Beauty 4 u - [ Foundation ရွေးချယ်နည်းနဲ့ Concealer သုံးစွဲနည်း ]


[ Beauty 4 u ]
 [ Foundation ရွေးချယ်နည်းနဲ့ Concealer သုံးစွဲနည်း ] 

မိန်းကလေးအများစုက လန်းဆန်းတက်ကြွပြီး ပြီးပြည့်စုံတဲ့ အလှအပကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ အလှအပအတွက် မဖြစ်မနေ သုံးစွဲကြတဲ့ အခြေခံအလှကုန်တွေထဲမှာ အားလုံးအသုံးပြုကြတဲ့ ဖောင်ဒေးရှင်းမိတ်ကပ်က မိန်းကလေးတိုင်းအတွက် အရေးပါပါတယ်။ ဖောင်းဒေးရှင်းမိတ်ကပ်ကို လိမ်းခြယ်ရာမှာ အဓိက ကိုယ်လိုချင်တဲ့ Look က ဘယ်လိုလဲဆိုတာ မမေ့ပါနဲ့။ 

တစ်နေကုန်ခံပြီး လှပနေချင်တာလား၊ ဖြူစင်ဝင်းမွတ်တောက်ပတဲ့အလှကို လိုချင်တာလား၊ အသားအရေကြည်လင်ပြီး သဘာဝအတိုင်းလေးပဲ လှနေချင်တာလား၊ လက်ရှိအသက်အရွယ်ထက်ပိုပြီး အရွယ်တင် နုပျိုချင်တာလားဆိုတာတွေက အရေးကြီးပါတယ်။ ပြီးပြည့်စုံကောင်းမွန်တဲ့ အောက်ခံမိတ်ကပ်လိမ်းခြယ်နည်းနဲ့ မျက်နှာပေါ်မှာ ရှိနေနိုင်တဲ့ ဝက်ခြံ၊ တင်းတိပ်၊ အမာရွတ်တွေ၊ အသားရောင် မညီညာတာတွေ စတာတွေကို ပျောက်ကွယ်သွားအောင် ပြီးပြည့်စုံတဲ့မျက်နှာအလှကို ပိုင်ဆိုင်ဖို့အတွက် Concealer လိမ်းခြယ်နည်း တို့ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

Foundation ရွေးမယ်ဆိုရင် သင့်ရဲ့ အသားအရေ အမျိုးအစားက ဘာပါလဲ ? အဆီပြန်တတ်တဲ့ အသားအရေလား ? ခြောက်သွေ့တဲ့ အသားအရေလား ? ပုံမှန်အသားအရေလား ? အဲဒါတွေပေါ် မူတည်ပြီး Foundation Liquid, Cream, Powder စသဖြင့် ရွေးချယ်ကြရပါမယ်။ နောက်တစ်ခု အရေးကြီးတာက အသားအရောင်ပါ။ သင်က အသားညိုတဲ့သူလား၊ ပန်းရောင်သမ်းတဲ့ အသားအရေပိုင်ရှင်လား၊ အသားမည်းတဲ့သူလား စတာတွေနဲ့ ယှဉ်ပြီး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
 
အရေးကြီးဆုံးအချက်က ကိုယ့် Facial Skin Tone ကို ကိုယ်သေချာသိဖို့ပါ။ အဲဒါကို မသိဘဲ မှန်ကန်တဲ့ ဖောင်ဒေးရှင်းအရောင် ရွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ့် Skin Tone က Warm, Cool, Neutral လား ဆိုတာကို သိဖို့လိုပါတယ်။ အဲဒီလိုသိဖို့ဆိုရင် မီးရောင်အောက် မှန်ထောင်ကြည့်ပြီး ကိုယ့်အသားအရောင်က ဘယ်လိုထဲမှာပါလဲဆိုတာ သိနိုင်ပါတယ်။ 

ကိုယ့် Skin က Cool Tone ထဲမှာ ပါနေရင် Blue, Red, Pink ဘက် ပိုလိုက်ပြီးတော့ Warm Tone ထဲမှာပါရင် ပိုပြီး Golden, Yellow, Peach ဘက် လိုက်ပါတယ်။ Natural Skin Tone ရှိတဲ့လူတွေ အတွက်ကျတော့ နှစ်မျိုးစလုံး ရောနေပါတယ်။ ဒါတွေကို လေ့လာပြီး ကိုယ့် Skin Tone က ဘယ်ဘက်ပါလဲလို့ သိသွားပြီဆိုရင် Foundation ကိုရွေးကြည့်လို့ ရပါပြီ …. 

• Cool Undertone ရှိတဲ့သူတွေအတွက် ….. Rosy, Porcelain & Sable Shade 
• Warm Undertone ရှိတဲ့သူတွေအတွက် …… Caramel, Golden & Chestnut Shade 
• Neutral Undertone ရှိတဲ့သူတွေအတွက် ….. Buff, Nude & Ivory Shade 

အဲဒီလို Color Number လေးတွေကို ရှာပြီး ဝယ်လို့ရပါတယ်။ ဖောင်ဒေးရှင်းကို ဘယ်လို စမ်းသပ်ရွေးချယ်သင့်သလဲ ကိုယ် ဖောင်ဒေးရှင်း ဝယ်တဲ့ဆိုင်က Tester လုပ်လို့ ရတဲ့ဆိုင်ဆိုရင် ပိုအဆင်ပြေပါတယ်။ အဲဒါမှ ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်စမ်းကြည့်လို့ရမှာဖြစ်ပါတယ်။ ကိုယ်က ဘယ်လို Undertone ထဲ ပါလဲ သိရင်တောင် တကယ်ပြီးပြည့်စုံတဲ့ ဖောင်ဒေးရှင်း ရွေးချယ်လို့ရဖို့ဆိုတာ ကိုယ့်အသားအရောင်နဲ့ အနီးစပ်ဆုံး ဖောင်ဒေးရှင်း နှစ်ခု သုံးခုယူပြီး စမ်းကြည့်မှ ပိုကောင်းပါလိမ့်မယ်။ 

ဖောင်ဒေးရှင်းစမ်းပုံစမ်းနည်းကတော့ ကိုယ့်စမ်းကြည့်မယ့် ဖောင်ဒေးရှင်းကို မေးရိုးတစ်လျှောက် ဒါမှမဟုတ် လည်ပင်းမှာ လက်လေးနဲ့ အသာယူပြီး တင်ကြည့်ပါ။ အဲဒီနားမှာ စမ်းကြည့်ခိုင်းတာက ကိုယ့်လည်ပင်း အရောင်နဲ့ညီမှ မျက်နှာဖုံးကြီးစွပ်ထားသလို ဖြစ်မနေမှာမို့ပါပဲ။ အဲဒီလိုတင်လိုက်တဲ့ ဖောင်ဒေးရှင်းကို ပွတ်စရာမလိုဘဲ ကိုယ့်ရဲ့ Skin Tone နဲ့ ထပ်တူနီးပါးကျပြီ၊ ဖောင်ဒေးရှင်းတင်ထားလို့ တင်ထားမှန်းမသိတဲ့ အရောင်ကိုရပြီဆိုရင် ဒါသင့်အတွက် အမှန်ကန်ဆုံး ဖောင်ဒေးရှင်းဆိုတာာ သေချာပါပြီ။ ဖောင်ဒေးရှင်း အရည်ကတော့ မိန်းကလေးတိုင်း လိမ်းရလွယ်ကူလို့ အကြိုက်နှစ်သက်ဆုံး ဖြစ်နေကြမှာ အမှန်ပါပဲ။ အရည်ကို အသားအရေအမျိုးအစားမရွေး သုံးလို့ရအောင် ထုတ်ကြပါတယ်။ ဘယ်အသားအရေမဆို သုံးလို့ရတဲ့ပုံစံပါ။

