သတိုးတေဇ-အနူးဘစ် အပိုင်း ( ၁ ) [ အသံထွက်ဇာတ်လမ်း ]


သတိုးတေဇ-အနူးဘစ် [ အသံထွက်ဇာတ်လမ်း ]
အပိုင်း ( ၁ ) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 
ဒီနေ့ညမှာ တင်ဆက်ပေးမဲ့ အသံထွက်ဇာတ်လမ်းသစ်ကတော့ လျှို့ဝှက်သည်းဖို ထိတ်လန့်ခြောက်ခြားဖွယ် ဇာတ်လမ်းတွေကိုမှ ရေသားလေ့ရှိတဲ့ စာရေးဆရာ သတိုးတေဇရဲ့ “အနူးဘစ်” ဆိုတဲ့ လျှို့ဝှက်ခြောက်ခြားဖွယ် အသံထွက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ခုလို စိတ်ဝင်စားဖွယ် အသံထွက်ဇာတ်လမ်းရဲ့ အပိုင်း ( ၁ ) ကို ဝန်ဇင်းစာချစ်သူများအတွက် ယနေ့မှ စပြီး တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်ခင်ဗျ။ 
…
စကပ်အတို၊ ဂျင်းပင်အကျပ်နဲ့ မိန်းမလှလေးတွေ ဝန်းရံထားတဲ့ ကားပြိုင်ပွဲ၊ ညက တိတ်ဆိတ်နေပေမဲ့ ဒီကားပြိုင်ပွဲမှာရှိတဲ့ လူငယ်တွေကတော့ လန်းဆန်းတက်ကြွနေလျက်။ အဓိက ပြိုင်ကြမယ့် ကားလေးစီး တာထွက်ပြီး မကြာခင်မှာပဲ မတ်တူးကားအဖြုတစ်စင်းက အရှိန်အဟုန်နေတဲ့ ပြေးနေတဲ့ ကားလေးစင်းရှေ့ကို ကြားဖြတ်ဝင်ရောက်လိုက်ချိန်မှာတော့ အားလုံးဟာ ရှောင်တိမ်းရင်း ကစဥ့်ကလျား၊ စိတ်ဆတ်တဲ့ လူငယ်တွေ ဖြစ်တဲ့အလျောက် ကြီးကျယ်တဲ့ ရန်ပွဲကြီး ဖြစ်တော့မယ့်အလား။ 
ကားလေးစီးထဲက အပြာရောင်ကားမှာ မကောင်းဆိုးဝါးရှိနေတယ်လို့ မတ်တူးပေါ်က ဆင်းလာတဲ့ ‘လပြည့်ကျော်’ ရဲ့ ပြောစကားအောက်မှာ အားလုံးက ဒေါသတွေ ဆူပွက်ပြီး လပြည့်ကျော် ရလိုက်တာက ခပ်ပြင်းပြင်း လက်သီးတွေ။ ဒီလိုနဲ့ ကားပြိုင်ပွဲ ဆက်လုပ်တဲ့အခါမှာတော့ မမျှော်လင့်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ရပ်ဆိုးတွေ ပေါ်ပေါက်လာတော့တယ်။ 
…
ယခု တင်ဆက်ပေးနေသည့် သတိုးတေဇ၏ “အနူးဘစ်” - လျှို့ဝှက်ခြောက်ခြားဖွယ် အသံထွက်ဇာတ်လမ်း အပိုင်း ( ၂ ) ကို နောက်တစ်ပတ် တနင်္လာနေ့ ( ၂၈/၅/၁၈ ) ည ၁၀-နာရီအချိန်တွင် ဆက်လက် တင်ဆက်ပေးသွားပါမည်။ 
လျှို့ဝှက်ခြောက်ခြားဖွယ်ကောင်းသော စိတ်လှုပ်ရှားဖွယ် အသံထွက်ဇာတ်လမ်းများကို အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ ည ၁၀-နာရီအချိန်တိုင်းတွင် ပုံမှန်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ 
…
“စာအုပ်ဖတ်ရမှာပျင်းလို့ အသံထွက်ဇာတ်လမ်း အသစ်အဆန်းတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” “ဝန်ဇင်းမှ တင်ဆက်ပေးနေသည့် အသံထွက်ဇာတ်လမ်းများနှင့် ပတ်သက်ပြီး အကြံပြု ပြောချင်သည်များရှိပါက ပို့စ်၏ Comment Box ထဲတွင် ရေးသားမျှဝေခဲ့နိုင်ပါကြောင်း ပြောကြားပါရစေခင်ဗျ”
…
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts