Beauty 4 u - [ Beauty Treatments တွေရဲ့ လျှို့ဝှက်ချက် ]


[ Beauty 4 
Beauty Treatments တွေရဲ့ လျှို့ဝှက်ချက်

1. Jet Lag ခေါ် လေယာဉ် အစီးများတာကြောင့် ဖြစ်ပေါ်တဲ့ ဝေဒနာအတွက် ဒီလို Jet Lag သမားတွေကတော့ နှိပ်နယ်မှု (Massage Spa) ဝင်သင့်ပြီး သူတို့ကို နှိပ်နယ်တဲ့အခါ Organic Oil တွေကို အသုံးပြုရကြောင်း ရှင်းပြထားပါတယ်။ လိမ္မော်ဆီ၊ လာဗင်ဒါဆီ စတဲ့ Organic Oil တွေဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး အိပ်ပျော်စေနိုင်ပါတယ်။ 

2. စိုးရိမ်သောကများတဲ့ ဝေဒနာအတွက် ထိုင်မရ၊ ထမရ စားမဝင်အိပ်မပျော်သည်အထိ သောကဖြစ်ရင် Abdominal Massage (ဝမ်းဗိုက် နှိပ်နယ်ခြင်း) ခံယူသင့်ပါတယ်။ ချက်ဧရိယာတစ်ဝိုက်ကို အဓိကထားပြီး နှိပ်သလို ဝမ်းဗိုက်ဟာ Thard Chakra (တတိယချက္ကရ) ဖြစ်ကာ စိတ်ကျန်းမာရေးအတွက် မီးနဲ့ အလားသဏ္ဍာန်တူကြောင်း ရှင်းပြထားပါတယ်။ နှိပ်နယ်ပေးမှုကြောင့် မီးရဲ့ မျှခြေကို ထိန်းကာ စိတ်တည်ငြိမ်စေပါတယ်။ 

3. Stress များလွန်းတဲ့ ဝေဒနာအတွက် Stress များလွန်းတဲ့ တစ်နေ့တာကို ကုသဖို့ Spa မလာနိုင်ရင်တောင် အိမ်မှာပဲ သံပရာဆီ (Citrus Oil) လေးစိမ်ပြီး ရေချိုးကြည့်ဖို့ Lam က အကြံပြုပါတယ်။ တော်ရုံမဟုတ်တဲ့အထိ Stress များနေပြီး ကြွက်သားတွေ တင်းနေတဲ့အထိ ဖြစ်လာရင်တော့ Spa လာပြီး Hot Stone Massage ခံယူပေးမှသာ စိတ်ရောကိုယ်ပါ အနားရစေမှာပါ။ 

4. ကြွက်သားနာကျင်မှုဝေဒနာအတွက် ကြွက်သားတွေ အထိမခံနိုင်အောင် နာကျင်နေရင်တော့ Deep Tissue နည်း (သို့ ) ဖိအားပေးတဲ့နည်းနဲ့ ကုသသင့်ပါတယ်။ Rosemary, Black Pepper နဲ့ Lemongrass (စပါးလင်) တို့လိုမျိုး ကြွက်သား တင်းအားလျော့စေတဲ့ Oils နဲ့ အရင်နှိပ်ပေးပြီးမှ Deep Tissue နည်းကို သုံးပေးရမှာပဲဖြစ်ပါတယ်။ 

5. ဝက်ခြံထူနေတဲ့ ပြဿနာအတွက် ဝက်ခြံတွေ ထူထပ်နေတဲ့အခါ ကူးစက်မှုကို သက်သစေသလို အဆီလွှာထုတ်လုပ်မှု လျှော့ချပေးနိုင်တဲ့ Purifying Ingredients တွေပါတဲ့ Ylang Ylang (စကားဝါနဲ့ အလားတူတဲ့ပန်း) စတာတွေကိုသုံးပြီး နှိပ်နယ်ရပါမယ်။ ပြီးရင် Acne-Fighter လို့ သိတဲ့ Kaolin ပါတဲ့ ရွှံ့စေးကပ်ခွာ (Purifying Clay Mask) ကပ်ပေးပါ။ 

6. အသားခြောက်တဲ့ ပြဿနာအတွက် ကပ်ခွာကပ်တဲ့ ကုထုံးကို Exfoliation လို့ ခေါ်တဲ့ ကြေးချွတ်ခြင်းနဲ့အတူ တွဲလုပ်ပေးရပါမယ်။ ဦးစွာအသားတွင်း ရေဓာတ်ရှိစေဖို့နဲ့ အားပြည့်စေဖို့ ဆဲလ်သေတွေ ခွာချရပါမယ်။ ဒီအတွက် ကြေးချွတ်ပေပါ။ ပြီးရင် Argan Oil (သို့) Coconut Oil ပါတဲ့ Moisturizer ကို ရေနွေးပေါင်းအိုးထဲထည့်ပြီး မျက်နှာပေါ်ကနေ ပေါင်းခံပေးပါ။ ပြီးမှ ရွှံ့စေး (Clay Mud Wrap) ကို မျက်လုံး ဧရိယာတစ်ဝိုက်ပဲ ချန်ကာ သုတ်လိမ်းပေးထားရပြီး ခြောက်သွားမှ ခွာချပစ်ပါ။ Spa ဆိုတာ ငွေကုန်ခံနိုင်တဲ့သူတွေ ဇိမ်ခံစရာနေရာတစ်ခုလို့ မမှတ်ယူဘဲ ကျန်းမာရေးအတွက် လိုအပ်တဲ့ နားခိုရာ တစ်ခုလို့ တွေးပြီး Let’s go to Spa ပါနော်။ 

(Ref; Beauty Secrets)
…….

ဒီပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ပါဦးနော်။ 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts