ပန်းချီပညာရှင်ကြီး ဗင့်ဆင့်ဗန်ဂိုးအကြောင်း [ Famous Bio ]


'ပန်းချီပညာရှင်ကြီး ဗင့်ဆင့်ဗန်ဂိုးအကြောင်း'

ဗင်းဆင့်ဗန်ဂိုး - Vincent Van Gogh 
ဗင့်ဆင့်ဗန်ဂိုးကို နယ်သာလန်နိုင်ငံ ဘရီဒါအနီး ဂရုတ်ဇန်းဒတ်မြို့တါင် ၁၈၉၃ ခုနှစ်၌ မွေးဖွားခဲ့ပါသည်။ ဤဒတ်ခ်ျလူမျိုး ပန်းချီဆရာသည် သူ့ကိုယ်ပိုင်ဘဝကို လျစ်လျူရှုခဲ့ပြီး နားလည်မှု လွဲမှားခဲ့သည်။ သူသည် အသက် ၃၇ နှစ်အရွယ် ၁၈၉၀ ပြည့်နှစ်၌ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။ 

ဘုရားရှိခိုးကျောင်း အကြီးအကဲတစ်ဦး၏ သားဖြစ်သူ ဗင်းဆင့်ဗန်ဂိုးသည် စိတ်ဓာတ်ကျခြင်းကို ချီးမြှင့်ခြင်းမခံရသော ကျောင်းသားဘဝကို တွေ့ရှိသည့် ခက်ခဲသည့် ကလေးနှင့် နှိုင်းစာလျှင် စိတ်အနေခက်သော အထီးကျန်ဆန်သူတစ်ဦး ဖြစ်ခဲ့သည်။ သူသည် ဘာသာရေးအပေါ် လေးလေးနက်နက် ရှိလာပြီး သာသနာပြုသူအဖြစ် ဘဝအတွက် လေ့ကျင့်ခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူ၏ စိတ်မှိုင်တွေညှိုးငယ်သော ကိုယ်ရည်ကိုယ်သွေးသည် ဘုရားရှိခိုးကျောင်းတွင် အောင်မြင်မှု ရရှိခြင်းမှ သူ့အား တားဆီးပေးခဲ့သည်။ 

ဗန်ဂိုးသည် ပန်းချီဆွဲရန် သူ့ဘာသာသူ သင်ကြားခဲ့သည်။ သူ၏ ကျွမ်းကျင်မှုကို တိုးတက်မြင့်မားရန် စိတ်ကျေနပ်စွာ ရုန်းကန် လှုပ်ရှားခဲ့သည်။ နယ်သာလင်နှင့် ဘယ်လ်ဂျီယံနိုင်ငံများတွင် သူ နေထိုင်ခဲ့စဉ်က ထုတ်လုပ်ခဲ့သော သူ၏ စောစောပိုင်းပန်းချီများသည် ဆင်းဆင်းရဲရဲ လုပ်ကိုင်နေသော၊ အလွန်တရာ ဝမ်းနည်းပူဆွေးနေသည့် ဘဝများကို ပြသသည့်အနေဖြင့် အရောင်မှောင်မည်းပြီး မှိုင်းမှုန်နေသည်။ 

ထို့နောက် သူသည် ပါရီမြို့သို့သွားပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် အခြား ပန်းချီဆရာများနှင့်အတူ အလုပ်လုပ်ခဲ့သည်။ ထိုသူတို့၏ လွှမ်းမိုးမှုအောက်တွင် သူသည် ကြည်လင်တောက်ပသော အရောင်များနှင့် ပိတ်ကားပေါ်တွင် စွမ်းအားရှိသမျှ ဆေးသုတ်တံများဖြင့် ရေးဆွဲခဲ့သည့် အတွေ့အကြုံ ရခဲ့သည်။ ယင်းရေးဆွဲနည်းကို အထူးသဖြင့် ဗန်ဂိုး ပိုင်ဆိုင်သည်။ သူ၏ စိတ်လှုပ်ရှားပြီး ရဲဝံ့သော စုတ်ချက်များသည် နက်နဲသော စိတ်လှုပ်ရှားခံစားမှုနှင့် စိတ်မာန်ကြွနေခြင်း အမျိုးအစားကို ယင်းအကြောင်းအရာ ကိုယ်တိုင်က အေးချမ်းမှု ရှိခဲ့လျှင်တောင်မှ ပြသသည်။ သူ့ပန်းချီကားများသည် သူ့အိပ်ခန်း၊ ကုလားထိုင်တစ်လုံး၊ နေကြာပန်းတစ်ခိုင် စသော ဘဝတွင် သာမန်ကိစ္စရပ်များ ဖြစ်ကြသည်။ သူသည် ကြီးကျယ် ခမ်းနားသော အကြောင်းအရာများ တစ်ခုတလေကို ရှားရှားပါးပါး ရေးဆွဲခဲ့သည်။ 

သူသည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ အားလက်(စ်) တွင် သူ့ဘဝ ရှင်သန်မှု၏ ၂ နှစ်တာကာလကို အချိန်သုံးဖြုန်းခဲ့သည်။ သူ၏ အဆိုပါ နေ့ရက်များတွင် နာကျင်မှုများစွာနှင့် အလုပ်များခဲ့ပြီး ထုတ်လုပ်နိုင်မှုစွမ်းအား ရှိခဲ့ပါသည်။ သို့ရာတွင် သူသည် အလွန်စိတ်ဒုက္ခ ရောက်ခဲ့သည်။ သူသည် ပြင်းထန်သော စိတ်ဓာတ်ကျမှုများနှင့် ရူးသွပ်မှုကာလများကို ခံစားခဲ့ရသည်။ ထူးခြားသော အကျပ်အတည်း ကာလအတွင်း သူ့နားတစ်ဖက်ကို ဖြတ်ခဲ့ရသည်။ ဆယ်နှစ်ခန့် ပန်းချီဆွဲပြီးနောက် သူ့ဘာသူ သတ်သေခဲ့သည်။ သူ သေပြီးသည့်တိုင်အောင် သူ၏ အထုံဝါသနာနှင့် ပါရမီရှင်ဖြစ်မှုကို အသိအမှတ် မပြုခဲ့ကြချေ။ သူ့ဘဝတစ်သက်တာတွင် ပန်ချီကား တစ်ကားသာ ရောင်းချခဲ့ပြီး ဆင်းဆင်းရဲရဲနှင့် သေဆုံးခဲ့ရသည်။ 

။	။ အခုဖော်ပြခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးအကြောင်းကို စာရေးဆရာ မောင်မောင်မြင့်သိန်း ( စက်မှုတက္ကသိုလ် ) ပြုစုတဲ့ ‘ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ’ စာအုပ်မှ ကောက်နုတ်ထားတာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင် ဒီပို့စ်အောက်ဆုံးမှာပါတဲ့ *ဝယ်မည်* ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။ 

စာချစ်သူများအတွက် အမြဲရှိနေမယ့် ဝန်ဇင်း … ။ 

-	အောင်မြင်သူတိုင်း စာဖတ်ကြသည်။ 
-	သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ။

Related Posts