Simple Life Hack – 6


Simple Life Hack
Dream Catcher ပြုလုပ်နည်း

ဝန်ဇင်းပရိသတ်များ … မင်္ဂလာပါခင်ဗျာ ။
 
ဒီတစ်ပတ်အတွက် ဝန်ဇင်းရဲ့ Simple Life Hack အစီအစဉ်ကနေ ရွေးချယ်တင်ဆက်ပေးမှာကတော့ Dream Catcher ပြုလုပ်နည်းလေးပါပဲ။ Dream Catcher ကို အနောက်နိုင်ငံတွေမှာဆိုရင် ဖန်စီအလှဆင်ပစ္စည်းအဖြစ်သာမက အိပ်မက်ဆိုးတွေ မမက်အောင် အကာအကွယ်ပေးတဲ့ အဆောင်ပစ္စည်းတစ်ခုအနေနဲ့ပါ အသုံးပြုကြပါတယ်။ ခုဆိုရင်တော့ ဒီ Dream Catcher ဟာ ရုပ်ရှင်ဇာတ်လမ်းတွေက တစ်ဆင့် လူသိများကြပြီး နိုင်ငံအနှံ့အပြားက ကလေး၊ လူငယ်၊ လူကြီးမရွေး နှစ်သက်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေပါပြီ။ 

Dream Catcher ရဲ့ စက်ဝိုင်းအလည်က ပင့်ကူအိမ်ဆီ စိုက်ကြည့်ပြီး စိတ်မပျံ့လွင့်ဘဲ ကိုယ်လိုချင်တဲ့အိပ်မက်ကို အာရုံပြု အိပ်စက်မယ်ဆိုရင် ကိုယ်မက်ချင်တဲ့အိပ်မက်ကို မြင်မက်စေနိုင်တာ၊ အိမ်ရှေ့တံခါးမနဲ့ ဆိုင်အဝင်အဝတွေ၊ ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားခြင်းဖြင့် မကောင်းတဲ့ဓာတ်တွေကို ရှင်းလင်းပေးပြီး ကောင်းမွန်တဲ့ဓာတ်တွေကို ဖြစ်ပေါ်စေတာ .. စတဲ့ အရည်အသွေးတွေနဲ့ နာမည်ကြီးတဲ့ Dream Catcher ကို အလွယ်တကူ ဖန်တီးပြုလုပ်နိုင်အောင် အောက်ပါ ဗီဒီယိုလေးက အထောက်အကူပြုပါလိမ့်မယ်ခင်ဗျ။ 

လွယ်ကူရိုးရှင်းပြီး ဖန်တီးပြုလုပ်ရလွယ်တဲ့ အကြောင်းအရာလေးတွေကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ(၆)နာရီတိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ သတင်းကောင်းပါးလိုက် ရပါတယ်ခင်ဗျာ။ 

ဝန်ဇင်းပရိသတ်ကြီးအားလုံး နှစ်သစ်အတာသင်္ကြန်ကာလမှာ စိတ်ချမ်းသာလို့ ကိုယ်လည်းကျန်းမာစေကြောင်း ဝန်ဇင်းဝိုင်းတော်သားများက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ  ...။

Related Posts