“ငွေ (၁၃၀) ကျပ်နဲ့ ခန္ဓာကိုယ်ပေါင်းတင်နည်း” ... [ Beauty 4 u ]


“ငွေ (၁၃၀) ကျပ်နဲ့ ခန္ဓာကိုယ်ပေါင်းတင်နည်း” 

သင့်ခန္ဓာကိုယ်ကို ပိုက်ဆံ (၁၃၀) ကျပ် တည်းနဲ့ အိမ်မှာတင် အချိန်မကုန် အလုပ်မရှုပ်စေပဲ ပေါင်းတင်နိုင်မှာဖြစ်လို့ အခုပဲ စာကိုနောက်ဆုံးထိ ဆက်ဖတ်ကြစို့လားရှင်။ 

တစ်ပတ် (၂) ခါသာ ဆံပင်နဲ့ မျက်နှာ၊ ခန္ဓာကိုယ်ကို မြန်မာငွေ (၁၃၀) ကျပ်ရှိတဲ့ ကြက်ဥဖြင့် ပေါင်းတင်နိုင်မှာဖြစ်ပါတယ်။ တစ်ပတ် (၂) ခါသာ ကြက်ဥနဲ့ ပေါင်းတင်လိုက်ပါ။ ပျက်စီးနေတဲ့ သင့်ဆံပင်၊ ပျက်စီးနေတဲ့ သင့်မျက်နှာ အသားအရေ၊ ခန္ဓာကိုယ်ကို ကျန်းမာဖွံ့ဖြိုးလာစေမယ့် အသားအရေအဖြစ် ယူဆောင်လာစေမယ်ဆိုတာ အသေအချာပါပဲ။ ခြောက်သွေ့ညစ်နွမ်းနေတဲ့ အသားအရေဖြစ်ပေါ်နေတဲ့ မျက်နှာ၊ ခန္ဓာကိုယ်အသားအရေဆိုရင် ကြက်ဥရဲ့ ပရိုတင်းဓာတ်က ပိုမိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ 

မျက်နှာကို ပေါင်းတင်မယ်ဆိုရင် ကြက်ဥရဲ့ အကာနဲ့ ပေါင်းတင်တာမျိုးမဟုတ်ပဲ ကြက်ဥရဲ့ အနှစ်နဲ့ ပေါင်းတင်ပေးရမှာဖြစ်ပါတယ်။ မျက်နှာပေါင်းတင်တဲ့ အခါမှာ ပြုလုပ်နည်းလေးကတော့ ကြက်ဥ (၁) လုံး ကို ခွက်တစ်ခွက် (သို့မဟုတ်) ပန်ကန်လုံးထဲထည့်ပြီး ဇွန်းဖြင့် သမအောင် မွှေပေးရမှာဖြစ်ပါတယ်။ ပြီးလျှင်တော့ မျက်နှာပေါ်အနှံ့ အသားထဲစိမ့်ဝင်သည်အထိ လိမ်းပေးပြီး မိနစ် (၂၀) ကြာအောင် ထားပေးရမှာဖြစ်ပါတယ်။

ပြီးလျှင်တော့ ရေနွေးနွေးလေးနှင့် မျက်နှာကို ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးဖြင့် သစ်ပေးရမှာဖြစ်ပါတယ်ရှင်။ ဒီလိုပြီးမြောက်သွားပြီဆိုရင်တော့ ကြက်ဥအနှစ်နဲ့ ပေါင်းတင်ပေးခြင်းကြောင့် မျက်နှာမှာ ဖြစ်ပေါ်နေတဲ့ ဆားဝက်ခြံ၊ မျက်နှာအဆီပျံခြင်း၊ မျက်နှာခြောက်သွေ့ခြင်းတို့ကို သက်သာစေပြီး ချောမွေ့နူးညံ့တဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 

