Beauty 4 u - [ အလှအပအတွက် အုန်းဆီ ရဲ့ အကျိုးရှိပုံများ ]


“အလှအပအတွက် အုန်းဆီ ရဲ့ အကျိုးရှိပုံများ” 

စာဖတ်သူတို့ရော အုန်းဆီက ဘယ်လိုနေရာတွေမှာ အကျိုးရှိသေးလဲဆိုတာ သိရင်လည်း ကွန့်မန့်မှာ ပြောခဲ့ပေးပါဦးနော် … အခုပြောပြချင်တာလေးကတော့ အုန်းဆီနဲ့ ဝက်ခြံ ကုနည်းလေးပါ။ 

ဝက်ခြံဆိုတာ အညစ်အကြေးတွေ၊ အဆီပိုတွေနဲ့ ဆဲလ်သေတွေဟာ မွေးညင်းအိတ် (သို့) ချွေးပေါက်ဝမှာ ပိတ်ပြီး အရေပြားပေါ်က ဗက်တီးရီးယားပိုးတွေ ကပ်ငြိတာကြောင့် ဖြစ်ပေါ်တာပါ။ ဒါ့အပြင် ဟောမုန်း မညီမျှမှု၊ ကျန်းမာရေးနဲ့ မညီညွှတ်သော အငန်၊ အဆီအအိမ့်များတဲ့ အမြန်စာများ၊ စိတ်ဖိစီးမှု၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်းနဲ့ ဆေးဝါးအချို့ကြောင့်လည်း ဝက်ခြံပေါက်တတ်ပြီး မျက်နှာမှာ ဝက်ခြံပေါက်ရင်တော့ ရုပ်ပိုင်းဆိုင်ရာလှပမှုကို ထိခိုက်စေသလို စိတ်ကသိကအောက်လည်း ဖြစ်စေတယ်လေ။ ဝက်ခြံပျောက်ကင်းအောင် ကုသဖို့ ကြိုးစားရင်း ဝက်ခြံကြောင့် ငွေကြေးကုန်ကျများပြီး စိတ်ညစ်နေရသူတွေ အလှအပကို ထိခိုက်ယုတ်လျော့စေလို့ လူတောမတိုးဝံ့သူတွေအတွက် ငွေကုန်ကြေးကျနည်းကာ လွယ်ကူထိရောက်တဲ့ နည်းကောင်းလေးတစ်ခုကို အလှအပလျှို့ဝှက်ချက်အနေနဲ့ လက်ဆောင်ပေးပါရစေ။ 

အဲဒီလျှို့ဝှက်ချက်ကတော့ “အုန်းဆီလေးနဲ့ ဝက်ခြံကုမယ်” တဲ့။ ဝက်ခြံနဲ့ အုန်းဆီ၊ အုန်းဆီမှာ ဝက်ခြံကို ကုသပေးနိုင်တဲ့ အံ့ဖွယ်အစွမ်းတွေ ရှိပါသတဲ့။ ဝက်ခြံကိုသာမက ဝက်ခြံကြောင့် ထင်ကျန်ရစ်တဲ့ အနာရွတ်တွေကိုပါ မှိန်ဖျော့ပျောက်ကင်းစေပါတယ်။ အုန်းဆီရဲ့ ကောင်းကျိုးတွေကတော့

