သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၆ ) [အခန်းဆက်ဝတ္ထုရှည်]


အခန်းဆက်ဝတ္ထုရှည်
သိုးဆောင်း - ပဉ္စလက်ရွာ အပိုင်း ( ၆ )
…….
တကယ်တော့ သူတို့လည်း ဤရွာမှာ
နေချင်လွန်း၍ တော့ မဟုတ်ပါ။
မပြီးပြတ်သေးသည့်ကိစ္စ တွေ ကြောင့် . . . ။
တဲခေါင်းရင်းဘက်မှာ အစ်ကို ဖြစ်သူ
ဖိုးလက်ဖြူ ၏ အုတ်ဂူတစ်လုံး ရှိနေသည်။ သူ တစ်ရက်
မပြတ် သွားရောက်ဦးချကန်တော့နေသော နေရာလည်း
ဖြစ်၏ ။
မိုးခေါင်ရေရှားလွန်းသော ဒီပတ်ဝန်းကျင်၌
ဆက်လက်နေထိုင်နေခြင်းမှာ အကြောင်းရင်း နှစ် ချက်
ရှိပါသည်။
ပထမတစ်ချက်က အစ်ကို ဖြစ်သူ၏
အုတ်ဂူအား ပစ်မထားခဲ့ရက်၍ ။
ဒုတိယတစ်ချက်က အစ်ကိုဖိုးလက်ဖြူ
ပေးခဲ့သော ပဟေဠိတစ်ပုဒ်အား မဖြေရှင်းနိုင်သေး၍ ။
ဖိုးလက်ဖြူ မှာ လျှို့  ဝှက်သိပ်သည်းသူ
တစ်ယောက် ဖြစ်သည့်အတွက် ကျိန်စာနှင့်
ပတ်သက်ပြီး သူတို့ကို ဘာမှအသိမပေးခဲ့။ ဒါပေမဲ့
သေဆုံးခါနီး အချိန်မှာ အမြင်မှန်ရသွားခဲ့သည်။ သူ့ကို
မျက်စိ တစ်ဖက် ဆုံးရှုံး စေခဲ့သူ ဦးသီလနှင့် ရွာကို
သီးသီးသန့်သန့် ခွဲခြားနိုင်ခဲ့သည်။
သို့ အတွက်ကြောင့် သေအံ့ဆဲဆဲအချိန်တွင်
သူတိုက်ခဲ့သော ကျိန်စာ၏ လျှို့  ဝှက်ချက်ကို ပြောပြရန်
ကြိုး စားခဲ့ပါသည်။
ဒါပေမဲ့ . . . အခြေအနေ မပေးခဲ့။
ပြောရင်းတစ်ပိုင်းတစ်နဲ့ အမောဖောက်ကာ
ဆုံးသွားခဲ့သည်။ ဖိုးလက်ဖြူ ပေးသွားခဲ့သည်က တော့
ကတ်ပြားခုနှစ် ချပ်ပါပဲ။ ထိုခုနှစ် ချပ်ထဲမှ နှစ်
ချပ်ကိုရွေးထုတ်ကာ . . .
''ဒီနှစ် ချပ်က အရေး ကြီးတယ်''
ဟု အမောဖောက်သော လေသံနှင့် ပြောပြီး
ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ထက်ပိုပြီး ဘာမှမသိ
လိုက်ရ။ ကျိန်စာနှင့် ပတ်သက်ပြီးလည်း သူ ဘာမျှမသိ။
နောက်ဆုံးပေးသွားခဲ့သော 'အရေး ကြီးတယ်' ဟူသည့်
ကတ်ပြားနှစ် ချပ်သာ ပဟေဠိတစ်ပုဒ်အ ဖြစ် ကျန်ခဲ့ခြင်း
ဖြစ်ပါသည်။
ကျိန်စာနှင့် ပတ်သက်သော လျှို့ 
ဝှက်ချက်တစ်ခုမှန်းသိပေမဲ့ ယခုအချိန်ထိ သူ
မဖြေရှင်းနိုင် သေး။ ဖြေရှင်းဖို့ကြိုး စားရင်းနှင့် ပင်
ခြောက်နှစ် တင်းတင်း ပြည့်လာခဲ့ခြင်း ဖြစ်သည်။
ဤရွာမှာ ဆက်လက်နေထိုင် ဖြစ်နေခြင်းဟာလည်း
အကြောင်းရင်းနှစ် ချက်အနက်
ထိုဒုတိယအကြောင်းကြောင့် ပင် ဖြစ်သည်။
ကိစ္စတော့မရှိသေး။ ဒီရွာမှာ
သူ့ကိုယှဉ်နိုင်တဲ့လူ မပေါ်သ၍ တော့ ယခုအတိုင်းသာ
အေးအေး လူလူရှိနေဦးမည် မဟုတ်ပါလား။ ဒါပေမဲ့ . . .
စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်
တစ်ယောက် ကိုးချောင်းရွာသို့ ရောက်လာခဲ့ပါပြီ။
*
အပြင်ဘက်မှ အီလစ်၏
ဟောက်သံသဲ့သဲ့ကို ကြားရသည်။ စောညို တို့လည်း
အိပ်နေလောက် ပြီထင်ပါသည်။ ညသန်းခေါင်ကျော်ပြီမို့
အကုန်လုံးက တိတ်ဆိတ်အိပ်မောကျလျက်သာ ရှိနေ၏
။ သို့ ပေမဲ့ အခန်းတစ်ခုအတွင်းမှာ တော့
အိပ်စက်ခြင်းမရှိသေးသော လူ တစ်ယောက်
ရှိနေပါသည်။
မီးအိမ်ထွန်းထားသည့်အတွက်
အခန်းလေးထဲမှာ နီကျင်ကျင်အလင်းရောင် က
မပီဝိုးတဝါး ကျရောက်နေသည်။ နံရံမှာ
ချိတ်ဆွဲထားသော အရိုးခေါင်းများ ၊ အင်းကွက်များ ၊
ပန်းချီကားများ ကို မီးရောင် နဲ့ ဝေဝေဝါးဝါး မြင်ရသည်။
အခန်းထောင့်မှာ စာအုပ်ပုံကြီးတစ်ပုံ။ နာမည်
တပ်လို့မရသော တိုလီမိုလီမျက်လှည့်
အသုံးအဆောင်ပစ္စည်းများ စသည်တို့ ကတော့
အခန်းထဲမှာ ဟိုတစ်စ ဒီတစ်စ ကျဲပြန့်နေ၏ ။
ထိုအရာတို့၏ အလယ်မှာ
ဆံပင်ရှည်ကိုဖြန့်ချထားသော လူကြီး တစ်ယောက်
ထိုင်ကာနေသည်။ မုတ်ဆိတ်မွေး၊ ပါးပြို င်းမွေးတွေ
ထူထပ်နေသည်မိုပ ရုပ်ရည်တိတိကျကျနှင့် အသက်ကို
ခန့်မှန်းလို့မရ။ သူ့အစ်ကိုပေးသွားသည့်နာမည် ကတော့
ယက္ခတဲ့။ ဝါလဲ့လဲ့မီးအိမ်ရောင် လေးအောက်မှာ
ထိုင်နေပုံက ဘီလူးတစ်ကောင်အလား။
နေလတံဆိပ် အင်္ကျီပွပွကြီးကိုလည်း
ဝတ်ထားသည်မို့ ပုံစံက ပိုမိုခြောက်ခြားဖွယ်
ဖြစ်နေသည်။ ငြိမ်သက်စွာ ထိုင်နေပုံမှာ လည်း
တစ်စုံတစ်ရာအား အာရုံစူးစိုက်ထားသလိုမျိုး။
လက်တွင်းမှာ
ဓာတ်ပုံတစ်ပုံကိုင်ထားပါသည်။ ရှေ့စားပွဲပေါ်မှာ က
စုပုံကျနေသော လွယ်အိတ် လေးတစ်လုံးနှင့်
မြေအိုးလေးတစ်အိုး ရှိနေ၏ ။ လက်တွင်းမှဓာတ်ပုံအား
