သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၇ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၇ )
…….

 မည် မျှကြာသွားသည်မသိလိုက်
နောက်ဖက်မှ အီလစ်၏ စကားသံက သူ့ကို
လှုပ်နှိုးလိုက်သည်။
''ဟုတ်မယ်ဗျ . . . ဒီနေရာလေးက တော်
တော် ထူးဆန်းတယ်။ ဖိုးလက်ဖြူ ကိုယ်တိုင်
ဆိုင်းဘုတ်စိုက်သွားလို့လားတော့ မသိဘူး''
''ဘာ ဖြစ်တယ်''
ကြားလိုက်ရသော စကားကြောင့်
နောက်လှည့်ကာ မေးလိုက်စဉ် . . .
''အရင်တုန်းက ရွာဆိုင်းဘုတ်က
ဒီလိုမဟုတ်ဘူး။ ခြေထောက်တစ်ချောင်းတည်း။ ဒါက
ဖိုးလက်ဖြူ မသေခင် ပြန်စိုက်သွားတဲ့ ဆိုင်းဘုတ်လေ''
''ဟုတ်လား''
ခြေနှစ်
ချောင်းထောက်ဆိုင်းဘုတ်ကိုကြည့်ရင်း ဆိုမိသည်။
ဒါကြောင့် လည်း ဆိုင်းဘုတ်က ကြံ့ကြံ့ခိုင်ခိုင်
ရှိနေသေးတာကိုးဟုလည်း တွေ့ မိ၏ ။ ကောင်းပါသည်
ခြေနှစ် ချောင်းစိုက်ထားတော့ ပိုခိုင်တာပေါ့။
ကိုယ့်အတွေးနှင့် ကိုယ်တွေးရင်း
ဆိုင်းဘုတ်ဆီ လျှောက်လှမ်းသွားလိုက်တော့ အီလစ်က
ချိုင့် ကိုပင် အဖုံးပြန်ဖုံးနေပါပြီ။ စားလို့ပြီးသွားပြီထင်၏
။ ထိုစဉ်မှာ ပဲ . . .
''ကျွန်တော့် ကိုလည်း ခင်ဗျားလို
မျက်လှည့်ပြတတ်အောင် သင်ပေးပါလားဗျာ။ မနေ့က
ခင်ဗျား အုတ်နံရံ ဟိုဘက်နဲ့ ဒီဘက်ကိုကူးပြတာ တော်
တော် မိုက်တယ်''
ကောင်လေးစကားကြောင့် . . .
''မသင်ပါနဲ့ဦးကွာ၊ ငယ်ပါသေးတယ်။
ကြီးလာတော့သင်ပေါ့''
''ကျွန်တော် ကြီးလာလို့ ခင်ဗျား ဒီရွာမှာ
မရှိတော့ရင် ဘယ်လိုလုပ်မလဲ''
''အဲတော့လည်း မသင်ရုံပေါ့။ ဒီမှာ
ကောင်လေး မင်းကို ငါတစ်ခုပြောပြမယ်။
နေရာတိုင်းမှာ တော် ဖို့ မကြိုး စားနဲ့။ အရာအားလုံးမှာ
တော် တာ ဘုရားသခင်ပဲရှိတယ်။ လူ တစ်ယောက်
အနေနဲ့ အရာ အားလုံးမှာ တော် ဖို့ကြိုး စားရင်း
မင်းလက်ရှိတော် နေတာတွေ ပါ အရောင်
မှိန်သွားလိမ့်မယ်''
ကောင်လေးက နားမလည်သလို
မော့ကြည့်၏ ။
''မင်းအခု သင်္ချာမှာ တော် တယ်မလား။
မင်းတော် နေတာကိုသာ ဆက်ပြီးတိုးအောင်လုပ်၊
နောက်တစ်ခုကို မစဉ်းစားနဲ့။ နောက်တစ်ခု
စဉ်းစားလိုက်တာနဲ့ မင်းဦးနှောက်က သူ့အတွက်
နေရာခွဲ ပေးလိုက် ရပြီ။ ပထမတစ်ခုကို
မင်းအပြည့်အဝလုပ်နိုင်မှာ မဟုတ်တော့ဘူး။
တစ်ခုတော့ရှိတာပေါ့ကွာ။ ပါရမီရှင်တွေ ကိုတော့
ငါမဆိုလိုပါဘူး''
ကောင်လေး တွေ တွေ ငေးငေး
နားထောင်နေရာမှ သူ့ကိုသေချာကြည့်ကာ . . .
