သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၃ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၃ )
…
( ၇ )
ထင်တော့ ထင်ထားပါသည်။ ခေါင်းလောင်းထိုးသံ ကြားကတည်းက
ဘုန်းကြီးကျောင်း (သို့ ) ဘုရားကျောင်း ဖြစ်လိမ့်မည်ဟု။ ခပ်ဝေးဝေးမှပင် ကြီးမားခန့်ထည်သောမုခ်ဦးကြီးနှင့် ဘုန်းကြီး ကျောင်းတစ်ကျောင်းက
သူတို့အား ဆီးကြို နေ၏ ။အရင်တုန်း ကတော့ သစ်ရိပ်ဝါးရိပ်နှင့် အေးချမ်းဟန်ရှိသော်လည်း ယခုတော့ နေမင်း၏ရိုင်းပျမှု ကြောင့် အရာရာကပူလောင်သွေ့ခြောက်နေပါပြီ။ သစ်ပင်၊ ဝါးပင်ကင်းမဲ့နေသည်ကြောင့် ဘုန်းကြီးကျောင်းကိုကြည့်ရသည်မှာ အဖော်အမွန်မရှိ၊ထိုးထိုးထောင်ထောင် ဖြစ်နေသည်။မုခ်ဦးဝရောက်တော့ ဦးယုဝ ဖိနပ်ချွတ်ကာဝင်သွားသည်ကြောင့် ရိုးစစ်လည်း ဖိနပ်ကို ချွတ်ကာဦးယုဝနောက်မှ လိုက်သွားမိသည်။ နီးကပ်လာချိန်မှာ
ရှေးဟောင်းဗိသုကာအတတ်တွေ ဖြင့်ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း တွေ့ ရ၏ ။
ဘုန်းကြီးကျောင်းတွင်းသို့ ဝင်လိုက်လျှင်ပဲရိုးစစ်၏ ခန္ဓာကိုယ်မှာ ဆန့်ကျင်ဘက်ခံစားမှု တို့ တစ်ပြိုင်နက် ခံစားလိုက်ရလေသည်။ ခန္ဓာကိုယ်က ချက်ချင်းအေးချမ်းသွားသလို ရင်ထဲမှာ လည်း အေးသွားသည်။အပြင်မှာ ကြုံ တွေ့ ခဲ့ရသော ပူလောင်မှု မျိုးကို
မခံစားရတော့။အုတ်ကျောင်းတစ်ကျောင်းဖြစ်သည့်အားလျော်စွာ ဘုန်းကြီးကျောင်း၏ အတွင်းဘက် အေးစိမ့် လို့နေပါသည်။ အပြင်ဘက်မှာ ကဲ့သို့ပူလောင်မှု မရှိ၊ နောက်အေးချမ်းမှု တစ်ခုကိုတွေ့ တော့ရိုးစစ် ဒူးထောက်ပင် ထိုင်ချမိသွားသည်။
ဝင်ပေါက်တည့်တည့်မှာ ထိုင်တော် မူရုပ်ပွားတော်တစ်ဆူက အကြည်ညို ခံလျက်ရှိနေ၏ ။ဗုဒ္ဓရုပ်ပွားတော် ၏ မျက်နှာတော်အားကြည့်ကာ ရိုးစစ် ရင်တွင်း၌ အေးချမ်းသွားရခြင်းဖြစ် သည်။ ဒူးထောက်လျက်မှပင် ဦးချကန်တော့မိတော့
ကိုယ်တွင်းမှာ ရှိနေသော သော ကတွေ ပင် ခဏတာလွင့်ပျောက်သွားသလား ထင်ရသည်။ဦးယုဝ ကတော့ သူ၏ လုပ်ဆောင်မှုကိုကြည့်ကာ ခေါင်းတဆတ်ဆတ် ညိတ်လို့နေပါသည်။ပြီးတော့ တစ်နေရာကို ဦးဆောင်ကာ ခေါ်သွား၏ ။
ဦးယုဝခေါ်သွားရာနေရာက . . .နံရံတစ်ခု၏ ရှေ့တွင် ဘုန်းကြီးတစ်ပါး
တင်ပျဉ်ခွေထိုင်ကာ တစ်စုံတစ်ရာကို ပြု လုပ်လျက်ရှိနေသည်။ ဘုန်းကြီးပြု လုပ်နေသော အရာကို ကြည့်ကာရိုးစစ် မျက်လုံးပြူး သွားသည်။ ပြီးတော့ ချက်ချင်း
ဆိုသလို မျက်မှော င်လည်း ကုပ်မိသွား၏ ။ ဘုန်းကြီးပြုလုပ်နေသည်ကား . . .
ကြေးဝါပြားတစ်ခုပေါ်တွင် တိုင်သုံးတိုင်ကိုဖိုခနောက်သဏ္ဌာန် စိုက်ထူထားသည်။ ထိုတိုင်တစ်ခုစီမှာ အရွယ်အစားမတူသော ကွင်းကလေးတွေသူ့အရေအတွက်နဲ့သူ ရှိနေ၏ ။ ဘုန်းကြီးကထိုကွင်းကလေးများ ကို တစ်တိုင်မှ တစ်တိုင်သို့
ရွှေ့နေခြင်း ဖြစ်သည်။အံ့သြရလေပြီ၊ ကစားနေခြင်းမဟုတ်ပါ။ဘုန်းကြီးပုံစံကြည့်ရတာ တကယ့် လေးလေးနက် နက်။သူတို့ရောက်နေသည်ကိုတောင် တစ်ချက်မျှ
လှည့်မကြည့်။ နားမလည်သည်မို့ ရိုးစစ် မေးရန်ဟန်ပြင်တော့ ဦးယုဝက လက်ကာပြသည်။ ပြီးရှေ့တည့်တည့်မှာ ရှိနေသော နံရံကို လက်ညှိုး ထိုးကာ
. . .
''ဟောဒီစာတွေ ကို အရင်ဖတ်ကြည့်လိုက်''
ကြည့်လိုက်တော့ ရှေ့တည့်တည့်နံရံမှာမညီမညာလက်ရေး နဲ့ ကဗျာလိုလို စာတွေ ကို တွေ့ ရ၏ ။ ပုံစံကိုကြည့်ရုံနဲ့ ရေး ထားချိန် ကြာမြင့်လှပြီဖြစ်ကြောင်း ခန့်မှန်းမိသည်။ ဆေးသားတို့ ခြောက်ကပ်ဖျော့ရီကာ တချို့နေရာမှာ ပျက်တောင်ပျက်နေပြီ။ဒါပေမဲ့ ဖတ်လို့တော့ ရနေသေးသည်။
ဘာရယ်မဟုတ်၊ ဦးယုဝပြောသည့်အတိုင်းရိုးစစ် အသံထွက် ဖတ်ကြည့်လိုက်တော့ . . .
