သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၄ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၄ )
……
''ကျွန်တော် မသိလို့ တစ်ခုလောက်မေးမယ်။ဦးသီလက သား၊ သမီး မရှိဘူးလား''
''မရှိဘူး၊ ဇနီးလည်း မရှိဘူး'' ''သြော် . . . ''
သဘောပေါက်ပြီ။ ခေါင်းညိတ်တော့ဦးယုဝစကားကိုဆက်၏ ။
''ဒါပေမဲ့ အရမ်းအံ့သြဖို့ကောင်းတယ်ကွ။အီလစ်က ဉာဏ်တအားကောင်းတယ်။ ကြောက်စရာ
အကောင်းဆုံးက သူရဲ့ သင်္ချာဉာဏ်ပဲ။ မင်းလည်း တွေခဲ့ရပြီးပါပြီ။ သူ့ရဲ့ ပါရမီလို့ပဲပြောရမှာ ပေါ့။ အီလစ်ကို
ဦးသီလကိုယ်တိုင်ပဲ စာသင်ပေးတာ။ဦးသီလမွေးစားသားဆိုတော့ ငါတို့နဲ့အတူတူပဲ ဒီအိမ်
ကြီးမှာ နေရတာ ပေါ့။ ဒါပေမဲ့ အီလစ်လေး၊ ငါးနှစ်သားအရွယ်မှာ ဦးသီလ ဆုံးသွားတယ်။ ဘာကြောင့်
ရယ်မသိဘူး ကျန်ခဲ့တဲ့ ဖိုးလက်ဖြူ က ဒီကလေးလေးကိုရွာက အတင်းမောင်းထုတ်တာပဲ''
''ဟာ . . . ''
ရိုးစစ် တအံ့တသြအာမေဋိတ်သံထွက်သွားတော့ . . .
''ဘယ်သူ ဝိုင်းပြောလို့မှမရဘူး။ ဘာကြောင့်မောင်းထုတ်မှန်းလည်း မသိဘူး။ ဒါပေမဲ့ ငါတို့
တစ်ရွာလုံး အံ့သြရတာ က အီလစ်ပဲ။ ဘာမှမ ဖြစ်သလိုအိမ်ကထွက်သွားပြီး သင်္ချို င်းမှာ သွားနေတယ်။ ငါးနှစ်
ပဲရှိသေးတာနော်။ ကြောက်တာ လန့်တာလည်း မရှိဘူး။အေးအေးဆေးဆေးပဲ။ စာအုပ် တစ်ထပ်နဲ့ သင်္ချို င်းကို
သူ့အိမ်လုပ်ပစ်လိုက်တော့တာပဲ''သိပြီးသားကိစ္စတွေ ဖြစ်ပေမဲ့ အံ့သြမှု တွေ
အကြိမ်ကြိမ် ဖြစ်မိသည်။ အီလစ်အစား ရင်ထဲမှာ တော်တော် မောသွားရ၏ ။ တကယ့် အာဂကလေးလေးပင်။
''စားဖို့သောက်ဖို့ကိစ္စကိုတော့သူထွက်သွားတဲ့အချိန်ကစပြီး အခုအချိန်အထိ
ငါတို့ပို့ပေးနေ တယ်''
''တော် သေးတာပေါ့'' ဟု စိတ်ထဲမှရေရွတ်မိလိုက်သည်။
''အခုနောက်ပိုင်းတော့ မဆိုးပါဘူး။ ယက္ခကသူ့ကိုချစ်တယ်ကွ။ ညဘက်တွေ သူတို့တဲကို
ခေါ်ခေါ်အိပ်တယ်။ ဒါပေမဲ့ ရွာထဲကိုတော့ ဝင်ခွင့်မပြုဘူး''
''ယက္ခတို့တဲဆိုတာက . . . ''
ရိုးစစ် အမေးမဆုံးခင် ဦးယုဝကတစ်နေရာကို လက်ညှိုး ညွှန်ပြ၏ ။
''ဟိုတောင်ကုန်းလေးပေါ်က မီးရောင်လေးကိုတွေ့ လား''
လရောင် ထိုးကျနေသည်မို့တောင်ကုန်းလေးကို မြင်ရပါသည်။ ပြီး . . .တောင်ကုန်းထိပ်မှ ပုပုဝိုင်းဝိုင်းတဲလေးနှင့် ထိုအထဲမှဖြာထွက်နေသော မီးရောင် လဲ့လဲ့ကိုလည်း မြင်ရသည်။
''ဟုတ်ကဲ့ . . . တွေ့ တယ်''''အဲဒါ ယက္ခတို့တဲပဲ''
ရိုးစစ် သဘောပေါက်လိုက်ပါပြီ။ မနက်ကအီလစ် ညွှန်ပြခဲ့သော တဲလေးပါပဲ။ ဒါကြောင့် မလို့
စောစောစီးစီး သူ့အတွက် ရေနှစ်ခွက်ယူလာနိုင်တာကိုး။ မျက်လှည့်ပြို င်ပြီး ရေတွေ
အလကား ရနေ တာမို့ အီလစ်ပြောသလို ထိုတဲမှာရေပေါတာ ဖြစ်နိုင်ပါသည်။
ဒါဆိုညက သူ တစ်ယောက် တည်းသုသာန်မှာ အိပ်ခဲ့ရတာ ပေါ့။ ပြီးတော့ ရွာထဲသို့
အဝင်မခံ သည့်အတွက် မနက်က ခိုးကြောင်ခိုးဝှက်ဖြင့်သူ့ကို သူကြီးအိမ်ပို့ပေးခဲ့ပုံ၊ နောက်ပြီး ချက်ချင်း ပျောက်
သွားတာတွေ ကိုလည်း ဆက်စပ်မိလိုက်၏ ။ ဒါပေမဲ့အတွေးတစ်ခု ကတော့ သူ့ခေါင်းထဲ တိတိကျကျ
ဝင်ရောက်လာသည်။''အီလစ်ကို ဘာကြောင့် ရွာက
မောင်းထုတ်တာလဲ''အကြောင်းတစ်ခုခုတော့ ရှိနေမှာ ပါ။
ထိုစဉ်မှာ ပဲ သူတို့နှစ်ဦးထိုင်နေရာပတ်ဝန်းကျင်က အနည်းငယ် အမှောင်ကျသွား၏ ။ လကို တိမ်ဖုံးသွားခြင်း ဖြစ်သည်။ ဒါပေမဲ့မကြာလိုက်၊ လေ၏ အကူအညီနှင့် တိမ်တိုက်တွေ
လွင့်ပါးသွား သည်။ခဏချင်းပင် လမင်းကြီးက မူလအတိုင်း ပြန်လည်ကြည်လင်လာသည်။ ထိန်ထိန်သာနေ သောလမင်းကြီးအား မော့ကြည့်ရင်း ဦးယုဝထံမသက်ပြင်းလေးကြီးတစ်ချက် ထွက်ပေါ်လာ၏ တစ်ခုခုထူးဆန်းသည်ကြောင့် ရိုးစစ်လေ့လာမိတော့ . . .
