Simple Life Hack – 21


Simple Life Hack

"ကတ်ထူပြားနဲ့ စမတ်ကျကျ ပိုက်ဆံစုဗူးဖန်တီးကြမယ်"

ဝန်ဇင်းပရိသတ်ကြီးများ မင်္ဂလာညနေခင်းပါခင်ဗျာ …

ဝန်ဇင်းစာချစ်သူတွေထဲမှာ ပိုက်ဆံစုလေ့စုထရှိသူတွေများ ပါမလားဗျ။ ငယ်ငယ်တုန်းကလို စုဗူးထဲ ထည့်ထည့်ပြီး စု ( စုလို့ မပြည့်သေးဘူး ပြန်ထုတ်သုံး ) .. ။ တကယ်လို့ ပိုက်ဆံစုတတ်တဲ့ အကျင့်ရှိတယ်ဆိုရင်၊ ဒါမှမဟုတ် စာအုပ်ဝယ်ဖို့ပဲ ဖြစ်ဖြစ် သီးသန့် စုချင်တယ်ဆိုရင် ဒီနေ့ ဒီပို့စ်မှာ ပါတဲ့ Video လေးက ကူညီပါလိမ့်မယ်။ 

အဲ့ဒါဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင် စုဗူးလေးတစ်ခု အလွယ်တကူ ဖန်တီးနိုင်မယ့် နည်းလေးဖြစ်လို့ပါပဲ။ Home Made လုပ်ချင်သူတွေ၊ သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို ကိုယ်တိုင်လုပ်ထားတဲ့ စုဗူးလေး လက်ဆောင်ပေးချင်တယ်ဆိုရင် အခုပဲ Video လေးကိုကြည့်ပြီး ဖန်တီးလိုက်ပါ။ ခက်ခဲမှုမရှိတဲ့အပြင် အလွယ်တကူရနိုင်တဲ့ ကတ်ထူပြားနဲ့သာ ဖန်တီးတာမို့၊ ကဲ .. ခုပဲ ကိုယ်ပိုင်စုဗူးလေးကို ကိုယ်တိုင် ပြုလုပ်လိုက်ကြရအောင် ... ။ 

ဝန်ဇင်းသတင်းစကား ။      ။ လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ( ၆ ) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်ခင်ဗျာ။ 
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  




Related Posts