အစွန်းနက္ခတ် ရောက်ရှာလတ်၍နေမင်းကွယ်ပျောက် နက္ခရောက်လတ္တံ့။
တစ်ပါးရာသီ ပျက်ရာတည်သော်မိုးခေါင်ရေရှား နှစ် များ လတ္တံ့။
နက္ခတ်ပွင့်လန်း ဇာတာဆန်းချိန်သုံးပုံပဟေဠိ ပေါ်လိမ့်မည် ။
တောက်ရှူး စုန်းမီး ကြွေလိမ့်မည် ။အလျှံညီးညီး မီးတောက်လိမ့်မည် ။
ဘုရားပေးလက်ဆောင် နှစ် ခုပေါင်းမှမင်းတို့ရွာကြီး မိုးသီးကြွေလတ္တံ့။
တောတောင်မြေပြင် သောက်ငင်ပြီးသော်သဲချောင်းဘောင်ဘင် သွင်သွင်စီးလတ္တံ့။
ကွေ့ကောက်ချောင်းငယ် စီးရေလျှံမှကိုးချောင်းတည်ရာ ထိုထိုရွာပွင့်လန်းစည်ပင် ဝလင်လိမ့်မည် ။
''အဲဒါ တပေါင်ပဲ''
''ဗျာ . . . ''
ဖတ်သံဆုံးဆုံးချင်း ထွက်လာသောဦးယုဝစကားနောက်မှာ သူ 'ဗျာ' မိသွားသည်။
''တပေါင်''
''ဟုတ်တယ်၊ အဲဒါ ငါတို့ရွာကြီးရဲ့ကံကြမ္မာလို့ ပြောလို့ရတဲ့ တပေါင်ပဲ''
လုံးလုံး နားမလည်ပါချေ။ ဦးယုဝ၏ဖြေရှင်းသံ ထပ်ထွက်လာသည်။
''ဟိုး . . . လွန်ခဲ့တဲ့ ခြောက်နှစ်သာသာတုန်းက တို့ရွာကို သက်တော်ရှည်ဘုန်းကြီးတစ်ပါး ကြွလာခဲ့တယ်။ အဲဒီဘုန်းကြီးကပဲ ဒီတပေါင်ကို ရေး သွားခဲ့တာ။ ပြီးတော့ဒီသုံးပုံပဟေဠိကိုလည်း ပေးခဲ့တယ်''
ဦးယုဝညွှန်ပြရာကိုကြည့်ပြီး ရိုးစစ်စိတ်ဝင်စားသွားမိသည်။ ရှေ့တည့်တည့်မှ ဘုန်းကြီးပြုလုပ် နေတာသည် သုံးပုံပဟေဠိ ဆိုပါလား။သုံးပုံပဟေဠိဆိုတာ ဘယ်လိုမျိုးလဲ သူ မသိ။ထိုစဉ်မှာ ပဲ ဦးယုဝ၏ မေးမြန်းသံတစ်ခုက သူ့ဆီသို့ လေးလေးနက်နက် ရောက်လာသည်။
''တပေါင် . . . ဆိုတာကို မင်းဘယ်လိုမြင်လဲ''
ရိုးစစ် ငြိမ်သက်သွားမိသည်။ စမ်းသပ်မှုတစ်ခုလား မသိ။
''ကျွန်တော် မြင်တဲ့အတိုင်း ပြောပြရမှာလား''
''ပြောကြည့်ပါ''
ဦးယုဝ စကားဆုံးတော့ . . .
''တပေါင်ဆိုတာ အနာဂတ်မှာ ဖြစ်ပျက်မဲ့ကံကြမ္မာတစ်စုံတစ်ရာကို နိမိတ်ဖတ်စပ်ဆိုတဲ့ ကဗျာရှည်တစ်ပုဒ်ပဲ။ ရှေးမြန်မာဓလေ့မှာ တပေါင်ပေါ်ရင်သတိထားကြတယ်။ ဥပေက္ခာမပြု ကြဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ထွက်ပေါ်လာတဲ့တပေါင်အတိုင်း
အနာဂတ်မှာ တကယ် ဖြစ်ပျက်လာတတ်လို့ပဲ။ ပြီးတော့တပေါင်ထွက်ပေါ်လာစေတဲ့ ပုဂ္ဂို လ်ကလည်းနယ်နယ်ရရ ပုဂ္ဂို လ်မဟုတ်ဘူး''
ဦးယုဝ၏ အကြည့်တချို့  ရိုးစစ်ထံရောက်လာသည်။ လေးစားလက်ခံသည့် အကြည့်မျိုး၊ ပြီးတော့မှ ခေါင်းကို အားပါးတရ ညိတ်ကာ . . .
''အသေအချာပဲ''
'' × × × × × × ''
''ဒီတပေါင်ကိုရေး သွားတဲ့ သက်တော်ရှည်ဘုန်းကြီးက နယ်နယ်ရရ ပုဂ္ဂို လ် ဟုတ်
မဟုတ်တော့ ငါ မသိဘူး။ ဒါပေမဲ့ ဒီတပေါင် ကတော့ငါတို့ရွာကြီးအတွက် လုံးဝကို မှန်နေတယ်''ရိုးစစ် စကားမဆိုမိ၊ ဦးယုဝဆက်ပြောမည်
့စကားတွေ ကိုသာ နားစွင့်နေမိသည်။''အပေါ်နှစ် ပိုဒ်ကို ဖတ်ကြည့်ရင်
မင်းသဘောပေါက်မှာ ပါ''ဘာမှန်းမသိပေမဲ့ ရိုးစစ် တကယ်ပင်
ဖတ်ကြည့်လိုက်သည်။''အစွန်းနက္ခတ် ရောက်ရှာလတ်၍
နေမင်းကွယ်ပျောက် နက္ခရောက်လတ္တံ့။
တစ်ပါးရာသီ ပျက်ရာတည်သော်မိုးခေါင်ရေရှား နှစ် များ လတ္တံ့''
တစ်လုံးချင်း အဓိပ္ပါယ်ဖော်ဖတ်လိုက်သည်မို့ နှစ် ပိုဒ်ဆုံးချိန်မှာ ရိုးစစ် နားလည်သင့်
သလောက် နားလည်လိုက်သည်။ ဒါပေမဲ့ အပေါ်နှစ်ကြောင်းကို သဘောမပေါက်ချေ။ ဦးယုဝ၏ 'ဘယ်လိုလဲ'ဟူသော အကြည့် ရောက်လာတော့ ရိုးစစ်
ပွင့်ပွင့်လင်းလင်းပင် နားမလည်သည်ကိုမေးလိုက်သည်။
''ဒုတိယပိုဒ် ကတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ကျွန်တော် ပထမပိုဒ်ကို နားမလည်ဘူး''
ဒီလိုပဲ ဖြစ်လိမ့်မယ်ဟူသော ပုံစံနှင့် ဦးယုဝခေါင်းကို ညိတ်လိုက်သည်။ ပြီးတော့မှ အသက်တစ်ချက်ကို ရှူ သွင်းရင်း . . .
''မင်း နားလည်အောင် ရှင်းပြရရင်တော့ဟိုးလွန်ခဲ့တဲ့ခြောက်နှစ် ကျော်က တို့ရွာကို အုပ်ချု ပ်ခဲ့တဲ့ ရွာသူကြီး ဦးသီလအကြောင်းက စရှင်းရမှာ ပဲ''
ဦးယုဝလေသံက အားပျော့တိုးရီကာသွားပါသည်။ မျက်နှာမှာ လည်း လွမ်းဆွတ်သတိရဟန်တို့ ချက်ချင်း ပင်ပေါ်သွားသည်။ ထိုစဉ်မှာ ပဲ . . .