''ဒီနေ့ လဆန်း (၁၄) ရက်နေ့ပဲ။ မနက်ဖြန်လပြည့်မှာ ကို ငါ စိုးရိမ်နေတယ်ကွာ''
''ဘာလို့လဲ . . . ''
''လပြည့်နေ့ဆို ယက္ခတို့အုပ်စု တို့ရွာကိုဆင်းလာတတ်လို့''
*
စိုးရိမ်သည့်အတိုင်း တကယ်ပင်ဖြစ်ခဲ့ပါသည်။ နောက်တစ်နေ့ ညနေမှာ ပင်
ယက္ခတို့နေထိုင်ရာ တောင်ကုန်းထက်္ဆီမှ မောင်းထုသံသုံးချက်တိတိ ထွက်ပေါ်လာသည်။
''ဒူ . . . ဒူ . . . ဒူ . . . ''
ထို့နောက်မှာ တော့ တစ်ရွာလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်တော့၏ ။
*
( ၁၀ )
ကွင်းပြင်တစ်ခုတော့ မဟုတ်ပါ။ရေခန်းခြောက်နေသော သဲချောင်းမြေပြင်ပေါ်တွင်
ရွာသူ/ သားများ စုစုရုံးရုံးဖြင့် ရှိနေကြသည်။သူတို့အားလုံး၏ မျက်ဝန်းအကြည့်တွေ က ခပ်ဝေးဝေး
တောင်ကုန်းမြင့်ဆီမှ တရွေ့ရွေ့လာနေသော မီးရောင်တစ်စကိုကြည့်ပြီး စိုးစိုးရွံ့ရွံ့ ရှိနေကြ၏ ။
အချိန်ကား နေဝင်ရီတရောကိုကျော်လွန်ကာအမှော င်ဘက် လုနေပြီ ဖြစ်သည်။ အချင်းချင်း
တီးတိုးပြောဆိုသံများ ၊ စိုးရွံ့ဝေဖန်သံများ ဟိုမှ သည်မှကြားနေရ၏ ။ သူတို့တွေ ဘာကိုစောင့်မျှော်နေ
ကြတာလဲ။ ဘာကြောင့် ဤသဲသော င်ပြင်မှာလာရောက်စုရုံးနေရတာ လဲ။
ညနေကကြားခဲ့ရသော မောင်းထုသံသုံးချက်နောက်ပိုင်းမှာ တစ်ရွာလုံး ယခုကဲ့သို့ အုံးအုံး
ကျွက်ကျွက် ဖြစ်သွားခြင်း ဖြစ်ပါသည်။ ပြီးတော့သူတို့စုဝေးရာနေရာမှာ လည်း ရေလှောင်ကန် အနီး
တစ်ဝိုက်တွင် ဖြစ်၏ ။
''ဟဲ့ . . . ဦးယုဝရောက်နေပြီလား၊ဦးဖိုးလူရော . . . ''
စိုးရိမ်တကြီးမေးသောမိန်းကလေးသံတစ်သံ လူအုပ်ကြားထဲမှထွက်ပေါ်လာသည်။
''မတွေ့ သေးဘူး၊ရောက်မလာသေးတာနဲ့တူတယ်''
''ဒုက္ခပါပဲ၊ သူတို့မရှိရင် ဘယ်လိုလုပ်မှာ လဲ''
မိန်းကလေးများ ဆီမှ ကျွက်စီကျွက်စီအသံများ ကို ကြားရ၏ ။ စိုးရိမ်မည် ဆိုလည်း စိုးရိမ်
လောက်သည်။ ရွာမှာ က ကျွမ်းကျွမ်းကျင်ကျင်ရှိသူဆိုလို့သူတို့နှင့် ဆရာတော် ပင် ရှိသည်မဟုတ်ပါ လား။
ဆရာတော် မှာ ကား သုံးပင်ရွာ ကြွသွားသည်ဆိုတော့ .
. .
ယက္ခတို့လူစု ကတော့ ရောက်လာလျှင်ထုံးစံအတိုင်း ရွာကို ဦးစားပေးလိမ့်မည် ။ ရွာထဲမှ
တစ်ဦးဦး၏ လက်စွမ်းပြမှု ကိုစောင့်ကြည့်နေပေလိမ့်မည် ။ ပြီးမှ သူတို့ဘက်က
စတင်မည် ဖြစ်သည်။ ယခု ရွာဘက်မှာ လူမရှိသေး။ထိုစဉ်မှာ ပင် သူတို့အားလုံး
ရင်တမမစောင့်ကြည့်နေသော မီးရောင် မှာ နီးသထက်နီးကပ်လာ လေသည်။ ရှင်းလင်းပြတ်သားစွာ
ထိုးကျနေသော လရောင် နှင့် မို့ မကြာခင်မှာ ပင်မြင်ကွင်းက ပြတ်သားလာသည်။ လှည်းတစ်စီး၊
ရှင်းအောင်ပြောရပါက မြင်းတစ်ကောင်ဆွဲလာသောလှည်းတစ်စီး၊ ထိုလှည်းပေါ်မှ သယ်ဆောင်လာသော
မီးတုတ်နှစ် ချောင်းကြောင့် ဟိုးအဝေးကြီးကတည်းကမြင်နေရ ခြင်း ဖြစ်သည်။
မြင်းခွာသံတဖြောင်းဖြောင်းအနီးကပ်ထွက်ပေါ်လာတော့ ရှိနေသူအားလုံးမှာ
တိတ်ဆိတ် သွားသည်။ လှည်းမှာ တစ်စီးတည်းမဟုတ်၊နောက်ပိုင်းမှာ ကြိုး နှင့် ဆွဲလာသော ဘီးနှစ်
ဘီးတပ်အရာ တစ်ခုလည်း ပါလာသည်။အမြင်ရိုးနေပြီမို့ မထူးဆန်းတော့ပေမဲ့
ထိုအရာကို မြင်ပြီးနောက်ပိုင်း ပိုမိုတိတ်ဆိတ်သွားတာတော့ သေချာ၏ ။ ရေစည်တစ်စည် ဖြစ်လေသည်။
ရေစည်ကို အောက်မှာ ဘီးတပ်ပြီး မြင်းလှည်းနှင့်ဆွဲလာခြင်း ဖြစ်သည်။ သူတို့နိုင်လျှင် တစ်ခါတည်း
ရေထည့်ယူသွားမည့် သဘောမျိုး။လူတွေ ရှေ့ရောက်လျှင်ပင် မြင်းလှည်းပေါ်မှ
မီးတုတ်ကိုင်ထားသော လူနှစ် ယောက် ခုန်ဆင်းလာလေသည်။ ကြည့်နေသူတွေ မှာ ရှဲခနဲ
ဘေးကိုဝိုင်းသွားကြ၏ ။ဆင်းလာသူနှစ် ယောက် မှာရှမ်းဘောင်းဘီနှင့် ဖျင်ကြမ်းအင်္ကျီကို ဝတ်ထားပြီး
ခေါင်းပေါင်း လည်း ပေါင်းထားသည်။ ထိုနှစ် ယောက်က လက်ထဲမှမီးတုတ်တွေ ကို မြေကြီးမှာ စိုက်ကာ
မြင်းလှည်း ဆီပြန်လည် တိုးကပ်သွား၏ ။လှည်းနားရောက်စဉ်မှာ ပင် မြင်းမှာ
