Simple Life Hack – 15


“ကိုယ်ပိုင် Bookmarks လှလှလေးတွေ ဖန်တီးကြမယ်”

မင်္ဂလာညနေခင်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ။ 

ဒီနေ့အတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ Simple Life Hacks အစီအစဉ်ကနေ တင်ဆက်ပေးသွားမယ့် စိတ်ဝင်စားစရာ အကြောင်းအရာလေးကတော့ “ကိုယ်ပိုင် Bookmarks လှလှလေးတွေ ဖန်တီးကြမယ်” ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်ခင်ဗျ။

ဝန်ဇင်းစာချစ်သူတွေအဖို့ စာအုပ်ဖတ်ရင်း ဖတ်လက်စ စာမျက်နှာကို မှတ်ထားချင်တဲ့အခါတိုင်း စာရွက်ခေါက်ပြီးမှတ်တတ်တဲ့ အလေ့အကျင့်ကို ဖျောက်ချင်တယ်ဆိုရင်တော့ bookmarks လေးတွေက အကောင်းဆုံး အကူအညီပေးပါလိမ့်မယ်။ စာရွက်ခေါက်ပြီးမှတ်တာဟာ ရေရှည်မှာတော့ ခေါက်ရိုးကျိုးပြီး စာရွက်ပြဲတာနဲ့ စာရွက်အနားသားတွေ တွန့်ခေါက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါ စာချစ်သူ၊ စာအုပ်ချစ်သူတွေရဲ့ စာအုပ်လေးဟာ ကြာရှည်မခံဘဲ ပျက်ဆီးခြင်းကို အလွယ်တကူရောက်သွားမှာပါ။ ဒါကြောင့် … ဒီလိုမဖြစ်ရအောင် စာမှတ်တဲ့အခါတိုင်း bookmarks လှလှလေးတွေကို အသုံးပြုလိုက်ရအောင်လားခင်ဗျာ။ Bookmarks တွေကို အပြင်မှာဝယ်ရတဲ့အခါ ၂,၀၀၀၊ ၂,၅၀၀ ပေးရလို့ ပိုက်ဆံ ချွေတာချင်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် စိတ်ကြိုက် bookmarks လေးတွေ ပြုလုပ်ဖန်တီး အသုံးချနိုင်ပါတယ်။ ဒီ့အတွက် ခုတင်ဆက်လိုက်တဲ့ video အတိုလေးက အပြည့်အဝ အကူအညီပေးပါလိမ့်မယ်။ 
………….
လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ( ၃ ) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။ 
………….
"ဝန်ဇင်းပရိသတ်ကြီးထဲမှာ ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ တီထွင်ဖန်တီးမှု နည်းလမ်းလေးတွေကို သဘာကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့နော်"

"အကြံပြုလိုသည့်အကြောင်းအရာများကို ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျာ"
.............
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့်ချစ်ခင်လျက်။

Related Posts