"လူပျိုကြီး"[Joke of the day -6]


ဟာသပဒေသာ
“လူပျိုကြီး”

ကျွန်တော့်ကို လူပျိုကြီးဆိုပြီးပြောနေကြတယ် ။ ဘာကြောင့် လူပျိုကြီး ဖြစ်ရသလဲ ဆိုတာပြောပြမယ် ။
လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က ကျွန်တော် မိန်းကလေး၁ယောက်ကို Propose လုပ်ခဲ့ပါတယ် ။
အဲ့ကောင်မလေးက ဒီလို ပြန်ပြောခဲ့တယ်ဗျ ။
ကောင်မလေး  - ဘာ ကျွန်မကို ချစ်တယ် ဟုတ်လား …. နေစမ်းပါဦး ... ၊
                    ရှင်က လန်ခရူဆာ စီးနိုင်လို့လား .... 
ကျွန်တော်      - မ …. မ …. စီးနိုင် ….ဘူးဗျ ။
ကောင်မလေး  - နေဦး လုံးချင်းတိုက်နဲ့ရော နေနိုင်လို့လား … 
ကျွန်တော်      - ဟို…. ဟို .... လေ …. ဟိုလေ …
ကောင်မလေး  - ဟိုတွေ ဒီတွေ လုပ်မနေနဲ့ ၊ ရှင့်လစာကရော ဘယ်လောက်လဲ ….
ကျွန်တော်      - လစာရယ်လို့တော့ သတ်သတ်မှတ်မှတ် မ….ရှိ …..  ပါ… ဘူးဗျ ….
ကောင်မလေး  - အဟက် ဒါနဲ့များ ကျွန်မကို ချစ်တယ် ပြောသေး …. ရှင့်လိုလူမျိုး တစ်သက်လုံး မစဉ်းစားဘူး ။

ကောင်မလေး ထွက်သွားတော့ ကျွန်တော် ခေါင်းကုတ်ပြီး စဉ်းစားလိုက်ပါတယ် ။

“နေပါဦး ငါ့မှာက လက်ရှိ ဖာရာရီကား၂စီး ၊ BMW ၆စီး နဲ့ Porsche (၁) စီး ရှိနေတာပဲ ။
ဘာလို့ လန်ခရူဆာ ထပ်ဝယ်ရမှာလဲ …. ဧက ၁၂၀ Villa နဲ့ ခြောက်ထပ် Condo ရှိနေတာပဲ ။
လုံးချင်းတိုက် လိုသေးလား ။ နောက်ပီး ငါက Company ပိုင်ရှင်ပဲ ။
ဘယ်သူက လစာလာပေးမှာ လဲ ။ 

Related Posts