7.5.18 to 13.5.18 [Reader's Choice of the Week]


မင်္ဂလာညချမ်းလေးပါ ဝန်ဇင်းပရိသတ်တို့ရေ …

Wun Zinn Digest ကနေ ခုတင်ဆက်သွားမယ့် အကြောင်းအရာလေးကတော့ ယခုတစ်ပတ်အတွင်း ကျွန်တော်တို့ ဝန်ဇင်း Digest မှာ နေ့စဉ် တင်ဆက်ထားခဲ့တဲ့ အစီအစဉ်များထဲမှ လူကြိုက်အများဆုံး ပေါ်ပြူလာအဖြစ်ဆုံး ကဏ္ဍများကို ပြန်လည်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

ယခုတစ်ပတ်အတွင်းမှာ လူကြည့်အများဆုံး ကဏ္ဍလေးတွေကတော့ …….

ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေ ( ၃ ) နာရီမှာ ဝန်ဇင်းရဲ့ “သင်သိရဲ့လား” ကဏ္ဍကနေ တင်ဆက်ပေးခဲ့တဲ့ “ကမ္ဘာပေါ်က စာဖတ်အများဆုံးနိုင်ငံတွေ” အကြောင်း၊

ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီတိုင်း ဖော်ပြပေးလေ့ရှိတယ် စိတ်ခွန်အားဖြစ်ဖွယ် စာစု၊အကြောင်းအရာများ ကဏ္ဍကနေ တင်ပြပေးခဲ့တဲ့ “ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ ကျရှုံးမှုတွေ” အကြောင်း၊

သောကြာနေ့ ညနေ ( ၆ ) နာရီမှာ ဝန်ဇင်းရဲ့ “ရုပ်ရှင်အညွှန်းကဏ္ဍ” ကနေ ဖော်ပြပေးခဲ့တဲ့ လက်ရှိမှာ ရုံတင်နေဆဲဖြစ်တဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “မြန်မာ့ရုပ်ရှင်အမှောင်ခေတ်ကို ထွန်းထိုးဖောက်ထွက်ခြင်း” ဆိုတဲ့ ရုပ်ရှင်အညွှန်းနဲ့သုံးသပ်ချက်၊

ယနေ့မှာ စတင် မိတ်ဆက်ဖော်ပြခဲ့တဲ့ ကာတွန်းရုပ်ပြဇာတ်လမ်းရှည်ဖြစ်တဲ့ ကိုရွှေထူး ( ပြည် ) ရဲ့ လက်ရာဖြစ်သော ကာတွန်းဇာတ်ကောင် ‘ကိုတင့်’ ပါဝင်သည့် “အားလုံးကပြောကုန်ကြပြီ” အပိုင်း ( ၁ ) … စတဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 
ဝင်ရောက်ကြည့်ရှုသူများတဲ့ ဒီလိုပေါ်ပြူလာကဏ္ဍတွေကို ဝန်ဇင်းစာချစ်သူထဲက မဖတ်ရသေးသူများ ရှိတယ်ဆိုရင်လည်း ဒီပို့စ်အောက်မှာပါတဲ့ Related post နှင့် Related Video များကို နှိပ်ပြီး ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

နောက်ရက်သတ္တပတ်တွေမှာလည်း ဘယ်ကဏ္ဍလေးက ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်မလဲ ဆိုတာ အပတ်စဉ်တိုင်း ၊ စနေနေ့ည (၁၀) နာရီ မှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

ဝန်ဇင်းစာချစ်သူများ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူရင်း အိပ်မက်လှလှ မက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 
………….
"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်"
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ... ။

Related Posts