ရှေ့ခွာကိုမြှောက်ပြီး အကြောက်အကန် ထ 'ဟီ' လေသည်။ မြင်းဟီသံက ပတ်ဝန်းကျင်တစ်ခုလုံးကို
ဖုံးသွား၏ ။ မောင်းနှင်လာသူက ဇက်ကြိုး ကို အားနှင့်ဆွဲလိုက်သော ကြောင့် ဖြစ်သည်။ ပြီး ထိုသူကပင်
မြင်းကိုဇက်သပ်ကာ လှည်းပေါ်မှ ခုန်ဆင်းလာ၏ ။ကြည့်နေသူများ အားလုံး 'ဟာ' ခနဲ 'ဟင်'
ခနဲ ဖြစ်သွားသည်။ အကြောင်းက ထိုလူဆင်းလာပုံ မှာလူများ နဲ့မတူ ညှို့  ငင်မှု တစ်ခု ပါနေသယောင်။
ပြီးတော့ လှုပ်ရှားမှု တွေ အားလုံးမှာ သေသပ်ပိရိ နေ၏။ ကျကျနန လေ့ကျင့်ထားခြင်း ဖြစ်မည် ဟု တွေ
းမိသည်။ ထိုစဉ်မှာ ပင် . . .''ယက္ခပါမလာဘူးပဲ''
''ဟုတ်တယ်တော့ စောညို တို့သုံးယောက်ပဲလာကြတာ''
ကြည့်နေသူတွေ ဆီမှတီးတိုးတီးတိုးအသံတွေ ထွက်လာသည်။
ယက္ခပါမလာဘူးဆိုပါလား။
''လှည်းပေါ်က အဝတ်အုပ်ထားတာဘာကြီးလဲမသိဘူး''
''အခေါင်းကြီးနဲ့တူတယ်''လူတွေ အာရုံက ဆင်းလာသူသုံးယောက်ပေါ်တွင် သာမဟုတ် လှည်းပေါ်မှာ ကျန်နေသေးသောလူတစ်ရပ် မရှိတရှိ ရှည်မျောမျော အရာပေါ်တွင် လည်း
စူးစူးစမ်းစမ်းရှိနေသည်။ အဝတ်အုပ် ထားသည်မို့ဘာမှန်းတော့မသိသေး။ ပြောစကားအရတော့ စောညို
ဆိုသူမှာ နောက်ဆုံးမှ ဆင်းလာ သူ ဖြစ်ပေမည် ။သုံးယောက် တွင် လည်း သူပင် ခေါင်းဆောင်
ဖြစ်ပုံရသည်။စောညို က လက်ဝှေ့ယမ်းပြတော့ ကျန်နှစ်
ယောက် က အုပ်ထားသော အဝတ်ကို ဆွဲဖယ်လိုက် စဉ်
. . .
''ဟာ . . . ''
''အို . . . ''
''အခေါင်းကြီးပဲ''
အာမေဋိတ်သ့တွေ ထွက်သွား၏ ။
မီးတုတ်ရောင် နဲ့မို့ စောညို ပုံစံကို သေချာမြင်ရသည်။နာမည် နှင့် လိုက်ပါသည်။ လူကောင်က ပုပုပြတ်ပြတ်၊
အသားကညို သည်ထက်ပိုကာ ကြေးနီရောင်သန်းနေသည်။ ခက်ထန်မာကျောမည့်ပုံစံလည်း
ရှိသည်။ထိုစဉ်မှာ ပဲ တပည့်နှစ် ယောက် မှာလှည်းပေါ်မှအခေါင်းကြီးအား ထမ်းချလာပါတော့၏ ။
လူ တစ်ယောက် ကောင်းကောင်းဝင်ဆန့်သောအခေါင်းကြီးပါပဲ။ အရောင် ကမည်းနက်ကာ
ခြောက်ခြားမှု ကို ပိုသွားစေသလို။
''ဟဲ့ . . . ယက္ခက ဒီအခေါင်းကြီးထဲမှာလားမသိဘူး''
''အေး . . . ဖြစ်နိုင်တယ် သူတို့ထမ်းလာတာလေးနေသလိုပဲ''
စိုးရွံ့ထိတ်လန့်နေဆဲမှာ ပင် မိန်းမတွေ ၏ထုံးစံအတိုင်း ထင်ရာမြင်ရာတော့ ပြော ဖြစ်အောင်
ပြောကြသေး၏ ။ထမ်းလာသူနှစ် ယောက် ကထိုးစိုက်ထားသော မီးနှစ် တိုင်အလယ်မှာအခေါင်းကိုချသည်။ ချပေးသော အခေါင်းပေါ်သို့စောညို က ခြေတစ်ဖက်တင်ကာခါးထောက်ရပ်လိုက်သည်။ ပတ်ဝန်းကျင်က မီးကို
ရေနှင့် ငြိမ်းလိုက်သလို ရုတ်ခြည်းငြိမ်ကျသွား၏ ။ထိုစဉ်မှာ ပဲ စောညို က လေ့ကျင့်ထားဟန်တူသော
သြဇာသံကြီးဖြင့် . . .
''ကျု ပ်တို့ဒီကိုဘာလာလုပ်တယ်ဆိုတာကိုတော့ အထူးတလည်
ပြောနေစရာမလိုတော့ပါဘူး။ ဒီတော့ ကျုပ်လိုရင်းပဲပြောမယ်။ ခင်ဗျားတို့ဘက်က
ယှဉ်မဲ့သူဘယ်သူရှိလဲ ရှိရင်ထွက်ခဲ့ပါ''
အကုန်လုံး တုပ်တုပ်မျှမလှုပ်မြိ ကတော့။ဘယ်သူထွက်လာမလဲဟူသော အကြည့်တွေ
ဖြစ်ထွန်းသွားကြသလို သူထွက်နိုး၊ ငါထွက်နိုးတစ်ယောက် ကို တစ်ယောက် လည်း
ကြည့်ကုန်ကြသည်။ ခက်တာက ယခုရှိနေသူတွေ ထဲမှာယခင်ကထွက်ရောက်ယှဉ်ပြို င်နေကျလူတွေ
ပါမနေခြင်းပင်။စောညို က မျက်မှော င်ကိုကြု တ်ရင်းနောက်တစ်ကြိမ် ထပ်ပြောသည်။
''ကျု ပ်ထပ်ပြောမယ် ယှဉ်မဲ့သူရှိရင်ရှေ့ထွက်ခဲ့ပါ''
ပြောပြီး ရပ်နေသူလူအုပ်ကြီးအားဝေ့ဝဲပြီးကြည့်သည်။ တစ်စုံ တစ်ယောက် ကို
ရှာနေသလိုမျိုး။ အတော် ကြာသည့်တိုင် တစ်ဖက်မှတုံ့ပြန်မှု ကိုမတွေ့ ။
ထိတ်လန့်တိတ်ဆိတ်နေသောလူအုပ်ကြီးအားကြည့်ရင်း စောညို ကတစ်ချက်ရယ်သည်။ သူ့ပုံစံက ဒီနေရာတွင် ဘာလုပ်လုပ်ရနေသလိုမျိုး။ နောက်ဆုံးအကြိမ်အ ဖြစ် စောညို ကတစ်ရွာလုံး အား အထင်သေးသော အကြည့်တွေ ဖြင့်ကြည့်ရင်း . . .
