Simple Life Hack – 20


Simple Life Hack

"အိမ်သုံးဆားနဲ့ ဘာတွေလုပ်လို့ရသလဲ"

ဝန်ဇင်းပရိသတ်ကြီးများ မင်္ဂလာညနေခင်းပါခင်ဗျာ …

Super Sunday ရုံးပိတ်ရက် အားလပ်ချိန်အချို့မှာ ဝန်ဇင်းပရိသတ်ကြီး ပျင်းနေမလားခင်ဗျ။ မိုးကလည်းရွာ အပြင်လည်းမထွက်ချင် အိမ်တွင်းအောင်းရင်းစာအုပ်ဖတ်နေတာ မျက်စိလည်း ညောင်းလှပြီဆိုရင်တော့ အပျင်းလည်းပြေ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ပျော်စရာနည်းလမ်းလေးတွေ ဖန်တီးလို့ရမယ့် နည်းလမ်းလေးကို မျှဝေချင်ပါတယ်။ အဲ့ဒါကတော့ - - -

ဆားကို သကြားအရသာဖြစ်သွားအောင် ပြောင်းလို့ရတယ်ဆိုယုံမလား၊ ဆားနဲ့ပဲ ခရစ်စမတ်သစ်ပင်လေး ဖန်တီးလို့ရမယ်ဆိုရင်ရော ? သိမ်းဆည်းထားတဲ့ အကြွေစေ့လေးတွေကို တောက်ပြောင်လာအောင် လုပ်မလား၊ လက်တွေ့ဖန်တီးအသုံးချလို့ရမယ့် သိပ္ပံနည်းကျ နည်းလမ်းလေးတွေကို ‘ဆား’ စမ်းသပ်လို့ရမယ်ဆိုရင် အားလပ်ချိန်တွေမှာ ပျင်းရမှာ မဟုတ်တော့ဘူးပေါ့ဗျာ။ ပို့စ်မှာပါတဲ့ Video အတိုလေးကိုကြည့်ပြီး စမ်းသပ် ဖန်တီးလိုက်ရအောင် … ။

ဝန်ဇင်းသတင်းစကား ။      ။ လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ( ၆ ) နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်ခင်ဗျာ။ 
………….
“ဝန်ဇင်းပရိသတ်ကြီးလည်း ဒီပို့စ်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်ခင်ဗျ”

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။  




Related Posts