''ကျွန်တော် သိပ်တော့နားမလည်ဘူး၊
ဒါပေမဲ့ သေချာမှတ်ထားပါမယ်''
ရိုးစစ် အပြုံး တစ်ခုဖြင့် သာ
ခေါင်းညိတ်မိပါတော့သည်။ ပြီးတော့ သူ
အရမ်းသိချင်နေသော အကြောင်းအရာတစ်ခုကိုလည်း
အစပျိုးလိုက်သည်။
''မင်းက ယက္ခတို့တဲကို
ညတိုင်းသွားအိပ်နေတာဆိုတော့
ငါ့လွယ်အိတ်နဲ့ပတ်သက်ပြီးတော့ များ
သတင်းအစအနလေး မရဘူးလား''
''ခင်ဗျားလွယ်အိတ်ထဲမှာ ဘာပါသွားလို့လဲ''
''ငါလိုက်ရှာနေတဲ့ လူ တစ်ယောက် ရဲ့
ဓာတ်ပုံရယ်၊ မြေအိုးလေးတစ်အိုးရယ်ပါပဲ။
သူတို့အတွက် ဘာမှအသုံးဝင်မှာ မဟုတ်ပါဘူး''
ကောင်လေးက ဝေဝေဝါးဝါး ကြည့်သည်။
ပြီးတော့ ခေါင်းကိုအသာရမ်း၍ . . .
''အဲဒါတွေ နဲ့ပတ်သက်ပြီး ကျွန်တော်
ဘာမှမသိဘူး။ ကျွန်တော့် အလုပ်က ယက္ခကို ခြေဆုပ်
လက်နယ် နင်းနှိပ်ပေးဖို့ရယ်၊ အိပ်ဖို့ရယ်ပဲ။
အိပ်တော့လည်း စောညို တို့နဲ့အိပ်ရတာ ။ ယက္ခက သူ့
အခန်းထဲမှာ နေတာ။ အပြင်လည်း
သိပ်ထွက်တာမဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း စကား
သိပ်မပြော ဘူး။ ကျွန်တော် သိတာတော့ အဲလောက်ပဲ။
ကျန်တာတွေ ဘာမှမသိဘူး။ သူတို့ကလည်း
ပေးမသိဘူး . . .''
ဟုတ်လောက်ပါသည်။ ရိုးစစ်
သက်ပြင်းသာချမိတော့၏ ။ ဒါပေမဲ့ . . .
''မင်းသိတာ တစ်ခုတော့ရှိပါတယ်။ ယက္ခ
ဘယ်လိုပုံစံရှိလဲ''
ဒီတစ်ခါတော့ သိနေသည်မို့ ကောင်လေးက
ခပ်သွက်သွက်ပင် အဖြေပေးသည်။
''ဆံပင်ရှည်တယ်၊ မုတ်ဆိတ်မွေး၊ ပါးပြို
င်းမွေးတွေ နဲ့ မျက်နှာက အမြဲတမ်း မာကျောနေတာ''
သူတွေးထင်ထားသလိုပါပဲ။ ဒီလိုလူမျု
ိးအများ စုရဲ့ ပုံစံက ထိုအတိုင်းပင်
ရှိတတ်ကြသည်မဟုတ် ပါလား။
''ကဲ . . .အဲဒါဆိုလည်း ထားလိုက်ပါတော့။ ငါ
ဆရာတော် ဘုန်းကြီးကိုသွားတွေ့ မလို့။ ဘုန်းကြီး
ကျောင်းဘက် သွားလိုက်ဦးမယ်''
''ဟုတ်လား၊ ကျွန်တော် လည်း လိုက်ခဲ့မယ်။
ဒီစာအုပ် သွားပေးမလို့''
ထို့နောက်တော့ သူတို့နှစ် ဦး
ဘုန်းကြီးကျောင်းရှိရာဘက် ထွက်ခဲ့တော့သည်။ အီလစ်
ကတော့ ထုံးစံအတိုင်းပင် ရွာထဲခိုးဝင်လာတာ
ဖြစ်သည့်အတွက် မလုံမလဲဖြင့် ပါလာသည်။
သူ့မြင်းကြီးကိုတော့ နေရာမှာ ပင်ထားခဲ့၏ ။
ဘုန်းကြီးကျောင်းရောက်လာတော့ . . .