စူးစိုက်ကြည့်ကာ ပုံဖော်နေ ခြင်း ဖြစ်သည်။ သူ
မြင်ဖူးနေသည်။ ဒီဓာတ်ပုံထဲမှပုဂ္ဂို လ်ကို
တစ်နေရာရာမှာ သူ မြင်ဖူးထားသည်။
ဘယ်မှာ မြင်ဖူးထားတာလဲ စဉ်းစားလို့မရ။
သေချာတာ ကတော့ မျက်လုံး၊ ဒီမျက်လုံးမျိုးကို သူ
ရင်းနှီးဖူးသည်။ ဒါပေမဲ့ ဓာတ်ပုံထဲက မျက်နှာနှင့်
မျက်လုံးက သူ့အာရုံထဲမှာ တွဲ ပြီးပေါ်မလာ။ လူ
တစ်ယောက် အတွက် ဘယ်လိုပဲ ရုပ်ကို
ပြောင်းလဲနိုင်ပါစေ မျက်လုံးကိုတော့ ပြောင်းလဲ၍
မရနိုင်သည် မဟုတ်ပါလား။
ဘယ်သူ ဖြစ်နိုင်မလဲ၊ တွေးမရဘဲ
ရှိနေပါသည်။
အတန်ကြာတော့ ဓာတ်ပုံလေးအား
ပြန်ချရင်း မြေအိုးလေးကို ယူကြည့်မိသည်။
ဘာမျှထူးခြား မှု မရှိသော သာမန်မြေအိုးလေးတစ်အိုး။
အဖုံးဖွင့်လိုက်တော့ အတွင်းမှာ
တစ်ဝက်သာသာလောက်ရှိ သော ပြာမှုံများ ကို တွေ
့ရသည်။ သူ့အထင်တော့ အရိုးပြာများ
ဖြစ်ပုံရလေသည်။
စောညို ယူလာခဲ့သော လွယ်အိတ်အတွင်းမှ
ပစ္စည်းများ ကို ထုတ်ယူကြည့်နေခြင်း ဖြစ်ပါ၏ ။ စောညို
ပြကွက်ကို အနိုင်ယူသွားသူ တစ်ယောက် မို့
သတိထားသည့်သဘော နောက်ယောင်ခံ လိုက်
ကြည့်ခိုင်းခြင်း ဖြစ်ပါသည်။ ဒါပေမဲ့
ခိုင်းသည်ထက်ပိုကာ စောညို က လွယ်အိတ်တစ်လုံး
ယူဆောင် လာ၏ ။
တကယ်တန်း အသုံးမဝင်ပါပေ။
သူတို့လိုချင်သော သတင်းအချက်အလက်တွေ ဤ
လွယ်အိတ်အတွင်းမှာ ပါမလာခဲ့။ သူတို့သိချင်သည်က
ဒီကောင်လေး ဘယ်သူလဲ။ ဘယ်လိုရည်ရွယ် ချက်နဲ့
ကိုးချောင်းရွာကို ရောက်လာတာလဲ။
နာမည် ကိုတော့ ရိုးစစ်ဟု သိထားသည်။
လျော့တွက်လို့မရသော လူ တစ်ယောက် ဆိုတာ လည်း
သိနေသည်။ ကျန်တာတွေ တော့ သိမလာသေး။ ဒါပေမဲ့
စိတ်ဝင်စားဖွယ်ကောင်းသော သတင်း တစ်ပုဒ်တော့
ရထားပါသည်။
အဲဒါက . . .