''ကောင်းပြီ ထွက်မယ့်သူမရှိဘူးဆိုရင်တော့ကျု ပ်တို့အလှည့်ပေါ့။ ဟေ့ကောင်တွေ . . . ''
စကားဆုံးဆုံးချင်း တပည့်နှစ် ယောက် ကစောညို ခြေထောက်အောက်မှာ ရှိနေသော အခေါင်း
ကြီးကို ဆွဲဖွင့်သည်။ လေတစ်ချက်က ဝေ့ခနဲတိုက်ပြီးမီးတိုင်တို့ယိမ်းထိုးသွား၏ ။
အကုန်လုံး ခေါင်းတွေထောင်ပြီးလှမ်းကြည့်မိတော့ အခေါင်းတွင်းမှာ
ဘာမျှရှိမနေပါ။ ဘာတွေ များ ဆက် ဖြစ်လာမလဲရင်တထိတ်ထိတ် စောင့်နေခိုက် . . .
တပည့်နှစ် ယောက် က အခေါင်းကြီးကိုကောက်, မလိုက်ပါသည်။ ပြီးတော့ အထဲမှာ ဘာမျှမရှိ
ကြောင်း ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးမြင်အောင်ပခုံးပေါ်ထမ်းပြီး လှည့်ပြသည်။ မျက်လှည့်ပြပွဲ ကို
ဆိုင်းသံ၊ ဗုံသံတွေ မပါပေမဲ့မီးတုတ်အောက်မှလှုပ်ရှားပုံတွေ က တစ်မျိုးတစ်မည်
ကြောက်ဖို့ ကောင်းနေသည်။ဝိုင်းကြီးပတ်ပတ်ပုံစံဖြင့်သုံးပတ်ပတ်ပြီးချိန်မှာ ရပ်တန့်လိုက်ပါသည်။ ပြီးတော့
အခေါင်းကို စောညို ရှေ့တွင် ပြန်ချကာ အဖုံးဖုံးလိုက်၏။မီးတုတ်နှစ် ချောင်းက အရှိန်ပြင်းစွာ
တောက်လောင်နေသည်။ လေ၏ တိုးဝေ့မှု ကြောင့်တစ်ခါ တစ်ခါတွင် လည်း ယိမ်းထိုးတတ်သည်။
မီးခိုးငွေ့တွေ လည်း ပတ်ဝန်းကျင်သို့ တလူလူထွက်နေသည်။ ထိုအခိုးအငွေ့တွေ ကပင်
ပတ်ဝန်းကျင်ကိုဖုံးနေပြီး စောညို ၏ ပြသမှု ကိုကူညီပေးနေသလို။
စောညို က အခေါင်းကိုအဝတ်ဖြင့်ပြန်အုပ်ကာ သူ၏ ပြသမှု ကို စတင်လိုက်လေသည်။
အခေါင်း ပေါ် ခြေတစ်ဖက်တင်ထားရာမှ လက်နှစ်ဖက်ကိုဆန့်တန်းပြီး ထိန်ထိန်သာသော လမင်းကို
မော့ကြည့် သည်။ ပြီးတော့ ကောင်းကင်မှတစ်စုံတစ်ရာ ဆွဲယူလိုက်ဟန်ကိုပြု ပြီး အခေါင်းထဲသို့
ပစ်ထည့်သည်။ တင်ထားသော ခြေကိုချကာကိုယ်ကိုကိုင်းညွှတ်ပြီး အခေါင်းထိပ်ပိုင်းကို
သုံးချက်ပုတ်၏ ။ညာလက်ဖြင့် ခေါင်းပိုင်းမှအောက်ပိုင်းသို့လည်း အလျားလိုက် သပ်ချသည်။ နောက်ပြီး
အခေါင်း၏ အလယ်ပိုင်းကို သုံးချက် ပုတ်ပြန်သည်။အကုန်လုံးကအသက်ပြင်းပြင်းမရှူ ရဲ။
စောညို ၏ လုပ်ပုံကိုင်ပုံတွေ ကိုကြည့်ကာအမောတကောဖြစ်နေသည်။ ဖြစ်လောက်ပါသည်။
မျက်လှည့်ဆရာ တစ်ယောက် ၏ ဟန်အမူအရာပေါ်လွင်သလို ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်းလည်းရှိ၏
။ထိုစဉ်မှာ ပဲ အခေါင်းအား 'ဘုန်း' ခနဲတစ်ချက်ပုတ်ကာ ဖုံးထားသော အဝတ်ကို ဆွဲဖယ်
ပစ်လိုက်၏ ။ ကြည့်နေသူအားလုံး ခေါင်းတွေ ဆတ်ခနဲမတ်အသွား . . .စောညို က မာန်တစ်ချက်သွင်းကာ
အခေါင်းဖုံးကို 'ဝုန်း' ခနဲ ဆွဲလှန်လိုက်တော့ . . .
''ဟာ . . . ''
''ဟယ် . . . ''
'ဘုရားရေ . . . ''
''အိုး . . . အီလစ်''
အခေါင်းထဲတွင် ကား . . .ဆန့်ဆန့်ကြီးလဲနေသော ကလေးလေးတစ်ယောက် ။
အီလစ်။စောညို ကအောင်ပွဲခံသလို လက်နှစ်ဖက်ကို ဟန်ပါပါ ဆန့်တန်းတော့ အီလစ်က ဆတ်ခနဲ
ထထိုင်သည်။ ပြီးတော့ ပတ်ဝန်းကျင်အား တစ်ခါမှမမြင်ဖူးသလို ကြည့်သည်။ သူ့ပုံစံက ယခု
သူရောက်နေရာကိုရော ဘာကြောင့်ရောက်နေရတယ်ဆိုတာကိုရောဘာတစ်ခုမှမသိသလိုမျိုး မျက်လုံးကြောင်ကာဝိုင်းနေသော လူအုပ်ကြီးကိုကြည့်ပြီး ဝုန်းခနဲထပြေးပါတော့သည်။
အကုန်လုံးမှာ ပါးစပ်အဟောင်းသားနှင့်ပြေးထွက်သွားသော အီလစ်ကိုကြည့်လိုက်၊ အခေါင်း
မည်းကြီးကို ကြည့်လိုက် . . . ။ စောညို ကတော့
''ကဲ . . . ကျု ပ်ရဲ့ ပြကွက် ကတော့ပြီးသွားပြီ''
စကားကို ခဏရပ်ကာ ရင်ကိုကော့ရင်းကြည့်နေသူတွေ ကို ဝေ့ကြည့်၏ ။ ပြီးတော့ . . .