အရင်ဆုံေးတွ့ရသည်က သုံးပုံပဟေဠိအား
အသည်းအသန် ရွေ့နေသော ဘုန်းကြီးတစ်ပါးကို ပါပဲ။
အနီးအနားမှာ လည်း မည် သူမျှမတွေ့ ၊
မတတ်သာသည်မို့ . . .
''အရှင်ဘုရား . . . ဆရာတော် ဘယ်မှာ
ရှိသလဲမသိဘူး''
''စာကြည့်တိုက်ထဲမှာ ရှိတယ်''
တုံးတိတိ အဖြေစကားတစ်ခွန်း
ထိုဘုန်းကြီးဆီမှ ထွက်လာသည်။ အီလစ်က
ဘာမျှမဖြေတော့ ဘဲ အဆောင်တစ်ခုထဲကို ချု
ိးကွေ့ဝင်သွား၏ ။ သူ ကတော့
အီလစ်ဦးဆောင်ရာနောက်ကိုသာ လိုက်
သွားလိုက်သည်။ သူမှ စာကြည့်တိုက်ကို မသိသည်ပဲ။
တကယ့်တကယ်သိရတော့
စာကြည့်တိုက်မှာ ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်ခြမ်း
တစ်ခေါ် လောက်နေရာတွင် ရှိနေသည်။
တံခါးဖွင့်ထားသည့်အတွက် သူတို့ဝင်သွားလိုက်သည်။
အထဲရောက်တော့
ဝင်ပေါက်ကိုကျောပေးကာ စာထိုင်ဖတ်နေသော
ဘုန်းကြီးတစ်ပါးကို တွေ့ ရ ပါသည်။ အီလစ်က . . .
''ဆရာတော် ဘုရား''
ခေါ်သံကြောင့် နောက်ဘက်သို့
လှည့်လာသည်။ ပြီး . . . သူ့ကိုတွေ့ တော့ . . .
''သြော် . . . ရိုးစစ်ဆိုတဲ့
ဒကာလေးမှတ်တယ်''
တည်ငြိမ်အေးချမ်းစွာ ထွက်လာသော
စကားသံတစ်သံကို ကြားလိုက်ရ၏ ။ ဆရာတော်
ဘုန်းကြီးရဲ့ ဥပဓိရုပ်မှာ လေးနက်တည်ကြည်နေသည်။
သက်တော် မှာ (၅၀) ဝန်းကျင်လောက်ရှိမည် ဟု
ခန့်မှန်းမိသည်။
''မှန်ပါ့ဘုရား၊ ဆရာတော့်ကို လာဖူးတာပါ''
ဒူးထောက်ထိုင်ကာ ဦးသုံးကြိမ်ချ
ရှိခိုးကန်တော့လိုက်ပါသည်။ ထိုအချိန်မှာ ပင်
အတူပါလာသူ အီလစ် ကတော့ စာအုပ်စင်များ
ရှိရာဘက် လျှောက်လှမ်းသွားပြီ ဖြစ်သည်။
စာကြည့်တိုက်မှာ ရွာနှင့် မလိုက်စွာ စာအုပ်တွေ တော်
တော် များများ ရှိကြောင်း တွေ့ ရသည်။
ရိုးစစ် ကန်တော့ပြီးချိန်၌ . . .
''ဘုန်းကြီး သုံးပင်ရွာကြွသွားတာ
တစ်ပတ်တင်းတင်းပြည့်တော့မယ်၊
မောင်ရင်လေးသတင်း ကြားတာနဲ့ ရွာကို
ပြန်ကြွလာတာ''
''ဘာသတင်းတွေ များ ကြားလို့လဲဘုရား''
သူ အံ့သြစွာ မေးလိုက်တော့ . . .
