Simple Life Hack - 5


Simple Life Hack
သင်္ကြန်​​ရေ​ပြွတ်​​သေနတ်​လုပ်​နည်း

ဝန်ဇင်းပရိသတ်များ … မင်္ဂလာပါဗျ ။

ခုဆို မကြာခင်ရက်ပိုင်းမှာပဲ နှစ်သစ်ကူးသင်္ကြန်ကို ရောက်လာတော့မယ်၊ သင်္ကြန်တွင်းမှာ ကားနဲ့လည်မလား၊ လမ်းလျှောက်လည်မလား၊ မဏ္ဍပ်ထိုင်မလား အစီအစဉ်တွေ ဆွဲနေကြမယ်ထင်ပါတယ်။ ဒီလိုအစီအစဉ်တွေ ရှိနေကြပေမယ့် ကျွန်တော်တို့မေ့နေတာ တစ်ခုရှိပါတယ်။ 90s born တွေ အတော်များများ ငယ်စဉ်က ဆော့ခဲ့ကြတဲ့ ရေပြွတ်သေနတ်ပါပဲခင်ဗျ။ ခုဆို ရေပြွတ်သေနတ်၊ ရေသေနတ် ကိုင်သူဆို အတော်ရှာယူရမယ့်အချိန်မှာ သင်သာ ရေသေနတ်ကိုင်ထားမယ်ဆိုရင် လူကြားထဲ ထင်းခနဲနေတာပေါ့ဗျာ။

ဒီတော့ကာ … ဟုတ်ပါတယ်ဗျ … အခုတစ်ပတ်မှာ မိတ်ဆက်မယ့် Simple Life Hacks အစီအစဉ်ကတော့ ရေပြွတ်သေနတ်လုပ်နည်းပါပဲ။ အရင်ကရော၊ ခုရော မြင်နေကြ ရေသေနတ်တွေနဲ့ ပုံစံမတူ ကွဲထွက်နေပါလိမ့်မယ်၊ ခပ်ရိုးရိုး ခပ်ဆန်းဆန်းပုံစံနဲ့ ရေသေနတ်ကို ဟန်ပါပါကိုင်၊ မဏ္ဍပ်လယ်မှာ ထိုင်ပြီး ငိုင်နေမယ်ဆိုရင်တောင် ကိုယ့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ အရှိုးခံရမယ့် စတိုင်ကို ရနေမှာ သေချာသဗျ။  

လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ(၆)နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့
စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက်ပါတယ်နော်။ 

Related Posts