''ဒီတော့ ထုံးစံအတိုင်းပဲ ကျု ပ်ပြကွက်ရဲ့ လျှို့ ဝှက်ချက်ကိုသိတဲ့လူရှိရင် ရှေ့ကိုထွက်ခဲ့ပါ။
အားလုံးရှေ့မှာ ပဲ လျှို့  ဝှက်ချက်ကို ပြောပြပါ။သိတဲ့လူမရှိဘူးဆိုရင်တော့ အရင်အခေါက်တွေ ကလိုပဲ
ဟိုရေလှောင်ကန်ထဲက ရေတစ်စည် ကျုပ်ယူသွားရလိမ့်မယ်''မည်သူ့ဆီကမျှ အသံမထွက်။ ရှေ့ကိုလည်း
တစ်ယောက် မျှ ထွက်မလာ။ ဒါပေမဲ့ 'လျှို့  ဝှက်ချက်ကိုသိတဲ့လူ ရှိပါစေ' လို့တော့
အကုန်လုံးဆုတောင်းနေမှာ သေချာပါသည်။စောညို ကတော့ ဝံ့ဝံ့ကြွားကြွားပါပဲ။
ခါးထောက်လျက်မှောနက်ထပ်တစ်ခါ ထပ်ပြောသည်။
''ကျု ပ်ပြကွက်ရဲ့ လျှို့  ဝှက်ချက်ကိုဖော်နိုင်တဲ့လူမရှိဘူးလား။ ဒါဆိုရင်တော့ ကျု
ပ်ရေတစ်စည် ယူသွားပြီ''ပြောပြောဆိုဆို စောညို က ချာခနဲ
နောက်လှည့်ကာ ကျောခိုင်းသွားသည်။ သူ့တပည့် နှစ်ယောက် မှာ လည်း ပွင့်နေသော အခေါင်းကြီးအား
ဖုံးအုပ်ဟန်ပြင်လိုက်တော့ . . .လေပြင်းတစ်ချက်က ဝေ့အတိုက် . . .
ဘယ်ကမှန်းမသိသော ခွေးတစ်ကောင်ကစူးစူးဝါးဝါး ထအအူ။
''နေဦး''
*
( ၁၁ ) 
ပတ်ဝန်းကျင်က စက္ကန့်ပိုင်းမျှအသက်မဲ့သွားသည်ဟု ထင်ရသည်။
ရပ်ကြည့်နေသူတွေ အားလုံး ခေါင်းတွေနောက်ဘက်သို့ ချာခနဲ လှည့်လာ၏ ။
လှည်းစီသို့ တစ်လှမ်းချင်းလျှောက်နေသောစောညို ၏ ခြေလှမ်းတွေ လည်း တိခနဲ ရပ်သွား သည်။
အခေါင်းကြီးအား အဖုံးပိတ်ရန် ပြင်ဆင်နေသူနှစ်ယောက် မှာ လည်း ဘာဆက်လုပ် ရမှန်း မသိ။
''ဟယ် . . . ဧည့်သည်လေး''
''ရိုးစစ်''နောက်သို့ လှည့်လာကြသော ခေါင်းတွေထဲမှ ထင်မှတ်မထားသော စကားသံတွေ ထွက်ကျ
လာသည်။ အကုန်လုံးမှာ လည်း တအံ့တသြ။ရိုးစစ်အား မမြင်ဖူးသူ တစ်ယောက် လို မျက်လုံးပြူ
မျက်ဆံပြူး တွေ ဖြင့် ဝိုင်းကြည့်ကုန်ကြသည်။ တချို့မျက်နှာတွေ မှာ လည်း စိုးရိမ်ထိတ်လန့်ဟန်တွေ ကို
တွေ့ ရ၏ ။
''ကျွတ် . . . ဒီကောင်လေးတော့ ဒုက္ခပါပဲ''
''ဘာမှန်းညာမှန်းမသိဘဲနဲ့ ဒုက္ခတွေ့ ဦးမယ်''
ကျွက်စီကျွက်စီ အသံတွေ ထွက်လာပေမဲ့ရိုးစစ် ဂရုမစိုက်မိတော့ပါ။ ရှေ့ကို ခြေတစ်လှမ်း
တိုးလိုက်၏ ။ ထိုအခါ ရှေ့၌ ရပ်နေသူ လူအုပ်ကြီးမှာလမ်းရှင်းပေးလိုက် သလို လူ တစ်ယောက် စာ ဘေးသို့
ရှဲသွားသည်။ ရိုးစစ် တစ်လှမ်းချင်းပင်ရှေ့တိုးသွားလိုက်ပါသည်။ အကုန်လုံးက မမြင်ဖူးသော
သတ္တဝါတစ်ကောင်ကို ယိုင်းကြည့်နေသလိုမျိုး။စောညို လည်း ကျောပေးရပ်နေရာမှ
မမြင်ဖူးသော အသံရှင်ကို လှည့်ကြည့်ရင်း ရှေ့သို့ပြန်လည် လျှောက်လှမ်းလာသည်။
အခေါင်းရှေ့ကိုရောက်တော့ ရိုးစစ် ခြေလှမ်းကိုရပ်လိုက်သည်။ မျက်နှာချင်းဆိုင်တည့်တည့်မှာ ကား
သူ့အားစူးစိုက်ကြည့်နေသော စောညို ။ရိုးစစ် အေးဆေးစွာ ပင်ပြန်လည်ကြည့်ပေးလိုက် တော့ ပတ်ဝန်းကျင်က
အနည်းငယ် အေးစက် သွားသည်ဟု ထင်ရသည်။အေးစက်စက် အငွေ့အသက်တွေ ဖုံးလွှမ်းလာသလိုမျိုး။
ရိုးစစ် အကြည့်ကို အောက်ချမပေးမိ။မီးတိုင်နှစ် တိုင်မှ မီးတောက်တွေ က ယိမ်းထိုးနေကြ
သည်။ မီးနှစ် တိုင်၏ အလယ်တည့်တည့်မှာ ကအခေါင်းမည်းကြီးတစ်လုံး။ ထိုအခေါင်းကြီးကို အလယ်
တွင် ထားကာ အကြည့်ပြို င်နေကြသည်ကား သူတို့နှစ်ယောက် ။သူတို့နှစ် ယောက် လည်း ငြိမ်သက်နေသလို
မည် သူ့ဆီမှလည်း လှုပ်ရှားသံထွက်မလာပါ။ယုတ်စွအဆုံး ရပ်နေသော မြင်းကပင် တုပ်တုပ်မျှမလှုပ်။
အေးစက်စက်ပတ်ဝန်းကျင်ကို မကြို က်သည် မို့သူကပင် စတင်ဖြို ခွင်းလိုက်သည်။
စကားပြောခြင်းတော့မဟုတ်။ကိုယ်ကိုငုံ့ကိုင်းကာ အခေါင်းတွင်းသို့
လက်နှိုက်လိုက်ခြင်း ဖြစ်ပါသည်။ ခဏချင်းပင်ပတ္တာတစ်ချက်မှာ ပြု တ်သွားသည်။ ပြီးတော့
နောက်တစ်ချက်၊ ပတ္တာ နှစ် ချက်ကို ဖြုတ်ပြီးသွားချိန်ကျပ် နှစ် ထပ် ဖြစ်နေသော ဘေးကာကို
ဆွဲလှန်လိုက်ပါသည်။
'ဝုန်း' ခနဲ အော်မြည် ကာ ပျဉ်တစ်ချပ်အောက်ခင်းပြားပေါ် ပြု တ်ကျသွားသည်။
ထိုခဏမှာ ပဲ . . .ရိုးစစ် လက်နှစ် ဖက်ကို ဖုန်တစ်ချက်ခါကာ .
. .