''ဦးသီလဆိုတာ နာမည် အတိုင်းပဲ သီလ၊သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂို လ်ကြီး တစ်ယောက် ပေါ့။ သူ့ကိုငါတို့တစ်ရွာလုံးက ဝိုင်းချစ်ကြတယ်။ သူ့လက်ထက်မှာ
တို့ကိုးချောင်းရွာကြီးက တော် တော် ကြီး ကိုဝပြောစည်ပင်ခဲ့တယ်လေ။ ငါနဲ့ ငါ့အစ်ကို ပြည့်ဝကတော့ သူ့လက်အောက်က တပည့်လက်သား တွေပေါ့။ တစ်နေ့မှာ တို့ရွှာကို မျက်လှည့်အဖွဲ့တစ်ဖွဲ့ရောက်လာခဲ့တယ်။ မျက်လှည့်အဖွဲ့ကို ဦးဆောင် သူက
'ဖိုးလက်ဖြူ ' လို့ခေါ်တဲ့ ပညာသည် တစ်ယောက် ပေါ့။အသားမည်းသလောက် လက်နှစ် ဖက်လုံး ကရေနွေးပူလောင်ထားသလို ဆွတ်ဆွတ်ဖြူ နေလို့
'ဖိုးလက်ဖြူ ' လို့ခေါ်တယ် ပြောတာပဲ။ သူရယ်၊သူ့ညီယက္ခရယ်၊ တပည့်သုံးယောက် ရယ်၊ပေါင်းငါးယောက် ရောက်လာခဲ့တယ်''
'ဦးသီလ' ၊ ဒီနာမည် ကိုလည်းကြားဖူးထားပါသည်။ ရိုးစစ် အတွေးမဆုံးခင် . . .
''တို့ရဲ့ ဦးသီလကလည်း မျက်လှည့်မှာဆရာတစ်ဆူ မြောက်တယ်။ ငါ့အစ်ကိုရော၊ ငါရော၊နောက်ပြီး ရွာထဲက လူတော် တော် များများ လည်းဦးသီလ သင်ပေးထားလို့ မျက်လှည့်ကိုထိုက်သလောက်တတ်နေတော့ ရောက်လာတဲ့အဖွဲ့ကို
ဝမ်းပမ်းတသာပဲ ကြို ဆိုကြပါတယ်။ တို့တွေ စိတ်ထဲမှာတော့ နယ်လှည့်ပြသနေတဲ့မျက်လှည့်အဖွဲ့မို့ပညာဆည်းပူးဖို့ အခွင့်အရေး ဆိုပြီး ပျော်နေကြ
တာပေါ့။ ဒါပေမဲ့ တို့ထင်သလို တစ်ခုမှ ဖြစ်မလာခဲ့ဘူး။
ရောက်ပြီး တစ်ရက်နှစ် ရက်မှာ ပဲ ဖိုးလက်ဖြူက ဒီရွာကိုသဘောကျပြီး သူ အုပ်ချု ပ်ချင်ကြောင်းပြောတယ်။ တစ်ရွာလုံး ဘယ်သူမှလက်မခံကြဘူး။ အဲဒီမှာ ပဲ ဖိုးလက်ဖြူ က ဦးသီလကို ပညာပြို င်ဖို့စိန်ခေါ်တယ်။ နိုင်တဲ့လူက ဒီရွာကိုအုပ်ချု ပ်ကြေးပေါ့''
''အဲဒါနဲ့ပဲ ပြို င်လိုက်ကြရောလား''ရိုးစစ် လက်မခံနိုင်သလို မေးလိုက်ပါသည်။
စိန်ခေါ်တာနဲ့ပဲ ပြို င်ရရောလား။ စိန်ခေါ်တိုင်းဘွာမခတ်ကြေးဆို ခေါင်းဆောင် တစ်ယောက် ရဲ့အရည်အချင်းက ဘယ်ရောက်သွားပြီလဲ။ ရိုးစစ်ဘာကိုဆိုလိုကြောင်း ဦးယုဝ သဘောပေါက်ကာရှင်းပြ၏ ။
''ပညာသည်အချင်းချင်းက စိန်ခေါ်ရင်နောက်ဆုတ်လို့မရဘူး။ စိတ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြို င်ရတယ်''
ရိုးစစ် နားမလည်ပါချေ။ သူလက်ခံထားသည် ကတော့ ပညာတစ်ရပ်ကို တတ်မြောက်ခြင်း သည် စနစ်တကျသုံးတတ်ဖို့သာအဓိကကျပါသည်။ ထိုပညာကို ဘယ်နေရာမှာသုံးရမည် ၊ ဘယ် နေရာမှာ မသုံးရ စသော စည်းမျဉ်းများကို သူ လက်မခံနိုင်။ ဒါပေမဲ့ . . .''အဲလိုပြို င်တော့ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးသွားလဲ''
ဦးယုဝ ခေါင်းရမ်း၏ ။
''ဘယ်သူနိုင်လို့ ဘယ်သူရှုံးလဲတော့မသိဘူး။ ဦးသီလ ကတော့ ရွာက
ပျောက်သွားတယ်''
''ဗျာ . . . ''
သူ၏ တအံ့တသြ ရေရွတ်သံကို . . .
''ဟုတ်တယ် . . . ၊ ဦးသီလရွာကပျောက်သွားတယ်။ ဘယ်လိုပျောက်သွားလဲဆိုတာ
မသိ ဘူး။ ဘာကြောင့် ပျောက်သွားရတယ်ဆိုတာလည်း
ဘယ်သူမှမသိဘူး''
''ဖိုးလက်ဖြူ ကရော . . .''
''ဖိုးလက်ဖြူ ကတော့ မျက်စိတစ်ဖက်ကန်းသွားတယ်''
''ဟာ . . . ''
''ပြီးတော့ နောက်တစ်လလောက်အကြာမှာပဲ ဖိုးလက်ဖြူ သေသွားတယ်''
ကြားရသော စကားတွေ ကစိတ်ဝင်စားဖို့ကောင်းသည်ဆိုတာထက်ကို
သာလွန်သွားသည်။ ထိုစဉ်မှာ ပဲ ဦးယုဝထံမှစကားတစ်ခွန်း ထွက်ကျလာပြန်ပါ၏ ။ ဒီစကားကတော့ လွန်စွာ ကို ပါးလျလွန်း သည်။ စိတ်မကောင်းမှုနှင့် ဝမ်းနည်းမှု လည်း ပေါင်းစပ်ပျော်ဝင်နေသည်။''ဖိုးလက်ဖြူ သေသွားပြီးတဲ့ အချိန်ကစပြီး
တို့ရွာကြီး မိုးမရွာတော့တာပဲ''ထိုစကားနောက်မှာ တော့ ရိုးစစ်ခေါင်းတွင်
းမှာ အတွေးတို့ စုန်ချည်ဆန်ချည် ပြေးသွားသည်။ဖြစ်နိုင်ခြေများ ကိုလည်း ဆက်စပ်မိသွား၏ ။
''ဒါဆို ဦးတို့ ကိုးချောင်းရွာကျိန်စာမိနေတယ်ဆိုတာ ဖိုးလက်ဖြူ ကြောင့် လို့
ဆိုလိုချင်တာပေါ့''ဦးယုဝ မဖြေ၊ ခေါင်းကိုသာ ညိတ်ရုံညိတ်သည်။
''ဦးတို့ဆိုလိုတဲ့သဘောက ဦးသီလနဲ့ဖိုးလက်ဖြူ တို့ ပညာပြို င်ြ ကတော့ ဦးသီလရှုံး ပြီး ရွာကပျောက်သွားတယ်။ ဖိုးလက်ဖြူ ကတော့ နိုင်ပေမဲ့မျက်စိတစ်ဖက်ကန်းပြီး ကျန်ခဲ့တယ်။ အဲဒါကို အငြိုးထားပြီး သူမသေခင်မှာ ရွာကိုကျိန်စာတိုက်သွားတယ်ဆိုတဲ့ သဘောလား''
''အမှန်ပဲ၊ ဒါပေမဲ့ ငါတို့အထင်တော့ ဦးသီလ
ရွာကပျောက်သွားတာမဟုတ်ဘူး။ သေသွားတာ''
''ဘာကြောင့် လဲ''
ရိုးစစ် ချက်ချင်း ဆိုသလို မေးလိုက်တော့ . . .
