Simple Life Hack - 3


Simple Life Hack

ဒီအပတ် ဝန်ဇင်းရဲ့ Simple Life Hack အစီအစဉ်လေးကနေ 
Sneaker ဖြူဖြူလေးတွေ ဝယ်ထားပြီးတော့ တစ်ခါနှစ်ခါပဲ စီးရသေးတယ်။ 
ညစ်ပတ်ပေရေသွားလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ၊ နည်းလမ်းလေးတွေသိထားရင်တော့ ထင်သလောက် မခက်တော့ဘူးပေါ့.. 

ဆိုတော့ ဘယ် နည်းလမ်းလေးတွေက အဆင်ပြေနိုင်မလဲ ကြည့်ကြရအောင်နော်…။

(၁) ဆော်ဒါတစ်ဇွန်းနဲ့ ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ်တစ်ဇွန်းကို ရေနွေးနဲ့ရောပြီး အနှစ်ရအောင်လုပ်ပါ။
(၂) ရောထားတဲ့အနှစ်ကို သွားပွတ်တံနဲ့ယူပြီး ဖိနပ်ပေါ်မှာ ပွတ်ပေးပါ။ 
(၃) အနှစ်ကို ခြောက်သွားအောင် မိနစ်၃၀လောက်ထားပါ။
(၄) ပြီးရင် ရေဆေးချပါ။

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနော် ။ ဝန်ဇင်းချစ်ပရိသတ်တို့အတွက်လည်း ဒီနည်းလမ်းလေးတွေက အထောက်အကူပြုဖို့ မျှော်လင့်ပါတယ် ။ 

ဒီလိုနေ့စဉ်ဘဝထဲ ကြုံတွေ့နေရတဲ့ အခက်အခဲလေးရဲ့
ဖြေရှင်းပုံကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ(၆)နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့
စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။ 

Related Posts