''အဲဒီ ပျဉ်ပြားပဲ''
*
( ၁၂ )
နှင်းငွေ့နှင်းမှု န်တွေ က ပတ်ဝန်းကျင်မှာတဖျောက်ဖျောက် ကျဆင်းနေသည်။ တောင်ကုန်း
လေးတစ်ခု၏ အပေါ်ဘက်ပိုင်းမှာ လူ တစ်ယောက်မတ်တပ်ရပ်ရင်း အရှေ့ဘက်ဆီသို့ စူးစူးငေးငေး
ကြည့်နေ၏ ။ကျေးရွာလေးတစ်ရွာပါ။ နှင်းငွေ့တွေတလူလူ ပျံ့လွင့်နေသော နှစ် ချို့ရွာလေးတစ်ရွာပါပဲ။
ဒီရွာမှာ က မျက်လှည့်ပညာရှင်တွေစုဝေးနေထိုင်ကြလေသည်။ တစ်ရွာလုံးကို
စီးမိုးကြည့်နိုင်သော တောင်ကုန်းမြင့်လေးမို့နိုးထသက်ဝင်စမပြု သေးသော
ရွာလေးကိုကြည့်ရသည်မှာ အေးချမ်းတိတ်ဆိတ်နေသည်။
သို့ ပေမဲ့ ဒီရွာ၏ ပူလောင်မှု ကိုတော့ ရွာမှာနေထိုင်သူတွေ မှလွဲ၍ မည် သူမျှမသိကြ။ ကိုယ့်ဝမ်းနာ
ကိုယ်သာသိဆိုသလိုပါပဲ။ ရွာရဲ့ ဒုက္ခကို ရွာခံတွေ သာသိလေသည်။
ရွာလေးပေါ်သို့ နှင်းစက်တွေကျဆင်းနေပုံကိုကြည့်ရင်း ရင်ထဲမှာကြည်နူးနေမိသည်။ ဤတောင်ကုန်းလေးပေါ်မှ
မနက်ခင်းမြင်ကွင်းအား ကြည့်ရသည်မှာ ဘာနှင့် မျှမလဲနိုငသော ပန်းချီ ကားတစ်ချပ်ကို
ကြည့်ရှုနေရသလိုပါပဲ။ ရင်ထဲမှာ အေးချမ်းမှု ရော၊ကြည်နူးမှု ရော၊ ပျော်ရွှင်မှု ရော၊ ရသ ပေါင်းစုံကို
တလှည့်စီ ခံစားနေရသည်။သြော် . . . ကိုးချောင်းရွာလေး။ဘာလိုလိုနှင့် သူတောင်
ဒီရွာကိုရောက်နေတာ သုံးရက်ပြည့်သွားပြီပဲ။သုံးရက်သာပြည့်သွားခဲ့ ပါသည်။ သူလိုချင်သော
သတင်းနှင့် ပတ်သက်ပြီး ဘာတစ်ခုမှမရရှိခဲ့။ရည်ရွယ်ချက်မပြည့်သည့်အပြင် ပြဿနာကြားထဲပင် ညှပ်သွားရသေးသည်။ ကိုယ့်ကို ထမင်းကျွေးထားတော့လည်း ကျေးဇူးပြု ရမည် ပေါ့။
ဘယ်တတ်နိုင်မည် နည်း။ မနေ့ညက စောညိုတို့ပြန်သွား တော့ သူ့ကို တစ်ရွာလုံးက ဝိုင်းဝန်းချီးကျူး
ကြသည်။သြော် . . . သေသွားပြီးသည့်တိုင်အောင်အမေက အခုချိန်ထိ သူ့ကို တင့်တယ်နေစေသေး
တာပါလား။ ဒီပညာတွေ ကအမေသင်ပေးခဲ့တဲ့ပညာတွေ ။ ရောက်လေရာအရပ်မှာ
သူ့ကို ထမင်းကျွေး နေတဲ့ပညာတွေ ၊လူအထင်မသေးစေတဲ့ပညာတွေ ။
ဒီပညာတွေ သင်ပေးခဲ့တဲ့အမေ့ကိုသူမသေခင်တော့ ကျေးဇူးဆပ်ချင်ပါသေးသည်။
ဒါကြောင့် လည်းပဲ အရပ်တကာ နယ်တကာလှည့်ပြီးရှာဖွေနေခဲ့တာပေါ့။ အမေ့ရဲ့ သစ္စာ၊ အမေ့ရဲ့ သိက္ခာနဲ့
သား တစ်ယောက် ကို ခက်ခဲပင်ပန်းစွာလူလားမြောက်စေခဲ့တာတွေ ကို
ပြောပြချင်ပါသေးသည်။ အမေ့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးချင်ပါသည်။
ဘဝလှိုင်းဒဏ်ရဲ့ ရိုက်ပုတ်မှု တွေ ကို သားတစ်ယောက် လက်မှာ စွဲလို့ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ အမေ၊
ဘယ်တော့မှအရှုံး မပေးခဲ့တဲ့အမေ၊ အားငယ်စိတ်တွေ ၊ကြောက်စိတ်တွေ ခန္ဓာကိုယ်ထဲကို
ဘယ်တော့မှအဝင်မခံခဲ့တဲ့အမေ၊ဘယ်လောက်ပဲပင်ပန်းပါစေ ခေါင်းမငုံ့ အောက်မျကျို့ခဲ့တဲ့ အမေ။
အမြဲတမ်းခေါင်းမော့နေတတ်တဲ့အမေ၊ရုပ်ရော စိတ်ပါ မနိမ့်ကျခဲ့တဲ့အမေ။
သူ့ရဲ့ ထာဝရစံပြအမေ။အောက်မေ့သတိရလာသည်မို့လွယ်ထားသော အိတ်လေးကိုချွတ်ကာ ရင်မှာ
ပွေ့ပိုက်ထားမိ သည်။ မျက်ဝန်းမှာ လည်းမျက်ရည်ကြည်တို့ ရစ်ဝဲလာသည် ထင်၏ ။
ပြီးမှသတိရကာ မျက်လုံးကို အတင်းပိတ်ပစ်လိုက်သည်။အမေက ငိုတာလုံးဝမကြို က်။
သူကိုယ်တိုင်လည်း မငိုသလို၊မွေးထားသော သားကိုလည်း မငိုစေရ။ကျင့်သားရနေလို့လား မသိ။ မျက်လုံးအိမ်က ချက်ချင်းပင် ခမ်းခြောက်သွားသလား ထင်ရသည်။ထိုစဉ်မှာ ပင် နေဝန်းနီနီက
အရှေ့ကောင်းကင်မှာ ထွန်းတောက်စပြု လာသည်။နေရောင် ဝါဝါ တို့လည်း နှင်းငွေ့တို့အကြားသို့
အလုအယက် ထိုးကျလာကြသည်။ကိုးချောင်းရွာလေးက တစ်မျိုးကြည့်လို့ကောင်းနေပြန်ပါသည်။ ဘုန်းကြီးကျောင်းဆီမှခေါင်းလောင်းထိုးသံကိုလည်း ကြားရ၏ ။နေထွက်ပြီမို့ ခရီးဆက်ရတော့မည် ။သုံးပင်ရွာသွားသည်လမ်းကို ညကဦးယုဝထံ မေးထားသည်မို့ အခက်အခဲတော့ ရှိမည်
မထင် ပါ။ အလုပ်သွားမည့် လူစုနှင့် လိုက်ရန်ပြောသော်လည်း သူမသွားချင်။
အေးအေးဆေးဆေးသာ ဦးနှောက်ဆေးသည့်သဘောတစ်ယောက် တည်း သွားချင်သည်။ ပြီးတော့
ခန္ဓာကိုယ်ကိုလည်း အားသစ်တစ်ဖန်လန်းဆန်းစေချင်နေပါပြီ။တသွင်သွင်စီးနေသည့်ရေမှာ
သူ့ခန္ဓာကိုယ်ကို အကြာကြီး စိမ်ပစ်ချင်နေသည်။အားရပါးရ ရေချိုးချင်စိတ်တွေ လည်း တဖွားဖွား
ဖြစ်ထွန်းနေသည်။တောင်ကုန်းလေးပေါ်မှ တရွေ့ရွေ့ဆင်းလာခဲ့၏ ။ နေရောင် ပျပျအောက်မှာ
တောလမ်းလေး က ရှင်းလင်းနေသည်။အိပ်တန်းထကာစ ကျေးငှက်တွေ ၏ ကျီကျီအာအာ
အော်သံတို့ကိုလည်း ကြားရသည်။သစ်ပင်သစ်ရွက်တွေ က နှင်းငွေ့နဲ့စိမ်းစိုပြီး အသက်ရှူ
ရတာ လွတ်လပ်ပေါ့ပါးနေ၏ ။စိတ်ကြည်နူးဖွယ်ပါပဲ။
ရိုးစစ် ပတ်ဝန်းကျင်အားကြည်ကြည်နူးနူးကြည့်ရင်း တစ်လှမ်းချင်းလျှောက်လာခဲ့မိသည်။ စိတ်ထဲမှာ ရှိနေသော အပူတွေ ၊သော ကတွေ ၊ ခဏတာလွင့်ပျောက်သွားသလို။
လျှောက်ကောင်းကောင်းနှင့်လျှောက်လာလလိုက်တာ မည် မျှခရီးဝေးသွားသည်
မသိ။ သစ်ပင်ကြီးတွေ ထူထပ်ပေါများ သောနေရာသစ်တစ်ခုသို့ ရောက်စဉ်မှာ ပဲ . . .