''ဘုန်းကြီးတို့ရွာအတွက်
အားရှိစရာသတင်းတွေ ပေါ့။ မောင်ရင်လေး
ဘယ်လောက် တော် ကြောင်း၊ စောညို ကို
ဘယ်လိုအနိုင်ယူလိုက်ကြောင်းတွေ စုံလို့ပါပဲ။
ဘုန်းကြီးက အသက်ကြီးလှပြီ ထင်နေတာ။ တော်
တော် ငယ်သေးတာပဲ။ ဒီလောက်
အသက်အရွယ်လေးနဲ့ ဒီပညာတွေ တတ်ထား တာ
မယုံနိုင်စရာပဲ။ ဘုန်းကြီးတော့ မမြင်လိုက်ရဘူး။
မနေ့ကလည်း အုတ်နံရံကိုဖောက်ပြီး
လမ်းလျှောက်ပြတယ်ဆို ဟုတ်လား''
သူ ပါးပါးလျလျသာ ပြုံး လိုက်ပါသည်။
''တပည့်တော် အမေကိုယ်တိုင်
သင်ပေးခဲ့တဲ့ပညာတွေ ပါ။ အုတ်နံရံကိုဖောက်ပြီး
လမ်းလျှောက် တယ်ဆိုတာကလည်း တပည့်တော်
ကိုယ်ပိုင်ပြကွက် မဟုတ်ပါဘူး။
ကမ္ဘာကျော်မျက်လှည့်ဆရာကြီး တွေ ဖြစ်တဲ့
ဟယ်လီဟောင်ဒနီ (Harry Houdini) ၊ လက်ဖာယက်
(Lafa yette) ၊ ချန်လင်စူး (Chung Ling Soo) နဲ့
ရောဘင်ဆင် (Robinson) တို့ ပြသဖူးတယ်။
နောက်ပိုင်းမှာ ဒေးဗစ်ကောဗား ဖီးလ်လည်း
ပြသွားဖူးပါတယ်။ အဲဒီ နည်းကိုပဲ တပည့်တော် အသုံးပြု
ခဲ့တာပါ''
သူ့စကားဆုံးတော့ ဆရာတော် က
ကျေနပ်သလို ခေါင်းတဆတ်ဆတ်ညိတ်ကာ . . .
''အေးလေ . . . ဘာပဲ ဖြစ် ဖြစ်ပေါ့။
မောင်ရင့်လို လူငယ် တစ်ယောက် ဘုန်းကြီးတို့ရွာကို
ရောက် လာတာ ဝမ်းသာစရာပဲ။ ဘုန်းကြီးတို့ရွာကို
ရောက်လာရတဲ့ ရည်ရွယ်ချက်ကိုရော အပန်းမကြီးရင်
သိလို့ရမလား။ တစ်ဦးမှာ စေတနာ၊ တစ်ဦးမှာ
မေတ္တာပေါ့ကွာ . . . ။ ဘုန်းကြီးတို့ ကူညီလို့ရရင်လည်း
ကူညီရအောင်''
ရိုးစစ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
မျက်လုံးတွင်းမှာ လည်း အိတ်တစ်လုံးနှင့် ဓာတ်ပုံ
လေးတစ်ပုံကိ ပြေးမြင်မိရင်း . . .
''တပည့်တော် လူ တစ်ယောက် ကို
လာရှာတာပါ။ ဒါပေမဲ့ အဲ့ဒီလူဓာတ်ပုံပါတဲ့လွယ်အိတ်က
တစ်နေ့ကတင်ပျောက်သွားတယ်''
ဟုအစချီကာ ဖြစ်ကြောင်းကုန်စင်ကို
ပြောပြလိုက်တော့ . . .
ဆရာတော် ဘုန်းကြီးရဲ့ မျက်နှာမှာ မခံချင်မှု
ဒေါသအရိပ်အယောင်တွေ တမုဟုတ်ချင်း
ဖြစ်ထွန်းသွားပြီး . . .
''ယုတ်ညံ့လိုက်ကြတာ၊ သူတို့ရှုံး တာနဲ့ပဲ
လွယ်အိတ်ကို ခိုးယူသွားစရာလား၊ စောညို ယူသွား
တယ်ဆိုတာရော သေချာရဲ့ လား''
''ဒါ စောညို လက်ကိုင်ပဝါလို့တော့
အီလစ်က ပြောတာပဲ''
လက်းကိုင်ပဝါလေးကို ဆရာတော်
ဘုန်းကြီးအား ထုတ်ပြလိုက်သည်။ အီလစ်ကိုပါ
သတိတရ ရှာကြည့်လိုက်တော့
စာအုပ်စင်တစ်ခုဘေးတွင် စာထိုင်ဖတ်နေသည်ကို တွေ
့ရ၏ ။
''သိပ်လည်း စိတ်မပူပါနဲ့။
ဘုန်းကြီးကူညီနိုင်တာ တစ်ခုတော့ရှိတယ်။
ပျောက်သွားတဲ့ မောင်ရင့်လွယ်အိတ် ဘယ်နေရာမှာ
ရှိနေတယ်ဆိုတာကို ဘုန်းကြီးပြောပြနိုင်တယ်ဆိုရင်
လက်ခံမှာ လား''
ရင်တစ်ချက် ဒိုင်းခနဲခုန်သွားကာ
မျှော်လင့်ချက်တွေ တသီတသန်းကြီး ဖြစ်ထွန်းသွား၏ ။
သိချင်စိတ်တွေ ဖြင့် ဆရာတော် ဘုန်းကြီးကို
လှမ်းကြည့်လိုက်တော့ . . .