မနက်ဖြန်ညနေ (၅) နာရီ
အုတ်နံရံကိုဖောက်ပြီး လမ်းလျှောက်ပြမယ်တဲ့။
ဘာသဘောလဲ။
( ၁၅ ) 
ညနေ (၅) နာရီ မထိုးခင်ကတည်းက
အုတ်တံတိုင်းတစ်ခုရဲ့ ရှေ့မှာ လူတွေ ရုံးစုရုံးစု
ဖြစ်နေကြ ၏ ။ တစ်ရွာလုံးပင် ရောက်နေသလား
ထင်ရလောက်အောင် လူတွေ များ ပြားလှပါသည်။
ကလေး၊ လူကြီး အရွယ်စုံပင် ဖြစ်၏ ။
နေရာက ရွာထွက်ပေါက်နှင့်
မနီးမဝေးနေရာတစ်ခု၊ ရွာစည်းရိုးရဲ့ အပြင်ဘက်မှာ
ရပ်နေကြခြင်း ဖြစ်၏ ။
''ရွာစည်းရိုးအုတ်တံတိုင်းကိုဖြတ်ပြီး
လမ်းလျှောက်ပြမယ်တဲ့''
ထိုသတင်းကြောင့် ယခုကဲ့သို့ လူတွေ
ရောက်ရှိနေခြင်း ဖြစ်သည်။ ညနေဆိုပေမဲ့ နေမဝင်
သေး။ သူတို့လို မိုးခေါင်သော ရွာလေးတစ်ရွာအတွက်
နေက ပူကောင်းတုန်းပင် ရှိသေးသည်။ ဒါပေမဲ့
ပူလို့ပူမှန်းမသိပါ။ ရိုးစစ်ပြမည့်  ထူးဆန်းသော
ပြကွက်ကို အကုန်လုံး စိတ်ဝင်စားနေကြသည်။
မျက်လှည့်ကိုဝါသနာပါပြီး
လေ့လာဆည်းပူးနေသော ကျေးရွာတစ်ရွာ ဖြစ်ပေမဲ့
ထိုပြကွက်မျိုး ကို သူတို့ မမြင်ဖူး။ ထို့အတွက်ကြောင့်
လည်း ယခုလို အထူးအဆန်း
လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်သည်။
တချို့မှာ ရိုးစစ် ဖြတ်လျှောက်မည် ဟူသော
အုတ်နံရံကို ကိုယ်တိုင်ကိုယ်ကျပင် သွားရောက်
စမ်းသပ်စစ်ဆေးသည်။ အုတ်သားတွေ ကို
ထုနှက်ကြည့်သည်။ ရွာစည်းရိုးမှာ တချို့နေရာတွေ မှာ
ပေါက်ပြဲဖာထေးထားရပေမဲ့ ယခုနေရာ ကတော့
အခိုင်အမာကြီးပင် ဖြစ်သည်။
အုတ်တံတိုင်းမှာ ရော၊
အုတ်သားအောက်မြေပြင်မှာ ရော မသင်္ကာစရာ မတွေ
့။ ဒါကို မည် သို့ ဖြတ်လျှောက်ပြမည် နည်း။
ထိုမေးခွန်းကိုပင် လူတိုင်း သိချင်နေကြတာပါ။
ထိုအချိန်မှာ ပင် လှုပ်လှုပ်ရွရွ ဖြစ်နေသူ လူအုပ်ကြီးထဲမှ
အသံတစ်သံ ထွက်လာသည်။
''ဟာ . . . ဟိုမှာ လာကြပြီ''
အားလုံးရဲ့ ခေါင်းတွေ တစ်နေရာသို့
လည်သွားသည်။ မြင်လိုက်ကြရသည်ကား . . .
အနက်ရောင် ထက်အောက်ဝတ်စုံနဲ့ ရိုးစစ်။
ရိုးစစ်ကို အလယ်မှာ ထားကာ ဦးယုဝနှင့် လူငယ် အချို့
တစ်လှမ်းချင်း လျှောက်လာနေကြသည်။ နေရောင်
စူးစူးက ထိုးကျဆဲပင်ရှိသေးသည်မို့ မြေပြင် မှာ
အရိပ်တွေ လျှပ်ပြေးနေ၏ ။
လူအုပ်ကြီးရှေ့ကိုရောက်တော့
ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။ ထိုစဉ်မှာ ပင်
ဦးယုဝ၏ ကျယ်ကျယ်လောင်လောင် အော်သံကြီးက
ပတ်ဝန်းကျင်ကို ဖုံးလွှမ်းပစ်လိုက်ပါသည်။
''ကဲ . . . အားလုံးပဲ
စောင့်မျှော်နေတဲ့ပြကွက်ကို မကြာခင်အချိန်မှာ
ဧည့်သည်လေး ရိုးစစ်က ပြသပါတော့မယ်''
တစ်ကွင်းလုံးငြိမ်ကာ တိတ်သွား၏ ။
အကုန်လုံးရဲ့ အာရုံက ဦးယုဝစကားနဲ့
ရိုးစစ်ကိုယ်ပေါ်မှာ ရောက်နေသည်။
