ကမ္ဘာကျော်စာရေးဆရာကြီး ရှိတ်စပီးယား [ Famous Bio ]


'ကမ္ဘာကျော်စာရေးဆရာကြီး ရှိတ်စပီးယား'

ဝီလျံရှိတ်စပီးယား - William Shakespeare 
ဝီလျံရှိတ်စပီးယားကို ၁၅၆၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ စတာ့ဖိုဒ် အပွန်းအာဗွန်မြို့တွင် မွေးဖွားခဲ့ပါသည်။ သူသည် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး စာရေးဆရာများအနက် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ သူသည် အသက် ၅၂ နှစ်အရွယ် ၁၆၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ 

ဝီလျံရှိတ်စပီးယား၏ ဖခင် ဂျွန်သည် လက်အိတ်များ ရောင်းချသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ မကြာမီ သူသည် စတော့ဖိုဒ် မြို့တော်ဝန် ဖြစ်လာခဲ့သည်။ သူ့အမေ မေရီသည် ထိုအချိန်က ထိုဒေသတွင် လူသိများသော အာဒန်မိသားစုမှ ဖြစ်သည်။ ဝီလျံသည် သားအကြီးဆုံး ဖြစ်ခဲ့ပြီး ထိုဒေသရှိ သဒ္ဒါကျောင်းတွင် တက်ရောက်ခဲ့ရသည်။ ထိုကျောင်းတွင် သူသည် လက်တင်နှင့် ဂရိဘာသာစကား အနည်းငယ်ကို သင်ယူခဲ့ရသည်။ 

၁၅၈၂ ခုနှစ်တွင် ရှိတ်စပီးယားအသက် ၁၈ နှစ် ရှိသောအခါ၌ အန်းဟာသာပေးကို လက်ထပ်ခဲ့သည်။ နောက်တစ်နှစ်တွင် သူတို့၏ ပထမကလေး ဆူဆန်နာ(ခ်ျ) ကို မွေးဖွားခဲ့ပြီး ၁၅၈၅ ခုနှစ်တွင် အမီးနက်နှင့် ဂျူးဒစ်အမည်ရှိ အမြွှာညီနောက်ကို မွေးဖွားခဲ့သည်။ ဟမ်းနက်သည် အသက် ၁၁ နှစ်အရွယ်တွင် သေဆုံးခဲ့သည်။ 

သူ၏ အသက် ၂၀ စောစောပိုင်းတွင် ရှိတ်စပီးယား မည်သည့် အသက်မွေးမှုလုပ်သည်ကို မည်သူမှ မသိခဲ့ကြချေ။ 

၁၅၈၅ နှင့် ၁၅၉၂ ခုနှစ်အကြားတွင် သူသည် သရုပ်ဆောင်၊ စာရေးဆရာအဖြစ် အောင်မြင်သော အသက်မွေးမှုကို လန်ဒန်မြို့တွင် စတင်ခဲ့သည်။ ၁၆၁၃ ခုနှစ်၊ အသက် ၄၉ နှစ်ခန့်တွင် စထရက်ဖို့ဒ်တွင် သူ အနားယူခဲ့သည်။ သုံးနှစ်အကြာတွင် သူ ကွယ်လွန်ခဲ့သည်။ 

ရှိတ်စပီးယားသည် ၁၅၈၉ နှင့် ၁၆၁၃ ခုနှစ်ကြားတွင် သူ့အား လူသိများစေသော အနုပညာများကို ထုတ်လုပ်ခဲ့သည်။ သူ၏ စောစောပိုင်း ပြဇာတ်များမှာ ဟာသနှင့် သမိုင်းဇာတ်လမ်းများ ဖြစ်သည်။

ရှိတ်စပီးယား၏ အကျော်ကြားဆုံး ပြဇာတ်များမှာ နာမည်ကြီး အလွမ်းအဆွေးဇာတ်များဖြစ်သော ဟမ်းလ်မက် ( Hamlet ) ၊ မက်စ်ဘက် ( Macbeth ) ၊ အော်သီလို ( Orthello ) နှင့် လီယာမင်းကြီး ( King Lear ) တို့ ဖြစ်နိုင်သည်။ သူသည် A Midsummer Night’s Dream နှင့် Twelfth Night ကဲ့သို့ ထင်ရှားသော ရယ်ရွှင်မြူးဇာတ်များနှင့် သမိုင်းဝင်သော ပြဇာတ်များကိုလည်း ရေးသားခဲ့သည်။ ယင်းတို့အနက် လူသိများသော ပြဇာတ်များမှာ ရောမသမိုင်းနှင့် ဆက်စပ်နေသော ဂျူလီယက်ဆီဇာ ( Julius Caesar ) ၊ အန်တိုနီ ( Antony ) ၊ ကလီယိုပါထရာ ( Cleopatra ) တို့ ဖြစ်ကြသည်။

ပြဇာတ် ၈ ခုမှာမူ Richard II လက်ထက်မှ Richard III လက်ထက်ထိ အင်္ဂလိပ်သမိုင်းနှင့် ဆက်စပ်နေသည်။ ပြဇာတ်ရုံပေါ်တွင် အခြားထင်ရှားသော ပြဇာတ်များမှာ ဗင်းနစ်မြို့သားကုန်သည် ( The Merchant of Venice ) ၊ ရိုမီယိုနှင့် ဂျူးလီယက် ( Romeo and Juliet ) နှင့် The Tempest တို့ ဖြစ်သည်။ 

ရှိတ်စပီးယား၏ ပြဇာတ်များသည် အများအားဖြင့် ကဗျာလို ရေးခဲ့သည်။ အထူးသဖြင့် ဟာသဇာတ်မြူးများတွင်မူ အချို့မြင်ကွင်းများကို စကားပြေလို ရေးသားပြီး သို့မဟုတ် စကားပြေနှင့် ကဗျာကိုရော၍ ရေးထားသည်လည်း ရှိပါသည်။ အထူးအားဖြင့် သူ၏ ရှေ့ပိုင်းပြဇာတ်များတွင် ရှိတ်စပီးယားသည် ကာရန်ကိုလည်း အသုံးပြုခဲ့ပြီး ယင်းကာရန်ကို သူရေးခဲ့သော ဆွန်းနက်(စ်) ( Sonnets ) များတွင် အသုံးပြုခဲ့သည်။ 

၁၅၇၉ ခုနှစ်မှစပြီး ရှိတ်စပီးယားသည် အလွန်အောင်မြင်ခဲ့သောကြောင့် စတော့ဖိုဒ်မြို့တွင် အကောင်းဆုံး အိမ်တစ်လုံးကို ဝယ်နိုင်ခဲ့သည်။ ထိုနေရာတွင် သူသည် သူ့မိသားစုနှင့်အတူ သူ့ဘဝ၏ နောက်ဆုံး ၇ နှစ်တွင် အနားယူခဲ့သည်။ သူသည် ၁၆၁၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ( သူ့မွေးရက် ) တွင် ကွယ်လွန်ခဲ့ပြီး စတော့ဖို့ဒ်နှင့် ထရီနတီ ဘုရားရှိခိုးကျောင်းတွင် မြှုပ်နှံခဲ့ပါသည်။ 

။	။ အခုဖော်ပြခဲ့တဲ့ ရှိတ်စပီးယားအကြောင်းကို စာရေးဆရာ မောင်မောင်မြင့်သိန်း ( စက်မှုတက္ကသိုလ် ) ပြုစုတဲ့ ‘ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ’ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ 

စာချစ်သူများအတွက် အမြဲရှိနေမယ့် ဝန်ဇင်း … ။ 

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ။ 

Related Posts