''မင်းနားမလည်ဘူးဆိုတဲ့တပေါင်ပထမအပိုဒ်က အဲဒါပဲလေ။ နေမင်းဆိုတာ
ငါတို့လောကကြီး ကို အလင်းရောင် ပေးနေတဲ့သ၊တစ်နည်းအားဖြင့် လောကရဲ့ အရှင်သခင်ပဲ။အဲ့ဒီအရှင်သခင်က ကွယ် ပျောက်သွားတာ။
ဆိုလိုတဲ့သဘောက ငါတို့ရဲ့ အရှင်သခင် ဦးသီလလည်းတပေါင်ထဲကအတိုင်း ကွယ်ပျောက်သွားတာ''ရှေ့တည့်တည့်မှာ ရှိနေသော
တပေါင်ကိုကြည့်ရင်း ရိုးစစ် ငြိမ်သက် သွားပါသည်။
ဦးယုဝ စကားတို့၏ ဖြစ်နိုင်ခြေကိုလည်း တွေးခေါ်မိသွား၏ ။
''ကွယ်ပျောက်တာနဲ့၊ ပျောက်ကွယ်တာမတူဘူးလေ''
ဖြေရှင်းသံထပ်ထွက်လာတော့ ရိုးစစ်အကောင်းဆုံးကို ဆင်ခြင်မိသည်။ တပေါင်ကို အဓိပ္ပါယ်ဖွင့်ဖို့ အဘိဓာန်သပ်သပ်မှ မထားခဲ့တာပဲ။
ကိုယ်လိုရာကိုယ်စွဲတွေးလျှင်တော့ အစထွက်သမျှအရာ အားလုံးက ဖြစ်နိုင်ခြေရှိနေပါသည်။ ထိုစဉ်မှာ ပဲ . . .''အသက်မသေဘဲ ရွာက
ပျောက်သွားတယ်ပဲထား၊ ရွာကို အရမ်းချစ်တဲ့လူတစ်ယောက် အနေ နဲ့ တစ်ချိန်ချိန်တော့ ပြန်လာမှာ ပဲ။ဒါပေမဲ့ အခု ခြောက်နှစ် တင်းတင်း ပြည့်နေပြီ၊
ပေါ်မလာခဲ့ဘူး။ အဲဒါတွေ ကို ဆင်ခြင်ပြီးငါတို့တစ်ရွာလုံးက ဦးသီလသေသွားပြီလို့
သတ်မှတ်လိုက်ကြတာပဲ''စကားသံက အဖျားခတ်ကာ
တုန်ရီသွားသည်။ ဦးယုဝမျက်နှာမှာ ဘာမှန်းမသိလွမ်းဆွတ် သတိရဟန်တို့ကို တွေ့ ရ၏ ။ တပေါင်ကိုနောက်တစ်ကြိမ်ကြည့်ရင်း ရိုးစစ် ခေါင်းတဆတ်ဆတ်
ညိတ်လိုက်မိသည်။ဟုတ်မှာ ပါလေ၊ သူတို့အတွေ
းနဲ့သူတို့လည်း ငြင်းကွက်မရှိ၊ မှန်နေတာပါပဲ။ ဒါပေမဲ့
ရိုးစစ် လုံးဝ နားမလည်တာ တစ်ခုကျန်နေသေး၏ ။
ထို့အတွက်ကြောင့် . . .
''ဒီ သုံးပုံပဟေဠိဆိုတာ ကျွန်တော့် ကိုရှင်းပြဦးလေ''
ထိုအခါမှ သတိရသွားသလို . . .
''အေး . . . ဟုတ်သားပဲ၊ ခဏစောင့်။
မင်းတို့ဧည့်သည်တွေ ကို ရှင်းပြဖို့ လုပ်ထားတာတစ်ခုရှိတယ်''
ထိုသို့ ပြောရင်း ဦးယုဝ အခန်းတစ်ခုထဲသို့ဝင်သွားသည်။ ရိုးစစ်မှာ တော့ ကျန်ရစ်ခဲ့သောဘုန်းကြီးတစ်ပါး၏ ပြု လုပ်ပုံကိုသာ ကြည့်ရင်းနဲ့ . . .
တစ်အောင့်ကြာတော့ အခန်းတွင်းမှဦးယုဝ ပြန်ထွက်လာသည်။ လက်တွင်းမှာ
သုံးပုံပဟေဠိနဲ့ ဆင်ဆင်တူသော အရာတစ်ခုပါလာ၏ ။
သစ်သားပြားတစ်ခုပေါ်တွင်တိုင်သုံးတိုင်စိုက်ထားသည်။ တစ်တိုင်မှာ
အဝိုင်းပြားရှစ်ခုကို ကြီးစဉ်ငယ်လိုက်စေတီပုံသဏ္ဌာန်စွပ်ထားသည်။
''အလွယ်ဆုံးပြောပြရရင်တော့ဒီအဝိုင်းပြားရှစ်ခုကို တိုင်လွတ်တစ်ခုခုသို့
အကြိမ်ရေအနည်း ဆုံးနဲ့ ရွှေ့ပေးဖို့ပဲ။ ရွှေ့တဲ့နေရာမှာစည်းကမ်းရှိတယ်။ တစ်ကြိမ်မှာ တစ်ပြားပဲရွှေ့ရမယ်။တိုင်တစ်ခုခု မှာ စွပ်ရမယ်။ ဘေးချမထားရဘူး။စွပ်တဲ့နေရာမှာ လည်း ငယ်တဲ့အပြားပေါ်မှာကြီးတဲ့အပြားကို ဘယ်လိုအခြေအနေမျိုးမှာ မှ
မထားရဘူး။ နောက်ဆုံး အားလုံးပြီးသွားချိန်မှာအခုစွပ်ထားတဲ့အတိုင်း လေးပဲ
စေတီပုံသဏ္ဌာန်ရှိနေရမယ်''စိတ်ဝင်စားဖွယ်ပါပဲ။ ဦးယုဝ လက်မှာ
ကိုင်ထားသည့် ကစားနည်းလေးကို ရိုးစစ် သေချာစွာ
ကြည့်နေမိသည်။
''ဒါ သုံးပုံပဟေဠိရဲ့ အနှစ် ချု ပ်ပဲ။ကွဲသွားတာ ကတော့ ဒီမှာ အဝိုင်းပြားရှစ်ပြားပဲ
ပါတယ်။ ဟိုဘုန်းကြီးရွှေ့နေတဲ့ သုံးပုံပဟေဠိမှာ တော့ကွင်းပေါင်း (၂၁) ကွင်းတိတိ ပါတယ်။ အဲဒါပဲကွာတာကျန်တဲ့ စည်းကမ်းချက်တွေ ၊ ရွှေ့ပုံရွှေ့နည်းတွေ
အားလုံး အတူတူပဲ''ရိုးစစ် နားလည် သွားပါပြီ၊
ထို့အတွက်ကြောင့် ဦးယုဝကိုင်ထားသောကစားနည်းလေးကို ယူကာကြည့်မိသည်။
''သက်တော် ရှည်ဘုန်းကြီးကဒီသုံးပုံပဟေဠိကို ပေးပြီးတစ်ခွန်းပြောသွားသေးတယ်ကွ။
'သုံးပုံပဟေဠိပေါ်တဲ့နေ့က မင်းတို့ရွာကြီးအသစ်ကပြန်စမဲ့နေ့ပဲ' တဲ့။ အဓိပ္ပါယ် ကတော့ တိုင်မှာစွပ် ထားတဲ့ ကွင်းလေး (၂၁) ကွင်းကိုတခြားတိုင်လွတ်တစ်ခုခုမှာ အမှားအယွင်းမရှိပုံစံတူစွပ်နိုင်တဲ့နေ့ က တို့ရွာကြီး
အသစ်ကပြန်စမဲ့နေ့ပေါ့။ အဲဒီ တုန်း ကတော့ဒီကိုးချောင်းရွာကြီးက စည်ပင်ဝပြောနေ တော့ဘုန်းကြီးဘာကိုပြောသွားတယ်ဆိုတာ နားမလည်ဘူး။
အခုတော့ နားလည်ပါပြီ''
ဦးယုဝက အတိတ်ကို သတိရဟန်နဲ့သံဝေဂရသလို ပြောသည်။
''မင်းစိတ်ထဲမှာ ဒီလောက်မိုးခေါင်ပြီးဒုက္ခရောက်နေတာတောင် ဘာလို့ ရွာပြောင်းမသွားတာလဲလို့ ထင်ကောင်းထင်လိမ့်မယ်။ တို့တွေ
ရွာမပြောင်းရတဲ့ အဓိကအကြောင်းရင်းကသုံးပုံပဟေဠိနဲ့ ဘုန်းကြီးပြောသွားတဲ့စကားကြောင့် ပဲ။ဘုန်းကြီးပြောသွားတဲ့ စကားအတိုင်းပဲ