''ဘုန်းကြီးဆီမှာ ပျောက်သွားတဲ့ပစ္စည်း
ဘယ်နေရာမှာ ရှိတယ်ဆိုတာကို အတိအကျ ဟောလို့
ရတဲ့နည်းတစ်နည်း ရှိတယ်။ မောင်ရင်
စိတ်ဝင်စားတယ်ဆိုရင်တော့
ဘုန်းကြီးကူညီပေးလို့ရပါတယ်''
သူ မဆိုင်းမတွပင်
ပြန်လည်ဖြေကြားလိုက်သည်။
''တပည့်တော် သိချင်ပါတယ်ဘုရား''
''အိမ်း . . . အဲဒါဆိုခဏစောင့်''
ပြောပြီး ဆရာတော် ဘုန်းကြီးမှာ
စာအုပ်စင်နောက်ဘက်သို့ ဝင် သွားပါသည်။
အတန်ကြာ တော့ ကျောက်သင်ပုန်းတစ်ချပ်နှင့်
ကျောက်တံတစ်ချောင်းကိုကိုင်ကာ ပြန်ထွက်လာပြီး
ရိုးစစ်ကို လှမ်းပေးကာ . . .
''ရော့ . . . ဘုန်းကြီးပြောတာကိုလိုက်ရေး ''
ဘာမှန်းမသိ တက်ကြွလာသော စိတ်တွေ
နှင့် အတူ ရိုးစစ် ကျောက်တံကို ကောက်ကိုင်လိုက်
သည်။ ထိုစဉ်မှာ ပဲ . . .
''၁ က ၉ အတွင်း မောင်ရင်ကြို က်တဲ့
ဂဏန်းတစ်လုံးကို ချရေး လိုက်''
ရိုးစစ်ချရေး လိုက်ပါသည် 'တစ်'။
''ပြီးရင် ပျောက်သွားတဲ့နေ့က ဘယ်နေ့လဲ။
အဲဒီ နေ့ဂဏန်းကိုထည့်ပေါင်း ရတဲ့ရလဒ်မှာ ပစ္စည်း
ပျောက်သူရဲ့ မွေးနံဂဏန်းကိုပါ ပေါင်းလိုက်''
ရိုးစစ် ဂဏန်းနှစ် လုံးချရေး လိုက်သည်။
ပစ္စည်းပျောက်သွားတာ သော ကြာနေ့၊ သော ကြာ
ဂဏန်းက 'ခြောက်'။
သူ့မွေးနံက ကြာသပတေးဆိုတော့ 'ငါး'။
''မောင်ရင့်အသက်ကိုလည်း ထည့်ပေါင်း၊
ပြီးရင် ထပ်တိုးကိန်းအနေနဲ့ 'သုံး' ဂဏန်းကိုလည်း
ထည့်ပေါင်းလိုက် စုစုပေါင်း ဘယ်လောက်ရလဲ''
''သုံးဆယ့်ရှစ် (၃၈)''
သူ့ဖြေသံဆုံးတော့ ဆရာတော် က
မျက်လုံးမှိတ်စင်းကာ ငြိမ်သက်သွားသည်။ မျက်လုံး
မှိတ်ထားလျက်မှပင် တစ်လုံးချင်းထွက်ကျလာ၏ ။
''(၃၈) ရတယ်ဆိုရင်တော့
မောင်ရင့်လွယ်အိတ်က သေတ္တာ၊ ဒါမှမဟုတ်ရင် နှစ်
ဖက်ဖွင့်လို့ရတဲ့ ဗီရိုထဲမှာ ရှိနေတယ်''
ဆရာတော့် စကား ဆုံးသွားစဉ်မှာ တော့
ရိုးစစ် ရင်အခုန်ကြီး ခုန်သွားရတော့သည်။
''နှစ် ဖက်ဖွင့်လို့ရတဲ့ဗီရို''
မျက်လှည့်ပညာရှင် တစ်ယောက် အနေနဲ့
ထိုအရာတွေ က မရှိမ ဖြစ်ပါ။ ဟိုတစ်နေ့ကပင် ထို
သေတ္တာမျိုးထဲသို့ အီလစ်ကိုထည့်ပြီး စောညို
ပြသသွားသေး၏ ။ ယက္ခဆီမှာ ထိုသေတ္တာမျိုး ဘယ်
နှလုံးလောက်ရှိနိုင်မလဲ။ ထိုအထဲက တစ်လုံးလုံးမှာ
တော့ . . .