ဆံပင်ပိုင်းမှာဆိုရင် မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဆံပင်ကျွတ်လေ့ကျွတ်ထ ရှိကြသလို ဆံပင်နှစ်ခွဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုး မကျန်းမာနေတဲ့ ဆံသားတွေကို ကြက်ဥက ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကြက်ဥရဲ့အာနိသင်မှာ ပရိုတင်းဓာတ်တွေ များစွာပါဝင်တဲ့အတွက် ကြက်ဥနဲ့ ဆံပင်ကိုပေါင်းတင်မယ်ဆိုရင် ခြောက်သွေ့တဲ့ ဆံပင်တွေကို ပြန်လည်အားဖြည့်ပေးပြီးတော့ အဆီပြန်လေ့ရှိတဲ့ ဆံပင်တွေကိုတော့ အဆီတွေကိုဖယ်ရှားပေးပြီး ကောင်းမွန်အောင် ပြန်လည်ပြုပြင်ပေးမှာဖြစ်ပါတယ်။ 

ဆံပင်ကျွတ်လေ့ကျွတ်ထရှိတဲ့ သူတွေအတွက်လည်း ကြက်ဥနဲ့ ကိုယ့်ရဲ့ ဆံကေသာကို ပေါင်းတင်ပေးသင့်ပါတယ်။ ကြက်ဥရဲ့အစွမ်းက ဒါတင်မကသေးပါဘူး ဆံပင်ဖြောင့်လိုက်ကောက်လိုက် ဆံပင်ခဏခဏ အရောင်တင် ဆေးဆိုးတတ်တဲ့သူတွေ ဆံပင်နှစ်ခွဖြစ်နေရင်လည်း ပေါင်းတင်ပေးနိုင်ပါသေးတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုရင်တော့ ရေမချိုးခင် (၁၅) မိနစ်အလိုမှာ ခွက်တစ်ခွက် (သို့မဟုတ်) ပန်းကန်လုံးထဲကို ကြက်ဥ (၁) လုံး ဖောက်ထည့်ရပါမယ်။ 
ပြီးလျှင်တော့ ဇွန်းဖြင့် မွှေပေးရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆံပင်ကဘာဖြစ်နေလဲ ဖြစ်နေတဲ့ အကြောင်းအရာပေါ်မူတည်ပြီး ကြက်ဥသုတ်လိမ်းတဲ့ ပုံစံကွဲပြားသွားမှာဖြစ်ပါတယ်။ 

>>> ဆံပင်ကျွတ်တတ်တဲ့သူဆိုရင် ဦးရေကိုထိသည့်တိုင် သုတ်လိမ်းပေးရပါမယ်။ ဒါမှသာ ဦးရေကိုအားဖြည့်ပေးပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။ 

>>> အဆီပြန်လေ့ပြန်ထရှိတဲ့သူ နဲ့ ဆံပင်အရမ်းခြောက်သွေ့တတ်တဲ့သူဆိုရင်တော့ ဆံသားကို ဦးစားပေးပြီး သုတ်လိမ်းပေးရပါမယ်။ ဒါမှသာ ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေကို ရရှိမှာဖြစ်ပါတယ်။

>>> ဆံပင်ကောက်လိုက် ဖြောင့်လိုက်နဲ့ ဆံပင်နှစ်ခွဖြစ်နေသူတွေအတွက်ကတော့ ဆံပင်အဖျားပိုင်းကိုဦးစားပေးပြီး သုတ်လိမ်းပေးထားမယ်ဆိုရင်တော့ ဖြောင့်စင်းပြီး ဆံပင်ရှုပ်ခြင်းကို ကင်းဝေးစေမှာဖြစ်ပါတယ်။ (၁၅) မိနစ် မှ မိနစ် (၂၀) အထိ ပေါင်းတင်ပေးပြီးပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ဆံသားများကို လျှော်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပုံစံအတိုင်းပဲ တစ်ပတ်ကို (၂) ခါဖြင့် ကြက်ဥနဲ့ ပေါင်းတင်ပေးခြင်းဖြင့် ကျန်းမာလှပသော ဆံသားများကို သင်ပိုင်ဆိုင်ခွင့်ရပြီဆိုတာ အပြည့်အဝအာမခံပါတယ်။

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts