“တာဝန်ကိုယ်စီကျေရမည်”[Joke of the Day-38]


ဟာသပဒေသာ
“တာဝန်ကိုယ်စီကျေရမည်”

သူဌေးတစ်ယောက်က တစ်ညမှာတော့ လောင်းကစားဝိုင်းကပြန်လာပြီး ဇနီးကို ပြောသတဲ့။ 
သူ့မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေ ပြောင်ပြီ၊ မွဲသွားပြီ၊ ကုန်ပြီတဲ့။ ဒါကြောင့် သူတို့မိသားစု ခြိုးခြံချွေတာရမတဲ့။ ပထမဆုံးအနေနဲ့ သူ့ဇနီးကို ထမင်းဟင်း အချက်အပြုတ် တတ်အောင်လုပ်ထားပါတဲ့။ သူတို့အိမ်က ထမင်းချက်ကို အလုပ်ဖြုတ်ပစ်မယ်လို့ ပြောသတဲ့။

မိန်းမဖြစ်သူကလည်း စိတ်ပေါက်ပေါက်နဲ့ ဘာပြန်ပြောလိုက်တယ်မှတ်တုန်း။

“ရတယ်လေ၊ ရှင်လဲ ယောက်ျားပီပီသသ ချစ်တတ်ပြုစုတတ်ရင် ကျွန်မတို့ဥယျာဉ်ထဲ ပန်းတွေလာစိုက်ပေးတဲ့လူကို ဖြုတ်ပစ်ရမှာပေါ့” တဲ့။

Ref; www.funnyjokes.com

ဒီပို့စ်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Like နဲ့ Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော် 

ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ....... ။


Related Posts