''တကယ် ရှိ မရှိဆိုတာတော့
ကိုယ်တိုင်ရှာကြည့်မှ သိမှာ ပေါ့လေ။
ဘုန်းကြီးသုံးလာသမျှတော့ အခုချိန်ထိ
ဒီနည်းမှန်နေတုန်းပဲ''
ရိုးစစ် စိတ်ဝင်စားသွားရပါပြီ။
''အဲဒါကို ဘာနည်းလို့ခေါ်ပါသလဲဘုရား''
''ဘုန်းကြီးပေးထားတဲ့နာမည် ကတော့
'ပစ္စည်းပျောက်ရှာပုံတော် ' တဲ့''
''တပည့်တော် သိခွင့်ရှိမလားဘုရား၊
ကိုယ့်အတွက်တင်မဟုတ်ဘူး။ ရောက်လေရာမှာ တခြား
သူတွေ ကိုလည်း ကူညီလို့ရတာ ပေါ့''
ဆရာတော် ဘုန်းကြီး အနည်းငယ်
တုံ့ဆိုင်းသွားကို တွေ့ ရသည်။ ပေးသင့် မပေးသင့်
စဉ်းစား သွားပုံရပါ၏ ။ အတန်ကြာမှ . . .
''အေးလေ . . .
ကူညီတာတော့ကောင်းပါတယ်။ ဘုန်းကြီးပေးလိုက်
တာပေါ့။ လိုက်မှတ်ထား ချည်''
ထို့နောက်တော့ . . .
(စကားပြောနှင့် ရေး ပါက ဖတ်ရတာ
အဆင်မပြေ ဖြစ်နိုင်သည့်အတွက်
ဘုန်းကြီးပြောပြသမျှကို ရိုးစစ် လိုက်မှတ်သည့်သဘော
ရေး ပြလိုက်ပါသည်။)




(ပစ္စည်းပျောက်ရှာပုံတော် နည်းအား မည်
သူမဆို အသုံးပြု နိုင်ပါသည်။)
(စာရေး သူ)
*
( ၁၈ )
''မောင်ရင်တို့လာတော့ ကျု ပ်ဘုန်းကြီးတွေ
ကျောင်းထဲမှာ ဘာလုပ်နေလဲ''
''သုံးပုံပဟေဠိ ရွှေ့နေတယ်''
သင်္ကန်းကို တစ်ချက်ပြင်ဝတ်ရင်း
ဆရာတော် က ထိုင်ခုံမှာ ပြန်ထိုင်သည်။ သုံးပုံပဟေဠိ
ဆိုသော အသံကြောင့် ဆရာတော့်မျက်နှာ အနည်းငယ်
သုန်မှု န်သွားသလိုလည်း ရှိသည်။ ပြီးတော့မှ
ခပ်လေးလေး သက်ပြင်းတစ်ချက်ကိုပြု ပြီး . . .
''တကယ်တော့ သုံးပုံပဟေဠိနဲ့ပတ်သက်ပြီး
ကမ္ဘာမှာ ပုံပြင်တစ်ပုဒ်ရှိခဲ့တယ်။ အဲဒီ ပုံပြင်ကြောင့် ပဲ
တို့ရွာကို သုံးပုံပဟေဠိ ရောက်လာတာလားမသိပါဘူး''
သူ့ဦးခေါင်းတို့ ဆတ်ခနဲထောင်
သွားပါသည်။ ထူးဆန်းမှု တွေ
ကြားရပြန်ပြီမဟုတ်ပါလား။ ဆရာတော် ဘုန်းကြီးက
သူစိတ်ဝင်စားမှန်းသိ၍ ထင်သည် ချက်ချင်း ပင်
စကားကို ဆက်ပြောသည်။
''ပုံပြင်က ဒီလိုမျိုး။ ဘုရားသခင်က
ကမ္ဘာကြီးကို ဖန်ဆင်းပြီးတာနဲ့တစ်ပြို င်နက်
ကမ္ဘာပျက်မယ့် နေ့ကို တွက်ချက်လို့ရအောင်
ပဟေဠိတစ်ပုဒ် ထားခဲ့တယ်တဲ။ အဲ့ဒီပဟေဠိကို
အိန္ဒိယနိုင်ငံ 'ဗီနာရီ' မြို့  မှာ ရှိတဲ့
ဘုရားရှိခိုးကျောင်းတစ်ကျောင်းမှာ ထားရစ်ခဲ့တယ်လို့
ဆိုကြတယ်။ ပဟေဠိနာမည် က 'ဗြဟ္မာဘုံ' တဲ့။ အချု
ိ့ကလည်း အဲဒီ ပဟေဠိကို အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ
ရှိတဲ့ ဟနွို င်းမြို့  က ဘုရား ရှိခိုးကျောင်းတစ်ကျောင်းမှာ
ထားခဲ့တယ်လို့လည်း ဆိုတာပဲ။