''သုံးပင်ရွာသွားမလို့လားသူရဲကောင်းလေး''
အမှတ်မထင် ကြားလိုက်ရသောအသံကြောင့် ရင်တစ်ချက် ဆတ်ခနဲခုန်ကာ
ခြေစုံရပ်မိသွား သည်။ ချက်ချင်း ပင်အရပ်လေးမျက်နှာကို စူးစမ်းလိုက်တော့ . . .
''မရှာနဲ့ဦး၊ တွေ့ မှာ မဟုတ်သေးဘူးဆက်လျှောက်လာခဲ့''
ကြက်သီးတို့ပင် ဖျင်းခနဲ ထမိ သွားပါသည်။စကားသံက ကြီးကျယ်ခန်းနားနေပြီး အရပ်ပေါင်းစုံ မှ
ပျံ့လွင့်လာနေသလို။ဦးယုဝလား တွေးထင်မိပေမဲ့ မ ဖြစ်နိုင်ပါ။ဦးယုဝနှင့် အသံမတူ။ ကျယ်တာခြင်းတူပေမဲ့ ဒီအသံ ကပိုမိုကြည်လင်တောက်စူးနေသည်။ ကြောက်စိတ်မဖြစ်ပေမဲ့ တစ်လှမ်းချင်းကို သတိနှင့် ဆက်လှမ်း
လိုက်သည်။ဆယ်လှမ်းကျော်ကျော်လောက်လှမ်းမိတော့ . . .
''ရပြီ၊ ညာဘက်ကိုလှည့်လိုက်''ရိုးစစ် ဆတ်ခနဲ လှည့်လိုက်စဉ် . . .
''ဟင် . . . ''
ပါးစပ်မှာ ဆေးတံခဲထားသော လူကြီးတစ်ယောက် သစ်ပင်ကိုမှီကာ ထိုင်နေသည်။ သူ
မမြင်ဖူး ပါ။ ဥပဓိရုပ်မှာ ခန့်ခန့်ညားညားမရှိပေမဲ့ကြည်ကြည်စင်စင်တော့ ရှိသည်။ ထိုင်နေပုံ ကတော့
သက်သော င့်သက်သာပါပဲ။ အင်္ကျီအဖြူ ပွပွကြီးကိုဝတ်ထားပြီး အသက်မှာ (၆၀) ဝန်းကျင်ရှိမည် ဟု
ခန့်မှန်းမိသည်။ ဆံပင်တွေ မှာ တစ်ခေါင်းလုံးနီးပါး အဖြူဖုံးနေပြီး မုတ်ဆိတ်မွှေးအချို့လည်း
အောက်ကိုရှည်ကျနေ၏ ။ ထိုစဉ်မှာ ပင်နောက်ထပ်စကားသံကို ထပ်ကြားရ၏ ။
''ညကကိစ္စအတွက် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဦးတို့ ဘယ်သူမှရောက်မလာတဲ့
အချိန်မှာ မင်းကယ်ပေလို့သာပေါ့''ရိုးစစ် မျက်မှော င်ကြု တ်မိသွား၏ ။
ကိုးချောင်းရွာသားတစ်ဦး ဖြစ်ပုံရလေသည်။ လူကြီးကဆေးတံကိုတစ်ချက်ဖွာရင်း . . .
''မင်းအစောကြီးထလာတာပဲ။ဘုန်းကြီးကျောင်းဝင်ပြီးဘုရားကန်တော့ခဲ့သေးတယ်ပေါ့''
''ဗျာ . . . ''
ရိုးစစ် 'ဗျာ' မိသွားတော့ . . .
''ဟုတ်တယ်လေ၊ မင်းဘုရားကန်တော့ခဲ့တာပဲ။ သုံးပုံပဟေဠိတောင်
ဝင်ရွှေ့ခဲ့သေးတယ် မဟုတ်ဘူးလား''
သူမျက်လုံးပြူး ကာ လူကအလိုလိုထိုလူကြီးအနားတိုးကပ်သွားမိသည်။ ဘာကြောင့်
မနက်က သူလုပ်ခဲ့တာတွေ ကို ဒီလူကြီး သိနေရတာလဲ။ နောက်ကများ နောက်ယောင်ခံလိုက်လာတာလား။
မ ဖြစ်နိုင်ပါ။
''တောင်ကုန်းပေါ်ကတောင် ရွာကိုအကြာကြီး ကြည့်နေသေးတယ်။ ဘာလဲကွ မင်းတောင်
ငါတို့ရွာကို သနားသွားပြီလား''စကာားမဆိုမိတော့ချေ။ နှုတ်ပိတ်လျက်သာ
ထိုင်နေသူလူကြီးကို ကြည့်လိုက်မိတော့သည်။ လူကြီးကတော့ အေးအေးလူလူပင် ဆေးတံကိုသာ
ဖွာလျက်ရှိနေပါ၏ ။ အတန်ကြာတော့ မနေနိုင် သည်မို့ .
. .
''ဘကြီးက ကျွန်တော့် နောက်ကနောက်ယောင်ခံလိုက်လာတာလား''
လူကြီးက တဟားဟား အော်ရယ်သည်။''မလိုက်ပါဘူးကွ၊ ငါဒီမှာ ထိုင်နေတာ
ညကတည်းကပဲ''''ဒါဆို ဘာလို့ ကျွန်တော် လုပ်ခဲ့သမျှတွေ ကိုသိနေရတာ လဲ''
အသံကျယ်ကီးဖြင့် တဟားဟားရယ်ပြန်ပါသည်။ ပြီးတော့မှ အရယ်ကိုရပ်ရင်း . . .
