Simple Life Hack – 19


Simple Life Hack

"ဖန်ပုလင်းကို အသုံးပြုပြီး ကိုယ်ပိုင်စာကြည့်မီးအိမ်လေး ဖန်တီးရအောင်"

ဝန်ဇင်းပရိသတ်ကြီးများ မင်္ဂလာညနေခင်းပါခင်ဗျာ …

စာချစ်သူတို့ရဲ့ စာကြည့်စားပွဲပေါ်မှာထားပြီး စာဖတ်တဲ့အခါတိုင်း အသုံးချနိုင်ဖို့ စာကြည့်မီးအိမ်လေးတစ်ခုလောက် လိုမယ်ထင်ပါတယ်။ မီးပျက်တဲ့အခါတိုင်းမှာ မီးအိမ်လေးတစ်လုံးရှိနေတာ၊ ဒါမှမဟုတ် ညအိပ်ယာဝင်တဲ့အခါ ကိုယ့်အနားမှာ မီးအိမ်လေးတစ်လုံး ရှိနေတာက တစ်စုံတစ်ရာ ပြီးပြည့်စုံမှုကို ခံစားရပါလိမ့်မယ်။ ဒါကြောင့် ကြွေလောက်စရာ မီးအိမ်လေးတစ်လုံးကို ဘယ်မှာရှာရမလဲဆိုပြီး ခေါင်းစားမနေပါနဲ့၊ ကိုယ်တိုင်ပဲ ပြုလုပ်လိုက်ပါ၊ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင်ပြုလုပ်ဖန်တီးလို့ရမယ့် မီးအိမ်လုပ်နည်းလေးကို စာချစ်သူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ 

ဖန်ပုလင်းကောင်းကောင်းတစ်လုံးရှိနေရင် မီးအိမ်ကောင်းကောင်းတစ်လုံး ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပို့စ်မှာပါတဲ့ Video လေးကိုကြည့်ပြီး မီးအိမ်တစ်လုံး ဖန်တီးလိုက်ရအောင်လားခင်ဗျာ။ 

လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ(၆)နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်ခင်ဗျာ။ 
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  


Related Posts