-	အုန်းဆီမှာ ပါဝင်တဲ့ Caparic acid, Lauric acid နဲ့ Caprylic acid တို့က ဗက်တီးရီးယားပိုးတွေကို သေစေပြီး ဝက်ခြံဖြစ်စေတဲ့ ဗက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ 
-	အုန်းဆီထဲမှာပါဝင်တဲ့ ပြည့်ဝဆီတွေ (Monocarpic Monolauric) တို့က အရေပြားပေါ်မှာ ဝက်ခြံမဖြစ်အောင် အက်ဆစ်အလွှာတစ်ခုအဖြစ် ဖုံးအုပ်ပေးထားပါတဲ့။ ဒါ့အပြင် အုန်းဆီမှာ နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို သက်သာစေတဲ့ အစွမ်းလည်း ရှိပါတယ်။
-	အသားအရေကို နုပျိုလှစေတဲ့ ဗီတာမင် A နဲ့ အသားအရေအစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ ဗီတာမင် E အပြင် ဗီတာမင် K လည်း ပါဝင်ပါတယ်။ 
-	အုန်းဆီဟာ အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ကာ အစိုဓာတ်ဖြည့်ပေးလို့ အဆီဂလင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်မှန်ကန်စေပြီး ဝက်ခြံကင်းစင်တဲ့ အသားအရေကို ဖော်ဆောင်ပေးမှာပါ။
-	အုန်းဆီမှာ ပါဝင်တဲ့ သဘာဝဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေနဲ့ အဖန်ဓာတ်က အသားအရေ အိုမင်းမပျက်စီးမှုကို ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို တားဆီးပေးပြီး အသားအရေကို ခြောက်သွေ့ခြင်းမရှိဘဲ အဆီပိုထွက်ရှိမှုကို လျော့နည်းစေပါတယ်။
-	ဒါ့အပြင် အုန်းဆီမှာပါဝင်တဲ့ ပရိုတင်း၊ သတ္တုဓာတ်နဲ့ အက်ဆစ်တွေက ပျက်စီးနေတဲ့ အသားအရေကို ကုစားပေးနိုင်ပြီး နုပျိုတဲ့ ဆဲလ်သစ်တွေကို ပြန်လည် အသက်သွင်းပေးပါတယ်။ အဓိကကတော့ ဝက်ခြံကို လျင်မြန်ထိရောက်စွာ ဖယ်ရှားပေးတာပါပဲ။
-	အုန်းဆီရဲ့ နောက်ထပ်အစွမ်းတွေကတောာ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးသလို ဖြစ်ပြီးသား အမာရွတ်တွေကိုလည်း လျော့ပါးပျောက်ကွယ်သွားစေပါသတဲ့။ 

‘ဝက်ခြံအတွက် အုန်းဆီကို ဘယ်လိုသုံးရမလဲ’ 

အုန်းဆီကို ဝက်ခြံပျောက်ကင်းဖို့နဲ့ ဝက်ခြံအမာရွတ်တွေ လျော့ပါးသက်သာာစေဖို့ သဘာဝ အုန်းဆီစစ်စစ်ကို အသုံးပြုတဲ့နည်းကတော့ - 

၁။ ဝက်ခြံပေါက်တဲ့ နေရာတစ်ဝိုက်ကို ဓာတုပါဝင်မှုနည်းတဲ့ Mild Soap နဲ့ ရေနွေးနွေးလေးသုံးပြီး သေချာ သန့်စင်ဆေးကြောကာ နူးညံ့တဲ့ ပဝါနဲ့ ခြောက်အောင် သုတ်ပါ။
၂။ ပြီးရင် သဘာဝ အုန်းဆီစစ်စစ်ကို ယူပြီး လက်ဖဝါးနှစ်ဖက်နဲ့ အနည်းငယ် ပူနွေးလာသည်အထိ ပွတ်တိုက်ပေးပါ။
၃။ လက်ဖဝါးထဲက အုန်းဆီတွေ ပူနွေးလာရင် ဝက်ခြံပေါက်တဲ့ နေရာ တစ်ဝိုက်ကို မိနစ်အနည်းငယ် အသားအရေထဲ စိမ့်ဝင်သည်အထိ ဖြည်းဖြည်းညင်သာ နှိပ်နယ်ပေးပါ။ 
ကဲ…. ပျိုမေတို့ရေ။ ဝက်ခြံကြောင့် ပူပန်နေရတဲ့ စိတ်သောကတွေ ဝေးဝေးလွင့်သွားစေဖို့ အုန်းဆီလေးကိုသာ ဆောင်ထားတော့နော်။ 

Ref; Beauty Secrets Magazine

မှတ်ချက်။ 	။ Beauty Secrets Magazine မှ ကောက်နုတ်ထားခြင်းဖြစ်တာကြောင့် အုန်းဆီရဲ့ အကျိုးအာနိသင်တွေ အကြောင်းအပြင် အခြားအလှအပရေးရာ အကြောင်းအရာများ၊ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ဖတ်ရှုနိုင်တာမို့ ဒီစာအုပ်လေးကိုလည်း ဝန်ဇင်းမှာ ဝယ်ယူဖတ်ရှုကြဖို့ မမေ့ပါနဲ့ဦး။ 

ဒီပို့စ်ကို ဖတ်ရှုရတာ ကြိုက်နှစ်သက်တယ်ဆိုရင် Like & Share လေးနဲ့ အားပေးသွားပါဦးနော် .. စာဖတ်သူတို့လည်း အုန်းဆီရဲ့ အကျိုးအာနိသင်တွေ သိသေးတယ်ဆိုရင်လည်း Comment မှာ ပြောပြပေးပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ 

Related Posts