သုံးပုံပဟေဠိပေါ်ပြီး တို့ရွာကြီး အသစ်ကပြန်စမဲ့နေ့ကို
စောင့်ရင်းနဲ့ အခုလို ခြောက်နှစ် တိတိကြာသွားခဲ့တာဆိုပါတော့''
ရိုးစစ်စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေသောကိစ္စတွေ ရှင်းလင်းသွားသည်။ တကယ်လည်းဦးယုဝပြောသလို ဒီလောက်ဒုက္ခရောက်နေတာတောင်
ရွာဘာလို့ မပြောင်းကြတာလဲ တွေးနေမိ တာပါ။ယခုတော့ ရှင်းလင်းသွားချေပြီ။ လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်သော သတ္တဝါတစ်မျိုး ပင်
မဟုတ်ပါလား။ရိုးစစ် ခေါင်းတဆတ်ဆတ်ညိတ်ရင်းလက်ထဲမှ ကစားနည်းကို တစ်ပြား၊ နှစ် ပြားရွှေ့ကြည့်မိ သည်။ ရိုးစစ် လုပ်ပုံကိုကြည့်ရင်း . . .
''သုံးပုံပဟေဠိနဲ့ ပုံစံတူလုပ်ထားတဲ့ဒီကစားနည်း ကတော့ မင်းတို့လို ဧည့်သည်တွေ
ရောက်လာ ရင် ရှင်းပြလို့ရအောင် ငါ့အစ်ကိုဦးပြည့်လုပ်သွားခဲ့တာပဲ။ ပြီးတော့မှ အိမ်မှာ ရေးထားတဲ့ အချက် သုံးချက်အတိုင်းအကြံဉာဏ်တောင်းမယ်လေ''
မျက်လုံးတွင်းမှာ ဦးယုဝနဲ့စတွေ့ စ နံရံမှာကပ်ထားသော အချက်သုံးချက်ကို ပြေးမြင်မိသည်။''မိုးခေါင်ပြီးတဲ့နောက်မှာ ငါတို့တစ်ရွာလုံးမိုးပြန်ရွာအောင် အစွမ်းကုန်ကြိုး စားကြတယ်။သစ်ပင်တွေ စိုက်တယ်။ ပိုင်ရာဆိုင်ရာတွေ ကို ပ,
သတယ်။ ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် မိုးရွာမလာ ဘူး။ရေရအောင် ရေတွင်းတွေ တူးကြတယ်။ဘယ်လောက်နက်အောင် တူးတူး ရေထွက်မလာဘူး။နောက်ဆုံးတော့ သစ်ပင်တွေ သေကုန်တာပေါ့။အဲတော့မှ ငါတို့လည်း လက်လျှော့ပြီး သုံးပင်ရွာကို
အလုပ်ပြောင်းလုပ်ကြတာပဲ''
ငြိမ်သက်၍ သာနားထောင်နေမိပါတော့သည်။ စကားပြန်ဆိုဖို့ပင်သတိမရ၊ ကိုးချောင်းရွာ၏ ထူးခြားမှု တွေ က သူ့ကိုတအိအိဆွဲခေါ်နေ၏ ။
''ငါတို့ နည်းလမ်းပေါင်းစုံသုံးပြီးသွားပြီလေ။အဆင်မပြေဘူး။ အဲတော့ ငါ့အစ်ကိုဦးပြည့်ဝကတစ်ရွာလုံးအတွက် ဆောင်ပုဒ်တစ်ခု ရေး တယ်။
အဲဒီ ဆောင်ပုဒ်ကိုတော့ မင်းတွေခဲ့ပြီးသွားပြီလေ။ ဆောင်ပုဒ်ထဲကအတိုင်းပဲ
ရွာကိုရောက်လာ တဲ့ ဧည်သည်တွေ ကို တို့ရွာရဲ့ဒုက္ခကိုပြောပြပြီး အကူအညီတောင်းတယ်။အကြံဉာဏ်တောင်းတယ်။ အခုချိန်ထိတော့
အဆင်မပြေသေးဘူး''ရိုးစစ် နားလည်ခဲ့ပြီ။
မိုးခေါင်ရေရှားလွန်းသော ရွာလေးကိုလည်းစာနာမိသွား၏ ။
''ဒီရွာမှာ နေလို့ မင်းဘာမှမပူနဲ့။ မင်းကိုအန္တရာယ်ပေးမဲ့လူ မရှိဘူး။ ဘာ ဖြစ်လို့လဲဆိုတော့တစ်ရွာလုံးက ဧည့်သည်ရောက်လာရင် သူတို့ရဲ့ဒုက္ခတွေ ကို ကယ်တင်ဖြေရှင်းပေးမဲ့လူလို့ သဘောထားပြီး ဧည့်ဝတ်ကျေ ကြည်ဖြူ ကြလို့ပဲ။ ဦးပြည့်ဝရဲ့ဆောင်ပုဒ်အတိုင်း လိုက်နာတာလည်းပါတာပေါ့''
''သြော် . . . ''
တကယ်ပင် ရွာသားတွေ ရဲ့ ဒုက္ခကိုနားလည်ခံစားသွားသည်။ ဘာမှန်းညာမှန်းမသိ
ရောက်လာသည့် ဧည့်သည်ကိုပင် သူတို့ရဲ့ကယ်တင်ရှင်လို့ မှတ်ယူနေရတဲ့ ဘဝတွေ ပါလား။
''ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ဘုန်းကြီးရှိရင်လည်း မင်းကို ဝမ်းပန်းတသာ ကြို ဆိုမှာ ။အခုတော့ မရှိဘူး။ သုံးပင်ရွာကို ကြွသွားတယ်''
ဘာကြောင့် မှန်းမသိ၊ဘုန်းကြီးကျောင်းတစ်ခုလုံးအားဝေ့ဝဲကြည့်မိလိုက်သည်။
( ၈ )
''ဒါ ကတော့ ငါ့အစ်ကိုလက်ထက်မှာ မှတူးဖော်ခဲ့တဲ့ ရေလှောင်ကန်ပဲ''
ဦးယုဝပြသသော ရေလှောင်ကန်အား ရိုးစစ်လှည့်ပတ်ကြည့်ရှုမိပါသည်။ လှောင်ကန်က
ဆယ့်ငါးပေပတ်လည်လောက် အကျယ်အဝန်းရှိ၍အုတ်တို့ဖြင့် တည်ဆောက်ထားလေသည်။ အနက်ပေတော့ မည် မျှရှိသည် မသိ။
မြေပြင်ပေါ်၌ ပေါင်လယ် မရှိတရှိအမြင့်ရောက်နေပြီး ဓနိမိုးထားလေသည်။ ရိုးစစ်
ငုံ့ကြည့် လိုက်တော့ တည်ငြိမ်နေသော ရေပြင်၌ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသည်။ ရေတို့မှာကြည်လင်နေ ၏ ။
''ဒါ တို့တစ်ရွာလုံးရဲ့ သောက်ရေကန်လို့ပြောရင်လည်း ရတယ်။ မင်းကို လမ်းမှာ ငါပြောလာခဲ့တဲ့ သယ်လာတဲ့ရေတွေခွဲတမ်းနဲ့လာထည့်ရတယ်ဆိုတာ ဒီကန်ပေါ့''
လှောင်ကန်အားခြံစည်းရိုးခတ်ထားသည်ကို ကြည့်ခြင်းအားဖြင့်ထိုရွာအတွက် ဘယ်လောက် ထိအရေး ပါတယ်ဆိုတာခန့်မှန်းမိ၏ ။ ဟုတ်မှာ ပါ၊ ရေရှားလွန်းသော
ကျေးရွာတစ်ရွာအတွက် ဤ ရေလှောင်ကန်ကအသက်တမျှ အရေး ပါ ပါလိမ့်မည် ။
ထိုအခိုက်မှာ ပဲ ဦးယုဝဆီမှသက်ပြင်းချသံတစ်ချက်ကို ကြားရသည်။
တစ်ဆက်တည်း ဆိုသလို . . .