ဗြဟ္မာဘုံပဟေဠိက တို့မှာ ရှိတဲ့
သုံးပုံပဟေဠိလိုပဲ ကြေးဝါအောက်ခံပြားပေါ်မှာ 'စိန်'
တိုင် သုံးတိုင်ကို စိုက်ထူထားပြီး တစ်တိုင်မှာ ရွယ်တူနှစ်
ခုမပါတဲ့ ကွင်းကလေး (၆၄) ကွင်းကို အောက်မှ
အထက် ကြီးစဉ်ငယ်လိုက် စေတီပုံသဏ္ဌာန်
စွပ်ထားတယ်တဲ့။ ဖြေရှင်းပုံ ကတော့ တို့ရဲ့
သုံးပုံပဟေဠိ ဖြေရှင်းပုံအတိုင်းပဲ။
ဗြဟ္မာဘုံပဟေဠိကို ဘုရားကျောင်းမှာ
ရှိတဲ့ဘုန်းကြီးတွေ က ဖြေရှင်းပေးရတယ်တဲ့။ ပဟေဠိ
မဆုံးခင်မှာ ပဲ ဘုရားကျောင်းက ဆွေးမြည်
့ကြေမွပျက်စီးပြီး ဖုန်မှု န့်အ ဖြစ် ကူး ပြောင်းသွား
လိမ့်မယ်တဲ့။ ကမ္ဘာကြီးကလည်း ကြီးမားတဲ့ မိုးထစ်ချု
န်းသံကြီးနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်လို့ ပုံပြင်က
ဆိုထားတယ်''
စကားဆုံးတော့ ဆရာတော် က
နဖူးမှချွေးကို သင်္ကန်းစဖြင့် ပင့်သုတ်သည်။ ရိုးစစ်လည်း
ထူးဆန်းသော စကားတို့အား မေ့မေ့မောမော
နားထောင်နေမိ၏ ။ ဆရာတော် က ချောင်းတစ်ချက်
ဟန့်ကာ . . .
''အဲဒီ ပုံပြင်ကိုဗဟိုပြု ပြီး
ကမ္ဘာ့သင်္ချာပညာရှင်တွေ က ဘုန်းကြီးတွေ ရွှေ့ရမယ့်
အကြိမ်ပေါင်းကို ပုံသေနည်းထုတ်တယ်။ (2n - 1) တဲ့။
အစားထိုးတွက်ကြည့်ရင်တော့ (264 - 1) ရဲ့
အဖြေပေါ့''
''ဒါဆို သုံးပုံပဟေဠိနဲ့က (21) ကွင်းနဲ့ (64)
ကွင်းပဲကွာပြီး ကျန်တာအတူတူပဲပေါ့''
''ဖြေရှင်းနည်း ကတော့ အတူတူပဲ။ ရလဒ်
ကတော့ ဆန့်ကျင်ဘက်လို့ပြောရမှာ ပဲ။ ဗြဟ္မာဘုံ
ပဟေဠိရဲ့ ရလဒ်က ကမ္ဘာကြီး
ျပက်စီးပျောက်ကွယ်သွားမှာ လေ။ သုံးပုံပဟေဠိ
ကတော့ အဲလိုမဟုတ် ဘူး။ ဘုန်းကြီးတို့
ကိုးချောင်းရွာကြီး အသစ်တန်ဖန်
ပြန်လည်ရှင်သန်လာမှာ ''
ထို့နောက်တော့ စကားမဆိုမြိ ကတော့ပါ။
ကိုယ်စီအတွေးတွေ နှင့် ငြိမ်သက်သွားကြသည်။ သူ့
အတွေးထဲမှာ သုံးပုံပဟေဠိနှင့် နံရံမှာ ရေး
ထိုးထားသော တပေါင်က နေရာယူနေသည်။ ဤရွာ၏
ထူးဆန်းသော ဖြစ်စဉ်တွေ ကိုလည်း အံ့သြခြင်း
အကြိမ်ကြိမ် ဖြစ်မိသည်။
''ဘာပဲ ဖြစ် ဖြစ်ပေါ့၊
မောင်ရင်ရောက်လာတာ ဘုန်းကြီးတို့ရွာအတွက်
ဝမ်းသာမိတယ်။ ညနေ အတွက်ရော ဘာတွေ
ပြင်ဆင်ထားပြီးပြီလဲ''
ထိုစကားကြားမှ ကိုယ့်ကိုယ်ကိုယ်
သတိပြန်ရမိသည်။ ကိစ္စတော့မှရိပါ။ သူ့ဘက်က
အားလုံး အဆင်သင့် ဖြစ်နေပါပြီ။
''တပည့်တော် အားလုံးပြင်ဆင်ပြီး
သွားပါပြီ''
''ကောင်းတယ်၊ ဘုန်းကြီးလည်း
လာရင်လာခဲ့မယ်''
ရိုးစစ် တစ်ချက်တည်ကာသွား၏ ။ ပြီး . . .