''ရိုးစစ်က ပြောပါတယ်။ မယုံကြည်သူများ
ပြကွက်မပြခင် အုတ်နံရံကို စစ်ဆေးနိုင်ပါတယ်တဲ့''
''ယုံပါတယ်''
''ကျွန်တော် တို့ စစ်ဆေးပြီးပါပြီ။
ယုံပါတယ်''
ခုန သွားရောက်ထုနှက်ကြည့်ထားကြသော
ယောက်ျားလေးအုပ်စုဘက်မှ တုံ့ပြန်သံတွေ
ထွက်လာ၏ ။ တကယ်ပင် သူတို့လေ့လာပြီးသွားပြီမို့
ရိုးစစ်ပြသမည့် အချိန်ကိုသာ လည်တဆန့်ဆန့် ဖြင့်
စောင့်မျှော်နေကြသည်။
ဦးယုဝအကြည့်တို့
သူ့ထံရောက်လာပါသည်။ ခေါင်းညိတ်ပြလိုက်တော့
ဝီစီမှု တ်သံတစ်ချက် 'ရွှီ' ခနဲ ထွက်သွားသည်။
ထိုအသံနောက်မှာ တော့ သူတို့နှင့် ပါလာသူ
လူငယ်သုံးယောက် မှာ အုတ်နံရံ ဆီ အပြေးတိုးကပ်
သွားပါတော့သည်။ ချက်ချင်း ပင် အုတ်နံရံကိုကပ်ပြီး
သုံးဘက်ပိတ် လိုက်ကာတစ်ခု ကို ဆင်လိုက်၏ ။
လိုက်ကာဆင်ပြီးသွားချိန်မှာ
နာရီကိုတစ်ချက်ကြည့်ပြီး အဆင်သင့် ဖြစ်ကြောင်း
ဦးယုဝ ခေါင်းညိတ်ပြတော့ . . .
ရိုးစစ် တံတွေးတစ်ချက်ကို မျိုချလိုက်သည်။
သူရင်တွေ ခုန်နေ၏ ။ ရင်ခုန်နေလျက်မှပင် တစ်စုံ
တစ်ယောက် ကိုလည်း သတိရလိုက်မိသည်။
'အမေ'။
သူမျက်လှည့်ပြချိန်ဆို ဘေးမှာ
အမြဲရှိနေတတ်တဲ့ အမေ။ အခုတော့ သူ့ဘေးမှာ
မရှိနိုင်တော့ ပြီ။ ဒါပေမဲ့ အမေပြောခဲ့သော စကားတွေ
ကတော့ သူ့နားထဲမှာ တရစ်ဝဲဝဲပင် ရှိနေဆဲ ဖြစ်၏ ။
''ငါ့သား . . . စင်ပေါ်ရောက်ပြီဆိုရင်
အရင်ဆုံးမင်းတွေ့ ရမှာ က မင်းကိုစောင့်ကြည့်နေတဲ့
ပရိသတ်ပဲ။ ပရိသတ်ထဲမှာ နှစ် မျိုးရှိတယ်။
မင်းကိုအားပေးမယ့် ပရိသတ်ရယ်၊
မင်းကိုပြစ်တင်ရှုတ်ချ မယ့် ပရိသတ်ရယ်
ဆိုပြီးတော့ပေါ့။ မင်း မသေမချင်းမှတ်ထား ငါ့သား။
ဒုတိယအမျိုး အစားအတွက် ဘယ်တော့မှ
အလုပ်မလုပ်နဲ့''
ယခု လူတွေ မှာ လည်း နှစ် မျိုး
ကွဲချင်ကွဲနေပါလိမ့်မည် ။ ဒါပေမဲ့
အမေပြောခဲ့သလိုပါပဲ။ ပထမ တစ်မျိုးအတွက်ပဲ သူ
အလုပ်လုပ်မှာ ပါ။ တစ်လှမ်းချင်းလျှောက်လာသော
သူ့ကို ဦးယုဝက လိုက်ကာ ဟပေးထား၏ ။
သူတို့ရှိနေရာရပ်ဝန်းတစ်ခုလုံး ဘာသံမျှ
မကြားရလောက်အောင် တိတ်ဆိတ်နေပါ သည်။
ပရိသတ်တွေ မှာ တော့ ရိုးစစ် ဘာဆက်လုပ် မလဲ
သိချင်စိတ်တွေ မြင့်တက်ကာ ငြိမ်သက်နေကြ သည်။
ဟပေးထားသော လိုက်ကာအတွင်းသို့
ရိုးစစ် ဝင်ရောက်လိုက်ပါသည်။ သူ အထဲရောက်
ရောက်ချင်း ဦးယုဝက လိုက်ကာကို
ပြန်လည်ဖုံးအုပ်လိုက်သည်။ အတွင်းမှာ မည်းမည်
းမှော င်နေ၏ ။
ရှေ့တည့်တည့်မှာ ရှိနေသည်ကား နံရံ။
မျက်လုံးမှိတ်ချလိုက်တော့ . . . ။
*
( ၁၆ ) 
''ရပြီ . . . ဖယ်တော့''
ဦးယုဝ၏ အသံကျယ်ကြီးအောက်မှာ
လိုက်ကာသုံးဖက်လုံး ပုံကျသွားသည်။ အားလုံး မြင်တွေ
့ လိုက်ရသည်ကား . . .