''ဦးသီလ မရှိတော့တဲ့နောက်ပိုင်းမှာဖိုးလက်ဖြူ က ရွာကို တစ်လတိတိ အုပ်ချု ပ်ခဲ့တယ်လေ။ပြီးတော့ သူလည်း ဆုံးသွားခဲ့တယ်။ သူဆုံးသွားတော့
ဆက်ပြီးအုပ်ချု ပ်မဲ့လူက သူ့ညီ ယက္ခပေါ့။ ဒါပေမဲ့ယက္ခက ရွာကို လူကြီးလုပ်ပြီး မအုပ်ချု ပ်ချင်ဘူး။ရွာကိုအုပ်ချု ပ်ဖို့ ငါ့အစ်ကို ဦးပြည့်ဝကိုတာဝန်ပေးတယ်။ သူနဲ့ သူ့အဖွဲ့ ကတော့ရွာပြင်တောင်ကုန်းပေါ်မှာ တဲထိုးပြီး နေတယ်''
ဒီရွာရဲ့ သမိုင်းကြောင်းပဲဆိုတာ သိသည်မို့ရိုးစစ် ငြိမ်ကာ နားထောင်နေမိသည်။ အင်မတန်ကိုစိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတွေ
ပါပဲ။ ဦးယုဝ ရေလှောင်ကန်ကို ကျောမှီကာဆက်ပြောသည်။ (သာမန်လူ တစ်ယောက် အနေနှင့်ရေကန်ကို ကျောမှီ၍ မရ။ ဦးယုဝမှာ အရပ်ပုသည် မို့
ရေကန်အုတ်ပေါင်ကို ကျောမှီ၍ ရသည်။) ''ဒါပေမဲ့သူတို့အဖွဲ့အတွက် တစ်လတစ်ခါ ရိက္ခာပို့ပေးရတယ်။အရင်တုန်းကကိစ္စမရှိပေမဲ့ မိုးခေါင်ပြီးတဲ့နောက်မှာ အခက်အခဲရှိလာတယ်။ အဓိက ကတော့ ရေပြဿနာပဲ။ ငါတို့ကိုယ်တိုင်ကိုက သုံးပင်ရွာကရေကိုခက်ခက်ခဲခဲ သယ်ယူပြီး သုံးနေရတော့ သူတို့အဖွဲ့အတွက် ရေပို့မပေးနိုင်ဘူး။ အဲဒီ မှာ ဒုက္ခတွေ့တော့တာပဲ။ ရေလိုတိုင်း တို့ရွာဆီ ဆင်းပြီးတောင်းတော့တာပဲ''
''ဟာ . . . ဦးတို့ကရောတောင်းတိုင်းပေးလိုက် တာပဲလား''
''ဘယ်ပေးလိမ့်မလဲကွ။ ငါ့အစ်ကိုပြည့်ဝနဲ့
အကြီးအကျယ်ကို ပြဿ နာ ဖြစက်တာပေါ့။ ဒါပေမဲ့ယက္ခက ဖိုးလက်ဖြူ လောက် မကြမ်းတမ်းမရိုင်းစိုင်းဘူးကွ။ ဖိုးလက်ဖြူ ထက်လည်း မြော်မြင်ဉာဏ်
ရှိတယ်။ သူက တို့ရွာကို ပညာပြို င်ဖို့ စိန်ခေါ်တယ်။နိုင်ရင် လိုသလောက်ရေယူမယ်။ ရှုံး ရင်ရေမယူဘူးပေါ့''
''ဘာပညာပြို င်ရမှာ လဲ''
''မျက်လှည့်''
''နောက်ဆုံးတော့
ယက္ခတို့အဖွဲ့ကိုကြောက်ပြီး လက်မခံချင်ပေမဲ့လက်ခံလိုက်ရတာ ပေါ့ကွာ။ ဒါပေမဲ့ ငါ့အစ်ကိုကလိုသလောက် ရေကို မပေးဘူး။ တစ်ခါနိုင်ရင်ရေတစ်စည်ပဲပေးမယ်။ ပြီးတော့ တစ်လမှာ နှစ် ခါပဲပြိုင်ခွင့်ရှိတယ်လို့ တောင်းဆိုတယ်။ အဲလိုမှမဟုတ်ရင်
အကုန်လုံး ရွာပြောင်းတော့ မယ်ဆိုတော့မှလက်ခံတယ်။ အဲ့ဒီနောက်တော့ အမြဲတမ်းလိုလိုတစ်လကို ရေနှစ် စည် ယက္ခတို့အဖွဲ့ ကို ပေးနေရတာ
ပေါ့ကွာ''ဦးယုဝ စကားတွေ အများကြီးပြောလိုက်ရသည်မို့ မောသွားကာ
နှုတ်ဆိတ်သွားသည်။ သူလည်း ရေလှောင်ကန်လေးနှင့်မှိုင်းညို ညို ရွာလေးကိုကြည့်ရင်း သက်ပြင်းလေးလေး ရှိုက်မိ၏ ။ တော် တော့် ကို ဒုက္ခကြီးသော ရွာလေးပါပဲ။တအောင့်ကြာတော့ . . .
''ပြို င်တော့ရော ဦးတို့က အမြဲတမ်းရှုံးတာပဲလား''
''အမြဲတမ်းမဟုတ်ပေမဲ့ အမြဲတမ်းလိုလိုပါပဲ။
ရွာမှာ က ဦးသီလ သင်ထားပေးလို့ တတ်မြောက်ကြတာလေ။ ဦးသီလတောင် ရှုံး ပါတယ်ဆိုတော့မှ . . .