''မင်း . . . လိပ်ပြာလွှင့်တယ်ဆိုတာကိုကြားဖူးလား''
''လိပ်ပြာလွှင့်တာ''ရိုးစစ် တိုးတိုးလေးရေရွတ်လိုက်မိသည်။
ကြားဖူးပါသည်။ ဒါဟာ ပညာတစ်ရပ်ပေပဲ။ တော် ရုံပညာတစ်ရပ်မဟုတ်။ စိတ်စွမ်းအားကြီးမြင့်သူ၊ နှစ်
ပေါင်းကြာရှည်စွာ လေ့ကျင့်သင်ကြားထားသူတွေ သာတတ်မြောက်သည့်ပညာ။
''ကျွန်တော် ကြားဖူးတယ်''
''အေး . . . ငါလိပ်ပြာလွှင့်ပြီး မင်းကို
ကြည့်နေတာဆိုပါတော့''ရိုးစစ် လုံးဝကို ဆွံ့အသွားလေပြီ။ကြက်သီးတို့ပင် ဖျင်းခနဲထမိသွားလားမသိ။ ဒီလူကြီး
တကယ် တတ် မတတ်မသိပေမဲ့ ပြောသမျှတော့အကုန်မှန်နေသည်။ ရိုးစစ် မယုံသလို ဖြစ်မိသည်မို့ . . .
''ဦးက အဲ့ဒီပညာတတ်ထားတာလား''
''အဟင်း . . . လေ့ကျင့်တုန်းဆိုပါတော့။ကျွမ်းကျွမ်းကျင်ကျင်တော့ မဟုတ်သေးပါဘူး။ အဲ့ဒီ
ပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တဲ့နေ့ကငါသေရင်သေ၊ မသေရင် ဟိုအယုတ်တမာကောင်
သေမဲ့ နေ့ပဲ''အနည်းငယ်ထူးဆန်းသွားသောစကားကြောင့် ရိုးစစ် ကြောင်တောင်တောင်
ဖြစ်မိသွားသည်။ ဒါကို ထိုလူကြီးက သဘောပေါက်စွာမေ့မေ့ပျောက်ပျောက်ပုံစံဖြင့် . . .
''ထားပါ၊ ညက ငါရောက်မလာပေမဲ့ငါ့ညီမတော့ မင်းတို့ပွဲကို လာကြည့်လိမ့်မယ် ထင်တယ်။
မျက်လှည့်ပြတဲ့နေရာနဲ့ ငါတို့အိမ်နဲ့က နီးနီးလေးကွ''ကိုးချောင်းရွာသားတစ်ဦး ဖြစ်မှန်း
သေချာသွားပြီမို့ . . .
''ဦးက ဘယ်သူလဲ''
''ငါ့နာမည် ဖိုးလူတဲ့။ မကြာခင်ကသေသွားတဲ့ ရွာသူကြီးဦးပြည့်ဝရဲ့ သူငယ်ချင်းပေါ့''
''ဗျာ . . . ဖိုးလူ . . . ဦးဖိုးလူ''
''ဟုတ်တယ်လေ''သိပါသည်။ ဖိုးလူဆိုသည့် နာမည် ကိုရင်းရင်းနှီးနှီးပင် သိနေသည်။ အီလစ်ဆီက ဖတ်ခဲ့ရ
သော စာထဲမှာ ရော၊ ဦးယုဝ၏ ပြောစကားထဲမှာ ပါဖိုးလူဆိုတာကို ကြားဖူးနေသည်မဟုတ်ပါလား။
တိုက်တိုက်ဆိုင်ဆိုင် လာဆုံနေသောဦးဖိုးလူကိုကြည့်ကာ ရိုးစစ် မဝံ့မရဲ ဖြစ်မိသည်။ပြီးတော့ တချို့စကားတွေ ကိုလည်းနားမလည်သည်ကြောင့် . . .
''ဦးက ဒီမှာညကတည်းကထိုင်နေတာဆိုတော့ ဘာလုပ်နေတာလဲ''
''ဒီလိုပါပဲ၊ မပြီးသေးတဲ့အလုပ်လေးတစ်ခုကိုဆက်လုပ် နေတာ။ ပြီး သွားပါပြီ။ အခုပဲပြန်တော့ မလို့''
ပြောပြောဆိုဆိုပဲ ဦးဖိုးလူမတ်တပ်ထရပ်လေသည်။ ပုံစံကြည့်ရသည်မှာ
စိတ်မြန်သည့်ပုံစံ ရှိသည်။
ထိုစဉ်မှာ ပင် ဦးဖိုးလူကထင်မှတ်မထားသော ကိစ္စတစ်ရပ်ကို ပြု
လုပ်လိုက်လေသည်။ အဲ့ဒါက ရိုးစစ် လက်တစ်ဖက်ကိုဆတ်ခနဲ ဆွဲကိုင်လိုက်တာပါ။
ရိုးစစ် 'ဗြု န်း' ဆို သတိလွတ်သလို ဖြစ်ပြီးမျက်လုံးတွင်းမှာ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပေါ်သွားတော့ . . .
''ကောင်လေး . . . မင်းကို ငါတို့ရွာအတွက်အားကိုးပါရစေ''
ရိုးစစ် လက်အား သူ၏ လက်နှစ် ဖက်ဖြင့်အသေအချာဆုပ်ကိုင်ပြီး ပြောခြင်း ဖြစ်သည်။ သူ၏
မျက်လုံးတွေ က ရိုးစစ် မျက်လုံးနှစ် လုံးပေါ် တည်တံ့စွာကျရောက်နေ၏ ။ မည် မျှထိလေးနက်ကြောင်း သူ၏
စကားသံနှင့် မျက်လုံးတွေ က သက်သေခံနေပါသည်။ပြီးတော့မှ လက်ကိုလွှတ်ချကာ . . .
''မင်း သုံးပင်ရွာကိုသွားမှာ မလားသွားတော့ . . . ''
ထိုမျှပင်ပြောပြီး ရိုးစစ်ကို ကျောခိုင်းကာထွက်သွားတော့သည်။ သူ ကတော့ မျက်လုံးတွင်းမှ
ပုံရိပ်တွေ ကို ဦးနှောက်သို့ ပို့ရင်း အထပ်ထပ်လှန်ကြည့်နေချိန်၌ . . .
တစ်လှမ်းချင်း လှမ်းသွားနေရာမှဘာကြောင့် မှန်းမသိ နောက်ကို ပြန်လှည့်ကာ . . .
''သြော် . . . ဒါနဲ့ကောင်လေး . . . ''
ရိုးစစ် ကြည့်လိုက်တော့ . . .
''စောညို တို့အုပ်စုကို သတိထားဦး၊ ညကမင်းကို မကြည်သွားဘူး''
ဒီလောက်ပါပဲ။ထွက်ခွာ သွားပါသည်။ ရိုးစစ်မှာ တော့
ဦးဖိုးလူအားကြည့်ကာ အတွေးပေါင်းများ စွာ နှင့် . . . ။
*
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၅ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။

Related Posts