားလုံးလိုက်ပြပေးမယ်။ အခုလောလော
ဆယ်တော့ ထမင်းစားလိုက်ကြဦးစို့၊ အထဲမှာ
အဆင်သင့် ဖြစ်လောက်ပြီ''
ထို့နောက်တော့ . . ( ၆ ) 
ထမင်းစားသောက်ပြီး၍ တစ်အောင့်ကြာတော့ အိမ်တွင်းမှ ဦးယုဝနှင့် ရိုးစစ် နှစ်
ယောက် စလုံး ထွက်လာခဲ့ကြပါသည်။ သိခွင့်ရခဲ့သည်က ဦးယုဝသည် သံခဲဆိုသော
တပည့်တစ်ဦးနှင့် အတူ နေထိုင်သူ ဖြစ်သည်။ ဦးယုဝမှာ လူကောင်သေးကွေးသလောက် မျက်နှာတည်ပြီး လေသံပြတ်သားသူ ဖြစ်သည်။
စကားလည်း အပိုမပြော။ လိုအပ်မှသာ ပြောသူ ဖြစ်သည်။ ထို့အတွက် ရိုးစစ် ဘာမျှမမေးရဲ။ ယခုဦးတည်သွားရာနေရာကိုလည်း သူမသိ။ဦးယုဝနောက်မှသာ ခပ်ကုပ်ကုပ်လိုက်လာခဲ့သည်။ ဒါပေမဲ့ ရွာလမ်းတစ်လျှောက်မှာ
ရှင်းလင်းနေသည်မို့ နှုတ်က မေးခွန်းတစ်ခု အလိုလို မေးမိ သွား၏ ။
''ဦးတို့ရွာမှာ ကျွန်တော့် အရွယ် လူငယ်တွေ
တော် တော် ရှားတယ်နော်''
ဦးယုဝ ခပ်သွက်သွက်လှမ်းနေရာမှ
အရှိန်အနည်းငယ်လျော့သွားကြောင်း
သတိထားမိသည်။ ရိုးစစ် အမေးစကားက
ဦးယုဝခြေလှမ်းတို့အား တုံ့နှေးသွားစေသလို၊
ထွက်ပေါ်လာမည့် အဖြေစကား ကို ငံ့လင့်ရင်းနှင့် ပင်
သူ့ခြေလှမ်းတို့ ဦးယုဝကို မီသွား၏ ။
နံဘေးရောက်လာသော ရိုးစစ်ကို ဦးယုဝ
စွေစောင်းကြည့်ရင်း . . .
''ရှားမလားကွာ၊ ရှိတာပေါ့။ သုံးပင်ရွာကို
အလုပ်သွားလုပ်နေကြတယ်''
ထွက်ပေါ်လာသော စကားတို့ကြောင့်
ဦးယုဝကို လှမ်းကြည့်မိပါသည်။ ရိုးစစ်အကြည့်အား
ဦးယုဝက သဘောပေါက်သလို . . .
''သုံးပင်ရွာဆိုတာ တို့ကိုးချောင်းရွာကနေ
(၇) မိုင် ဝေးတယ်။ အရင်ဆုံး ကတော့ ခြောက်ကပ်
ကပ်ပဲ။ အခုတော့ တော် တော် စည်ကားနေပြီ။
တို့ရွာကလွဲပြီး အနီးအနားရွာတွေ အကုန်လုံး မိုးမှန်ကြ
တယ်ကွ။ တို့ရွာတစ်ရွာတည်း မိုးမမှန်တော့ စိုက်ပျိုးရေး
လုပ်လို့မရဘူး။ အဲဒါကြောင့် သုံးပင်ရွာကို
သွားလုပ်ကြတယ်။ သုံးပင်ရွာရဲ့ ဘေးမှာ အမြဲမပြတ်
စီးဆင်းနေတဲ့ တောင်ကျချောင်းလေးတစ်ခု ရှိတယ်။
အဲဒီ ချောင်းလေးဘေးမှာ သွားလုပ်ကြတာ။
မနက်မိုးလင်းတာနဲ့ ရွာက အလုပ်လုပ်နိုင်တဲ့ လူတွေ
အကုန်လုံး သုံးပင်ရွာကို သွားကြတယ်။
ချောင်းလေးဘေးမှာ အလုပ်လုပ်ကြတယ်။ ချက်ပြု တ်
စားသောက်ကြတယ်။ ညနေပြန်လာကြတယ်''