ဆရာတော် ဘုန်းကြီးဆီသို့ ရိုရိုသေသေ အကြည့်ကို
ပို့ကာ . . .
''ဆရာတော် လာမယ်ဆိုရင်တော့
လေအောက်မှာ မနေမိဖို့ လျှောက်ထားပါတယ်။
လေတင် မှာ ပဲနေပါ''
ထိုစဉ်မှာ ပဲ အပြင်းမောင်းနှင်သွားသော
မြင်းခွာသံ တဖြောင်းဖြောင်းကို အပြင်ဘက်ဆီမှ ကြား
လိုက်ရသည်။ ထူးခြားသွားသော
အခြေအနေတစ်ခုကြောင့် ရိုးစစ် အလျင်အမြန်ပင်
ပြေးထွက်လိုက်ပါ သည်။ ဆရာတော် က သူ့နောက်မှာ
ကပ်လျက်ပါလာ၏ ။ အပြင်ရောက်တော့ . . .
တထောင်းထောင်းထနေသော ဖုန်လုံးတွေ
ကြားမှ မြင်းတစ်ကောင်နှင့် အီလစ်ကို ခပ်ဝါးဝါး
မြင်လိုက်ရလေသည်။ မြင်ကွင်းကိုကြည့်ပြီး . . .
''အီလစ် ပြန်သွားတာနဲ့တူတယ်''
ဆရာတော် က မှတ်ချက်တစ်ခုကို ပြု ၏ ။
သူ ကတော့ မြင်းကိုဒုန်းစိုင်းသွားသော အီလစ် ကျော
ပြင်ကိုသာ ကြည့်နေမိလိုက်သည်။
အကြောင်းတစ်ခုခုကြောင့် ချက်ချင်း လက်ငင်း
ထပြန်သွားခြင်း ဖြစ်ရပေမည် ။ သူ့မြင်းကြီးကို
ဘယ်အချိန် လှမ်းခေါ်လိုက်သည်မသိ။
အီလစ်သွားရာနောက်
မျက်စိတစ်ဆုံးလိုက်ငေးရင်း
နောက်ဘက်ပြန်လှည့်လိုက်တော့ . . .
ဆရာတော် က အတွင်းမဝင်သေးဘဲ
အပေါက်ဝတွင် ရပ်ကာ တစ်စုံတစ်ရာကို
ကြည့်နေသည်။ ဆရာတော် ကြည့်ရာသို့ ရိုးစစ်
ကြည့်လိုက်စဉ် . . .
''ဟင်''
စာကြည့်တိုက်နံရံမှာ ကား
မညီမညာလက်ရေး တွေ နှင့် လောလောလတ်လတ်
ရေး ခြစ်သွား ဟန်တူသော ဂဏန်းခုနှစ် လုံး။
''အီလစ် ရေး သွားတာနဲ့တူတယ်''
ဆရာတော့်စကားကိုကြားပေမဲ့ သူ ကတော့
ထိုဂဏန်းခုနှစ် လုံးကိုသာ စူးစူးနစ်နစ် ကြည့်နေမိ
ပါတော့သည်။
''2097151''
*
ဒုတိယမြောက်ပြကွက်
(သို့ )
'ယက္ခ' အား ဒုတိယအကြိမ် ခြိမ်းခြောက်ခြင်း
…..
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၈ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

Related Posts