 အမှုန့် - ဒါကတော့ အလွယ်ကူဆုံးနည်းနဲ့ လိမ်းလို့ရတဲ့ပုံစံပါ။ ခရီးသွားတဲ့အခါတွေမှာလည်း Brush လေးနဲ့ ယူပြီး အသာအယာ လိမ်းလို့ရပါတယ်။ သူ့ကိုကျတော့ အဆီများတဲ့ အသားအရေပိုင်ရှင်တွေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်တွေအတွက် ထုတ်လုပ်ကြတာ တွေ့ရပါတယ်။ အဆီများတဲ့ အသားအရေပိုင်ရှင်တွေ ရွေးသင့်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ 

ခရင်မ် - ခရင်မ်ကိုကျတော့ အများအားဖြင့် အသားအရေခြောက်တတ်တဲ့သူတွေ သုံးဖို့ လွယ်ကူအောင်နဲ့ ရေဓာတ်ဖြည့်ပေးနိုင်အောင် ထုတ်ကြတာ များပါတယ်။ ခြောက်သွေ့တဲ့အသားရေပိုင်ရှင်တွေအတွက် လွယ်ကူစွာ လိမ်းခြယ်နိုင်လို့ ဒီလို အသားအရေ ပိုင်ရှင်တွေက ခရင်မ်ပုံစံကို ရွေးချယ်သင့်ပါတယ်။ 

Concealer ကို ဘယ်လို အသုံးပြုသင့်သလဲ မိတ်ကပ်လိမ်းပြီဆိုတာာနဲ့ တစ်တွဲတည်း မဖြစ်မနေ သုံးသင့်တဲ့အရာပါ။ Concealer ဆိုတာ ကိုယ့်မျက်နှာပေါ်က မလိုချင်တဲ့ အပြစ်အနာအဆာတွေကို အပြည့်အဝဖုံးကွယ်ပေးနိုင်ဖို့ သုံးပေးရတာပေါ့။ Concealer အသုံးပြုချင်ပေမယ့် အသုံးပြုဖို့ အခက်အခဲရှိနေတတ်တဲ့ မမတွေအတွက် ပြောပြပေးချင်တာလေးတွေ ရှိပါတယ်။ တချို့က Concealer ကို မျက်နှာပေါ်က အမာရွတ်တွေ၊ ဝက်ခြံတွေ၊ တင်းတိပ်တွေရှိတဲ့ နေရာလေးတွေကို အရင်ဖုံးပြီးတော့မှ ဖောင်ဒေးရှင်းလိမ်းတတ်ကြတယ်။ အမှန်ကတော့ ဖောင်ဒေးရှင်းလိမ်းပြီးမှ Concealer ကို လိမ်းသင့်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ Concealer ကို လိမ်းပြီးတော့ Foundation ကိုလိမ်းတဲ့အခါ မျက်နှာပေါ်က ပွတ်ဆွဲမိလိုက်တဲ့နေရာက လိမ်းထားပြီးသား Concealer တွေ ပျက်ကုန်မှာမို့လို့ပါပဲ။ Eye Concealer ကို ဘယ်လိုသုံးမလဲ - အဓိကက မျက်ကွင်းညိုတာနဲ့ မျက်လုံးတစ်ဝိုက်က အနာအဆာတွေကို ဖုံးဖိနိုင်ဖို့ သုံးရတာမျိုးပေါ့။ မျက်လုံးတစ်ဝိုက်မှာ Highlight လုပ်ချင်တဲ့သူတွေကတော့ ကိုယ့်အသားရောင်ထက် တစ်ဆင့်ပိုပြီးဖြူတဲ့၊ ဖျော့တဲ့ Concealer ကို Highlighter အနေနဲ့ သုံးလို့ ရပါတယ်။ 