ထူးဆန်းလွန်းသော စကားတို့အား ရိုးစစ်
ငြိမ်သက်စွာ နားထောင်နေမိပါသည်။ လမ်းလျှောက်
ရင်းပြောနေပေမဲ့ ဦးယုဝလေသံက အနိမ့်အမြင့်မရှိ၊ ကြုံ
တွေ့ နေရသော ဒုက္ခတို့အား သက်သာလို
သက်သာငြား ရင်ဖွင့်နေသလိုလည်း ရှိသည်။
''ညနေပြန်လာပြီဆိုရင်တော့ ရွာမှာ
ကျန်ခဲ့တဲ့မိသားစုတွေ အတွက် နိုင်သလောက် ရေတွေ
သယ်လာရတယ်။ ပြီးတော့ တို့ရွာမှာ
စည်းကမ်းတစ်ခုရှိသေးတယ်ကွ။ ငါ့အစ်ကို
ဦးပြည့်ဝလက်ထက် မှ သတ်မှတ်ခဲ့တဲ့စည်းကမ်းပေါ့။
အဲဒါဘာလဲဆိုတော့ သယ်လာတဲ့ရေတွေ ထဲကနေ
ခွဲတမ်းနဲ့ ရွာပိုင် ရေလှောင်ကန်ထဲကို ထည့်ပေးရတယ်။
ရွာမှာ ရှိတဲ့ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေ
အတွက်။ ပြီးတော့ ရွာမှာ ကျန်းမာရေး မကောင်းရင်
ဒါမှမဟုတ် မီးဘေး ရေဘေး တစ်ခုခုသင့်ရင် အသုံးပြု
လို့ ရအောင်ပေါ့''
ချီးကျူး ဖွယ်ပါပဲ။
မိုးခေါင်လွန်းသည့်ရွာအတွက် အသက်ကယ်ဆေး
ဖော်စပ်တတ်သော အုပ်ချု ပ်သူတွေ ကိုလည်း
လေးစားမိသွားသည်။
''ဒါပေမဲ့ အခုနောက်ပိုင်း
လှောင်ကန်ထဲကရေတွေ ကို တို့ရွာသားတွေ
မသုံးရပါဘူးကွာ''
''ဘာ ဖြစ်လို့လဲ''
သူ၏ အလျင်စလိုအမေးကို ဦးယုဝ ချက်ချင်း
ပင်ဖြေပေး၏ ။
''ယက္ခတို့လူစုကို ခွဲပေးနေရလို့''
'ယက္ခ' ဒီနာမည် ကို ကြားဖူးထားသည်။
ခဏချင်းပင် နာမည် တစ်ခုနှင့် ပတ်သက်သော
အကြောင်းအရာက ဦးနှောက်မှာ ထင်ရှားလာသည်။
ယက္ခဆိုသည်မှာ မနေ့ကဖတ်ခဲ့ရသော စာ
တစ်စောင်ထဲတွင် ပါဝင်ထားသည် မဟုတ်ပါလား။
''ဘာလို့ ခွဲပေးရတာ လဲ''
ဒီတစ်ခါတော့ ချက်ချင်း မဖြေ။
အဝေးတစ်နေရာကို အတန်ကြာ ငေးသွားလေသည်။
ပြီးတော့မှ သက်ပြင်းတစ်ခုနှင့် အတူ
စိတ်မသက်သာဟန်အဖြေက ဖျော့ဖျော့ရီရီ
တိုးထွက်လာ၏ ။
''အဲဒီ့ အကြောင်းတွေ အားလုံးကို မကြာခင်
မင်းတစ်ခုချင်းသိရမှာ ပါ''
ဘာကြောင့် မှန်းမသိ၊ ဦးယုဝ
စကားကိုနားထောင်ပြီး စိတ်ထဲမှာ ဝမ်းနည်းသလို
ခံစားလိုက်ရ သည်။ ထိုစဉ်မှာ ပဲ
ခေါင်းလောင်းထိုးသံသုံးချက်ကို ရှေ့တူရူဆီမှ ပီပီသသ
ကြားလိုက်ရလေသည်။
*
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၃ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။


Related Posts