သဘာဝအလှအပတွေရရှိဖို့ သစ်ဥသစ်ဖုတွေနဲ့ ထိန်းသိမ်းနည်း... [ Beauty 4 u ]


သဘာဝအလှအပတွေရရှိဖို့ သစ်ဥသစ်ဖုတွေနဲ့ ထိန်းသိမ်းနည်း 

သင့်အရေပြားနဲ့ ခန္ဓာကိုယ်ဟာ ညဘက်မှာ အနားယူပြီး အားအင်ပြန်ဖြည့်ဖို့ ပြုပြင်မှုတွေ လုပ်တယ်ဆိုတာ သင်သိပါရဲ့လား။ ဒါ့ကြောင့် သဘာဝအလှအပတွေကို ရရှိပိုင်ဆိုင်ဖို့အတွက် သဘာဝကနေပေးထားတဲ့ သစ်ဥသစ်ဖုတွေကို အခုလို အကျိုးရှိရှိနဲ့ အသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။ ကဲ … ဒီတော့ ဘယ်လို ပြုပြင်ထိန်းသိမ်းကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်လားရှင် … 

၁။ ကြက်ဆူဆီ - ဆွဲဆောင်မှုရှိတဲ့ မျက်နှာအလှအတွက် နက်မှောင်ကော့ညွတ်နေတဲ့ မျက်ခုံး၊ မျက်တောင်တွေရှိနေဖို့ လိုတယ်နော်။ နက်မှောင်သေသပ်တဲ့ မျက်ခုံးအလှနဲ့ ကော့ညွှတ်ရှည်လျားတဲ့ မျက်တောင်အလှကို ရရှိဖို့ ကြက်ဆူဆီက သဘာဝအစွမ်းထက် ဆေးတစ်လက်ပါ။ ကြက်ဆူဆီကို မျက်ခုံး၊ မျက်တောင်တွေမှာ ညမအိပ်မီ သုတ်လိမ်းပေးရင် သိသိသာသာ ထူထဲနက်မှောင်ရှည်လျားတဲ့ မျက်ခုံးမျက်တောင်အလှကို ရရှိနိုင်ပြီလေ။
 
၂။ ရှားစောင်းလက်ပတ်အနှစ် - ဆံပင်အဖျားလေးတွေကွဲတာက သင့်ဆံသားရဲ့ ကျန်းမာရေးချို့တဲ့နေတယ် ဆိုတာကို ပြတာပါပဲ။ အဖျားကွဲနေတဲ့ ဆံသားဟာ ခြောက်သွေ့ကြမ်းတမ်းပြီး ဖွာလန်ကြဲလို့ ရှုပ်ထွေးလွယ်ပါတယ်။ ဒီလို ပြဿနာနဲ့ ကြုံတွေ့နေရသူတွေအတွက် တစ်ညတည်းနဲ့ သက်သာစေမယ့် နည်းကောင်းကတော့ ရှားစောင်းလက်ပက်အနှစ်ဂျဲလ်ကို ဆံပင်အဖျားပိုင်းလေးတွေမှာ သုတ်လိမ်းပြီး အိပ်ရာဝင်လိုက်နော်။ နံနက်လင်းတဲ့အခါ ဖွာလန်ကြဲခြင်းကင်းပြီး နူးညံ့တောက်ပြောင်တဲ့ ဆံသားကို ရရှိနိုင်ပါပြီ။ 

၃။ သကြားညိုနဲ့ သံလွင်ဆီ - နူးညံ့လှပတဲ့ လက်ကလေးတွေကို ရရှိပိုင်ဆိုင်ဖို့အတွက် အိမ်တွင်းနည်းလမ်းကောင်းလေးကတော့ သကြားညိုနဲ့ သံလွင်ဆီကို သုံးပြီး လက်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ Shea Butter ပါတဲ့ Hand Cream ကို လက်မှာလိမ်းပြီး ချည်လက်အိတ်လေး ဝတ်အိပ်လိုက်ရင် မနက်နိုးတဲ့အခါ နူးညံ့လှပတဲ့ လက်တစ်စုံကို ရပြီလေ။ 

၎။ သွားတိုက်တံနဲ့ သံလွင်ဆီ - ခြေဖဝါးလေးတွေ ကြမ်းတမ်းအက်ကွဲလို့ စိတ်ကသိကအောက်ဖြစ်နေရင်တော့ ညမအိပ်ခင်ခြေဖဝါးလေးကို ရေနွေးနွေးနဲ့ စိမ်ပြီး မသုံးတော့တဲ့ သွားတိုက်တံအဟောင်းနဲ့ ပွတ်တိုက်ကာ ခြောက်သွေ့အောင် သုတ်ပြီး အပူပေးထားတဲ့ သံလွင်ဆီအနည်းငယ်ကို ခြေဖဝါးမှာ ပွတ်လိမ်းနှိပ်နယ်ပေးကာ ခြေအိတ်ဝတ်ပြီး အိပ်လိုက်ပေါ့။ မနက်အိပ်ယာနိုးရင် အရင်နေ့ကထက် ပိုနူးညံ့ချောမွေ့တဲ့ ခြေဖဝါးလေးတွေကို ပိုင်ဆိုင်နိုင်ပြီလေ။ 

၅။ အုန်းဆီ - နူးညံ့ပြီး သန်မာတဲ့ လက်သည်းခြေသည်းလေးတွေကို ပိုင်ဆိုင်ချင်ရင် ညအိပ်ရာမဝင်မီ လက်ကို Hand Cream လိမ်းသလိုပဲ လက်သည်းခြေသည်းလေးတွေကိုလည်း အုန်းဆီ ( သို့ ) Shea Butter ကို လိမ်းပေးလိုက်နော်။ 

Ref ; Beauty Secrets Magazine 

ကဲ … ဝန်ဇင်းရဲ့ ချစ်ပရိသတ်ကြီးလည်း သဘာဝအလှအပကို ရရှိပိုင်ဆိုင်ဖို့ အခုဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အခုပဲ အသုံးချလိုက်တော့နော်။ ဒီလို အလှအပရေးရာမှာ အဓိကကျတဲ့ အသားအရေထိန်းသိမ်းနည်း၊ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ အလှအပ လျှို့ဝှက်ချက် .. စတာတွေကို လေ့လာမှတ်သားချင်တယ်၊ ဖတ်ရှုချင်တယ်ဆိုရင်တော့ Beauty Secrets Magazine ကို ဝန်ဇင်းမှာ ဝယ်ယူ ဖတ်ရှုနိုင်ပါတယ်လို့ သတင်းကောင်းပါးလိုက်ပါရစေရှင်။

Related Posts