''စကားကိုမဆက်ဘဲ တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ပေမဲ့ နားလည်လိုက်ပါသည်။ ရိုးစစ် သိချင်သော မေးခွန်းတစ်ခုကို မေးလိုက်၏ ။
''ပြို င်တော့ရော ဦးတို့ရွာက ဘယ်သူတွေထွက်ပြို င်လဲ''
''ဒီလိုပါပဲ၊ မခံချင်စိတ်ရှိတဲ့လူတွေ ထွက်ပြိုင်ကြတာပေါ့။ များ တာ ကတော့ ငါ့အစ်ကိုပြည့်ဝ ရယ်၊ငါရယ်၊ ငါ့တို့သူငယ်ချင်း ဖိုးလူရယ်၊ မင်းကို
ခုနကလိုက်ပို့ခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ရယ်၊ ဒီလောက်ပါပဲ''
နားထောင်နေရင်းမှပင် နားမလည်ဖြစ်နေသေးသည်မို့ . . .
''ဒါပေမဲ့ ကျွန်တော် နားမလည်တာကဦးတို့ကတစ်ရွာလုံးတောင်ပဲ။ ဘာလို့ ယက္ခတို့လူ
လေးယောက် ကို ကြောက်နေရတာ လဲ။ ရွာကမောင်းထုတ်ပစ်လိုက်ပါလား''
ဦးယုဝက မခံချိမခံသာပုံစံနဲ့ 'ဟက်' ခနဲတစ်ချက်ရယ်သည်။ ပြီးတော့ မချိပြုံး ဖြင့် သူ့ကိုလှမ်းကြည့်ကာ . . .
''မင်း . . . မှော်တို့၊ ကဝေတို့၊စုန်းတို့ဆိုတာကို ကြားဖူးလား''
''ကြားဖူးတယ်''မချိပြုံး လျက်မှ ဦးယုဝ ခေါင်းကိုညိတ်ကာ . .
.
''ယက္ခ အဲ့ဒီပညာတွေတတ်တယ်ဆိုတာသာသိရင် ခုနမေးခွန်းမျိုး မင်းမေးမှာ
မဟုတ်ဘူး''သူကလည်း တစ်ခွန်းပင် ပြန်ဆိုမိသည်။
''ဟုတ်ရဲ့ လား ဦးလေးရယ်''ပြောလည်း ပြော၊ လက်ကလည်း ဦးယုဝ
လက်မောင်းတစ်ဖက်ကို အမှတ်မထင် ဆုပ်ကိုင်
လိုက်တော့ . . .လူကဓာတ်လိုက်သလို တုန်ခါသွားသည်
ထင်မိ၏ ။ ပြီးတော့ စိတ်ထဲမှ စကားတစ်ခွန်းကို လည်း
ဆိုမိသည်။ ''သူပြောတာ အမှန်တွေ ပဲ''
 ( ၉ ) 
မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေ ရဲ့
အလင်းကိုဖုံးကာ ကားစွင့်စွင့် လမင်းကြီးက ထိန်ထိန်
သာနေသည်။ လရောင် ဆမ်းသော ညကောင်းကင်က
မြင်ရသူ၏ စိတ်ကို တစ်မျိုးတစ်မည် ကြည်နူးစေ
ပါသည်။
ခပ်ဝေးဝေးဆီမှ အသံဗလံတွေ ကိုလည်း
တိုးတိုးရီရီ ကြားနေရ၏ ။ ဦးယုဝပြောသလိုပင် သုံးပင်
ရွာသို့ အလုပ်သွားလုပ်နေကြသော ရွာသူ/သားတွေ
ပြန်လာကာ ချက်ပြု တ်စားသောက်နေကြခြင်း
ဖြစ်သည်။ ကြားနေရသော ထိုအသံတွေ က
ဒီကိုးချောင်းရွာ၏ ပုံမှန်ညနေခင်းဂီတသံတွေ
ဖြစ်ပုံရလေ သည်။
သြော် . . . ပင်ပန်းနေသူတို့မှာ တော့
ရှားပါးသော ညအရသာကို ဘယ်မှာ လာခံစားခွင့်ရမှာ
ပါလိမ့်။ ခြောက်နှစ် တိတိ မိုးမရွာခဲ့ပေမဲ့
ဆွတ်ပျံ့ပျံ့ညလေအေး ကတော့ တဖြူး ဖြူး
တိုက်ခတ်လျက် ရှိနေပါသည်။
တစ်ယောက် တည်း ကွပ်ပျစ်ပေါ်ထိုင်ရင်း
ကောင်းကင်ကြီးအား မော့ကြည့်ကာ တောင်တောင်
အီအီ တွေးတောလျက် ရှိနေသည်။
သူတွေ နေသည်ကား
ဤကိုးချောင်းရွာအကြောင်း . . .
လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းသော
ကျေးရွာတစ်ခု ဖြစ်သလို ဆန်းပြားလွန်းသော
ရွာတစ်ရွာ လည်း ဖြစ်သည်။ ခြောက်နှစ် တိတိ
မိုးခေါင်ခဲ့သည်တဲ့။ ကျိန်စာတိုက်ခံထားရသည်တဲ့။
မိုးမရွာသည်က တော့ သူ့ကိုယ်တွေ့ ပဲ ဖြစ်သည်။
ပြီးတော့ ဘုန်းကြီးကျောင်းနံရံမှတပေါင်။ ကြိုး
စားပမ်းစား အဖြေရှာ နေသော သုံးပုံပဟေဠိ။
လွန်ခဲ့သော ခြောက်နှစ် ကျော်က
သက်တော် ရှည်ဘုန်းကြီးတစ်ပါး ကြွလာခဲ့သည်တဲ့။ ထို
ဘုန်းကြီးကပင် တပေါင်ကိုရေး ပြီး
သုံးပုံပဟေဠိပေါ်တဲ့နေ့က မင်းတို့ရွာကြီး
အသစ်ကပြန်စမဲ့နေ့ပဲလို့ ပြောခဲ့သည်တဲ့။
ကြောက်စရာဟောကိန်းတွေ ပါပဲ။
ထိုစဉ်တုန်းက ဘုန်းကြီးပြောခဲ့တာတွေ ကို
ဘာမှန်းမသိပေမဲ့ ယခုတော့ လက်တွေ့ ခံစားနေရပါပြီ။
အတွေးထဲမှာ ပင် ဦးယုဝပြောပြခဲ့သော ကိုးချောင်းရွာ
သမိုင်း ကြောင်းက တရစ်ဝဲဝဲ ဝင်ရောက်လာပြန်၏ ။
''သက်တော် ရှည်ဘုန်းကြီးထွက်သွားပြီး
မကြာခင်မှာ ရွာသို့ ဖိုးလက်ဖြူ ဦးဆောင်သော
မျက်လှည့်အဖွဲ့ ရောက်လာသည်။ ဖိုးလက်ဖြူ က
ဒီရွာကိုသဘောကျပြီး အုပ်ချု ပ်ဖို့ပြောသည်။
လက်မခံနိုင်၍ ဦးသီလနှင့် ဖိုးလက်ဖြူ တို့ ပညာပြို
င်ကြသည်။ ဦးသီလ ရှုံး ပြီး ရွာကပျောက်သွားသည်။
ဒါကို တစ်ရွာလုံးက ဦးသီလ သေသွားတာလို့
မှတ်ယူကြသည်။
ဖိုးလက်ဖြူ ကတော့ မျက်စိတစ်ဖက်ကန်းပြီး
နောက်တစ်လလောက်အကြာမှာ သေသွားသည်။
မသေခင်မှာ သူ့မျက်လုံးတစ်ဖက်ကမ်းသွားတာကို ငြိုး
ပြီး ရွာကို ကျိန်စာတိုက်သွားခဲ့သည်။ ထိုကျိန်စာ ကြောင့်
ပဲ ရွာမှာ မိုးခေါင်ခဲ့ရသည်။
အဲဒီ နောက်မှာ ရွာကိုအုပ်ချု ပ်ဖို့ ဖိုးလက်ဖြူ
ညီ ယက္ခ ဖြစ်လာသည်။ ယက္ခက ရွာကို မအုပ်ချု ပ်၊
ဦးပြည့်ဝကိုလွှဲပေးပြီး သူ ကတော့
ရွာပြင်တောင်ကုန်းပေါ်မှာ တဲထိုးနေသည်။
ယက္ခတို့အဖွဲ့အတွက် ရွာက လစဉ်စားနပ်ရိက္ခာ
ထောက်ပံ့ပေးရသည်။
အဲ့ဒီမှာ ပြဿ နာ ဖြစက်လာသည်က 'ရေ'။
မိုးခေါင်လွန်းတဲ့အတွက် ဦးပြည့်ဝက
တစ်ရွာလုံးရဲ့ သောက်သုံးရေအ ဖြစ် ရေလှောင်ကန်
တစ်ကန်တူးသည်။ ပြီးတော့ သုံးပင်ရွာက
ရေကိုသယ်ပြီး လှောင်ကန်ထဲထည့်သည်။ ထိုရေကို
ယက္ခကတောင်းသည်။ လွယ်လွယ်နဲ့မရတော့
မျက်လှည့်ပညာပြို င်ပြီး ရေကို ယူသည်။
ရွာမှာ လည်း ယက္ခကိုနိုင်အောင်
ယှဉ်နိုင်တဲ့သူ မရှိတဲ့အတွက် ယက္ခသဘောအတိုင်းပဲ
ဖြစ်နေ ရသည်။ ဒီကိုးချောင်းရွာရဲ့
သမိုင်းကြောင်းအကျဉ်းချု ပ်မှာ ဒါပဲ ဖြစ်၏ ။
အမှန်ဆုံးပြောရလျှင်တော့
သူရောက်ရှိနေရာရွာသည် စိတ်ဝင်စားဖွယ်၊
စိုးရွံ့ထိတ်လန့်ဖွယ် တွေ ပြည့်နှက်နေသော
ရွာတစ်ရွာပါပဲ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ မတင်မကျ
ဖြစ်နေသော အကြောင်းအရာ တွေ လည်း
ရှိနေသေးပါသည်။ အဲဒါက . . .
ယက္ခတို့လူစု ဘာကြောင့် ဒီရွာမှာ
ဆက်နေနေတာလဲ။ အစ်ကိုလည်းရှိတော့တာမဟုတ်၊
ရွာကို ကိုယ်တိုင်အုပ်ချု ပ်တာလည်း မဟုတ်။ ဒီလောက်
မိုးခေါင်ရေရှားပြီး ဒုက္ခများ နေတာတောင် ဘာကြောင့်
ပါလဲ။
လောလောဆယ်တွေးမိတာ ကတော့
စားပေါက်ချောင်လို့သာ ဆက်လက်နေထိုင်ခြင်း ဖြစ်ပါ
လိမ့်မည် ။ ပြီးတော့ ဦးသီလ သေသွားတယ်ဆိုတာရော
ဟုတ်ရဲ့ လား။ သေသွားတာမှန်လျှင် လူ တစ်ယောက်
ကို သေအောင်ပြု စားနိုင်သော ပညာအတိမ်အနက်က
မည် မျှထိရှိနေမလဲ။
ထိုပုဂ္ဂို လ်မျိုး တိုက်သွားတဲ့ကျိန်စာကို
လွယ်လွယ်ကူကူ ချေဖျက်လို့ ရနိုင်ပါမည် လား။ တော်
တော် ခက်ခဲသော ကိစ္စတစ်ရပ် ဖြစ်ပါသည်။
ထိုစဉ်မှာ ပင် မျက်လုံးထဲမှာ လူတစ်ဦး၏
ရုပ်ပုံက ပေါ်လွင်လာသည်။ မြင်ယောင်မိလျှင်ပဲ
ရင်တစ်ချက် ဒိန်းခနဲ ဆောင့်ခုန်သွားသည်။ ဒီရွာမှာ
စိတ်ဝင်စားဖွယ်အကောင်းဆုံး ပုဂ္ဂို လ်လေး . . .
နာမည် က နှစ် လုံးထဲပါ။ 'အီလစ်'
ထိုအခိုက် နီးကပ်လာသော
ခြေသံတရှပ်ရှပ်ကို ကြားရသည်ကြောင့်
လှည့်ကြည့်လိုက်တော့
. . .
''ဘာတွေ တွေးနေတာလဲကွ''
ရေနွေးကရားအိုးတစ်လုံးနှင့် ခွက်နှစ်
ခွက်အား ကွပ်ပျစ်ပေါ်ချရင်း ဦးယုဝ မေးသည်။ ရိုးစစ်
ကိုယ်ကိုပြင်ထိုင်ကာ . . .
''ဘာရယ်မဟုတ်ပါဘူး၊
ဦးတို့ရွာနဲ့ပတ်သက်ပြီး မရှင်းတာလေးတွေ တွေ
းကြည့်နေတာပါ''
''အဟား . . . ဟုတ်လှချည်လား''
ဦးယုဝက ပေါ့ပေါ့ပါးပါးဆိုရင်း ကွပ်ပျစ်ပေါ်
တက်ထိုင်သည်။ ပြီးတော့ ယူလာသော ခွက်နှစ်
ခွက်တွင်းသို့ ရေနွေးလောင်းထည့်နေ၏ ။ လရောင် နှင့်
ဖြစ်ပေမဲ့ ရှင်းရှင်းလင်းလင်း မြင်နေရ သည်မို့
ဦးယုဝလုပ်ကိုင်ပုံတွေ ကို ဘာရယ်မဟုတ်
ငေးကြည့်နေမိသည်။ ခွက်တွင်းမှ ရေနွေးငွေ့တွေ
အပြင်သို့ လျှံကာထွက်နေ၏ ။
''ဘာတွေ မရှင်းမလင်း ဖြစ်နေလို့လဲ''
''မရှင်းဘူးဆိုတာထက်စာရင် လူ
တစ်ယောက် အကြောင်းကို ပိုသိချင်တာ''
''ဘယ်သူလဲ . . . ''
''အီလစ် . . . ''
စကားစက တိုင်ပင်မထားပါဘဲ
ပြတ်တောက်သွားသည်။ ရိုးစစ် ကြည့်မိတော့ ဦးယုဝက
လရောင် ထိုးကျနေသော ရွာလေးဆီ
ငေးသွားလေသည်။ အတန်ကြာသည်ထိ မည်
သူ့ဆီကမှ စကား သံထွက်မလာ။
''အင်း . . . ဒီကလေးလေးဘဝက
သနားစရာပါ''
သူသိပါသည်။ စတွေ့ စဉ်ကပင် အီလစ်နှင့်
ပတ်သက်ပြီး ရိုးစစ် သိတန်သလောက် သိခဲ့သည်။
ဒါပေမဲ့ သူ ထပ်သိချင်နေသည်။
''အမှန်အတိုင်းပြောရရင်တော့ အီလစ်က
ဒီရွာက မဟုတ်ဘူး။ ဘယ်ကမှန်းလည်း မသိဘူး။
ဘယ်သူမွေးမှန်းလည်း မသိဘူး။ သူ့ကို သင်္ချို င်းက
ကောက်ရခဲ့တာ။ သင်္ချို င်းကကောက်ရလို့ ဦးသီလ
မွေးစားခဲ့တာပဲ။ ဦးသီလက အဲ့ဒီကလေးလေးကို
အရမ်းချစ်တယ်။ အီလစ်ဆိုတဲ့နာမည် ကိုလည်း သူပဲ
ပေးခဲ့တာ''
...
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၄ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။

Related Posts