-	မျက်လုံးအောက်မှာ သုံးတဲ့အခါ မျက်လုံးအောက်က အရာအတိုင်းပစောက်ပုံမဆွဲဘဲ တြိဂံဇောက်ထိုးလို ထိပ်ချွန်လေးအောက်စိုက်ဆွဲပြီး Blend လိုက်လုပ်ပါ။ ဒါဆိုရင်တော့ သင့်မျက်နှာလေးဟာ Highlight လုပ်ထားသလို ဖြစ်ပြီး မျက်နှာလေးကို ကြွကြွရွရွပိုဖြစ်စေပါတယ်။

-	 မျက်ခုံးမွှေးအပေါ်အောက်နဲ့ မျက်လုံးအတွင်းထောင့်လေးတွေ၊ မျက်ခွံအလယ်နေရာတွေကို Highlight လုပ်ချင်ရင် ကိုယ့်အသားအရောင်ထက် တစ်ရောင်ပိုဖျော့တဲ့ Concealer ကိုသုံးပါ။ အဓိကကတော့ သဘာဝကျအောင် Blend လုပ်ပြီး ဖြည့်ချပေးဖို့ပါ။ 

-	မျက်ကွင်းညိုနေတာကိုတော့ လိမ္မော်ရောင် Concealer ကိုသုံးပြီးတာနဲ့ ကိုယ့်အသားရောင်နဲ့ တစ်ထပ်တည်းကျတဲ့အရောင်ရှိ Concealer ကို ရွေးချယ်ပြီး ပြန်ဖုံးပါ။ 

-	ပန်းရောင် Concealer က သင့်မျက်နှာပေါ်က နက်မှောင်နေတဲ့ ဧရိယာတစ်ဝိုက်ကို Blend လုပ်ပေးဖို့ပါ။ မျက်လုံးအောက်တစ်ဝိုက်နဲ့ အမည်းစက်တွေကို ပန်းရောင် Concealer သုံးပြီး ပြန်လည်ဖုံးဖိပေးနိုင်ပါတယ်။ 

-	ဝက်ခြံလိုနီရဲနေတဲ့ အဖုလေးတွေကို ဖုံးဖို့ အစိမ်းရောင် Concealer ကို အရင်တို့ပါ။ ပြီးမှ ကိုယ့်အသားရောင်နဲ့ တစ်ထပ်တည်းကျတဲ့ Concealer နဲ့ ပြန်ဖုံးသင့်ပါတယ်။ ဒါပေမဲ့ အစိမ်းရောင် Concealer ကို ညိုမှောင်နေတဲ့ နေရာတွေမှာ သုံးဖို့ မသင့်ပါဘူး။ 

-	အသားအရောင် မညီညာတာကို ညီညာသွားအောင် လုပ်ချင်ရင်တော့ အဝါရောင်သမ်းတဲ့ Concealer ကို သုံးကြပါတယ်။ Concealer ကို ဘယ်လိုရွေးချယ်မလဲ ?

Concealer ကို ဝယ်တော့မယ်ဆိုရင် Testing လုပ်တဲ့အခါ လက်မှာ မလုပ်ဘဲ မျက်နှာပေါ်မှာ စမ်းကြည့်ပါ။ ဝယ်ရင် ကိုယ့်အသားအရောင်နဲ့ ညီတာမျိုး၊ ပိုနုတဲ့ဟာမျိုးလေးတွေ ဝယ်ထားသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ အလှတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ... 

Ref; Beauty Secrets Magazine   

ဝန်ဇင်းသတင်းစကား။     ။ ဒီလို အလှအပရေးရာမှာ အဓိကကျတဲ့ အသားအရေထိန်းသိမ်းနည်း၊ နိုင်ငံတော် ရုပ်ရှင် အနုပညာရှင်တွေရဲ့ အလှအပ လျှို့ဝှက်ချက်၊ စတာတွေကို လေ့လာမှတ်သားချင်တယ်။ ဖတ်ရှုချင်တယ် ဆိုရင်တော့ ( Beauty Secrets Magazine ) ကို ဝန်ဇင်းမှာသာ ဝယ်ယူဖတ်ရှုလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

Related Posts