“မော်ဒန်ပန်းချီ”[Joke of the Day-39]


ဟာသပဒေသာ
“မော်ဒန်ပန်းချီ”

နာမည်ကြီးပြတိုက်တစ်ခုမှာ ပန်းချီပြပွဲတစ်ခုလုပ်နေတဲ့ တစ်ရက်မှာဖြစ်တယ်။
မော်ဒန်ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီလာကြည့်တဲ့သူကို သူ့ပန်းချီကားအကြောင်း ရှင်းပြနေသတဲ့။

“အဲ့ဒီအနက်ရောင်ကြီးက မြက်​စားနေတဲ့ နွားမကြီးပေါ့ဗျာ”

အဲ့ဒီလိုဆို မြက်ကဘယ်မှာလဲလို့ လာကြည့်သူက ပြန်မေးလိုက်သတဲ့။

ဒီတော့ ပန်းချီဆရာက “ဟာဗျာ…မြက်ကို နွား စားပစ်လိုက်ပြီလေဗျ” လို့ ပြန်ဖြေလိုက်တယ်။

လာကြည့်သူက ထပ်မေးပြန်ရော။ “ဒီလိုဆို နွားက ဘယ်မှာလဲ” တဲ့။

ပန်းချီဆရာ ပြန်ဖြေလိုက်ပုံကတော့

“ဒီလောက် မြက်တွေ တစ်ပုံကြီး စားပစ်လိုက်မှတော့ ဒီနွားမလည်း အသက်ရှင်နိုင်ဦးမလားဗျာ၊ စဉ်းစားပေါ့” တဲ့။

Ref; www.funnyjokes.com

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။

Related Posts