ကိုတင့်- အားလုံးကပြောကုန်ကြပြီ အပိုင်း(၁) [ ကာတွန်းဇာတ်လမ်းတွဲ ]


ကိုရွှေထူး (ပြည်) 
အားလုံးကပြောကုန်ကြပြီ အပိုင်း (၁) [ ကာတွန်းဇာတ်လမ်းတွဲ ]

ဝန်ဇင်းစာချစ်သူပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ … 
ကျွန်တော်တို့ ဝန်ဇင်းစာချစ်သူများအတွက် ကာတွန်းရုပ်ပြဇာတ်လမ်းတွဲသစ် တစ်ခုကို ဒီနေ့မှာ စတင်,တင်ဆက်လိုက်ပါပြီခင်ဗျ။ အဲ့ဒီ ကာတွန်းဇာတ်လမ်းတွဲကတော့ အခြား မဟုတ်ပါဘူး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အသည်းစွဲ ကြိုက်နှစ်သက်ခဲ့ရတဲ့ ‘ကိုတင့်’ ဇာတ်ကောင်ပါဝင်တဲ့ ‘ရပ်ကွက်ထဲမှာဗျာ’ စီးရီးပါပဲ။ ဒီစီးရီးထဲက ‘အားလုံးကပြောကုန်ကြပြီ’ ဆိုတဲ့ ဇာတ်လမ်းတွဲ အပိုင်း ( ၁ ) တင်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ 

အရပ်ထောင်ထောင်မောင်းမောင်း၊ မိန်းမကို ချစ်ကြောက်ရသူ၊ ရပ်ကွက်ထဲက လူတွေကို အမြင်မတည့်ရင် မတည့်သလို ဝင်ဝင်ပြောရင်း တလွဲတွေ ဖြစ်ဖြစ်ပြီး တသောသောရယ်ရတဲ့ ဇာတ်ကောင် ‘ကိုတင့်’ ဟာ အခု ဇာတ်လမ်းထဲမှာ ဘယ်လို ပြဿနာ အလွဲတွေကြားထဲ မင်းသားအဖြစ် ကမှာလား၊ လူကြမ်းအဖြစ် သရုပ်ဆောင်သွားမှာလား စိတ်ဝင်စားစရာပါပဲခင်ဗျ။
 
ရပ်ကွက်ထဲက ပြဿနာပေါင်းစုံကို ကိုင်တွယ်ဖြေရှင်းရတဲ့ ရပ်ကွက်လူကြီး ကိုတင့် တစ်ယောက် ‘အားလုံးကပြောကုန်ကြပြီ’ ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲထဲမှာ ဘာတွေ ဘယ်လို ကြုံတွေ့ရမလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ စိတ်နှလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါးပါးပါး ဖြစ်သွားဖို့ ဝန်ဇင်းကနေ အခမဲ့ တင်ဆက်လိုက်တဲ့ ဒီကာတွန်းဇာတ်လမ်းတွဲလေးကို ဖတ်ရှုကြပါဦးလို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်။ 

…..
ဝန်ဇင်းစာချစ်သူများအတွက် အခုလို စိတ်ဝင်စားဖွယ်ကာတွန်း ဇာတ်လမ်းကောင်းရဲ့ အပိုင်း ( ၂ ) ကို မနက်ဖြန် ညနေ (၆) နာရီအချိန်တွင် ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အခန်းဆက် ကာတွန်းဇာတ်လမ်းတွဲကောင်းများကို အပတ်စဉ် စနေ၊တနင်္ဂနွေ ​​​​​ည​နေ(၆) နာရီ အချိန်တိုင်း​တွင်​ တင်ဆက်ပေးသွားမှာ ဖြစ်ကြောင်း သတင်းပါးလိုက်ရပါတယ်ခင်ဗျ။

“စာချစ်သူတို့လည်း ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးခဲ့ဖို့မမေ့နဲ့နော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ..... ။

Related Posts