''ဟာ . . . ''
''အို . . . ''
''ရိုးစစ် မရှိတော့ဘူး''
ရိုးစစ်မှာ တကယ်ပင် ပျောက်ခြင်းမလှ
ပျောက်သွားလေပြီ။ တကယ်ပင် အုတ်နံရံထဲကို
ဝင်သွားတာလား။ မည် သူမျှမတွေးတတ်။ ဦးယုဝမှာ
တော့ နာရီကိုငုံ့ကြည့်ပြီး အလျင်စလိုဟန်တွေ နဲ့ အတူ .
. .
''ဟေ့ကောင်တွေ . . . မြန်မြန်''
ပြောလည်း ပြော၊ သူကိုယ်တိုင်လည်း
နောက်လှည့်ကာ ပြေးထွက်သွားလေသည်။ ဦးတည်ရာ
က ထွက်ပေါက်မှတစ်ဆင့် ရွာတွင်းသို့ ။
ဦးယုဝနောက်မှ လိုက်ကာတွေ ကို ပိုက်ကာ
လူသုံးယောက် ပြေးလိုက်သွားသည်။ ထိုနောက် မှာ
တော့ ဘာမှန်းမသိသည့် လူအုပ်ကြီးသည်လည်း
အပြေးအလွှား။
လူအုပ်ကြီးက ထွက်ပေါက်မှတစ်ဆင့်
ရွာတွင်းသို့ ပြို ဆင်းလာသည်။ ချက်ချင်း ပင် ရွာတွင်း
တစ်နေရာမှာ ဆူညံသွား၏ ။
ရိုးစစ်ပျောက်သွားသည့်နေရာနှင့် အတွင်
းဘက်တည့်တည့်လောက်မှာ လိုက်ကာကို ချက်ချင်း
ပြန်ဆင်သည်။ ဦးယုဝပုံစံက အလျင်စလို နိုင်နေသည်မို့
လုပ်ကိုင်သူသုံးယောက် မှာ လည်း မြန်မြန် သွက်သွက်။
လူအုပ်ကြီးမှာ တော့ လုပ်ပုံကိုင်ပုံတွေ
အားကြည့်ကာ ရင်တထိတ်ထိတ်။ အားလုံးမှာ လည်း
ရိုးစစ် ပျောက်သွားခြင်းအပေါ်မှာ ပဟေဠိဆန်နေ၏ ။
လိုက်ကာဆင်ပြီးချိန်မှာ တော့ အကုန်လုံးက
လိုက်ကာကိုကြည့်ပြီး ရင်မောသွားတော့သည်။
တကယ်ပဲ နံရံကိုဖောက်ပြီး ရောက်လာတော့မှာ လား။
ဦးယုဝမှာ လည်း မလှမ်းကမ်းတွင် ရပ်ကာ
စိတ်လှုပ်ရှားနေသလို ရှိသည်။ ထိုစဉ်မှာ ပင်
ကာထားသော လိုက်ကာ တစ်ချက်
လှုပ်ယမ်းသွားသည်ကို တွေ့ လိုက်ရသည်။
''ဟာ . . . ''
ကြည့်နေသူတွေ ဆီမှ အသံထွက်သွားသလို
ဦးယုဝမျက်နှာလည်း ပြုံး သွား၏ ။ ခဏကြာသွား
ချိန်မျာ နံဘေး၌ အသင့်ရှိနေသူ သုံးယောက် အား
လက်မထောင်ပြလိုက်လေသည်။ ထိုအခါမှာ တော့ . . .
