သတိုးတေဇ-အနူးဘစ် အပိုင်း ( ၃ ) [ အသံထွက်ဇာတ်လမ်း ]


သတိုးတေဇ-အနူးဘစ် [အသံထွက်ဇာတ်လမ်း]
အပိုင်း ( ၃ ) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဒီနေ့ညမှာ တင်ဆက်ပေးမဲ့ အသံထွက်ဇာတ်လမ်းသစ်ကတော့ လျှို့ဝှက်သည်းဖို ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းတွေကိုမှ ရေသားလေ့ရှိတဲ့ စာရေးဆရာ သတိုးတေဇရဲ့ “အနူးဘစ်” ဆိုတဲ့ လျှို့ဝှက်ခြောက်ခြားဖွယ် အသံထွက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ခုလို စိတ်ဝင်စားဖွယ် အသံထွက်ဇာတ်လမ်းရဲ့ အပိုင်း ( ၃ ) ကို ဝန်ဇင်းစာချစ်သူများအတွက် တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 
…
သံလွင်ကုမ္ပဏီလုပ်ငန်းစုရဲ့ ထိတ်ထိတ်ကြဲ သူဌေးကြီး ဦးသံလွင်ထွဋ်ခေါင်၏ သမီးဖြစ်သူ ဧကရီရဲ့ ကားနက်ကြီးမှာလည်း မရဏခွေးနက်ကြီးကို မြင်လိုက်ရတဲ့ လပြည့်တစ်ယောက်၊ ကားပိုင်ရှင်ကို ဒီသတင်းပေးဖို့ နတ်သမီး ( ဆယ်လင်းန် ) က ကူညီဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ …

“ဘာကံကောင်းတာလဲ .. နတ်သမီး … မင်းကိုယ့်ကို ရွဲ့ပြောနေတာလား”

“ရွဲ့မပြောပါဘူး၊ အကောင်းပြောနေတာ၊ သူများရဲ့ အန္တရာယ်ကို ကြိုပြီး သတိပေးနိုင်တာပေါ့ ဟုတ်ဘူးလား”

“ဘယ်မှာ သတိပေးနိုင်သေးလို့လဲ၊ သွားပြောတော့လည်း ကိုယ့်ကို ငပေါကြီးလို့ထင်ပြီး ဟားလွှတ်ကြတယ်။ ကိုယ်ပြောတာကိုလည်း မယုံကြဘူး။ အဲ့ဒီတော့ လဲသာသေလိုက်ဖို့ ကောင်းတော့တယ်” 

လပြည့်ကျော်တစ်ယောက် ဧကရီအပြင် အခြားသူများအပေါ်မှာလည်း မရဏဘေးဆိုး ကျရောက်လာမယ့် ပုံရိပ်မြင်ရမှုများ စိပ်လာသည့်အခါ
…
ယခု တင်ဆက်ပေးနေသည့် သတိုးတေဇ၏ “အနူးဘစ်” - လျှို့ဝှက်ခြောက်ခြားဖွယ် အသံထွက်ဇာတ်လမ်း အပိုင်း ( ၄ ) ကို နောက်တစ်ပတ် တနင်္လာနေ့ ( ၄-၆-၁၈ ) ည ၁၀-နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။ 

လျှို့ဝှက်ခြောက်ခြားဖွယ်ကောင်းသော စိတ်လှုပ်ရှားဖွယ် အသံထွက်ဇာတ်လမ်းများကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ၁၀-နာရီအချိန်တိုင်းတွင် ပုံမှန်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ 
…
“စာအုပ်ဖတ်ရမှာပျင်းလို့ အသံထွက်ဇာတ်လမ်း အသစ်အဆန်းတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းမှ တင်ဆက်ပေးနေသည့် အသံထွက်ဇာတ်လမ်းများနှင့် ပတ်သက်ပြီး အကြံပြု ပြောချင်သည်များရှိပါက ပို့စ်၏ Comment Box ထဲတွင် ရေးသားမျှဝေခဲ့နိုင်ပါကြောင်း ပြောကြားပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်

Related Posts