လိုက်ကာ ဆတ်ခနဲ ပုံကျသွားစဉ်
အားလုံးမြင်တွေ့ လိုက်ရသည်ကား နံရံကို
ကျောပေးရပ်နေ သည့် ရိုးစစ်။
မြင်တွေ့ ရသော မြင်ကွင်းကိုကြည့်ပြီး
အကုန်လုံး ခဏတာ
ကြောင်အမ်းသွားသည်ထင်ရသည်။ ခဏပါပဲ။
ဘယ်သူက စတင်လိုက်သည်မသိသော
လက်ခုပ်သံတစ်ချက်နောက်မှာ . . .
''ဖြောင်း . . . ဖြောင်း . . . ဖြောင်း . . . ''
လက်ခုပ်သံတွေ ၊ ချီးကျူး သံတွေ ၊
အံ့သြသံတွေ ၊ မယုံကြည်နိုင်မှု စကားတွေ
ပွက်ပွက်ဆူသွား သည်။

*

ရိုးစစ် နဖူးမှချွေးကို
အင်္ကျီလက်မောင်းအိုးဖြင့် ပင့်သုတ်လိုက်သည်။ ရင်မှာ
တဒိတ်ဒိတ်ခုန်နေ ဆဲ ဖြစ်၏ ။ လူအုပ်ကြားထဲမှ ဦးယုဝ
ထွက်လာပြီး သူ့ပခုံးကို လာပုတ်သည်။ ဦးယုဝမျက်နှာ၌
အောင်မြင်မှု အရိပ်အယောင်အချို့
ပေါ်လွင်နေပါသည်။ ပြီး သူ့ပခုံးကို တစ်ချက်ပုတ်ကာ . .
.
''မင်း တကယ်တော် တယ်''
''ဦးကူညီတာလည်း ပါ, ပါတယ်''
ဘာမျှတော့ပြန်မပြော။ စဉ်းစားသွားသလို
ငြိမ်နေပြီးကာမှ တစ်စုံတစ်ခုအား သတိရလိုက် သလို . .
.
''ဆရာတော် ဘုန်းကြီး ဒီမနက်ပဲ ရွာကို
ပြန်ကြွလာတယ်။ မင်းသတင်းကြားပြီး မင်းနဲ့တွေ့ ချင်
တယ် ပြောတာပဲ''
ရိုးစစ် သဘောပေါက်စွာ နှင့်
ခေါင်းညိတ်ပြမိပါတယ်။
ရွာသူရွာသားအပေါင်း ကတော့ ယခုတိုင်
မမြင်ဖူးသော လူ တစ်ယောက် လို သူ့အား ရပ်ကြည့်
နေကြဆဲ၊ အားပေးနေကြဆဲ။
ထိုအထဲမှာ ထူးဆန်းသော လူနှစ် ယောက်
ရှိနေသည်။ ရိုးစစ် ရည်ရွယ်ချက် အောင်မြင်သည်ဟု
ဆိုရမည် ဖြစ်၏ ။
ထိုနှစ် ယောက် ကား . . .
ယက္ခနှင့် စောညို တို့၏ တပည့်နှစ် ယောက်
ပါပင်။
*
( ၁၇ ) 
ဆိုင်းဘုတ်အောက်တည့်တည့်မှာ
ကလေးလေး တစ်ယောက် စာထိုင်ဖတ်နေသည်။
သူ့ပုံစံက ဘာမျှအပူအပင်မရှိဘဲ အေးအေးလူလူပင်
ဖြစ်သည်။ ရွာမှာ ခံစားနေရသော ဒုက္ခတွေ ၊ ပူလောင်မှု
တွေ သူနဲ့ဘာမျှမသက်ဆိုင်သလိုမျိုး။ ခပ်လှမ်းလှမ်းမှာ
တော့ မြင်းညို ကြီးတစ်ကောင် မြက်စားနေပါ၏ ။
မြင်ရသော မြင်ကွင်းကိုကြည့်ကာ ရိုးစစ်
ခပ်သွက်သွက် လှမ်းသွားလိုက်သည်။ နေ့တစ်ဝက်
ကျော်ပြီမဟုတ်ပါလား။ ဆာလောက်ရောပေါ့။
အနီးရောက်သွားစဉ် . . .
''ကျွန်တော့် ကို ထမင်းလာပို့တာလားဗျ''
ဆွဲလာသော ချိုင့်အား ကောင်လေးရှေ့သို့
ချပေးရင်း . . .
''အေးလေကွာ . . . သံခဲမအားတာနဲ့
ငါယူလာပေးတာ။ သုသာန်မှာ သွားရှာသေးတယ်။
မတွေ့  တာနဲ့ ဒီကိုလိုက်လာတာ''
''ကျွန်တော် ဒီမှာ ရှိနေလိမ့်မယ်လို့
ဘယ်လိုသိလဲ''
ရိုးစစ် ခပ်ဟဟတစ်ချက်ရယ်ကာ . . .
''ဒါ မင်းမြင်းကြီးကို
အစာကျွေးရမယ့်အချိန်လေ။ ရွာထိပ်ကလွဲပြီး
ဘယ်နားမှာ မြက်ရှိလို့လဲ''
အီလစ်က ခပ်လှမ်းလှမ်းမှာ
မြက်စားနေသော သူ့မြင်းကြီးကို လှမ်းကြည့်ရင်း . . .
''ဟုတ်တယ် ကျွန်တော် ဒီကောင်ကြီးကို
အစာလာကျွေးတာ''
မြက်စားနေသော မြင်းကြီးကိုကြည့်ကာ
ရိုးစစ် ပတ်ဝန်းကျင်ကို လေ့လာမိသည်။ တော် တော်
ထူးဆန်းသော နေရာလေးပါပဲ။ ခြောက်နှစ်
လုံးလုံးမိုးခေါင်၍ ရှိရှိသမျှသစ်ပင်တွေ
ခြောက်သွေ့သေဆုံး ခဲ့ရသော်လည်း ဤနေရာလေးက
တစ်မူထူးနေသည်။ ရွာဆိုင်းဘုတ်အနီးအနားမှာ
မြက်ပင်စိမ်းစိမ်း လေးတွေ ပေါက်နေသည်ကို တွေ
့ရသည်။
ဤရွာကို စရောက်စဉ်က ရွာထွက်ပေါက်မှ
အတွင်းသို့ ဝင်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခုနေရာ
လေးကို မမြင်ခဲ့ရပါ။ ဦးယုဝအဆိုအရလည်း
ဒီနေရာလေးမှာ တစ်နှစ် ပတ်လုံး မြက်ပင်တွေ ပေါက်
ရောက်လေ့ရှိကြောင်း သိရသည်။
''တော် တော် ထူးဆန်းတာပဲကွနော်၊
တစ်ရွာလုံးခြောက်သွေ့နေတာတောင် ဘာကြောင့်
ဒီမြက် တွေ ရှင်နေတာလဲ''
အမေးစကားတစ်ခုလိုလို ဆိုလိုက်ပေမဲ့
ဖြေမယ့်သူမရှိပါ။ လှည့်ကြည့်လိုက်တော့ အီလစ်မှာ
ထမင်းကို ပလုတ်ပလောင်း စားနေသည်။ သို့
အတွက်ကြောင့် ရိုးစစ် ခပ်လှမ်းလှမ်းကိုသွားပြီး ထိုင်နေ
လိုက်သည်။ သူတစ်ပါးစားသောက်နေစဉ်၌
အနှောင့်အယှက် မပေးချင်ပါ။ သူ့အတွက်ကြောင့်
တစ်ခုခု စနိုးစနောင့် ဖြစ်မှာ မျိုးကို မလိုလား။
ဆူညံခြင်းကင်းမဲ့ကာ
တိတ်ဆိတ်လျက်ရှိနေသော ရွာလေးကိုသာ
ငေးနေလိုက်မိသည်။
……
သိုးဆောင်း၏ “ပဉ္စလက်ရွာ” အခန်းဆက်ဝတ္ထုရှည် အပိုင်း ( ၇ ) ကို မနက်ဖြန် ည ( ၇ ) နာရီခွဲအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ဇင်းစာချစ်သူများကို သတင်းကောင်းပါးလိုက်ပါတယ်။   

စိတ်ဝင်စားဖွယ် အခန်းဆက်ဝတ္ထုရှည်ဖြစ်သည့် သိုးဆောင်း၏ “ပဉ္စလက်ရွာ” ဝတ္ထုကို တနင်္လာနေ့မှ တနင်္ဂနွေအထိ နေ့စဉ် ည ( ၇ ) နာရီခွဲအချိန်တိုင်းတွင် တင်ဆက်ပေးသွားပါမည်။

"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။


Related Posts